Tags: News-Google-Block-Android2.3-Devices-JobsInYangon
Android 2.3 Device များမှ sign-in ဝင်ရောက်ခြင်းအား တားမြစ်သွားမည့်အစီအစဉ်ကို Google မှ အတည်ပြုခဲ့
Google ဟာ အသုံးပြုသူများအနေနဲ့ Android 2.3 နဲ့ ထို့ထက်နိမ့်သော Device များမှ သူတို့ရဲ့ Google Account များသို့ Sign-in ဝင်ရောက်ခြင်းအား တားမြစ်သွားမည့်အစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ Google ရဲ့ ပြောစကားအရ သူတို့ဟာယခုအခါ အဆိုပါ Platform အတွက် အထောက်အပံ့ပေးနေခြင်းကို ရပ်ဆိုင်းသွားတော့မှာဖြစ်ပြီး “ဒါဟာ အသုံးပြုသူများကို ပိုမို၍လုံခြုံမှုရှိစေရန်အတွက်” လုပ်ဆောင်ခဲ့ရတာ ဖြစ်တယ်လို့ သိရှိရပါတယ်။
ဖေဖော်ဝါရီလ ၂၀၁၇ ခုနှစ်ကလည်း Google ဟာ Google Pay contactless payment များကို Android 2.3 ကိုအသုံးပြုနေတဲ့ handset များတွင် ရပ်ဆိုင်းခဲ့ပြီး ယခုအခါ စက်တင်ဘာလ ၂၇ ရက်နေ့မှစတင်၍ Android 2.3 ကိုအသုံးပြုနေတဲ့ user များအားလုံးကို သူတို့ရဲ့ Google Account များသို့ ဝင်ရောက်နိုင်ခွင့်ကိုပါ ပိတ်ပင်သွားတော့မှာ ဖြစ်ပါတယ်။
ယခုလကုန်ခန့်မှစတင်၍ Android 2.3 နှင့် အောက် Android device များပေါ်မှ login ပြုလုပ်မည့် အသုံးပြုသူများအနေနဲ့ သူတို့ထည့်သွင်းလိုက်တဲ့အချက်အလက်များဟာ မှန်ကန်မှုရှိနေရင်တောင်မှ Username နဲ့ Password error ဆိုတဲ့စာတန်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အလားတူပဲ Google Calendar (သို့မဟုတ်) Google Account များကို device ပေါ်တွင် ထည့်သွင်းဖို့ကြိုးစားရာတွင်လည်း အဆိုပါ error ကို တွေ့မြင်ရနိုင်သလို အခြားသော Google account အပေါ်မှီခိုနေရတဲ့ Google app များဖြစ်တဲ့ - YouTube, Google Play Store, Google Maps, Gmail, Google Calender အစရှိသည်တို့ကိုလည်း အသုံးပြု၍ရနိုင်တော့မှာမဟုတ်ပါဘူး။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.