Tags: News-Google-Maps-Dark-Mode-JobsInYangon
Google Maps မှ dark mode ကို တရားဝင်ထုတ်လွှင့်ပေးခဲ့
Google Maps ဟာ နောက်ဆုံးမှာတော့ Android ပေါ်တွင် dark mode ကို support ပြုလုပ်ပေးဖို့အတွက် Android 10 ကို တရားဝင်ထုတ်လွှင့်ပြီးနောက် တစ်နှစ်ခွဲခန့်အကြာတွင် ဆုံးဖြတ်လိုက်ပြီပဲဖြစ်ပါတယ်။ Blog post တစ်ခုပေါ်တွင် Google ရဲ့ နောက်ဆုံးရေးသားထုတ်ပြန်ချက်တစ်ရပ်အရ - “Google Map ရဲ့ Dark Mode ကို မကြာခင်မှာ ကမ္ဘာတစ်လွှားရှိ Android အသုံးပြုသူများထံသို့ ပေးပို့နိုင်တော့မှာဖြစ်ပါတယ်” ဟူ၍ ရေးသားထားခဲ့ပါတယ်။
Google ဟာ Google Maps ပေါ်တွင် Dark Mode ထုတ်လွှင့်ပေးမည့်အကြောင်းကို အောက်တိုဘာလ ၂၀၁၉ ခုနှစ်ခန့်ကတည်းက အစမ်းဖော်ပြနေခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၂၀၂၀ တွင် စမ်းသပ်ဆဲအနေနဲ့ အချို့သော user များမှ ရယူအသုံးပြုနိုင်ခဲ့ပါတယ်။ Google Maps ဟာ လက်ရှိအချိန်မှာလည်း navigation mode တွင် အမည်းရောင်နောက်ခံနဲ့ မြေပုံကိုဖော်ပြနေပြီဖြစ်ပေမယ့်လည်း UI element များအားလုံး Dark Mode အနေနဲ့ ဖြစ်လာဖို့အတွက်ကို ကြိုးပမ်းနေဆဲပဲဖြစ်ပါတယ်။
Google ရဲ့ ပြောကြားချက်အရ အသုံးပြုသူများဟာ Google Map ရဲ့ setting များတွင် theme section အသစ်ကို တွေ့မြင်လာရမှာဖြစ်ပြီး ထိုနေရာတွင် dark mode feature ကို သွားရောက်၍ဖွင့်နိုင်မှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Code များဟာ app အတွင်းတွင်ရောက်ရှိနေပြီဖြစ်ပြီး အသုံးပြုသူများအနေနဲ့ Google မှ သူတို့နေထိုင်ရာနေရာများတွင် အဆိုပါ feature ကို ဖွင့်လှစ်ပေးရန်အတွက်ကိုသာ စောင့်ဆိုင်းရတော့မှာပဲဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.