Jobs In Myanmar
Load...

Supervisor တစ်ဦး၏ လုပ်ငန်းဆောင်တာများ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Supervisor-Functions-HR-JobsinYangon



Supervisor တစ်ဦး၏ လုပ်ငန်းဆောင်တာများ

 

Supervisor တစ်ဦးသည် လက်တွေ့ကွင်းဆင်းလုပ်ဆောင်နေသူတို့နှင့် တိုက်ရိုက်ထိတွေ့နေသည် စီမံခန့်ခွဲသူတစ်ဦး ဖြစ်သည့်အလျှောက် ကွဲပြားများပြားလှသောလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရန်ရှိနေပါသည်။ အဆိုပါလုပ်ငန်း ဆောင်တာများ၏ရည်ရွယ်ချက်မှာ အဖွဲ့အစည်းတစ်ခုအတွင်း တည်ငြိမ်မှုနှင့် အေးချမ်းသာယာမှုရှိစေရန်အတွက် အမြတ် ငွေများပိုမို၍ရရှိစေခြင်းအားဖြစ်ပေါ်စေလာစေရန် မြင့်မားသောကုန်ထုတ်စွမ်းအားရရှိရန်အတွက် ဆောင်ရွက်ကြရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် supervisor များဟာ အောက်ပါလုပ်ငန်းဆောင်တာများကိုလုပ်ဆောင်ရန်အတွက် သက်ဆိုင်မှု ရှိနေပါသည်။

၁။   အစီအစဉ်များချမှတ်ခြင်းနှင့် စီမံမှုပြုလုပ်ခြင်း - Supervisor များ၏ အခြေခံကျသော အခန်းကဏ္ဍမှာ အလုပ်သမားများအား သူတို့အလုပ်၏သဘောသဘာဝကိုနားလည်စေရန်လမ်းညွှန်မှုများပြုလုပ်ကာ ထိုအလုပ်သမား တို့၏ နေ့စဉ်အလုပ်အချိန်ဇယားကိုစီမံချမှတ်ရခြင်းနှင့် အလုပ်သမားများအကြားသူတို့၏အားသာချက်များအရ အလုပ်တာဝန်များကို သူတို့၏ပင်ကိုယ်စွမ်းဆောင်ရည်များ၊ ကျွမ်းကျင်မှုများနှင့် စိတ်ဝင်စားမှုများအလိုက် ခွဲဝေပေး ရခြင်းတို့ပါဝင်ပါသည်။

၂။   အလုပ်အခြေအနေများကို ပြဌာန်းသတ်မှတ်ခြင်း - Supervisor တစ်ဦးသည် စက်ရုံအလုပ်ရုံတစ်ခုအား တည်ထောင်ရာတွင်နှင့် ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာအရင်းအမြစ်များ မှန်ကန်သည့်နေရာတွင်ရှိစေဖို့ရာအတွက် စီမံဆောင် ရွက်ရသည့် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေပါသည်။ အဆိုပါအရာတွင် မှန်ကန်သင့်လျော်သော ရုံးထိုင်ရန်နေ ရာ၊ လေအဝင်အ ထွက်ကောင်းမွန်မှု၊ အလင်းရောင်နှင့် ရေဖြန့်ဖြူးပေးသော အဆောက်အအုံများ အစရှိသည်တို့ကို အလုပ်သမားများအား ထောက်ပံ့မှုပေးနိုင်စေဖို့အတွက်တို့ပါဝင်ပါသည်။ Supervisor တစ်ဦး၏ အဓိကတာဝန်မှာ အလုပ်သမားများကို ကျန်းမာ သန့်ရှင်းသောအခြေအနေတို့ဖြင့်အထောက်အပံ့ပေးရန်ဖြစ်ပါသည်။

၃။   ဦးဆောင်မှုနှင့် လမ်းညွှန်ပြသမှု - Supervisor တစ်ဦးဆိုသည်မှာ သူ့အောက်တွင်ရှိသောအလုပ်သမားများ၏ ခေါင်းဆောင်တစ်ဦးဖြစ်ပါသည်။ သူဟာဝန်ထမ်းများကို ဦးဆောင်မှုပြုလုပ်ရပြီး သူတို့အနေဖြင့် အကောင်းဆုံးလုပ် ဆောင်နိုင်ရန်အတွက် လွှမ်းမိုးသက်ရောက်မှုရှိရမည်ဖြစ်ပါသည်။ သူဟာ အလုပ်သမားများကို ကုန်ထုတ်လုပ်မှု ဦးတည်ချက်များချမှတ်ပေးခြင်းနှင့် ညွှန်ကြားချက်များနှင့်လမ်းညွှန်ချက်များကိုချမှတ်ကာ ထိုဦးတည်ချက်များကို ရရှိစေရန်အတွက် လမ်းညွှန်မှုများကိုလည်းပြုလုပ်ရမည်ဖြစ်ပါသည်။

၎။   အားပေးလှုံ့ဆောင်မှုပြုခြင်း - Supervisor တစ်ဦးသည် အလုပ်သမားများအနေဖြင့် ပိုမိုကောင်းမွန်စွာလုပ် ဆောင်နိုင်စေရန်အတွက် မတူကွဲပြားသောဆုချမှုများကိုပြုလုပ်ရမည်ဖြစ်ပါသည်။ ထိုအရာများတွင် ငွေကြေးဆိုင်ရာ ဆုချမှုများနှင့် ငွေကြေးမပါဝင်သောဆုချမှုများတို့ပါဝင်ပြီး ထိုအရာများက အလုပ်သမားများကို ပိုမိုကောင်းမွန်စွာလုပ် ဆောင်နိုင်စေရန်အတွက် လှုံ့ဆော်မှုပြုပေးနိုင်မည်ဖြစ်ပါသည်။

၅။   ထိန်းချုပ်ခြင်း - ထိန်းချုပ်ခြင်းသည် Supervisor တစ်ဦးအနေဖြင့် လုပ်ဆောင်ရမည့် အရေးပါသောလုပ်ငန်း ဆောင်တာတစ်ခုဖြစ်ပါသည်။ ထိုအရာတွင် -

      (က)       အချိန်ဇယားနှင့် နှိုင်းစာလျှင်အမှန်တကယ်ဖြစ်ပေါ်နေသော လုပ်ဆောင်ချက်အား မှတ်တမ်းတင်ထားခြင်း

      (ခ)        အလုပ်ပြီးမြောက်မှုအခြေအနေအားစစ်ဆေးခြင်း

      (ဂ)        လမ်းလွဲမှု၊ လွဲမှားမှုများရှိခဲ့ပါက ထိုအရာများကိုရှာဖွေခြင်းနှင့် ဖြေရှင်းရန်နည်းလမ်းများကိုပြုလုပ်ခြင်း

      (ဃ)       အကယ်၍ထိုအရာအား အကူအညီမပါပဲ မဖြေရှင်းနိုင်ပါက ထိပ်ပိုင်းစီမံခန့်ခွဲသူများထံသို့ သတင်းပို့ခြင်း

အစရှိသည်တို့ပါဝင်ပါသည်။

၆။ တွယ်ချိတ်ကလေး - Supervisor တစ်ဦးသည် စီမံခန့်ခွဲသူတို့နှင့် အလုပ်သမားတို့အကြား ဆက်သွယ်ချိတ် ဆက်ထားသောတွယ်ချိတ်ကလေးတစ်ခုဖြစ်ပါသည်။ သူသည်စီမံခန့်ခွဲမှုအပိုင်းမှမူဝါဒများကို အလုပ်သမားများကို ဆက်သွယ်ပြောကြားပေးခြင်းနှင့် ညွှန်ကြားချက်များကို စီမံခန့်ခွဲသူများကိုယ်စား အလုပ်သမားများထံသို့ ပို့ဆောင်ပေး ရသူလည်းဖြစ်ပါသည်။ အခြားသောဖက်တွင်မူ သူသည်အလုပ်သမားများနှင့်နီးကပ်စွာဆက်ဆံနေရသောကြောင့် ထိုအလုပ်သမားတို့၏ ပြဿနာများ၊ စောဒကတက်မှုများ၊ အကြံပြုချက်များ၊ အစရှိသည်များကို စီမံခန့်ခွဲမှုပိုင်းသို့ ရောက်ရှိစေရန်အတွက် ဆက်သွယ်ပြုလုပ်ပေးရသူလည်းဖြစ်ပါသည်။ ထိုနည်းလမ်းဖြင့် သူသည် အလုပ်သမားတို့ကြုံ တွေ့ရသည့်အခက်အခဲများကို စီမံခန့်ခွဲသူများသတိထားသိရှိလာစေရန်လုပ်ဆောင်ပေးပါသည်။

၇။   မကျေနပ်မှုများကိုကိုင်တွယ်ဖြေရှင်းခြင်း - Supervisor တစ်ဦးဟာ အလုပ်သမားများ၏ မကျေူနပ်ချက်များကို ထိ ရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် သူသည်အောက်ပါအချက်များကိုပြုလုပ်ရမည်ဖြစ်ပါ သည်။

(က)       သူသည် အလုပ်သမားများနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံမှုရှိသင့်ပါသည်။

(ခ)        အလုပ်သမားများ၏ပြဿနာများကိုဖြေရှင်းခြင်းအားဖြင့် ထိုအလုပ်သမားတို့၏ယုံကြည်မှုကို ရယူထားသင့်ပါသည်။

(ဂ)        အလုပ်သမားများ၏ပြဿနာများကို လူသားခြင်းစာနာမှုဆိုင်ရာအမြင်ဖြင့်သာကြည့်သင့်ပါသည်။

(ဃ)       အကယ်၍ထိုပြဿနာများကို အမှီအခိုမပါပဲဖြေရှင်းနိုင်ခြင်းမရှိပါက ထိုအရာကိုဖြေရှင်းရန်အတွက်စီမံခန့် ခွဲမှုအပိုင်းထံမှ အကူအညီနှင့်အကြံဉာဏ်များကိုရယူနိုင်ပါသည်။

၈။   အစီအရင်ခံခြင်း - Supervisor တစ်ဦးတွင်အဓိကအရေးပါသောအခန်းကဏ္ဍတစ်ခုမှာ ကုန်ကျစားရိတ်၊ အရည်အ သွေးနှင့် ကုန်ထုတ်လုပ်မှုမြင့်မားစေရာတွင်အရေးပါသည့် ထိုကဲ့သို့သောအချက်များကို အစီအရင်ခံတင်ပြဖို့ရန်အတွက် ဖြစ်ပါသည်။ ကုန်ကျစားရိတ်၊ ထုတ်လုပ်မှုစွမ်းဆောင်ရည်၊ အရည်အသွေး၊ အစရှိသည်တို့ကို စီမံခန့်ခွဲမှုအပိုင်းသို့စဉ်ဆက် မပြတ် အစီအရင်ခံတင်ပြရမည်ဖြစ်ပါသည်။

၉။   အလုပ်လုပ်နည်းအသစ်များကိုမိတ်ဆက်ခြင်း - Supervisor တစ်ဦးသည် လက်ရှိဖြစ်ပေါ်နေသောဈေးကွက်နှင့် ပြိုင်ဆိုင်မှုအခြေအနေများကိုသိရှိထားရမည်ဖြစ်ပါသည်။ ထိုမှသာလျှင်သူသည် ကုန်ထုပ်လုပ်မှုအတွက်နည်းလမ်းသစ် များကိုတီထွင်ဆန်းသစ်နိုင်မှာဖြစ်ပါတယ်။ သူဟာ ဖြစ်သင့်သည့်အချိန်များတွင် အလုပ်သမားများကို အချိန်ဇယား အသစ်များအတွင်းသို့ ပြောင်းလဲမှုများပြုလုပ်ပေးနိုင်ပါသည်။ သူသည် အလုပ်သမားများ၏ အနီးဝန်းကျင်ရှိ ရုပ်ဝတ္ထု ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်ကိုပိုမိုတိုးတက်မှုများရှိစေရန်ပြောင်းလဲမှုများလုပ်ဆောင်ခြင်းကို အကောင်းဆုံးကြိုးစားလုပ် ဆောင်ခြင်းအား ဖြင့် -

(က)       ပိုမို၍မြင့်မားသော ကုန်ထုပ်လုပ်မှုစွမ်းရည်

(ခ)        မြင့်မားသော ဓိတ်အားတက်ကြွမှုရှိသည့်အလုပ်သမားများ

(ဂ)        ကျေနပ်ဖွယ်ရာ အလုပ်ခွင်အခြေအနေများ

(ဃ)       လူသားတို့၏ဆက်ဆံရေးများကို တိုးတက်မှုရှိစေခြင်း

(င)        မြင့်မားသော အမြတ်ငွေများနှင့်

(စ)        မြင့်မားသောတည်ငြိမ်မှုရှိမှု တို့ကို ရရှိနိုင်မှာဖြစ်ပါတယ်။

၁၀။ စည်းကမ်းကို အသက်ဝင်စေခြင်း - Supervisor တစ်ဦးသည် စစ်ဆေးမှုများနှင့် တိုင်းတာမှုများကို ပုံမှန်ပြုလုပ် ခြင်း၊ ညွှန်ကြားချက်များနှင့် အမိန့်ပေးမှုများတွင်တင်းကြပ်မှုရှိခြင်း၊ စက်ရုံ၏အထွေထွေစည်းမျဉ်းများကိုလိုက်နာမှုရှိစေခြင်း၊ စည်းကမ်းလိုက်နာမှုမရှိသောအလုပ်သမားများကို ပြစ်ဒါဏ်များနှင့်အပြစ်ပေးမှုများ ပြုလုပ်အကောင်အထည်ဖော်ဆောင် ရွက်ခြင်း အစရှိသည့်အဆင့်များစွာကိုဆောင်ရွက်ကာ စက်ရုံအလုပ်ရုံအတွင်းတွင်စည်းကမ်းလိုက်နာမှုရှိစေရန်ထိန်းသိမ်း နိုင်ပါသည်။

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Honour Friend Co.ltd

Honour Friend Co.ltd

..Honour Friend Co.ltd....
Show the postings (2)
Min Zar Ni Group of Companies

Min Zar Ni Group of Companies

The group engaed in Sourcing, Processing and Marketing all varieties of fresh Frozen Seafood to the international markets. The first pioneer plant was established in 1995 in Yangon and at the present ...
Show the postings (2)
Ideal Future Co., Ltd.

Ideal Future Co., Ltd.

..Web Design and Development, Digital Marketing, Merchandising.Ideal Technology was founded by a group of young innovators in 2006. The company has been a successful company for many years in the fiel...
Show the postings (4)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS