ချိတ်ဆွဲရန်စာတန်း: News-Google-Banned-29Apps-JobsInYangon
အလွန်အမင်းကြော်ငြာများထည့်သွင်းထားမှုကြောင့် Google က စုစုပေါင်း app ၂၉ ခုကို Play Store ပေါ်ကနေ ဖယ်ရှားခဲ့
Play Store ပေါ်ကနေ စုစုပေါင်း ၂၉ ခုသော app များကို Google က ဖယ်ရှားလိုက်ပါပြီ။ သင့်အနေနဲ့ ဒီ app တွေကို download လုပ်ထားမိရင် အမြန်ဆုံး သင့်ရဲ့ဖုန်းပေါ်ကနေ ဖယ်ရှားပစ် သင့်ပါတယ်။
ဒါဟာ Play Store ပေါ်မှာတင်ထားတဲ့ application တွေကို Google က နောက်တစ်ကြိမ် အကြီး အကျယ် ရှင်းလင်းရေးပြုလုပ်လိုက်တာပါပဲ။
သူတို့ဟာ အသုံးပြုသူများကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ app ပေါင်း ၂၉ ခုကို ဖယ်ရှားလိုက်ပါ တယ်။ ဒီတစ်ကြိမ်မှာတော့ application များကိုဖျက်ပြစ်ရာမှာ Google က စိတ်အနှောင့်အယှက် ဖြစ်စေပြီး ကြော်ငြာ (ads) တွေ လွန်မင်းစွာပါဝင်နေတဲ့ app များကို အဓိကပစ်မှတ်ထားပြီး ဖျက်ပြစ်ခဲ့ပါတယ်။ ဒီပြဿနာကို စုစုပေါင်း application 29 ခုတွင် တွေ့ရှိခဲ့ပါတယ်။
တစ်ချို့သော app များကတော့ spamming (အလွန်အမင်း ထပ်ခါတလဲလဲ ကြော်ငြာများပြသခြင်း) အပြင် အခြားနည်းလမ်းများနဲ့လဲ စည်းကမ်းများကိုချိုးဖောက်လျှက်ရှိနေပါတယ်။ ဥပမာအားဖြင့် Square Photo Blur ဟာဆိုရင် install ပြုလုပ်လိုက်ပြီးတာနဲ့ menu ပေါ်ကနေ ပျောက်သွားပြီး Play Store ပေါ်တွင်လည်း launch button ကို တွေ့မြင်ရတော့မှာမဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီ app ဟာ သင့်ဖုန်းရဲ့ background မှာ အလုပ်လုပ်နေမှာဖြစ်ပြီး သင်မကြည့်ချင်တဲ့ (မလိုလားအပ် တဲ့) ကြော်ငြာများကို ပြသနေတော့မှာဖြစ်ပါတယ်။
အခြားပြဿနာရှိနေတဲ့ application အများစုဟာလည်း ဓါတ်ပုံရိုက်ရန်နဲ့ ဓါတ်ပုံများကိုတည်းဖြတ် ခြင်းပြုလုပ်နိုင်တဲ့ app များအနေနဲ့ထွက်ပေါ်လာပါတယ်။ Google က သူတို့ရဲ့ database ကနေ ဒီ app များကို ဖယ်ရှားလိုက်ပြီဖြစ်သော်လည်း သင့်ရဲ့ဖုန်းအထဲက ဒီ app များဟာ အလိုအလျှောက် ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ အကယ်၍ သင့်ဖုန်းထဲမှာ အောက်ပါစာရင်းထဲက tool (app) တစ်ခုခုကိုများသွင်းမိထားမယ်ဆိုရင်တော့ အမြန်ဆုံး uninstall သွားလုပ်လိုက်ပါ။
ပြဿနာရှိနေသော app များ -
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။