ချိတ်ဆွဲရန်စာတန်း: News-Google-Pixel5a-JobsInYangon
Google Pixel 5a ထွက်ရှိလာမည့်နေ့နှင့် ပါဝင်လာနိုင်သောလုပ်ဆောင်ချက်များ
Engadget မှ သတင်းတစ်ပုဒ်အရ Google ဟာ သူတို့ရဲ့ Pixel 5a ဖုန်းအား ထုတ်လုပ်ရောင်းချသွားရန်အတွက် ပြင်ဆင်မှုများပြုလုပ်လျှက်ရှိနေပြီဖြစ်ပြီး အဆိုပါသတင်းအရ Pixel 5a တွင် ပါဝင်လာနိုင်တဲ့ Specs အချို့ကိုလည်း သိရှိခဲ့ရပါတယ်။
အဆိုပါ Pixel 5a တွင် Pixel 5 တွင်ထည့်သွင်းထားသည့်အတိုင်း တူညီသောကင်မရာပါဝင်လာမှာဖြစ်သလို Headphone ထိုးရန်အပေါက်နှင့် IP67 rating ဖြင့်ထွက်ရှိလာမှာဖြစ်ပါတယ်။ Front Page Tech မှ Jon Prosser ရဲ့ အဆိုအရ Pixel 5a ဟာ Qualcomm ရဲ့ Snapdragon 756G 5G chipset ကိုအသုံးပြုထားပြီး RAM 6GB, 4650mAh battery တို့ပါဝင်လာမှာဖြစ်သော်လည်း wireless charging ကိုတော့ ထောက်ပံ့ပေးနိုင်တော့မှာမဟုတ်ပါဘူး။ ဒါ့အပြင် display အရွယ်အစားကတော့ ၆.၄ လက်မ ရှိမှာဖြစ်ပြီး အရောင်အနေနဲ့ကတော့ အနက်ရောင်တစ်မျိုးတည်းနှင့်သာ ထွက်ရှိလာနိုင်ပါတယ်။
အကယ်၍ ဒီ ဖုန်းရဲ့ specification တွေကို စာဖတ်သူတို့က စိတ်ဝင်စားတယ်ဆိုရင်တော့ မကြာခင်မှာ Pixel 5a ကို ဝယ်ယူ၍ရရှိနိုင်တော့မှာဖြစ်ပါတယ်။ သတင်းများအရ Google ဟာ အဆိုပါဖုန်းကို ဩဂုတ်လ ၂၆ ရက်နေ့တွင် $450 ဖြင့် ရောင်းချသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။