Tags: News-Honda-AndroidOS-Automotive-JobsInYangon
အနာဂါတ်တွင်ထုတ်လုပ်မည့်ကားများတွင် Google ရဲ့ Android Automotive OS ကို ထည့်သွင်းသွားမည်ဖြစ်ကြောင်း Honda မှ ကြေငြာခဲ့
Google ဟာ ကားများအတွက် default operating system တစ်ခုဖြစ်လာဖို့အတွက် မော်တော်ယာဉ်ထုတ်လုပ်သူကုမ္ပဏီကြီးများကို စည်းရုံးမှုများပြုလုပ်လျှက်ရှိနေပြီး မကြာသေးမှီက Honda မှ နောက်ထပ်ထုတ်လုပ်မည့်ယာဉ်များအတွက် Google ရဲ့ Android Automotive OS ကို default အနေနဲ့ စတင်အသုံးပြုသွားတော့မှာဖြစ်ကြောင်း ကြေငြာလိုက်ပြီပဲဖြစ်ပါတယ်။
ယခုအခါတွင် Android စနစ်ထည့်သွင်းထားမည့် ပထမဆုံး Honda ကားကို ၂၀၂၂ ခုနှစ်တွင် စတင်ထုတ်လုပ်သွားဖို့အတွက် စီစဉ်ထားကြောင်းသိရှိရပြီဖြစ်ပြီး Honda မှ “ကျွန်ုပ်တို့အနေနဲ့ Google ရဲ့ in-vehicle ဝန်ဆောင်မှုများဖြစ်တဲ့ Google Assistant, Google Maps နဲ့ Google Play မှတဆင့် download ပြုလုပ်၍ အသုံးပြုနိုင်မည့် အခြားသော in-vehicle app များကို လွယ်ကူစွာအသုံးပြုနိုင်ရန်အတွက် ကျွန်ုပ်တို့ရဲ့ ယာဉ်များတွင်တစ်ပါတည်းထည့်သွင်းပေးဖို့ Google နဲ့ အကျိုးတူပူးပေါင်းမှုများကို ပြုလုပ်နေပါတယ်” ဟူ၍ ပြောကြားခဲ့ပါတယ်။
ယခုအချိန်အထိ Android Automotive ကို အသုံးပြုထားတဲ့ ယာဉ် (၂) စီးသာရှိသေးပြီး ၎င်းတို့ကတော့ Polestar 2 နှင့် Volvo XC40 Recharge တို့ပဲဖြစ်ပါတယ်။ သို့သော် Google မှ အခြားသော မော်တော်ကားထုတ်လုပ်သူများဖြစ်တဲ့ Ford, General Motors နဲ့ Renault-Nissan-Mitsubishi Alliance တို့နှင့်လည်း သဘောတူညီချက်များချုပ်ဆိုထားပြီးဖြစ်တဲ့အတွက် အနာဂါတ်တွင် Android Operating System default အနေနဲ့ပါဝင်လာမည့် သန်းပေါင်းများစွာသောကားများထွက်ရှိလာတော့မှာဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.