Tags: News-Google-Employees-Office-JobsInYangon
Google CEO မှ ဝန်ထမ်းများ ရုံးပြန်တက်ကြရန်တိုက်တွန်း
Google ရဲ့ CEO ဖြစ်သူ Sundar Pichai မှ ဝန်ထမ်းများထံသို့ ပေးပို့ခဲ့သော e-mail တစ်စောင်တွင် lockdown ပိတ်ဆို့မှုများပြေလျော့လာပြီဖြစ်တဲ့အတွက် တစ်ပတ်လျှင် ၃ ရက်ခန့် ရုံးလာတက်ကြရန်အတွက် တိုက်တွန်းထားကြောင်း သိရှိခဲ့ရပါတယ်။ Google ဟာ သူတို့ရဲ့ရုံးများကို ဧပြီလအတွင်းမှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ယခုအခါတွင်တော့ အထက်ဖော်ပြပါအတိုင်း hybrid working week ကို မည်သို့ဖော်ဆောင်သွားမည်ဆိုသည်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ချပြလိုက်ပြီပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ကပ်ရောဂါစတင်ဖြစ်ပွားစဉ်က Google ဟာ work from home ပြုလုပ်ခြင်းနှင့် ပထမဆုံး စတင်မိတ်ဆက်ပေးခဲ့သော ကုမ္ပဏီများထဲတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။ BBC မှ ဖတ်ရှုခဲ့ရသော e-mail တွင် Mr Pichai မှ ရုံးခန်းအတွင်းတွင် အလုပ်လုပ်ကိုင်ရခြင်း၏ ကောင်းကွက်များကို ရေးသားထားခဲ့ပါတယ် - “ကျွန်တော်တို့ဝန်ထမ်းများဟာ ရုံးသို့တက်ရောက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ပြဿနာများကို ကော်ဖီဆိုင်များအတွင်းတွင်၊ Whiteboard များအနီးတွင် (ဒါမှမဟုတ်) အပျော်တန်း ဘော်လီဘောနှင့် ခရစ်ကတ်ကစားပွဲများအတွင်းတွင် အဖြေရှာခဲ့ကြတာ နှစ်ပေါင်း ၂၀ ကျော်ခန့်ရှိနေခဲ့ပါပြီ။” ရုံးခန်းများပြန်လည်ဖွင့်လှစ်ခဲ့သောနေရာများတွင်လည်း “Google မှဝန်ထမ်းများရဲ့ ၆၀% ခန့်ဟာ ရုံးသို့ပြန်လည်တက်ရောက်လာကြပါတယ်။” ဟူ၍ ပြောဆိုခဲ့ပါတယ်။
ဆန့်ကျင်ဘက်အနေဖြင့် Twitter ကတော့ သူတို့ရဲ့ဝန်ထမ်းများအနေဖြင့် အမြဲတမ်း Work From Home ပြုလုပ်သွားနိုင်ကြောင်းပြောကြားခဲ့သလို Facebook ကလည်း သူတို့ရဲ့ ဝန်ထမ်းများအနေဖြင့် Work From Home ဆက်လက်၍ ပြုလုပ်သွားနိုင်ကြောင်း အသီးသီး ပြောကြားခဲ့ကြပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.