ချိတ်ဆွဲရန်စာတန်း: News-Google-Vaccine-Work-JobsInYangon
ရုံးပြန်မတက်မှီတွင် ကာကွယ်ဆေးများထိုးနှံထားဖို့လိုအပ်ကြောင်း Google မှ သူ့ရဲ့ဝန်ထမ်းများထံသို့ ကြေငြာချက်တစ်ရပ်ကိုထုတ်ပြန်၍ အသိပေးခဲ့
ဇူလိုင်လ ၂၈ ရက်နေ့တွင် Google ရဲ့ CEO Sundar Pichai မှ ဝန်ထမ်းများအနေနဲ့ ကာကွယ်ဆေးထိုးနှံပြီးမှသာ ရုံးသို့ပြန်လည်တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ရုံးတွင်းအသိပေးစာတစ်စောင်ကို e-mail ပေးပို့ခဲ့ကြောင်း The New York Times မှ သတင်းတစ်ပုဒ်အရ သိရှိခဲ့ရပါတယ်။
ဒီကြေငြာချက်ကြောင့် Google ဟာ ဝန်ထမ်းများအား ရုံးသို့ပြန်လည်တက်ရောက်ခြင်းမပြုကြမှီတွင် အရင်ဦးဆုံး ကာကွယ်ဆေးထိုးနှံကြဖို့ တိုက်တွန်းတဲ့ ပထမဆုံးသော နည်းပညာကုမ္ပဏီကြီးတစ်ခုအနေနဲ့ မှတ်တမ်းဝင်သွားစေခဲ့ပြီး Google ရဲ့ ကာကွယ်ဆေးထိုးနှံဖို့ လိုအပ်ချက်ဟာ အမေရိကရှိ ဝန်ထမ်းများထံသို့ လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း သက်ရောက်မှုရှိစေမှာဖြစ်ပြီး အခြားသောဒေသများရှိ ဝန်ထမ်းများထံသို့ကိုတော့ လာမည့်လများအတွင်းတွင် သက်ရောက်မှုရှိလာစေမှာဖြစ်ပါတယ်။
ဒါ့အပြင် Google ဟာ အမေရိကရှိ နေရာအနှံ့အပြားတွင် COVID-19 Delta မျိုးကွဲဟာ လွန်စွာပျံ့နှံ့လျှက်ရှိနေတဲ့အတွက် သူတို့ရဲ့ တရားဝင် ရုံးပြန်တက်ရမည့်နေ့ရက်ကို စက်တင်ဘာလအတွင်းမှ အောက်တိုဘာလ ၁၈ ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့ကြောင်းကိုလည်း သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။