ချိတ်ဆွဲရန်စာတန်း: Knowledge-HRM-Complex-Mindset-JobsInYangon
HR Leader များအနေနဲ့ မသေချာမရေရာတဲ့အခြေအနေများတွင် လိုက်လျောညီထွေမှုရှိစေရန် ဘယ်လိုလုပ်ဆောင်နိုင်မလဲ (အပိုင်း - ၂)
လူအများရဲ့ စုပေါင်းအသိဉာဏ်ပညာ (collective intelligence) များကို ရယူအသုံးပြုပါ။ အလွန်တရာရှုပ်ထွေးသော ပြဿနာများ ပေါ်ပေါက်လာတဲ့ အခါတွင် သင့်ရဲ့တန်ဖိုးအရှိဆုံးအရင်းအမြစ်ဖြစ်တဲ့ သင့်ဝန်ထမ်းများရဲ့ အတွေးအမြင်များ၊ ကျွမ်းကျင်မှုများကို မေ့လျော့ မထားလိုက်ပါနဲ့။ အလုပ်သမားအင်အားစုရဲ့ အများစုဟာ သူတို့ရဲ့ခေါင်းဆောင်သူများထက် သူတို့ရဲ့အလုပ်အကြောင်းကို ပိုမိုနားလည်သော ထက်မြက်ပြီး ယုံကြည်ရတဲ့သူများဖြစ်ပါတယ်။ ယနေ့ခေတ်တွင် HR leader များထမ်းဆောင်နေရတဲ့ အရာများအားလုံးကို ထည့်သွင်းစဉ်းစားကြည့်လိုက်ပါက သူတို့အနေနဲ့ အဝေးမှအလုပ်လုပ်ခြင်း လုပ်ဆောင်နိုင်ရန်၊ ဆက်လက်၍ ထိတွေ့မှုရှိနေရန်နှင့် အကူအညီပေးနိုင်မည့်အရာများအတွက် ဖြေရှင်းနည်းများကို ကူညီကာ စဉ်းစားပေးစေဖို့ကိုတောင်မှ ယုံကြည်မှုမရှိပါက အောင်မြင်မှုကိုရရှိနိုင်မှာမဟုတ်ပါဘူး။
စုပေါင်းအသိဉာဏ်ပညာဆိုသည်မှာ မတူညီသော team များ၏ စုပေါင်းလုပ်ဆောင်ခြင်း၊ ကြိုးပမ်းမှုများနှင့် ပါဝင်ဆောင်ရွက်မှုတို့ကြောင့် ထွက်ပေါ်လာသော ပေါင်းစည်းထားသည့် အသိဉာဏ်ပညာဖြစ်ပါသည်။ မူရင်းစာရေးသူ ရေးသားခဲ့သော စာအုပ်တစ်ခုဖြစ်သည့် The Wisdom of Crowds တွင် စာရေးသူတဖြစ်လဲ၊ ဂျာနယ်လစ်တစ်ဦးဖြစ်သူ James Surowiecki က collective intelligence များပေါ်ထွန်းလာစေဖို့ရန်အတွက် အခြေအနေ (၄) ရပ်ကို လိုအပ်သည် ဟူ၍ ပြောဆိုထားခဲ့ပါတယ်။ (၁) အစုအဖွဲ့အလိုက် တွေးခေါ်မှုများပြုရာတွင် အတွေးအမြင်များ မတူခြားနားမှု၊ (၂) တံဆိပ်ကပ် သတ်မှတ်ခြင်း၊ အတွေးအမြင်များပြောင်းလဲစေဖို့ ဖိအားပေးခံရခြင်းတို့ မရှိစေပဲ လူတစ်ဦးချင်းစီတိုင်းကို လွတ်လပ်စွာ တွေးခေါ်၍ ကိုယ်ပိုင်အတွေးအမြင်များကို ထုတ်ဖော်ပြောဆိုနိုင်စေမှု၊ (၃) ဗဟိုချုပ်ကိုင်မှုအား လျှော့ချခြင်း (Decentralization) ဆိုလိုသည်မှာ ပြဿနာတစ်ခု (သို့) သုံးစွဲသူ customer နှင့် ပိုမိုနီးကပ်မှုရှိသူများဟာ ပိုမို၍ အဓိပ္ပါယ်ရှိသော ဖြေရှင်းနည်းများကို ပေးနိုင်လေလေဖြစ်သောကြောင့်ဖြစ်သည်၊ (၄) ရလာဒ်များကို စုစည်း၊ ပေါင်းစည်းပေးနိုင်မည့် ကောင်းမွန်သောနည်းလမ်းတစ်ခု။
မူရင်းစာရေးသူဟာ နှစ်များစွာကြာသည်အထိ ခေါင်းဆောင်သူများကို သူတို့ရဲ့အဖွဲ့များအတွင်း collective intelligence ကို ရယူနိုင်စေမည့် နည်းလမ်းများကို သင်ကြားပြသပေးခဲ့ဖူးပါတယ်။ ထိုသို့လုပ်ဆောင်နိုင်ရန်အတွက်မှာ ကောင်းမွန်သော ပံ့ပိုး ကူညီခြင်းဆိုင်ရာ ကျွမ်းကျင်မှုများ၊ ရှင်းလင်းတိကျသော စည်းမျဉ်းများနှင့် များစွာသော စာရင်းဇယားများ၊ stick note များကို လိုအပ်မှာဖြစ်ပါတယ်။ အဖွဲ့ဝင်များက ထိုသို့ပြုလုပ်ပေးခြင်းကို နှစ်သက်ကြပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့အနေနဲ့ အရေးကြီးတဲ့ ပြဿနာရပ်များအတွက် အမှန်တကယ် အရေးပါတဲ့၊ အဓိပ္ပါယ်ရှိတဲ့အရာများကို မျှဝေပေးနိုင်တဲ့အတွက်ပဲဖြစ်ပါတယ်။ ရလာဒ်အနေနဲ့ကတော့ တီထွင်ဆန်းသစ်မှုရှိသောအတွေးအမြင်များ၊ ပြဿနာတစ်ခုအပေါ် မတူကွဲပြားလှသော အမြင်များကိုရရှိခြင်းနဲ့အတူ ပိုမိုကျွမ်းကျင်ကြံ့ခိုင်မှုရှိသော အဖွဲ့သားများကို ရရှိ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
ဒီဖြေရှင်းပုံနည်းလမ်းအတိုင်း လုပ်ဆောင်ရန်လိုအပ်သည့် လက်တလောဖြစ်ပွားနေတဲ့ complex problem တစ်ခုကတော့ “virtual ကမ္ဘာအတွင်းသို့ စတင်ဝင်ရောက်ခြင်း/ လေ့လာခြင်း” လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။ ထိုပြဿနာကို collective intelligence အား အသုံးပြု၍ဖြေရှင်းနိုင်စေမည့် နည်းလမ်းတစ်ခုကို LinkedIn က နမူနာအဖြစ် ပြသထားပါတယ်။ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် virtual onboarding လုပ်ဆောင်ရာတွင် HR နဲ့ IT ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု ရှိစေဖို့ လိုအပ်မှာဖြစ်ပါတယ်။ SHRM အရ LinkedIn ရဲ့ IT team ဟာ credential တစ်စုံ ကို တည်ဆောက်ပေးခဲ့ပြီး သူတို့ရဲ့ HR team မှ ထိုအရာကိုအသုံးပြုကာ ဝန်ထမ်းအသစ်များကို လေ့ကျင့်ပေးနိုင်မည့် ရုံးအတွင်းအသုံးပြုရမည့် software တစ်ခုကို အဝေးမှ load ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ထိုကဲ့သို့ဖြစ်လာစေရန်အတွက်မှာ သူတို့ရဲ့ HR team အနေနဲ့ အပေါ်စီးမှဆက်ဆံပုံများကို ဖြုတ်ချ၊ နှိမ့်ချ၍ သူတို့ department ပြင်ပရှိ အဖွဲ့ဝင်များကို ဖိတ်ခေါ်ကာ သူတို့ထံမှအကြံဉာဏ်များကိုတောင်းခံကာ အဖွဲ့ဝင်အသစ်များနဲ့ဆက်ဆံရာတွင် ဘယ်လိုအကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်မလဲဆိုတာကို လေ့လာရမှာဖြစ်ပါတယ်။
မတူကွဲပြားတဲ့ ဝန်ထမ်းများနဲ့ ဌာနများအကြား ထိတွေ့ဆက်ဆံမှုရှိခြင်းကို အားပေးခြင်းအားဖြင့် ကုမ္ပဏီများအနေနဲ့ ကျော်လွှားနိုင်မယ်မထင်သော (သို့) လွန်စွာခက်ခဲမယ်ထင်ရသော အခက်အခဲများကို ကျော်လွှားနိုင်စေမှာဖြစ်ပါတယ်။ HR ကဏ္ဍအတွင်းသို့ လူသားဆန်မှုများကို ထည့်သွင်းပေးလိုက်ပါ။ complicated နဲ့ complex တို့အကြား ကောင်းမွန်တဲ့ ဥပမာ တစ်ခုကတော့ performance management ပဲဖြစ်ပါတယ်။ သာမန်အတွေးအခေါ်အရ ဝန်ထမ်းများရဲ့ အပြုအမူများကို နာယူမှု၊ နာခံမှုရှိခြင်း စည်းမျဉ်းများဖြင့် လမ်းညွှန်ပေးရမယ်လို့ ဆိုထားပါတယ်။ မူရင်းစာရေးသူရဲ့ အတွေ့အကြုံအရ လုပ်ငန်းကြီးများရဲ့ ရှေ့နေများအားလုံးက HR leader များကို သူတို့အနေနဲ့ တရားစွဲဆိုခံရမှုများကို ရှောင်ရှားနိုင်ရန်အတွက် အန္တရာယ်များကို လျှော့ချရန်စဉ်းစားတတ်တဲ့ mindset ကို မွေးမြူထားရမယ်လို့ တသမတ်တည်း ပြောဆိုတတ်ကြပါတယ်။ ဒီကဲ့သို့သော mindset ဟာ ဗျူရိုကရေစီဆန်ပြီး တွေ့ကြုံခဲ့ဖူးသမျှ ဉာဉ်ဆိုးရှိသူများအတွက် စည်းမျဉ်းများ၊ ပေါ်လစီများနဲ့ ဆောင်ရွက်ချက်များကို သတ်မှတ်ကန့်သတ်ထားလိုက်ပါတော့တယ်။ ပိုဆိုးစေတာကတော့ HR leader များကို အစဉ်မပြတ် “အားလုံးကို တူညီစွာဆက်ဆံစေဖို့” သတိပေးနေကြပြီး၊ လူတိုင်းရဲ့အခြေအနေများဟာ မတူခြားနားကြတဲ့အချက်ကို ထည့်သွင်းစဉ်းစားလိုက်ပါက မျှတမှုနဲ့ ကောင်းမွန်စွာဆုံးဖြတ်နိုင်မှုတို့ မရှိတော့ခြင်းကို ရလာဒ်အနေနဲ့ တွေ့မြင်ရမှာပဲဖြစ်ပါ တယ်။
ဗျူရိုကရေစီပုံစံနှင့် “မျှတမှုရှိစေခြင်း” တို့ဟာ လွန်စွာရှုပ်ထွေးသောပြဿနာများကို ဖြေရှင်းပေးနိုင်စွမ်းမရှိသည့် ရိုးရှင်းသော ဖြေရှင်းပုံနည်းလမ်းများဖြစ်ကြပါတယ်။ ထိုကိစ္စနဲ့ ပတ်သက်နေသော ပြဿနာတစ်ရပ်ကို လေ့လာကြည့်လိုက်ကြရအောင် - video game ကုမ္ပဏီတစ်ခုဖြစ်တဲ့ Activision Blizzard ရဲ့ HR leader များဟာ COVID-19 ဆိုတဲ့ လက်တွေ့ဖြစ်ရပ်တစ်ခုနဲ့ တွေ့ကြုံရတဲ့အခါမှာ သူတို့ရဲ့ remote work policy ဟာ ဘယ်လောက်တောင် လိုက်လျောညီထွေမရှိဘူးလဲဆိုတာကို မျက်ဝါးထင်ထင် ရင်ဆိုင်တွေ့ကြုံလိုက်ရပါတော့တယ်။ သားသမီးရှိသူများက အလုပ်နဲ့၊ ကလေးများကို စောင့်ရှောက်ဖို့ကို ဟန်ချက်ညီစေရန်ကြိုးပမ်းနေကြပြီး၊ ဝန်ထမ်းအချို့ဟာလည်း သူတို့ရဲ့ကျန်းမာရေးဆိုင်ရာ ပြဿနာများကို စီမံခန့်ခွဲမှု ပြုနေကြရတဲ့အခါတွင်ထိုအရာများကိုသင့်လျော်စွာနေရာချထားနိုင်စွမ်းမရှိတော့ပါဘူး။ တင်းကြပ်သောစည်းမျဉ်းများအတိုင်း (စာအုပ်ကြီးအတိုင်း) လက်ကိုင်ထားနေမည့်အစား ကုမ္ပဏီများအနေနဲ့ မြန်ဆန်သော ဖြေရှင်းနည်းများဖြစ်ကြတဲ့ ညှိနှိုင်းနိုင်သော အလုပ်ချိန်များ၊ အဝေးမှ system ကိုဝင်ရောက်နိုင်စေခြင်း အစရှိသည်တို့ကို လုပ်ဆောင်ပေးကာ ယခင်က စဉ်းစားခြင်းမပြုခဲ့ဖူးတဲ့နည်းလမ်းများစွာဖြင့် သူတို့ရဲ့ဝန်ထမ်းများကို ထောက်ပံ့ကူညီပေးသင့်ပါတယ်။
