ချိတ်ဆွဲရန်စာတန်း: News-Google-AR-Technology-JobsInYangon
Google မှ AR နည်းပညာနှင့်ပတ်သက်၍ စတင်အလေးအနက်ထားဆောင်ရွက်လျက်ရှိနေ
ယနေ့ခေတ် Augmented Reality (AR) နည်းပညာနှင့် Device များထုတ်လုပ်ဖို့ရန်အတွက် သုသေသနပြုလုပ်မှုများတွင် Google ဟာ အစောဆုံးပါဝင်ဆောင်ရွက်ခဲ့တဲ့ ကုမ္ပဏီများအနက် တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး ယခုအခါ Apple နှင့် Facebook တို့ဟာလည်း အဆိုပါနယ်ပယ်တွင် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုများကိုပြုလုပ်လျက်ရှိနေပြီဖြစ်တဲ့အတွက် Google ဟာလည်း ကိုယ်ပိုင် AR device များကို ထုတ်လုပ်နိုင်ဖို့အတွက် စတင်ပြုလုပ်လျက်ရှိနေပြီဖြစ်တယ်လို့ သတင်းများအရ သိရှိရပါတယ်။
Linkedin စာမျက်နှာပေါ်တွင် operating system engineering director တစ်ဦးဖြစ်တဲ့ Mark Lucovsky က သူဟာ Google တွင် စတင်၍အလုပ်ဆင်းနေပြီဖြစ်တယ်လို့ ရေးသားထားခဲ့ပြီး ၎င်းဟာ ယခင်က Meta အတွက် AR နည်းပညာ mixed reality operating system များကို ရေးဆွဲပေးခဲ့ရသူတစ်ဦးဖြစ်ကာ ထိုမတိုင်မှီကလည်း Microsoft ရဲ့ Windows NT ရှိ key architect များအနက်မှ တစ်ဦးဖြစ်ခဲ့ဖူးပါတယ်။
သူ့ရဲ့ LinkedIn စာမျက်နှာပေါ်တွင် “ကျွန်ုပ်ရဲ့တာဝန်ကတော့ Google တွင် AR နည်းပညာအတွက် Operating System Team ကို ဦးဆောင်ပေးဖို့ဖြစ်ပါတယ်” ဟူ၍ ရေးသားထားတဲ့အပြင် သူက Google ရှိ အလုပ်ခေါ်ယူမှုများရဲ့ link ကိုလည်း ပြန်လည်မျှဝေပေးထားတဲ့အတွက် ယခုအခါတွင် Google ဟာ Apple နဲ့ Meta တို့ကဲ့သို့ပင် AR နည်းပညာကိုအလေးအနက်စတင်ဆောင်ရွက်လာတော့မှာဖြစ်တယ်ဆိုတာကို ပြသနေနိုင်တယ်လို့ သတင်းများအရ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။