by Laura Cho
Tags: လုပ်ငန်းအတွေ့အကြုံမရှိသေးသူများအတွက် အလုပ်ရှာရန်နည်းလမ်း (၄) သွယ်
လုပ်ငန်းအတွေ့အကြုံမရှိသေးသူများအတွက် အလုပ်ရှာရန်နည်းလမ်း (၄) သွယ်
ကျောင်းပြီးစလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများပြားသည့် အလုပ်ဈေးကွက်
အတွင်း အလုပ်ရှာဖွေရာတွင်အတွေ့အကြုံရှိသည့်အခြားအလုပ်လျှောက် ထားသူများ
နှင့်ယှဉ်ပြိုင်လျှောက်ထားရသည့်အခါ အတွေ့အကြုံမရှိသည့်အတွက် အလုပ်ရရန်မလွယ်ကူကြပေ။
အလုပ်အများစုသည် အတွေ့အကြုံအနည်းဆုံးတစ်နှစ်ရှိမှသာခေါ်ယူလိုကြသဖြင့် ကျောင်းပြီးစ
လူငယ်များအတွက် အင်တာဗျူးရဖို့ပင် မလွယ်ကူလှပေ။
ဒါကြောင့်ကျောင်းပြီးစလူငယ်များအနေနဲ့ အလုပ်ရှင်ကအတွေ့အကြုံရှိသည့်သူများကို
သာခန့်ထားလိုသည့်အခါ မိမိအနေနဲ့မည်သို့လုပ်ဆောင်နိုင်သည်ကို အောက်တွင်အလုပ်
ရရှိနိုင်စေရန် နည်းလမ်း (၄) သွယ်ကိုဖော်ပြထားပါတယ်။
(၁) မိမိအကြောင်းသိအောင်လုပ်ပါ။
အလုပ်မလျှောက်ထားမီ မိမိအနေဖြင့်မိမိအကြောင်းသိအောင်အရင်ဆုံးလုပ်ဆောင်
ရမှာဖြစ်ပါတယ်။ ဆိုလိုသည်မှာ ဘယ်အလုပ်လျှောက်သင့်သလဲဆိုတာသိရှိစေရန် မိမိအနေဖြင့်
မည်သည့်အရာကိုလုပ်ဆောင်ရသည်ကိုကြိုက်နှစ်သက်သည် (သို့) မည်သည့်အရာကိုလုပ်ဆောင်
ရသည်ကို ကြိုက်နှစ်သက်ခြင်းမရှိသည်ကို ခွဲခြားသိအောင်လုပ်ပါ။ ဥပမာ -
အင်ဂျင်နီယာဘွဲ့ရထားသူတစ်ယောက်သည် ဆိုက်ထဲတွင်အလုပ်လုပ်ရသည်ကို
မကြိုက်နှစ်သက်လျှင် ရုံးတွင်းတွင်လုပ်ဆောင်ရသည့် အင်ဂျင်နီယာပိုင်းဆိုင်ရာကိုသာ
လျှောက်ထားသင့်သည်။ ထိုသို့သိရှိခြင်းဖြင့် မိမိအတွက်သင့်တော်သည့် အလုပ်ကိုရွေးချယ်
လျှောက်ထားနိုင်မည်ဖြစ်သည်။
(၂) အင်တာဗျူးသည် နည်းလမ်းနှစ်သွယ်ဖြင့်သွားသည်ကိုသတိပြုပါ။
အလုပ်အင်တာဗျူးဖြေဆိုသည့်အခါ ကုမ္ပဏီကကိုယ့်ကိုရွေးချယ်ရုံသာမက မိမိကလည်း ကုမ္ပဏီကို
ရွေးချယ်နိုင်ပေသည်။ အတွေ့အကြုံမရှိသဖြင့် အလုပ်ရရန်ခက်ခဲနိုင်သည်ဟုတွေးကာ
ကိုယ်မလုပ်ချင် မကြိုက်နှစ်သက်သည့်ကုမ္ပဏီမျိုးတွင် မလုပ်ဆောင်သင့်ပေ။ ကိုယ့် career
အစတွင် သင်ယူလေ့လာနိုင်မည့် မိမိအတွက်တက်လမ်းရှိနိုင်မည့် လုပ်ငန်းပတ်ဝန်းကျင်မျိုးကိုသာ
ရွေးချယ်လုပ်ဆောင်သင့်သည်။
(၃) အင်တာဗျူးတွင် အမေးများသည့်မေးခွန်းများကိုလေ့လာပါ။
အင်တာဗျူးတိုင်းတွင်မေးလေ့ရှိသည့်မေးခွန်းအနည်းဆုံး (၅) ခုလောက်ကိုသိအောင်လေ့လာပါ။
မိမိပတ်ဝန်းကျင်ရှိလုပ်ငန်းခွင်ဝင်နေသူများ၊ အင်တာဗျူးဖြေဆိုဖူးသည့်မိတ်ဆွေသူငယ်ချင်းများထံ
မှမေးမြန်းကာ အမေးများသည့်မေးခွန်းများအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ထားလျှင်
မိမိဖြေဆိုရသည့်အခါတွင် အကောင်းဆုံးဖြေဆိုနိုင်မည်ဖြစ်သည်။
(၄) ပြီးပြည့်စုံတ့အဲ လုပ် (Perfect job) ဆိုတာမရှိပါဘူး။
အတွေ့အကြုံမရှိသေးခင် အလုပ်စလုပ်ခါစမှာ ကိုယ့်အတွက်ဘယ်အရာကအရေးကြီးလဲ
ဆိုတာသိဖိုလို့ပါတယ်။ ပထမဆုံးအလုပ်ဆိုတာအမြလဲုပ်ရမ့အဲ လုပ်ဟုတ်ချင်မှဟုတ်မယ်
ကိုယ့်အတွက်လမ်းဆုံးတော့မဟုတ်တာသေချာပါတယ်။ ဒါကြောင့် ကိုယ်ကနယ်ပယ်တစ်ခု
ထကဲိုလေ့လာချင်တာလား ဒါမှမဟုတ် ကျယ်ပြန်တ့ နဲ ယ်ပယ်တေကွိုအတွေ့အကြုံရချင်တာလား
ဆိုတာအရင်ခြွဲခားသိရပါမယ်။ ဥပမာ - ကုမဏ္ပီကြီးတေမွှာဆို ကိုယ်လုပ်ရတ့တဲာဝန်ကနယ်ပယ်
တစ်ခုထြဲဖစ်နိုင်ပေမဲ့ ကုမဏ္ပီအသေးတေမွှာဆို ကိုယ့်တာဝန်အပြင်အခြားအရာများလည်း
လုပ်ရနိုင်ပါတယ်။ ကိုယ့်ရဲ့ career အစမှာလစာများများရဖို့ထက် အတွေ့အကြုံများများသင်ယူ
လေ့လာဖိုကို့ဦးစားပေးလုပ်ဆောင်ထားရင် နောင်တစ်ချိန်ကိုယ်လိုချင်တ့လဲ စာဆိုတာ အတွေ့အကြုံ
နဲ့အတူရလာမှာပါ။
Laura Cho (Career Coach)
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.