ချိတ်ဆွဲရန်စာတန်း: News-Trump-Sues-Twitter-JobsInYangon
အမေရိကန်သမ္မတဟောင်း Trump မှ သူ့ရဲ့အကောင့်ကိုပြန်ဖွင့်ပေးရန် Twitter ကို တရားစွဲဆိုမှုပြုလုပ်ခဲ့
အမေရိကန်သမ္မတဟောင်း Donald Trump မှ Twitter ကို သူ့ရဲ့အကောင့်အားပြန်လည်ဖွင့်ပေးရန် ဖိအားပေးဖို့အတွက် Florida ပြည်နယ်တွင် တရားစွဲဆိုမှုပြုလုပ်ခဲ့ပြီး Twitter ရဲ့ ပိတ်ပင်မှုများဟာ Florida ပြည်နယ်တွင် အသစ်ထပ်မံပြဌာန်းလိုက်သည့် Social Media ဥပဒေနှင့်ညိစွန်းနေသည်ဟုဆိုကာ တရားစွဲဆိုမှုပြုလုပ်ခဲ့ပါတယ်။
သောကြာနေ့ညက Florida တောင်ပိုင်းပြည်နယ်တွင် ပြုလုပ်ခဲ့တဲ့ အဆိုပါတရားစွဲဆိုမှုဖိုင်မှတ်တမ်းများအရ Trump က Twitter ဟာ “အမေရိကန်ကွန်ဂရက်လွှတ်တော်အဖွဲ့ဝင်များနဲ့ပူးပေါင်း၍” သူ့အား တားမြစ်ပိတ်ပင်မှုများပြုလုပ်နေကြောင်း” နှင့် Twitter ဟာ “လူအများကြားတွင် ငြင်းခုန်မှုများ အများဆုံးဖြစ်ပွားရာ အဓိကနေရာတစ်ခုဖြစ်ကြောင်း” ကိုလည်း ပြောဆိုသွားခဲ့ပါတယ်။
Twitter မှ ၎င်းရဲ့ @RealDonaldTrump အကောင့်ကို ဇန်နဝါရီလ ၆ ရက်နေ့တွင်ကျင်းပခဲ့တဲ့ ၂၀၂၀ သမ္မတရွေးကောက်ပွဲတွင် Joe Biden အနိုင်ရရှိခဲ့မှုနှင့် ပတ်သက်၍ Trump ထောက်ခံသူများမှု ပြုလုပ်ခဲ့သော ပြင်းထန်တဲ့ ဆန္ဒပြမှုများအပြီး ၂ ရက်အကြာတွင် သူတို့ရဲ့ social media platform ပေါ်မှ ယာယီစတင်ဖယ်ရှားခဲ့ပြီး နောက်ထပ် ၂ ရက်အကြာတွင် ဥပဒေများကို ထပ်ဖန်တလဲလဲချိုးဖောက်လျှက်ရှိတဲ့အတွက် Trump ရဲ့ အကောင့်ကို ထာဝရပိတ်ချခဲ့ခြင်းဖြစ်ပါတယ်။ အခြားသော social media platform များဖြစ်တဲ့ Facebook, Snapchat, YouTube တို့မှလည်း Trump ရဲ့ အကောင့်များကို အသီးသီးပိတ်ချခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။