Tags: News-Google-Trojan-PlayStoreApps-JobsInYangon
Privacy ကို အလွန်အကျူးချိုးဖောက်လျှက်ရှိနေတဲ့ လူသုံးများနေသော Android App များကို Google မှ ဖယ်ရှားခဲ့
Dr. Web မှ လေ့လာသူများရဲ့ တွေ့ရှိချက်အရ Facebook Login အချက်အလက်များကို ခိုးယူလျှက်ရှိနေတဲ့ App (၉) ခုကို Google မှ ဖယ်ရှားခဲ့ကြောင်းကို Ars ရဲ့ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ အဆိုပါ malware ကို ကမ္ဘာတစ်လွှားတွင် download ပြုလုပ်သူ စုစုပေါင်း ၅.၈ သန်းခန့်ရှိခဲ့ပြီး “Horoscope Daily” နှင့် “Rubbish Cleaner” ကဲ့သို့သော အလွယ်တကူရှာဖွေအသုံးပြုနိုင်သည့် Application များအဖြစ် ဟန်ဆောင်ထားခဲ့တာဖြစ်ပါတယ်။
အဆိုပါ app များဟာ အသုံးပြုသူများကို Facebook sign-in ပြုလုပ်ရသည့် စာမျက်နှာပေါ်သို့ တင်ပေးလိုက်ပြီးနောက် Command and Control Server မှတဆင့် Javascript ကို load ပြုလုပ်၍ login အချက်အလက်များကို ခိုးယူကာ အဆိုပါအချက်အလက်များကို application ၏ Command Server များသို့ ပြန်လည်ပေးပို့နိုင်စွမ်းရှိနေတဲ့အပြင် Cookie များကိုလည်း Authorization Session မှတဆင့် ခိုးယူနိုင်စွမ်းရှိနေပါတယ်။
Google ကတော့ အဆိုပါ app များနှင့်ပတ်သက်၍ တာဝန်ရှိတဲ့ developer များကို သူတို့ရဲ့ Play Store ပေါ်မှ Ban လိုက်ပြီဖြစ်ကြောင်း Ars သို့ ပြောကြားခဲ့သော်လည်း ထိုသူများအနေနဲ့ နောက်ထပ် developer အကောင့် အသစ်များကို ဖွင့်လှစ်၍ ပြန်လည်ဝင်ရောက်လာနိုင်တဲ့အတွက် Google အနေနဲ့ Cyber Attack တိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန်အတွက် Malware များကို ကိုယ်တိုင်စစ်ဆေးနိုင်ဖို့ လိုအပ်နေပြီပဲဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.