ချိတ်ဆွဲရန်စာတန်း: News-Hackers-Stole-Cryptocurrency-JobsInYangon
ဂျပန်နိုင်ငံအခြေစိုက် Crypto Exchange တစ်ခုဖြစ်တဲ့ Liquid ထံမှ ကန်ဒေါ်လာ ၉၇ သန်းကို Hacker များမှ ခိုးယူခဲ့
ဂျပန်နိုင်ငံ အခြေစိုက် Cryptocurrency ငွေကြေးလဲလှယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Liquid ဟာ ယခုအခါ Cyber တိုက်ခိုက်မှုတစ်ခုကိုခံခဲ့ရပြီး Hacker များမှ ကန်ဒေါ်လာ ၉၇ သန်းခန့် တန်ဖိုးရှိသော ပိုင်ဆိုင်မှုများကို ခိုးယူသွားခဲ့ကြောင်း သိရှိရပါတယ်။
အဆိုပါ ခိုးယူခံရတဲ့ ငွေကြေးများတွင် ကန်ဒေါ်လာ ၄၅ သန်းပမာဏ တန်ဖိုးရှိတဲ့ Ethereum token များလည်း ပါဝင်နေပြီး ခိုးယူသွားသူမှ ယခုအခါတွင် decentralized exchange များကို အသုံးပြု၍ ၎င်းတို့ကို Ether အဖြစ်ပြောင်းလဲပြီး အကောင့်ကို frozen ပြုလုပ်ခံရခြင်းမှ ရှောင်လွှဲနိုင်ရန် ပြုလုပ်လျှက်ရှိနေကြောင်းကို Liquid အား ထောက်လှမ်းစစ်ဆေးမှုများပြုလုပ်နေရာတွင် အကူအညီပေးလျှက်ရှိနေတဲ့ Elliptic ဟု အမည်ရတဲ့ Crypto ငွေကြေးစောင့်ကြည့်ရေးကုမ္ပဏီတစ်ခုမှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ ယခုလအတွင်းဖြစ်ပွားခဲ့တဲ့ ဒုတိယအကြီးဆုံး Crypto ငွေကြေးခိုးယူမှုဖြစ်ပြီး ယခုလအစောပိုင်းကလည်း Hacker တစ်ဦးမှ ကန်ဒေါ်လာ ၆၆၁ သန်း တန်ကြေးရှိ Ethereum, Shiba Inu နဲ့ အခြားသော ဒီဂျစ်တယ်ငွေကြေးများကို decentralized Poly Network ဘဏ္ဍာရေး platform တစ်ခုမှ ခိုးယူမှုပြုလုပ်ခဲ့ပြီးနောက်တွင်မှ ပြန်ပေးခဲ့မှုတစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။