Tags: News-Google-Third-Party-Cookies-JobsInYangon
Cookie များကို ဖယ်ရှားပြီးနောက်တွင် အသုံးပြုသူတစ်ဦးချင်းစီအား tracking ပြုလုပ်နိုင်စေမည့်နည်းလမ်းအသစ်များကို ထပ်မံမပြုလုပ်ရန် Google မှ ကတိပေးခဲ့
Google ဟာ ကမ္ဘာ့အကြီးမားဆုံး ကြော်ငြာရောင်းချသူတစ်ဦးဖြစ်ပြီး အကျော်ကြားဆုံး web browser တစ်ခုဖြစ်တဲ့ Chrome ကို လက်ရှိတွင်ပိုင်ဆိုင်ထားတဲ့ကုမ္ပဏီတစ်ခုလည်းဖြစ်နေပါတယ်။ လက်ရှိမှာတော့ သူတို့အနေနဲ့ အခြား browser provider များနည်းတူ third-party cookie များကို ဖယ်ရှားရန်လုပ်ဆောင်ချက်များကို လိုက်လံအားထုတ်၍ လုပ်ကိုင်လျှက်ရှိနေပါတယ်။
Competition and Markets Authority မှ ဇန်နဝါရီလအတွင်း ပြောဆိုချက်တစ်ရပ်အရ Google ဟာ cookie များကို ဖယ်ရှားနိုင်ရန်အတွက် စီမံမှုများပြုလုပ်လျှက်ရှိနေပြီး ထိုအရာကြောင့် ကြော်ငြာလိုသူ (advertiser) များထံသို့ အချက်အလက်များကိုမျှဝေပေးခြင်းဟာ ပိုမို၍နည်းပါးလာမှာဖြစ်ကာ ကြော်ငြာဈေးကွက်နဲ့ သတင်းဝက်ဘ်ဆိုဒ်များအပေါ် ထိုအရာက ကြီးစွာသောအကျိုးသက်ရောက်မှုများရှိလာနိုင်တယ်ဟူ၍ သိရှိခဲ့ရပါတယ်။
ဈေးကွက်မြှင့်တင်ရေးသမားများပါဝင်တဲ့ အဖွဲ့တစ်ခုကတော့ အဆိုပါအကြံအစည်ကိုဆန့်ကျင်လျှက်ရှိနေပြီး Google ဟာ ထိုကဲ့သို့ cookie များကိုဖျက်သိမ်းလိုက်ပါက အားသာချက်ရသွားမှာဖြစ်ကြောင်းနဲ့ Google အနေနဲ့ user များထံက ကိုယ်ရေးအချက်အလက်များကိုရယူနိုင်ရန်အတွက် အခြားသောနည်းလမ်းများ ရှိနေသေးနိုင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ သို့သော်လည်း Google ဘက်ကတော့ လက်ရှိအသုံးပြုနေတဲ့ နည်းစနစ်မှ အောင်မြင်စွာပြောင်းလဲပြီးနောက်တွင် user တစ်ဦးချင်းစီအား ကြော်ငြာများအတွက် tracking ပြုလုပ်ဖို့အတွက် နောက်ထပ်မည်သည့်နည်းလမ်းအသစ်ကိုမှ ထပ်မံတီထွင်သွားမှာမဟုတ်ကြောင်း ကတိပေးပြောဆိုခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.