ချိတ်ဆွဲရန်စာတန်း: News-COVID-Google-WorkFromHome-JobsInYangon
၂၀၂၁ ခုနှစ် နွေရာသီမတိုင်မှီအထိ Google ဟာ သူတို့ရဲ့ဝန်ထမ်းများကို အိမ်မှသာ အလုပ်လုပ်စေမည်
Google ရဲ့ဝန်ထမ်းများဟာ စုစုပေါင်း ၁နှစ်ခွဲခန့်အထိ အိမ်တွင်နေရမှာဖြစ်ပါတယ်။
Alphabet ရဲ့ CEO ဖြစ်သူ Sundar Pichai က အိမ်မှတဆင့်အလုပ်လုပ်ဖို့ကို ၂၀၂၁ ခုနှစ် နွေရာသီ မတိုင်မှီအထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ Google ရဲ့ဝန်ထမ်းများဟာ မတ်လအတွင်း ကိုရိုနာ ဗိုင်းရပ်စ်ကပ်ရောဂါ စတင်ဖြစ်ပွားစဉ်ကတည်းက ရုံးတက်ရန်မလိုအပ်တော့တာဖြစ်ပါတယ်။ ယခင် က သူတို့ဟာနောက်နှစ်အစပိုင်းတွင်အလုပ်ပြန်လည်တက်ရမှာဖြစ်သော်လည်း ယခုအခါတွင် ၂၀၂၁ ခုနှစ် ဇူလိုင်လမတိုင်မှီအထိ သူတို့ဟာ အိမ်မှတဆင့် အလုပ်လုပ်ရတော့မှာဖြစ်ပါတယ်။
The Wall Street Journal ရဲ့ သတင်းများအရ Alphabet ရဲ့ CEO, Sundar Pichai ဟာ သူတို့ရဲ့ သားသမီးများကို လာမည့်ပညာသင်နှစ်အတွက် အိမ်တွင်စာသင်ကြားမှုပြုလုပ်ပေးရန် စောင့်ဆိုင်း လျှက်ရှိနေတဲ့ ဝန်ထမ်းများကြောင့် ထိုသို့ အိမ်မှတဆင့်အလုပ်လုပ်ရမည့်ကာလကို တိုးမြှင့်သတ် မှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ Google ဟာ သူတို့ကို ရေရှည်အတွက်ပြင်ဆင်စေလိုတာပဲဖြစ်ပါတယ်။
သို့သော်လည်း ဒီရွေးချယ်မှုဟာ သူတို့ရဲ့အလုပ်များကို ရုံးတက်စရာမလိုပဲ ပြုလုပ်နိုင်တဲ့ဝန်ထမ်းများ အနက်မှ မိမိတို့သဘောဆန္ဒအလျှောက် အိမ်မှတဆင့်အလုပ်လုပ်ဖို့ရွေးချယ်ခဲ့တဲ့သူများအတွက်သာ သက်ရောက်မှုရှိစေမှာဖြစ်ပါတယ်။
အဆိုပါ ရုံးပြန်တက်ရမည့်နေ့ကို ရွှေ့ဆိုင်းလိုက်ခြင်းဟာ အမေရိကန်၊ ယူကေနှင့် အိန္ဒိယကဲ့သို့သော ကြီးမားသည့်ရုံးခွဲများအပေါ်တွင်သာ သက်ရောက်မှုရှိစေမှာဖြစ်ပြီး၊ လက်ရှိအချိန်တွင်တော့ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကူးစက်မှုနည်းပါးသည့်နေရာများ (ဥပမာ - ဩစတေးလျ (သို့) ဂရိ) ရှိရုံးခန်းများကို သာ ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။