Jobs In Myanmar
Load...

Hiring Strategies for Organizations

by www.jobsinyangon.com


Tags: Knowledge-Hiring-Strategies-HR-JobsInYangon



အဖွဲ့အစည်းတိုင်းအတွက် ဝန်ထမ်းခေါ်ယူမှုနည်းဗျူဟာများ  

 

Organization တိုင်းအတွက် လူသားများဟာ အရေးပါတဲ့အသက်သွေးကြောတစ်ခုဖြစ်ပါတယ်။ သမားရိုးကျ ကဏ္ဍများဖြစ်ကြတဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွင်ဖြစ်စေ (သို့) IT နှင့် ITES တို့ကဲ့သို့သော “new economy” တွင် အခြေခံထားသော ကဏ္ဍများတွင်ဖြစ်နေပါစေ Organization တိုင်းဟာ သတ်မှတ်အရည်အချင်း၊ စံနှုန်းနှင့် အမူအကျင့်များနဲ့ ကိုက်ညီတဲ့သူများကို ဝန်ထမ်းများအဖြစ်ခန့်အပ်နိုင်ဖို့အတွက် လိုအပ်မှာဖြစ်ပါတယ်။ ထို့ကြောင့် organization တစ်ခုမှ ခေါ်ယူခန့်အပ်မှုပြုမည့် လူများရဲ့အမူအကျင့်၊ ပုံစံများဟာ အဖွဲ့အစည်းရဲ့အောင်မြင်မှု အတွက် အရေးပါသောအရာတစ်ခုဖြစ်လာပါတယ်။ ဒီအချက်ကြောင့်ပဲ Organization များမှ လိုက်နာကျင့်သုံးလျှက်ရှိတဲ့ ဝန်ထမ်းခေါ်ယူမှုနည်းဗျူဟာများဟာ ၂၁ရာစုရဲ့ အပြိုင်အဆိုင်များပြားသော လုပ်ငန်းခွင်အခြေအနေများတွင် ပိုမို၍ အရေးပါမှုရှိလာပါတော့တယ်။ 

ဝန်ထမ်းခေါ်ယူမှုပြုခြင်းကို level အမျိုးမျိုးအတွက် နည်းလမ်းအမျိုးမျိုးနဲ့ ပြုလုပ်နိုင်ပါတယ်။ Entry level position များမှစတင်၍ “lateral” hiring ဖြစ်တဲ့ လုပ်ငန်းအတွေ့အကြုံရှိပြီးသားသူတို့ကို ခေါ်ယူခန့်အပ်ခြင်းအထိ ပြုလုပ်နိုင်ကြပါတယ်။ ထို့အပြင် ဝန်ထမ်းခေါ်ယူမှုပြုရာ၌ (entry level) အတွက် competitive exam များနှင့် senior level အလုပ်နေရာများအတွက် HR မန်နေဂျာများမှ သဘောကျသူများကို သီးသန့်ချဉ်းကပ်ခြင်းတို့ကိုလဲ ပြုလုပ်နိုင်ကြပါတယ်။ 

လက်ရှိအချိန်တွင် entry level များကိုဌားရမ်းခေါ်ယူခြင်းဟာ ကျောင်းများ (သင်တန်းများ) အပေါ်တွင်မှီခိုနေပြီး ထိုကျောင်းများအတွင်းရှိနေသောအကောင်းဆုံးစွမ်းဆောင်ရည်/ အရည်အချင်းရှိသူများကို entry level position များအတွက် ဝန်ထမ်းခေါ်ယူမှုပြုလုပ်လိုသောကုမ္ပဏီများ အတွက်ခေါ်ယူပေးနိုင်မည့် campus recruitment procedure များဖြင့် ရှုထောင့်အသစ်မှနေ၍ ခေါ်ယူဌားရမ်းလျှက်ရှိနေပြီပဲဖြစ်ပါတော့တယ်။ နောက်ထပ်ဝန်ထမ်းခေါ်ယူနည်းတစ်မျိုးကတော့ selective approach ကိုအသုံးပြု၍ ခေါ်ယူဌားရမ်းခြင်းဖြစ်ကာ အဆိုပါ approach တွင်တော့ ဝန်ထမ်းခန့်အပ်ရေးဌာနမှ ဝန်ထမ်းနေရာချထားရေးအတိုင်အပင်ခံများကို အဆိုပါအလုပ်အားအပ်နှံကာ အလားအလာရှိသောဝန်ထမ်းများရဲ့ ကိုယ်ရေးအချက်အလက် profile များကို သူတို့ကိုယ်ပိုင် employee database များနှင့် အတိုင်ပင်ခံ (consultants) များရဲ့ ကိုယ်ပိုင် database များကိုအသုံးပြု၍ ရွေးချယ်စေခြင်းပဲဖြစ်ပါတယ်။ 

အထက်တွင်ဖော်ပြထားသကဲ့သို့ မတူညီသောဝန်ထမ်းခေါ်ယူမှုနည်းစနစ်များကို organization အတွင်းရှိ များပြား သော level များအတွက်အသုံးပြုရမှာဖြစ်ပါတယ်။ အထူးတလည်ဝန်ထမ်းခေါ်ယူမှုပြုရသော niche hiring ဟာ senior level များအတွက်ဖြစ်ပြီး လှို့ဝှက်သိုသိပ်စွာလုပ်ဆောင်ရမှာဖြစ်တဲ့အတွက် အဆိုပါကိစ္စရပ်အတွက် ကျွမ်းကျင်သူ consultant များ (သို့) HR professional များအနေနဲ့ higher level များအတွက် ဝန်ထမ်းခေါ်ယူမှု ပြုလုပ်ရာတွင် တစ်ဦးခြင်းတွေ့ဆုံချဉ်းကပ်၍ပြုလုပ်သင့်တာပဲဖြစ်ပါတယ်။ 

မည်သို့သော hiring strategy များကို အသုံးပြုစေကာမူ ဝန်ထမ်းခေါ်ယူမှုလုပ်ငန်းစဉ်ရဲ့ အဓိကကျတဲ့အချက်များ ကတော့ လွန်စွာပြောင်းလဲမှုရှိလာမှာမဟုတ်ပါဘူး။ ဒီအရာများတွင် - ရရှိနိုင်သောအလုပ်လျှောက်ထားသူများအနက်မှ ရွေးချယ်ရခြင်း၊ လစာငွေနှင့်အကျိုးခံစားခွင့်များကို စဉ်းစားဆုံးဖြတ်ခြင်းနှင့် ကမ်းလှမ်းချက်ပြုလုပ်ခြင်း ထို့နောက် ထိုသူများကိုကုမ္ပဏီအတွင်း အသားကျစေရန် ကူညီခြင်း အစရှိတဲ့အရာများပါဝင်မှာဖြစ်ပါတယ်။ ဒီဝန်ထမ်းခေါ်ယူမှုလုပ်ငန်းစဉ်ဟာ အနည်းဆုံးတစ်လခန့်မှ senior level များအတွက် ကာလကြာရှည်စွာစီစဉ်ရမည့်ကိစ္စရပ်များရှိလာနိုင်ပါတယ်။ ဝန်ထမ်ူခေါ်ယူခြင်း၏ အခြေခံနည်းဗျူဟာများသည် organization တစ်ခုမှ သူတို့ရဲ့ဂုဏ်သတင်းကျော်ကြားမှုကို ထိရောက်စွာ အသုံးချ နိုင်ခြင်း၊ လစ်ဟာနေသော ရာထူးများအပေါ်တွင် ညှိနှိုင်းရလွယ်ကူခြင်း၊ ကျွမ်းကျင်မှုများအတွက်လိုအပ်သော အရင်းအမြစ်များကို ရရှနိုင်မှုနှင့် အဆုံးသတ်အနေနဲ့ organization မှ ပေးအပ်လိုတဲ့ လစာငွေ၊ အကျိုးခံစားခွင့်များ အပေါ်တွင် များစွာမူတည်လျှက်ရှိနေပါတယ်။  

Organization များတွင် ဝန်ထမ်းခေါ်ယူမှုလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အငြင်းပွားမှုအများဆုံးဖြစ်ပွားတတ်တဲ့အရာ ကတော့ လူတစ်ဦးကို ရာထူးနေရာတစ်ခုအတွက်ခေါ်ယူမှုပြုရာတွင်ကြာသင့်သည့်အချိန်နှင့် organization များဘက်မှ ပေးအပ်သင့်သည့် လစာငွေ၊ အကျိုးခံစားခွင့် package များကို သတ်မှတ်ခြင်းပဲဖြစ်ပါတယ်။ “Fitment” (ကွက်တိရှိခြင်း) ဟူသည့်အခေါ်အဝေါ်ကို HR လုပ်ငန်းများတွင် ဗန်းစကားတစ်ရပ်အနေနဲ့ မကြာခဏ တွေ့မြင်ရမှာဖြစ်ပြီး ထိုအရာက တစ်စုံတစ်ယောက်ဟာ လိုအပ်နေတဲ့ရာထူးနေရာတစ်ခုအတွက် သင့်လျော်မှုရှိရဲ့ လားဆိုတာနှင့် အလုပ်ဆိုင်ရာသတ်မှတ်ဖော်ပြချက်များနှင့် သူ/ သူမဟာ ဘယ်လောက်အထိကိုက်ညီမှုရှိသလဲ ဆိုတာကို ချိန်ညှိဆုံးဖြတ်ရခြင်းဖြစ်ပါတယ်။ Organization များတွင် လုပ်ငန်းခွင်ပင်ပန်းမှု၊ စိတ်ပင်ပန်းမှုများ ဖြစ်ပွားစေတဲ့အရာများထဲက အကြောင်းခံတစ်ခုမှာ များစွာသောဝန်ထမ်းများက organization တစ်ခုအတွင်းသို့ ဝင်ရောက်လာတဲ့အခါမှာ သူတို့လုပ်ကိုင်ရမယ့်အလုပ်တာဝန်များအပေါ် ကိုယ်ပိုင်ထင်မြင်ချက်များဖြင့် ဝင်ရောက်လာကြပြီးနောက်တွင်မှ လက်တွေ့တွင်ဒီအရာများဟာဖြစ်မလာတာကြောင့်ဖြစ်ပါတယ်။ ထို့ကြောင့် လက်ရှိအချိန်တွင် industry experts များမှ ဝန်ထမ်းများကိုဌားရမ်းခေါ်ယူရာတွင် အမှန်တကယ်ကိုက်ညီမှုရှိသော သူများကိုမှသာ ရွေးချယ်မှုပြုလုပ်ရန်ဟူသည့် ဒီအချက်ကိုဂရုစိုက်လာကြတာဖြစ်ပါတယ်။ 

နိဂုံးချုပ်အနေနဲ့ပြောကြားလိုတာကတော့ ဝန်ထမ်းများကိုဌားရမ်းခေါ်ယူခြင်းသည် ကုမ္ပဏီရဲ့ internal strategy အတွက်အဓိကကျတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ထို့ကြောင့် ဒီအချက်ကိုအသေးစိတ်ကျသောအရာများအထိ အလေးထားပြီး ဂရုတစိုက်ဖော်ဆောင်ထားသင့်ပါတယ်။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Polymer Company Limited

Polymer Company Limited

Vision - To be the leader in the market. Mission - We will provide best and services available to make a difference. - We will inspire lifestyle of people. - We will treat all individuals (stak...
Show the postings (9)
Power Light Co.,Ltd

Power Light Co.,Ltd

...Power Light was incorporated with the vision of providing customers with highest quality lighting products and consultation services at best cost efficient solution in Myanmar. In order to be the l...
Show the postings (16)
Myint Dachan Co.,LTD.

Myint Dachan Co.,LTD.

.Mission Our mission is to create positive impact on the livestock industry, as well as benefiting the farmers and to the end consumers. Our company aims to produce animal feed for the whole country...
Show the postings (1)
The Experts English Language Center

The Experts English Language Center

-Offering low-price, high quality language education -Ensuring the international standard Teaching Methods -Unlocking the students' potentials and opportunities - Promising the difference We off...
Show the postings (2)
Mega Marine Frozen Seafood Company Limited

Mega Marine Frozen Seafood Company Limited

.We are exporting fresh water fish, sea water fish to UK, Kuwiat, Dubai, Saudi Arabia, Bangladesh, Pakistan, Taiwan, China Thailand, India and worldwide markets.We are one of the major import and expo...
Show the postings (27)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS