Jobs In Myanmar
Load...

အဖွဲ့အစည်းများ လိုက်နာ လုပ်ဆောင်ကြသည့် ဝန်ထမ်း ရှာဖွေခန့်အပ်ရေး နည်းဗျူဟာများ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Recruitment-employee-Knowledge-HR-JobsinYangon



အဖွဲ့အစည်းများ လိုက်နာ လုပ်ဆောင်ကြသည့် ဝန်ထမ်း ရှာဖွေခန့်အပ်ရေး နည်းဗျူဟာများ

 

ဘယ်လိုအဖွဲ့အစည်းမျိုးအတွက်မဆို လူသား(လုပ်သား)တွေဟာ အသက်သွေးကြောဘဲဖြစ်ပါတယ်။ အဖွဲ့အစည်းဟာ မိရိုးဖလာကုန်ထုတ်လုပ်ရေးလုပ်ငန်း အမျိုးအစားဘဲဖြစ်စေ၊ IT (Information Technology) နဲ့ ITES (Information Technology Enabled Services)တို့လို “စီးပွါးရေး ပုံစံသစ်” (new economy)ဘဲ ဖြစ်ပါစေ အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းနိုင်တဲ့ ၊ စိတ်ဓါတ်ကြံ့ခိုင်ရေးကောင်းမွန်တဲ့ လူသားအလုပ်သမား တွေ လိုအပ်ပါတယ်။ထို့ကြောင့် အဖွဲ့အစည်းတစ်ခု ဘယ်လိုဝန်ထမ်းတွေကို ခန့်အပ်ထားသလဲဆိုတဲ့ အချက် က အဲ့ဒီအဖွဲ့အစည်းရဲ့ အောင်မြင်မှုအတွက် အရေးပါပါတယ်။ ထို့အတွက်ကြောင့် ပြိုင်ဆိုင်မှုပြင်းထန်တဲ့  ၂၁ရာစု စီးပွါးရေးလောကမှာ အဖွဲ့အစည်းတွေ လိုက်နာလုပ်ဆောင်ကြတဲ့ ဝန်ထမ်းရှာဖွေခန့်အပ်ရေး နည်းဗျူဟာများတွေက အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။

