ချိတ်ဆွဲရန်စာတန်း: News-Gucci-Xbox-Bundle-JobsInYangon
Gucci မှ Xbox နှင့်ပူးပေါင်း၍ အထူး Xbox Series X bundle တစ်ခုအား ရောင်းချသွားရန်ရှိနေ
Luxury fashion brand တစ်ခုဖြစ်တဲ့ Gucci ဟာ သီးသန့်ထုတ်လုပ်ထားတဲ့ Laser နဲ့ ဒီဇိုင်းဖော်ထားတဲ့ Xbox Series X, Xbox wireless controller ၂ ခု, Xbox Game Pass Ultimate subscription တို့နဲ့အတူ Gucci နဲ့ Xbox တံဆိပ်ရိုက်နှိပ်ထားတဲ့ hard carrying case တို့ပါဝင်တဲ့ Xbox Series X bundle အခု ၁၀၀ ကို ရောင်းချလျှက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။
ဒီ limited-edition bundle ကို နိုဝင်ဘာလ ၁၇ ရက်နေ့တွင် သတ်မှတ်ရွေးချယ်ထားတဲ့ ကမ္ဘာတစ်လွှားရှိ Gucci အရောင်းဆိုင်အချို့တွင် ရောင်းချပေးသွားမှာဖြစ်ပြီး ဈေးနှုန်းအားဖြင့်တော့ ကန်ဒေါ်လာ ၁၀,၀၀၀ အဖြစ် သတ်မှတ်ထားပါတယ်။ အဆိုပါ Xbox Series X bundle များကို ရောင်းချပေးသွားမယ့် Gucci အရောင်းဆိုင်များကတော့ Beijing, Belin, Beverly Hills, London, Mexico City, Milan, New York City နဲ့ Tokyo မြို့များရှိအရောင်းဆိုင်များဖြစ်တယ်လို့ သိရှိရပါတယ်။
“ယခုပြုလုပ်ခဲ့တဲ့ အကျိုးတူပူးပေါင်းထုတ်လုပ်မှုတွင် ၁ - ၁၀၀ အထိ နံပါတ်တပ်ဆင်ထားတဲ့ set များပါဝင်မှာဖြစ်ပြီး အဆိုပါ set တစ်ခုစီတိုင်းတွင် Laser နဲ့ ဒီဇိုင်းဖော်ထားသော GG pattern ပါဝင်သည့် Xbox Series X console, Gucci တံဆိပ်ပါ ကြိုးမဲ့ controller ၂ ခု တို့နှင့် Gucci ရဲ့ archival luggage နဲ့ ပုံစံဆင်တူသော hard carrying case တို့ပါဝင်မှာဖြစ်တယ်လို့” Gucci ရဲ့ official twitter စာမျက်နှာပေါ်တွင် ကြေငြာထားချက်အရ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။