ချိတ်ဆွဲရန်စာတန်း: News-Hackers-Cryptocurrency-Mining-JobsInYangon
Cryptocurrency Mining ပြုလုပ်ရန်အတွက် Hacker များမှ Malware ပါဝင်နေသော AAA Title ဂိမ်းများကို ဖြန့်ချီခဲ့
သတင်းများအရ Hacker များဟာ Cryptomining ပြုလုပ်နိုင်သည့် Malware များကို လူကြိုက်များသည့် ဂိမ်းများအတွင်းသို့ ထည့်သွင်း၍ဖြန့်ချီလျှက်ရှိကာ အဆိုပါ pirated game များကို ဆော့ကစားရန်အတွက် Install ပြုလုပ်မည့် player များရဲ့ ကွန်ပြူတာများအား ထိန်းချုပ်လျှက်ရှိနေကြောင်း သိရှိရပါတယ်။
BC News မှ သတင်းတစ်ပုဒ်အရ AAA Title ဂိမ်းများဖြစ်တဲ့ Grand Theft Auto, NBA 2K နှင့် Pro Evolution Soccer ကဲ့သို့သောဂိမ်းများကို Hacker များမှ အခမဲ့ဖြန့်ချီလျှက်ရှိနေပြီး အဆိုပါဂိမ်းများဟာ အန္တရာယ်များတဲ့ Malware များပါဝင်လျှက်ရှိနေပါတယ်။ Hacker များမှ အဆိုပါ Malware များကို အသုံးပြုကာ အသုံးပြုသူများရဲ့ ကွန်ပြူတာများကို ထိန်းချုပ်၍ ကိုယ်ရေးအချက်အလက်များကို ရယူနိုင်မှာဖြစ်ပါတယ်။
Download ပြုလုပ်လိုက်တာနဲ့ အဆိုပါဂိမ်းများဟာ Crackonosh ဟုအမည်ရတဲ့ Malware ကို အသုံးပြု၍ Digital ငွေကြေးများကို Mining ပြုလုပ်သွားမှာဖြစ်ပါတယ်။ သိရှိရတဲ့အချက်အလက်များအရ အဆိုပါ ရာဇဝတ်မှုကျူးလွန်သူများဟာ လက်ရှိအချိန်တွင် Monero ဟုအမည်ရတဲ့ Cryptocurrecy အားဖြင့် ကန်ဒေါ်လာ ၂သန်းနှင့် ညီမျှသောပမာဏကို ရရှိခဲ့ပြီးဖြစ်ပါတယ်။ Monero ဟာ Bitcoin နှင့် အခြားသော Cryptocurrency များထက် ပိုမို၍ ခြေရာခံရခက်ခဲတဲ့အတွက် ရာဇဝတ်မှုကျူးလွန်သူများအနေနဲ့ အသုံးပြုလေ့ရှိနေတဲ့ Digital ငွေကြေးတစ်မျိုးပဲဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။