ချိတ်ဆွဲရန်စာတန်း: News-Google-Spying-On-Workers-JobsInYangon
Google ဟာ ၀န်ထမ်းများအပေါ် တရားမ၀င်စောင့်ကြည့်မှုများပြုလုပ်လျှက်ရှိပြီး အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းခြင်းများနဲ့ တုန့်ပြန်မှုများပြုလုပ်ခြင်းကို ဖိနှိပ်လျှက်ရှိ
CNBC မှ သတင်းတစ်ပုဒ်အရ - အမေရိကန်ပြည်ထောင်စု အလုပ်သမားရေးရာဌာနမှ Google နဲ့ သူတို့ရဲ့ ပင်ရင်းကုမ္ပဏီဖြစ်သော Alphabet တို့ကို အလုပ်သမားရေးရာဥပဒေများကို ချိုးဖောက်မှုပြုလုပ်ခဲ့တဲ့အတွက် တရားစွဲဆိုမှုပြုလုပ်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။
နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သော စွဲဆိုချက်အရ - Google ဟာ ၀န်ထမ်းများအနေနဲ့ တရားဥပဒေအရ အကာအကွယ်ပေးထားသော အလုပ်သမားများ၏လုပ်ပိုင်ခွင့်တစ်ရပ်ဖြစ်တဲ့ လုပ်ငန်းခွင်အတွင်း အလုပ်သမားအဖွဲ့အစည်းများ တည်ဆောက်နိုင်ရေး လုပ်ပိုင်ခွင့်များကို လုပ်ဆောင်ရာတွင် “၀င်ရောက်စွက်ဖက်ခြင်း၊ တားဆီးခြင်းနဲ့၊ ၀န်ထမ်းများကို ခြိမ်းခြောက်ခြင်းတို့အား လုပ်ဆောင်လျှက်ရှိနေတယ်ဟူ၍ တင်ပြလာခဲ့ပါတယ်။
အမေရိကန်အလုပ်သမားရေးရာဌာနမှ တင်ပြလာသော စာရွက်စာတမ်းများအရ Google ကို ၀န်ထမ်းများအား စောင့်ကြည့်ခြင်း၊ အလုပ်သမားအဖွဲ့အစည်းများ တည်ဆောက်ရန်ပြုလုပ်သော ၀န်ထမ်းများအား အလုပ်မှထုတ်ပယ်ခြင်းတို့အပြင် ၀န်ထမ်းများအနေနဲ့ လုပ်ငန်းခွင်အတွင်းရှိ မကျေနပ်ချက်များနဲ့ အချက်အလက်များကို တစ်ဦးမှ တစ်ဦးသို့ ဘုံသုံးပစ္စည်းများဖြစ်တဲ့ ပြက္ခဒိန်များ၊ e-mail များ၊ Meeting Room များနဲ့ Internal Communication Tool တစ်ခုဖြစ်သော MemeGen တို့ကိုအသုံးပြု၍ မျှဝေပြောကြားခြင်းအား တားဆီးမှုပြုခြင်းတို့ကို ပြုလုပ်လျှက်ရှိကြောင်း သိရှိရပါတယ်။
ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ အထက်ပါအကြောင်းအရာနဲ့ပတ်သက်ပြီး တုန့်ပြန်ခဲ့ရာမှာတော့ - “ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ဝန်ထမ်းများရဲ့ လုပ်ပိုင်ခွင့်များကို အပြည့်အ၀ထောက်ပံ့ပေးထားပြီး ပွင့်လင်းသော ဆွေးနွေးမှုများ၊ လေးစားမှုရှိစွာ ပြန်လည်ချေပပြောဆိုခြင်းများကို အားပေးခြင်းဟာ Google ရဲ့ အစဉ်အလာများထဲကမှ အစိတ်အပိုင်းတစ်ရပ်ပဲဖြစ်ပါတယ်။” ဒီအစဉ်အလာရှိနေခြင်းကို ကျွန်ုပ်တို့က ဂုဏ်ယူတန်ဖိုးထားပြီး ဒီအချက်ကိုအခွင့်ကောင်းယူပြီး ကျွန်ုပ်တို့ရဲ့ လုံခြုံရေးပေါ်လစီများနဲ့ Internal system များကို အခွင့်ကောင်းယူ၍ အသုံးချနိုင်ခြေရှိနေသူတွေရဲ့လက်ထဲကနေ ကာကွယ်သွားဖို့အတွက်ကိုလည်း ဆုံးဖြတ်ထားပါတယ်။” ဟူ၍ ပြောကြားသွားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
အများသူငါတွေရဲ့ CV တွေထဲကနေ အလုပ်ရှင်များစီမှ ဦးစွာရွေးချယ်ဖတ်ရှုခြင်းခံရတဲ့ CVဟာ သေသပ်တိကျမှုနဲ့ အစီအစဉ်တကျရှိစွာ တည်ဆောက်ထားတဲ့CV တစ်ဆောင်ဆိုတာကတော့ ယုံမှားဖွယ်မရှိပါဘူး ။ အဲဒီအတွက် CVတစ်စောင်ကိုရေးသား တည်ဆောက်တော့ မယ်ဆိုရင် အောက်ပါအချက်များကို ဂရုပြုစေလိုပါတယ်။
An Iranian man has broken the world record for the number of years spent without bathing.
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။