ဝန်ထမ်းရှာဖွေခန့်အပ်ရေးက နည်းလမ်းတွေအများကြီးနဲ့ အဆင့်အမျိုးမျိုးမှာ ဖြစ်နိုင်ပါတယ်။ အလုပ်သင်အဖြစ် ငှားရမ်းခန့်အပ်တာတွေ ရှိသလို အတွေ့အကြုံရှိပြီးသား ဝန်ထမ်းတွေကိုရှာဖွေခန့်အပ်တာမျိုးတွေလည်း ရှိနိုင် ပါတယ်။ အလုပ်သင် ကို ငှားရမ်းတဲ့အခါမှာ စာမေးပွဲစစ်ခြင်း ကဲ့သို့သောအရာမျိုးတွေမှာ အခြေခံတတ်ပြီး စီနီယာLevel တွေ အတွက်ဆိုရင်တော့ HR မန်နေဂျာတွေ လူတွေ့မေးမြန်းတာမျိုး ပြုလုပ်ကြပါတယ်။ မကြာသေးခင်ကာလအတွင်း အလုပ်သင်တွေကို  ငှါးရမ်းခန့်အပ်တဲ့ ပုံစံအသစ်တစ်ခုပေါ်လာပါတယ်။ အဲတာ ကတော့ Campus Recruitment Procedures လို့ခေါ်တဲ့ တက္ကသိုလ်ကျောင်းတွေက အတော်ဆုံးကျောင်းသား တွေကို ကုမ္ပဏီတွေကနေ ရှာဖွေခန့်အပ်ခြင်းဘဲ ဖြစ်ပါတယ်။ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ဝန်ထမ်းခန့် အပ်ရေး ဌာနတွေဟာ  အလုပ်ရှာဖွေရေးအတိုင်ပင်ခံတွေမှာ လျှောက်လွှာတင်ထားတဲ့ ဝန်ထမ်းဆိုင်ရာ အချက်အလက်ပါဝင်တဲ့ Profilesတွေကို ရွေးချယ်ပြီး  သင့်တော်တဲ့ဝန်ထမ်းတွေကိုရှာဖွေခြင်းဘဲဖြစ်ပါတယ်။ အလုပ်ရှာဖွေရေး အေဂျင်စီတွေကလည်း အဲ့ဒီအချက်အလက်တွေကို ပိုင်ဆိုင်ထားပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့အတိုင်း အဖွဲ့အစည်းအတွင်းမှာရှိတဲ့ အမျိုးမျိုးသော အဆင့်တွေအတွက် မတူညီတဲ့ဝန် ထမ်းရှာဖွေ ခန့်အပ်ရေး နည်းဗျူဟာတွေကို အသုံးပြုကြပါတယ်။ အပြောအဆိုယဉ်ကျေးသိမ်မွေ့မှုက အရေးကြီးဆုံးဖြစ်တဲ့ စီနီယာအဆင့်တွေကို ခန့်အပ်တဲ့အပိုင်းကတော့ အရေးကြီးပါတယ်။ ထို့အတွက်ကြောင့် အလုပ်ရှာဖွေရေး အတိုင်ပင်ခံတွေနဲ့ HR အနေနဲ့ ရာထူးအဆင့်မြင့်တဲ့နေရာမှာ ခန့်အပ်မယ့် ဝန်ထမ်းတွေကို တစ်ဦးချင်းတွေ့ဆုံလေ့ရှိကြပါတယ်။

ဘယ်လို နည်းဗျူဟာကို အသုံးပြုသည်ဖြစ်စေ အရေးကြီးတဲ့အစိတ်အပိုင်းတွေကတော့ အနည်းနဲ့အများ အတူတူဘဲ ဖြစ်ပါတယ်။ အဲ့တာတွေကတော့ အသင့်ရှိနေတဲ့ ဝန်ထမ်းတွေထဲက ရွေးချယ်ခြင်း၊ လစာငွေ၊အကျိုး ခံစားခွင့် အစရှိတာတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ခြင်း၊ ကမ်းလှမ်းမှုပြုလုပ်ခြင်း နဲ့ အလုပ်ခန့်အပ်ခြင်းတို့ဘဲ ဖြစ်ပါတယ်။ အရေးကြီးတဲ့ ဝန်ထမ်းနေရာတွေကို ရှာဖွေခန့်အပ်ခြင်းလုပ်ငန်းစဉ်ဟာ တစ်လခန့်အထိကြာမြင့် နိုင်ပါတယ်။ ဝန်ထမ်းခန့်အပ်ခြင်းကို ကျောထောက်နောက်ခံပြုပေးတဲ့ အရေးအကြီးဆုံးဗျူဟာတွေဟာ အဖွဲ့အစည်းရဲ့ ဂုဏ်သတင်းကို အကျိုးရှိရှိမြှင့်တင်နိုင်တဲ့စွမ်းရည်၊ ခန့်အပ်ထားနိုင်တဲ့ ရာထူးနေရာတွေမှာ အလွယ်တကူပြောင်းလဲနိုင်မှု၊ အရည်အသွေးရှိတဲ့ ရင်းမြစ်တွေရှိမှု နဲ့ အဖွဲ့အစည်းက ကမ်းလှမ်းဖို့ဆန္ဒရှိနေတဲ့ ကမ်းလှမ်းချက်တွေအပေါ်မှာ မူတည်နေပါတယ်။

အဖွဲ့အစည်းအတွင်း ဝန်ထမ်းရှာဖွေခန့်အပ်မှုနဲ့ ပတ်သက်လို့ အငြင်းအခုန် အပြုလုပ်ရဆုံးအချက်တွေကတော့ လိုအပ်တဲ့ ရာထူးနေရာအတွက်သင့်တော်တဲ့သူတစ်ယောက် ငှားရမ်းဖို့အတွက် ကြာတဲ့အချိန် နဲ့ အဖွဲ့အစည်းက ကမ်းလှမ်းဖို့ဆန္ဒရှိနေတဲ့ ကမ်းလှမ်းချက်တွေဘဲ ဖြစ်ပါတယ်။ လူတစ်ယောက်က ခန့်အပ်ချင်တဲ့ ရာထူးနဲ့ သင့်တော်မှု ရှိ၊မရှိ နဲ့ အလုပ်ပရိုဖိုင်နဲ့ ဘယ်လောက်အထိကိုက်ညီမှုရှိ၊မရှိ အကြောင်းကိုပြောဆိုတဲ့ “သင့်တော်မှု (Fitment)” ဆိုတဲ့ စကားလုံးကို HR ဆိုင်ရာ ဗန်းစကားအနေနဲ့ အသုံးပြုကြပါတယ်။ အဖွဲ့အစည်းတွေ ဆုတ်ယုတ် အားလျော့လာရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ ဝန်ထမ်းတွေဟာ သူတို့ရဲ့ မျှော်လင့်ချက်တွေ အမှန်တကယ်ပြည့်ဝလာရမယ်ဆိုတဲ့ ယူဆချက်တွေနဲ့ အလုပ်ဝင်ခဲ့ကြလို့ဘဲ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် မကြာသေးမီကာလမှစတင်ပြီး တကယ်ကိုမှန်ကန်သင့်တော်တဲ့သူဖြစ်မှသာ ဝန်ထမ်းအဖြစ် ခန့်အပ်ကြဖို့အတွက် လုပ်ငန်းဆိုင်ရာကျွမ်းကျင်သူတွေက အာရုံစိုက်လာကြပါတယ်။

အချုပ်အားဖြင့် ဆိုရသော် ဝန်ထမ်းရှာဖွေခန့်အပ်ခြင်းဟာ ကုမ္ပဏီရဲ့အတွင်းပိုင်း နည်းဗျုဟာတွေထဲက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် အသေးစိတ်ဂရုစိုက်ပြီး စနစ်တကျကိုင်တွယ်ရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဝန်ထမ်းရှာဖွေခန့်အပ်တဲ့ နည်းဗျူဟာတွေနဲ့ အဲ့ဒီလုပ်ငန်းစဉ်တစ်ခုလုံးရဲ့ ခြုံငုံသုံးသပ်ချက်ကို တင်ပြပေးသွားတာဖြစ်ပါတယ်။ နောက်လာမယ့် ဆောင်းပါးတွေမှာလည်း ဒီအကြောင်းအရာ နဲ့ပတ်သက်ပြီး ဆက်လက်တင်ပြဆွေးနွေးသွားဦးမှာ ဖြစ်ပါတယ်။

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


ACECOOK MYANMAR CO.,LTD.

ACECOOK MYANMAR CO.,LTD.

HANA အသင့်စားရှမ်းခေါက်ဆွဲဟာ ဆီဖြင့်ကြော်ထားခြင်းမဟုတ်သော Non-Fried ဆန်ခေါက်ဆ...
Show the postings (13)
United Paints Group (UPG) Co., Ltd.

United Paints Group (UPG) Co., Ltd.

United Paints Group Co.,Ltd. သည် ဝန်ထမ်းများအပေါ် - > ရသင့်ရထိုက်သော ခံစားခွင့်များ၊ ရပိုင်ခ...
Show the postings (12)
Ongo Myanmar

Ongo Myanmar

Ongo digital payment services are now available in Myanmar through the Ongo Mobile Money App!Ronoc Asia was incorporated in July 2015 when Ronoc, an international investment and advisory firm (founded...
Show the postings (1)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS