Jobs In Myanmar
Load...

ယုံကြည်မှုကို မွေးဖွားပါ။

by JOBLESS


ချိတ်ဆွဲရန်စာတန်း: Gaining Confidence Work Project Presentation.



လုင်ငန်းအစီအမံများကို အောင်မြင်စွာ တင်ပြနည်း။ 

          လုပ်ငန်းခွင်အတွင်း အသစ်ပြုလုပ်မည့် သို့မဟုတ် ချဲ့ထွင်မည့် လုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနအလိုက် စီမံကိန်းများကို ရေးဆွဲ တင်ပြလေ့ရှိကြသည်။ ထိုသို့ တင်ပြရာတွင် အတွေ့အကြုံ ရှိသူများ အနေဖြင့် ပိုမိုကောင်းမွန်အောင် ပြင်ဆင်နိုင်မည့် နည်းလမ်းများနှင့် အတွေ့အကြုံမရှိသူများအနေဖြင့် အမှားမပါရအောင် မည်သို့ ပြင်ဆင်ထားရမည်ကို www.jobless.com.mm မှ လက်လှမ်းမီသမျှ စုစည်း ရေးသားတင်ပြ လိုက်သည်။

ယုံကြည်မှုကို မွေးဖွားပါ။

        "ယုံကြည်မှုရှိက လုပ်ငန်းတစ်ဝက် ပြီးမြောက်နိုင်သည်" ဆိုသလိုပါပဲ။ ကိုယ်လုပ်မယ့် အလုပ်ကို ယုံကြည်မှုရှိစွာ လုပ်ကိုင်ခြင်းက အောင်မြင်မှုကို ရယူဖို့ နည်းလမ်းကောင်းတစ်ခုလည်းဖြစ်သည်။ အခြေခံအားဖြင့် ယုံကြည်မှုတိုင်းသည် ကျွမ်းကျင်မှုကနေ မွေးဖွားလာခြင်း ဖြစ်သည်။ ကျွမ်းကျင်မှု ရှိဖို့ဆိုရာတွင် နည်းပညာ၊ အတတ်ပညာ အကုန်လုံးပါဝင်နေသည်။

ထို့ကြောင့် လုပ်ငန်းစီမံကိန်းများကို တင်ပြရာတွင် ကိုယ်တင်ပြမည့် လုပ်ငန်း အစီအစဉ်များကို  အစမှ အဆုံးတိုင် အသေးစိတ် အလွတ်ရနေသင့်သလို သိရှိနားလည်နေဖို့ လိုအပ်ပေမည်။ ထိုမှသာ ယုံကြည်မှုကို မွေးဖွားရာတွင် လွယ်ကူ အဆင်ပြေနိုင်လိမ့်မည်ဖြစ်သည်။ ယုံကြည်မှုကို မွေးဖွားနိုင်သည့် အခြားနည်လမ်းများ လည်း ရှိသေးသည်။

၁။ စိတ်လှုပ်ရှားခြင်းသည် ယုံကြည်မှုကို ပျောက်ဆုံးနိုင်သည့် အနှောက်အယှက်အဟန့်အတား ဖြစ်သည့်အတွက် ထိုစိတ်လှုပ်ရှားမှုကို မဖြစ်မနေ ထိန်းချုပ်ရမည်။ ထိုသို့ ထိန်းချုပ်ရာတွင် အထိရောက်ဆုံး နည်းလမ်းမှာ အစည်းအဝေးခန်းမအတွင်းရှိ ကိုယ်နှင့် ရင်းနှီးသူများနှင့် မိတ်ဖွဲ့၍ အစည်းအဝေးမစခင် စကားစမြည်ပြောနေပါ။

၂။ မျက်လုံခြင်းဆုံ၍ ယုံကြည်မှုကို မွေးဖွားပါ။ တစ်ယောက်ကို တစ်ယောက် မျက်လုံခြင်းဆုံ၍ ကြည့်ခြင်းသည် စိတ်ခွန်အားကို ရစေနိုင်သည့် နည်းလမ်းတစ်ခုလည်းဖြစ်သည်။

၃။ လုပ်ငန်းစီမံကိန်းများကို တင်ဆက်နေစဉ်အတွင်း ကိုယ်လက်လှုပ်ရှားမှုများ ရှိနေပါစေ။ တည်တည်ငြိမ်ငြိမ် နှင့် တစ်နေရာတည်း ရပ်တန့်နေခြင်းသည် နားထောင်သူအတွက် ရိုးအီသည့် မြင်ကွင်းတစ်ခု ဖြစ်လာနိုင်သလို ရှင်းပြနေသူအတွက်လည်း စိတ်ကျဉ်းကျပ်မှုများကို ဖြစ်ပေါ်စေနိုင်သည်။ စိတ်လွတ်လပ်မှု မရှိခြင်းသည်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးစေသည့် အကြောင်းအရင်းများထဲမှ တစ်ချက်ဖြစ်သည်။

          ယခုတင်ပြသွားသော အချက်များသည် ယုံကြည်မှုကို မွေးဖွားရာတွင် အထောက်အကူဖြစ်စေမည့် အကြောင်းအရာများဖြစ်သည်။ ထိုအကြောင်းအရာများကို www.jobless.com.mm မှ လေ့လာမှတ်တမ်းပြု၍ တွေ့ရှိချက်များကို ပြန်လည်မျှဝေခြင်းဖြစ်သည်။

အခြားကျန်ရှိနေသေးသည့် အကြောင်းအရာများကိုလည်း ဆက်လက်တင်ပြသွားမည်ဖြစ်၍ စောင့်မျှော်ဖတ်ရှု ပေးကြပါရန် မေတ္တာရပ်ခံအပ်သည်။ www.jobless.com.mm


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


IMYANMARHOUSE CO.,LTD.

IMYANMARHOUSE CO.,LTD.

.We publish monthly property magazines since May 2015 and 13 property related books so far.iMyanmarHouse.com is the market leader of Myanmar Real Estate online platform that connects buyers, real esta...
Show the postings (11)
Synergy Plus Co., Ltd

Synergy Plus Co., Ltd

Vision - To be one the Leading Construction Companies Mission - To provide our High Quality Services First after SAFETY Values - Integrity, Discipline, Professionalism, Enthusiasm & Innovation .- ...
Show the postings (4)
Sea Rain Co.,Ltd

Sea Rain Co.,Ltd

Mo Asia Co.,Ltd

Mo Asia Co.,Ltd

..Mo Asia Co. Ltd is a distributor for Dumex Milk Powder in Myanmar. Dumex is an infants' and children's nutrition company. Its products span the infant, follow on and growing-up milk categories, and ...
Show the postings (1)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS