Tags: News-Google-Physical-RetailStore-JobsInYangon
ယခုနှစ်နွေရာသီအတွင်း Google မှ Google Store လက်လီအရောင်းဆိုင်တစ်ခုကို စတင်ဖွင့်လှစ်တော့မည်ဖြစ်
Google ဟာ သူတို့ရဲ့ ပထမဆုံး Google Store လက်လီအရောင်းဆိုင်ကို စတင်ဖွင့်လှစ်တော့မှာဖြစ်ကြောင်း မေလ ၂၀ ရက်နေ့က ကြေငြာခဲ့ပါတယ်။ အဆိုပါဆိုင်အသစ်ဟာ ယခုနှစ်နွေရာသီအတွင်း New York မြို့အတွင်းရှိ Chelsea တွင် စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
Google Store တွင် များစွာသော Google ရဲ့ ထုတ်ကုန်များဖြစ်တဲ့ Pixel Phone များ၊ Nest smart home device များ၊ Fitbit tracker များ၊ Pixelbook များနှင့် အခြားသောအရာများကို ရောင်းချသွားမှာဖြစ်သလို Customer များအနေနဲ့လည်း Google ရဲ့ online store များမှတဆင့် ထုတ်ကုန်များကို မှာယူပြီးနောက် Google Store ဖွင့်လှစ်ထားသည့်နေရာတွင် လာရောက်ထုတ်ယူနိုင်စေမှာလည်းဖြစ်ပါတယ်။
Google Store ကို ယခုနှစ်နွေရာသီအတွင်းဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ဆိုထားခဲ့ပေမယ့်လည်း Google မှ ထိုကဲ့သို့သောအရောင်းဆိုင်များကို တိုးချဲ့ဖွင့်လှစ်သွားရန် ရှိ/ မရှိကိုတော့ ကြေငြာခြင်းမရှိသေးပါဘူး။ သို့ပေမယ့်လည်း အဆိုပါစတိုးဆိုင်သာ အောင်မြင်ခဲ့ပါက Chelsea ရှိ စတိုးဆိုင်လေးဟာ များစွာသော Google Store အရောင်းဆိုင်များအနက် ပထမဆုံးအရောင်းဆိုင်တစ်ဆိုင်ဖြစ်လာမှာဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.