Tags: News-Epic's-injunction-against-Apple-JobsInYangon
Fortnite ဂိမ်းတီထွင်ထုတ်လုပ်သူကုမ္ပဏီဖြစ်တဲ့ Epic Games က Apple ရဲ့ App Store ban ကို ပြန်လည်ဖယ်ရှားနိုင်ရန်အတွက် ကြားဖြတ်အဆိုတစ်ရပ်ကိုတင်သွင်းခဲ့
ပြီးခဲ့တဲ့အပတ်က Fortnite ကိုတီထွင်သူကုမ္ပဏီဖြစ်တဲ့ Epic Games က Apple ရဲ့ App Store တွင် ban ခံရခြင်းမှလွတ်မြောက်နိုင်ရန်အတွက် ကြားဖြတ်အဆိုတစ်ရပ်ကိုတင်သွင်းခဲ့ပါတယ်။အဆိုပါကြားဖြတ်အဆို တွင် Fortnite ကို iOS မှတဆင့်နေ့စဉ်အသုံးပြုနေတဲ့ user များဟာ Fortnite ကိုဆော့ကစားနေတဲ့လူဦးရေ စုစု ပေါင်းရဲ့ ၃ပုံ ၁ပုံခန့်ရှိနေကြောင်းကိုပြသခဲ့ပြီး ထိုသို့ပြုလုပ်ခြင်းဟာ Apple ကို သူတို့ထက်ပိုပြီးအထိနာစေမယ် ဆိုတာကိုချပြသွားခဲ့ပါတယ်။ အဆိုပါ Apple ရဲ့ App Store ban ကြောင့် iOS မှတဆင့် Fortnite ဆော့ကစားသူအရေအတွက်ဟာ ၆၀% ကျော်ခန့် လျော့ကျသွားခဲ့ပြီး အဆိုပါအသုံးပြုသူများထဲမှ ၆၃% ဟာတော့ Fortnite ကို iOS device များမှသာ ဆော့ကစားခဲ့ကြတာပဲဖြစ်ပါတယ်။
“Apple ဟာ ဈေးကွက်ကိုချုပ်ကိုင် (လက်ဝါးကြီးအုပ်) လိုသူတစ်ဦးဖြစ်နေပြီဖြစ်ပြီး iOS ပေါ်ရှိ app များအားလုံးရဲ့ဖြန့်ဝေမှုများကိုချုပ်ကိုင်ထိန်းချုပ်ထားလျှက်ရှိနေပါတယ်။ ထို့အပြင် iOS ပေါ်ရှိ app များ အတွင်းက digital content များကိုဝယ်ယူမှု (in-app payment purchasing for digital content on iOS) အားလုံးကိုလဲ ချုပ်ကိုင်ထိန်းချုပ်ထားလျှက်ရှိနေပါတယ်။ ဒီအရာနှစ်ခုကိုတရားမဝင် လက်ဝါးကြီးအုပ်ထားတာ ကြောင့် သူတို့နဲ့ယှဉ်ပြိုင်နိုင်သူများကိုဈေးကွက်အတွင်းဝင်ရောက်လာခြင်းကနေ တားဆီးထားနေပါတယ်။” ဟူ၍လည်း Epic က သူတို့ရဲ့အဆိုတွင်ပြောကြားသွားခဲ့ပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.