Complexity conscious ရှိတဲ့ HR leader များဟာ ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်ရွက်ချက်များကို ပွင့်လင်းပြီးရှင်းလင်းစွာ ဆက်သွယ်ပြောဆိုမှုများ၊ အပေါင်းလက္ခဏာဆောင်သော ထင်မြင်ယူဆချက်များနဲ့ မိမိကိုယ်ကို စီမံခန့်ခွဲမှုတို့ရဲ့ ရလာဒ်တစ်ခုအနေနဲ့ ရှုမြင်တတ်ကြပါတယ်။ များစွာသော manager များကို ခန့်အပ်မှုပြုထားသည့် (matrix approach) ကို လုပ်ဆောင်ခြင်းထက် စည်းမျဉ်းချိုးဖောက်မှုများရှိလာခဲ့ပါက သင့်တော်သော အပြစ်ပေးမှုများပြုလုပ်နိုင်ရန်အတွက် သင့်ရဲ့အဖွဲ့သားများနဲ့ ပြဿနာများအကြောင်းနှင့် ထိုအရာများကြောင့်ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များအကြောင်းကို တိုင်ပင်ဆွေးနွေးပြောဆိုလိုက်ပါ။ Emotional intelligence ကို အခြေခံတဲ့ ပြဿနာဖြေရှင်းပုံနည်းလမ်းများဟာ ကုန်ထုတ်လုပ်မှုစွမ်းရည်ကို တိုးတက်စေပြီး မြင့်မားသော ပူးပေါင်းပါဝင်ဆောင်ရွက်မှုအဆင့်များကို ရရှိနိုင်စေမှာပဲဖြစ်ပါတယ်။
လက်တွေ့ဆောင်ရွက်ရာတွင် ဒီအရာက သင့်ရဲ့အဖွဲ့သား (သို့) ဝန်ထမ်းတစ်ဦးဦးက သင့်ထံသို့ ပြဿနာတစ်ခုအကြောင်း ပြောဆိုဖို့ ချဉ်းကပ်လာတဲ့အခါမှာ သင့်အနေနဲ့ စည်းမျဉ်းစာအုပ်ထဲက ဖြေရှင်းပုံနည်းလမ်းများအတိုင်း ဆုံးဖြတ်မှုမပြုလုပ်မှီတွင် ပြဿနာရဲ့အရင်းခံအကြောင်းအရင်းကို စုံစမ်းဖို့လိုအပ်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ပွင့်လင်းသောမေးခွန်းများဖြစ်တဲ့ “ဘယ်အရာက မင်းကိုနှောင့်နှေးစေတာလဲ?” (သို့) ဒီကိစ္စကို မင်းအနေနဲ့ ဘယ်လိုဖြေရှင်းမှာလဲ” အစရှိတဲ့မေးခွန်းများကို မေးမြန်းပေးပါ။ ဖြစ်စဉ်တစ်လျှောက်လုံးတွင် ဝန်ထမ်းများအားလုံးရဲ့ အများစုဟာ ပြဿနာကို သူတို့သိရှိလိုက်တာနဲ့ ဖြေရှင်းလိုစိတ်ရှိသော လူကောင်းများအနေနဲ့သာ ရှုမြင်ထားပါ။ ထိုအခါ သင့်အနေနဲ့ စည်းကမ်းချက်များထုတ်ပြန်နေရမည့်အစား အမြဲတမ်းတည်ရှိနိုင်စေမည်ဖြစ်သော ဖြေရှင်းပုံနည်းလမ်းတစ်ခုကို ရရှိလိုက်မှာပဲဖြစ်ပါတယ်လို့ ပြောကြားရင်း ဒီကနေ့မှာတော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။ မနက်ဖြန်တွင် နောက်ဆုံးအပိုင်းဖြစ်တဲ့အပိုင်း (၃) ကို ဆက်လက်တင်ဆက်ပေးသွားမှာ ဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုကြပါဦးခင်ဗျာ။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
အများသူငါတွေရဲ့ CV တွေထဲကနေ အလုပ်ရှင်များစီမှ ဦးစွာရွေးချယ်ဖတ်ရှုခြင်းခံရတဲ့ CVဟာ သေသပ်တိကျမှုနဲ့ အစီအစဉ်တကျရှိစွာ တည်ဆောက်ထားတဲ့CV တစ်ဆောင်ဆိုတာကတော့ ယုံမှားဖွယ်မရှိပါဘူး ။ အဲဒီအတွက် CVတစ်စောင်ကိုရေးသား တည်ဆောက်တော့ မယ်ဆိုရင် အောက်ပါအချက်များကို ဂရုပြုစေလိုပါတယ်။
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။