Tags: News-Corning-GorillaGlass-Victus-JobsInYangon
အနာဂါတ်ရဲ့စမတ်ဖုန်းများဟာ ပိုမိုပြီးအစင်းရာထင်ဖို့ခက်ခဲလာမှာဖြစ်ပါတယ်။
Corning ဟာ Gorilla Glass မျိုးဆက်အသစ်တစ်ခုထုတ်လုပ်နိုင်ဖို့အတွက် အချိန် ၂ နှစ်ခန့်ကြာပါတယ်။ ထိုဖန် သားပြင်ဟာ များစွာသောစမတ်ဖုန်းတိုင်းရဲ့ screen အဖြစ်အသုံးပြုလျှက်ရှိနေတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ ဒီဖန်သားပြင်ဟာ screen များကို ပြုတ်ကျခြင်း၊ ကွဲကြေခြင်း၊ အက်ကွဲခြင်းတို့မဖြစ်စေရန်အတွက် ဖိအားဒဏ်ခံနိုင်ရည်ရှိခြင်းကိုတိုးမြှင့်ထားတဲ့အရာတစ်ခုဖြစ်ပါတယ်။ အသစ်ထွက်ရှိလာမယ့် Gorilla Glass Victus ဟာ သူတို့ရဲ့ယခင်မျိုးဆက်များနှင့် နှိုင်းစာလျှင် ပိုမိုပြီးခံနိုင်ရည်ရှိလာမှာဖြစ်တယ်လို့ယူဆနိုင်ပါတယ်။ ၂၀၁၈ခုနှစ်တွင် ထွက်ရှိခဲ့တဲ့ Gorilla Glass 6 ထက်စာလျှင် ၂ဆခန့် ခြစ်မိခြင်း/ အစင်းရာထင်ခြင်းကို ခံနိုင်ရည်ရှိလာမှာဖြစ်ပြီး ယခင်ဗားရှင်းရဲ့ 1.6 မီတာအမြင့်မှလွတ်ကျခြင်းကိုခံနိုင်ရည်ရှိတဲ့ခံနိုင်ရည်အားထက် ယခုအခါ ၂ မီတာအမြင့်မှ လွတ်ကျခြင်းကိုခံနိုင်ရည်ရှိလာမှာဖြစ်တဲ့အတွက် Drop test တွင်လည်းပိုမိုပြီးကောင်းမွန်စွာစွမ်းဆောင်လာနိုင်တာကို သိရှိခဲ့ရပါတယ်။
Corning Gorilla Glass လုပ်ငန်းရဲ့ ဦးဆောင်သူဖြစ်တဲ့ John Bayne ကပြောဆိုသွားခဲ့တာကတော့ “လူများဟာ ဖုန်းများကိုပိုမို၍ကြာမြင့်စွာလဲလှယ်ခြင်းမပြုပဲအသုံးပြုနေကြတယ်လို့ ကျွန်ုပ်တို့အနေနဲ့ထင်မြင်ပါတယ်။” “လွတ်ကျ တဲ့အချိန်မှာကွဲမသွားတဲ့ဖုန်းများဟာ အနည်းဆုံး အစင်းရာတော့ဖြစ်သွားတတ်ပါတယ်” ဟူ၍ဖြစ်ပါတယ်။ ဒီပြောကြား မှုဟာ တစ်ကယ်လည်းမှန်ကန်ခဲ့ပါတယ်။ Apple ရဲ့လေ့လာမှုများအရ ပြီးခဲ့တဲ့နှစ်မှစတင်ပြီး iPhone အသုံးပြု သူများဟာ ဖုန်းအသစ်လဲလှယ်ဖို့အတွက် ပိုမို၍အချိန်ယူလာကြပါတယ်။ အကယ်၍သင်ဟာဖုန်းတစ်လုံးကို ပိုမို၍ ကြာကြာကိုင်လာတဲ့အခါမှာ သက်တမ်းတစ်လျှောက်တွင် အစင်းရာများဖြစ်လာမှာလည်း မလွဲမသွေပါပဲ။
“ဖိအားဒါဏ်ခံနိုင်ဖို့ကိုရည်ရွယ်ပြီးဖန်သားပြင်ထုတ်လုပ်ရာတွင် လူအများအသုံးပြုနေတဲ့ဓာတုပစ္စည်းများဟာ အစင်းရာမထင်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အရာတွေမဟုတ်ပါဘူး” ဟူ၍ Corning တွင် ၁၈နှစ်ခန့်အလုပ်လုပ် ခဲ့သော ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာသိပ္ပံနှင့် အင်ဂျင်နီယာဘာသာရပ်များတွင် Penn State တက္ကသိုလ်မှ ပါရဂူဘွဲ့ရခဲ့ သူတစ်ဦးဖြစ်တဲ့ John Mauro က ပြောဆိုခဲ့ပါတယ်။ အစင်းရာထင်ခြင်းနှင့် လွတ်ကျခြင်း နှစ်ရပ်စလုံးကို ခံနိုင်ရည်ရှိတဲ့ဖန်သားပြင်တစ်ခုကိုထုတ်လုပ်ရခြင်းဟာ လွန်စွာခက်ခဲတဲ့အရာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ကွေး နိုင်ဆန့်နိုင်တဲ့ဖုန်းများကိုဖန်တီးပြုလုပ်ရာတွင် ဖန်သားပြင်ဟာခိုင်မာပြီးမာကျောလေလေ၊ ထိုအရာဟာ ကွေးနိုင်ညွှတ်နိုင်စွမ်း မရှိလေလေပဲဖြစ်ပါတယ်။
Corning အဖို့မှာတော့ ဒါဟာ Victus ကို သူတို့ဟာ အစမှပြန်လည်၍ပြုလုပ်ခဲ့ရတာဖြစ်တယ်လို့ဖော်ညွှန်းနေပါတယ်။ ယခုအခါတွင် Victus ကိုဈေးကွက်တွင်ရရှိနိုင်ဦးမှာမဟုတ်သော်လည်း။ ဒီကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကြီးပြီးဆုံသွေားသည့်အခါတွင်ဈေးကွက်အတွင်းတွေ့မြင်လာရနိုင်ပါတယ်။ သင့်အနေနဲ့နောက်ထပ်ပိုမို ကောင်းမွန်တဲ့ဖုန်းတစ်လုံးကိုလဲလှယ်ဖို့ပြုလုပ်တဲ့အခါမှာ ထိုဖုန်းများတွင် Gorilla Glass Victus ပါဝင်လာနိုင်ပြီး သင့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အစင်းရာထင်ခြင်းတွေကိုလုံးဝလျစ်လျှူရှုနိုင်ဖို့အတွက် မျှော်လင့်ချက်များရှိလာပြီပဲဖြစ်ပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိတ်သတ်တို့ကို ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.