Jobs In Myanmar
Load...

ဆိုက်ဘာရာဇဝတ်မှုကျူးလွန်ခဲ့တဲ့အတွက် eBay ရဲ့ Senior Manager တစ်ဦးအား ထောင်ဒါဏ် ၃၆ လ ကျခံရန်အတွက် ပြစ်ဒဏ်ချမှတ်ခဲ့

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-eBay-Cyberstalking-Prison-JobsInYangon



ဆိုက်ဘာရာဇဝတ်မှုကျူးလွန်ခဲ့တဲ့အတွက် eBay ရဲ့ Senior Manager တစ်ဦးအား ထောင်ဒါဏ် ၃၆ လ ကျခံရန်အတွက် ပြစ်ဒဏ်ချမှတ်ခဲ့

 

eBay ရဲ့ Global Security Team တွင် Senior Manager of Security Operations အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သော Philippe Cooke ဟာ Cyberstalking ပြုလုပ်ခြင်းနှင့် မျက်မြင်သက်သေများကို အတုပြုလုပ်ခြင်းတို့အား ပူးပေါင်းကြံစည်မှု ပြုလုပ်ခဲ့တဲ့အတွက် Federal ထောင်အတွင်း ၃၆ လ ပြစ်ဒဏ်ကျခံရန်အတွက် ဇူလိုင်လ ၂၈ ရက်နေ့က ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သတင်းများအရ သိရှိရပါတယ်။

အမေရိကန်နိုင်ငံ၊ Massachausetts ပြည်နယ်တရားရုံးမှ ထုတ်ပြန်ခဲ့တဲ့ အဆိုပါအမိန့်အရ ထိုသူအား ပြစ်မှုတစ်ခုစီအတွက် ၁၈ လစီဖြင့် ဆက်တိုက်ကျခံရန်အတွက် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဒဏ်ကြေးအနေနဲ့ ကန်ဒေါ်လာ ၁၅,၀၀၀ ကိုလည်း ဒဏ်ရိုက်ခဲ့တဲ့အပြင် ထောင်မှပြန်လည်လွတ်လာတဲ့အခါတွင်လည်း နောက်ထပ် ၃ နှစ် စောင့်ကြည့်မှုများကို ပြုလုပ်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

အမေရိကန် တရားရေးရာဌာနရဲ့ ထုတ်ဖော်ပြောကြားချက်အရ ၂၀၁၉ ခုနှစ်တွင် Cooke ဟာ Massachusetts ပြည်နယ် Natick မြို့တွင်နေထိုင်သော EcommerceBytes ဟုအမည်ရတဲ့ သတင်း website တစ်ခုကို စီမံခန့်ခွဲလျှက်ရှိတဲ့ Ina Steiner နဲ့ David Steiner ဟုအမည်ရတဲ့ စုံတွဲအား နောက်ယောင်ခံမှုပြုလုပ်ခဲ့ခြင်းအား စီစဉ်ရာတွင်နှင့် အဆိုပါပြစ်မှုကို ဖုံးကွယ်ဖို့ကြိုးစားရာတွင် ပါဝင်ကူညီခဲ့ကြောင်း သိရှိရပါတယ်။ Cooke ဟာ ချိန်းခြောက်စာများ၊ ပိုးဟပ်အရှင်များ၊ လွမ်းသူ့ပန်းခွေများနှင့် သွေးစွန်းနေသော ရာဘာဝက်ရုပ်ပုံ မျက်နှာဖုံးများကို အဆိုပါစုံတွဲရဲ့ နေအိမ်သို့ ပေးပို့မှုများပြုလုပ်ခဲ့ကြတဲ့အတွက် တိုင်ကြားမှုပြုလုပ်ခံရတဲ့ eBay ဝန်ထမ်း ၇ ဦးထဲမှ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

သက်သေတင်ပြခဲ့တဲ့ Text Message များတွင် eBay ရဲ့ Executive အဖွဲ့ဝင် ၂ ဦးဖြစ်တဲ့ Steven Wymer နဲ့ Devin Wenig တို့ဟာ EcommerceByte ရဲ့ eBay အကြောင်း ရေးသားခဲ့တဲ့ သတင်းတစ်ပုဒ်ကို မကျေနပ်တဲ့အတွက် eBay ရဲ့ ယခင် Chief Communications Officer ဖြစ်သူ Steven Wymer က “ဒီမိန်းမကို ကောင်းကောင်းပညာပေးရမယ်” ဟူ၍ editor ဖြစ်သူ Ina Steiner ကို ရည်ညွှန်း၍ရေးသားခဲ့သလို၊ အခြားသော စာတစ်စောင်အတွင်းတွင် ယခင်က CEO အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ Devin Wenig က Wymer သို့ “သူမကို ဖယ်ရှားပစ်လိုက်” ဟူ၍ ရေးထားထားခြင်းများကို တွေ့ရှိခဲ့ရပါတယ်။ Wenig နဲ့ Wymer တို့ဟာတော့ တရားစွဲဆိုမှုမခံခဲ့ရသော်လည်း Wymer ကို အလုပ်မှထုတ်ပယ်ပစ်ခဲ့ပြီး Wenig ကတော့ resign ပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်။

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Imedia International (Myanmar) Co., Ltd.

Imedia International (Myanmar) Co., Ltd.

Titan Pest Management Co. Ltd.

Titan Pest Management Co. Ltd.

...Titan Pest is a full-services pest management company operating in Yangon since 2016 and specializing in urban pest management solutions. It is a subsidiary of the highly successful Killem Pest Pte...
Show the postings (1)
Yangon Academy International School

Yangon Academy International School

Vision Yangon Academy empowers each student to reach their full potential. Mission Yangon Academy is a dynamic international school that provides a challenging K-12, American-based education ...
Show the postings (14)
One Cloud Co., Ltd.

One Cloud Co., Ltd.

Make us your reliable vendor and have a greatest contribution from us. With our expertise and track record, you can be assured of receiving quality infrastructure and services. Network Infrastructure...
Show the postings (1)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS