by www.jobsinyangon.com
Tags: Knowledge-HRM-Complex-Mindset-JobsInYangon
HR Leader များအနေနဲ့ မသေချာမရေရာတဲ့အခြေအနေများတွင် လိုက်လျောညီထွေမှုရှိစေရန် ဘယ်လိုလုပ်ဆောင်နိုင်မလဲ (အပိုင်း - ၃)
ယုံကြည်ရသော၊ ယုံကြည်မှုရှိသော အစဉ်အလာများကို တည်ဆောက်ပါ။ ကျွန်ုပ်တို့အနေနဲ့ လက်ရှိဖြစ်ပွားနေသော အခြေအနေများအတွင်း အလုပ်လုပ်ကိုင်ရစဉ်တွင် ကြိုတင်သိရှိနိုင်ခြင်းမရှိတဲ့ပြဿနာများကို အတူတကွဖြေရှင်းရာ၌ ပိုမို၍ သက်တောင့်သက်သာရှိစေနိုင်ရန်အတွက် ယုံကြည်မှုများကို အခြေခံအုတ်မြစ်တစ်ခုအနေနဲ့ တည်ဆောက်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ အဖွဲ့အစည်းများအနေနဲ့ အပြန်အလှန် ပြောဆိုဆက်ဆံမှုများတိုးတက်စေရန်၊ ဝန်ထမ်းများကို အသိအမှတ်ပြုရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ဆောင်ရွက်သင့်တယ်ဆိုတဲ့အကြောင်းကို များစွာသော စာရေးသူများက ရေးသားခဲ့ကြဖူးပါသော်လည်း အမှန်တကယ်ပြောင်းလဲမှုများဖြစ်ပေါ်လာဖို့ဟာတော့ နှေးကွေးလျှက်ရှိပါတယ်။ ဒီကပ်ရောဂါပြဿနာများဖြစ်ပွားစဉ်အတွင်းတွင် organization များအနေနဲ့ အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုများရှိတဲ့ လုပ်ငန်းခွင်များကိုတည်ဆောက်ပေးခြင်းကြောင့် ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးများကို နားလည်းသဘောပေါက်လာကြပြီး ယခင်က ပြောကြားခဲ့ဖူးတဲ့ အကြောင်းအရာများထက် ပိုမို၍ အလျှင်အမြန်လုပ်ဆောင်ကာ ပြောင်းလဲလာဖို့ကို စာရေးသူကမျှော်လင့်မိပါတယ်။
ဝန်ထမ်းများရဲ့ အမြင်ဘက်မှ ကြည့်ရှုပါက ဝန်ထမ်းများရဲ့ ၆၀% ခန့်က အကြီးတန်း management ဝန်ထမ်းများထံမှ ယုံကြည်မှုကို ရရှိခြင်းဟာ သူတို့အနေနဲ့ လုပ်ငန်းခွင်အတွင်း စိတ်ကျေနပ်မှုကို ရရှိစေနိုင်တဲ့ အချက်တစ်ခုဖြစ်တယ်လို့ ဖြေကြားခဲ့ကြတာကို ထောက်ရှုခြင်းအားဖြင့် ယုံကြည်မှုမြင့်မားသောပတ်ဝန်းကျင် (high-trust environment) များဟာ ဝန်ထမ်းများရဲ့ အမူအကျင့်အမှန်များကို ထွက်ပေါ်လာစေမှာဖြစ်ပြီး အလုပ်အပေါ် အပြည့်အဝအာရုံစိုက်နိုင်စေမှာဖြစ်ကာ ပိုမို၍တီထွင်ဆန်းသစ်မှုများရှိလာစေရုံသာမက ကုန်ထုတ်လုပ်မှုစွမ်းရည်ကိုလည်း မြင့်မားလာစေမှာဖြစ်ပါတယ်။
မြင့်မားစွာယုံကြည်မှုရှိသော အစဉ်အလာများကို တည်ဆောက်ရာတွင် ဝန်ထမ်းများရဲ့ အကောင်းဘက် သို့ဆောင်သောယုံကြည်မှုများကို ရယူခြင်းဖြင့် စတင်ရမှာဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ထင်မြင်ယူဆချက်/ အမြင်များဟာ အမူအကျင့်များကို ချုပ်ကိုင်မောင်းနှင်နေတဲ့အရာတစ်ခုဖြစ်နေလို့ပါပဲ။ အကယ်၍ သင်က သင့်ရဲ့ဝန်ထမ်းများဟာ အလုပ်ကြိုးစားပြီး ကုမ္ပဏီရဲ့အောင်မြင်မှုအပေါ် ဂရုစိုက်မှုရှိတယ်လို့ ယူဆထားပြီး ရိုးသားမှုလဲ ရှိကြတယ်လို့ ယူဆထားပါက ဝန်ထမ်းများကလဲ (သူတို့အနေနဲ့ သင် သူတို့ထံက ဘာတွေကို မျှော်လင့်ထားသလဲဆိုတာကို သိရှိထားသရွေ့) သင့်ရဲ့ထင်မြင်ယူဆချက်များအတိုင်း ပိုမို၍နေထိုင်လာကြမှာဖြစ်ပါတယ်။ ။ “မှန်ကန်တဲ့ အစဉ်အလာ/ ယဉ်ကျေးမှုတစ်ခုဖြစ်လာစေရန် တည့်မတ်ရခြင်းဟာ လုပ်ငန်းနယ်ပယ်အလွှာအသီးသီးတွင် အချိန်တိုင်းတွင် အရေးပါသော အရာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် အကြပ်အတည်းများ ရှိနေတဲ့ကာလများတွင် ပို၍တောင်မှ အရေးပါလာနိုင်ပါတယ်။” Sprinkler တွင် Chief Culture and Talent Officer အဖြစ်အလုပ်လုပ်ကိုင်နေသော Diane Adams ၏ လတ်တလော ရေးသားထားချက်များအရ “ကျွန်ုပ်တို့ဟာ ပျော်ရွှင်မှုရှိနေပါက personal အရရော၊ professional အရပါ အကောင်းဆုံး စိတ်အခြေအနေတွင် ရှိနေမှာဖြစ်တဲ့အတွက် အားလုံးအတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။” ဟူ၍ ဆိုထားပါတယ်။
HR leader များအဖို့မှာ ဒီအရာက တစ်မူထူးချွန်ကောင်းမွန်စွာ လုပ်ဆောင်နိုင်မှုများကို အများရှေ့တွင် ချီးမွန်းကာ ဆုချီးမြှင့်ပေးရန်နှင့် တစ်ကိုယ်ရည်တိုးတက်မှုရှိစေသော အခွင့်အလမ်းများကို ပေးအပ်ပေးဖို့လိုအပ်ပြီး ဝန်ထမ်းများအနေနဲ့ သူတို့ရဲ့ကိုယ်ပိုင် အမူအကျင့်များကို သတ်မှတ်စေပြီး သူတို့ပါဝင်လုပ်ဆောင်ရမယ့် အခန်းကဏ္ဍများကို ကိုယ်တိုင်ပုံဖော်စေကာ ပွင့်လင်းစွာ ပြောဆိုဆက်ဆံခြင်းအားဖြင့် ပွင့်လင်းမြင်သာမှုကို အားပေးစေပြီး တိုးတက်မှုရှိလာစေမည့် ဆက်ဆံရေးများကို တည်ဆောက်ရမှာဖြစ်သည်ဟု ဆိုလိုထားတာဖြစ်ပါတယ်။ ရည်မှန်းချက်မှာ ခေါင်းဆောင်များနှင့် ဝန်ထမ်းများအကြားရှိ ဆက်ဆံရေးများကို စစ်မှန်မှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့အားဖြင့် တိုးတက်ကောင်းမွန်လာစေရန်ဖြစ်ပြီး မန်နေဂျာများအနေနဲ့ ပုဂ္ဂိုလ်ရေးအရ ဘက်လိုက်မှုများ မရှိစေရန်အတွက် ဝန်ထမ်းများနဲ့ ခပ်ခွာခွာနေသင့်သည် ဟူသည့်အဆိုဟာ မှားယွင်းကြောင်းကိုလည်း သက်သေပြနိုင်မှာဖြစ်ပါတယ်။
Complexity conscious mindset ရှိထားသော HR leader များက ယုံကြည်မှုများဟာ ယခုလက်ရှိ ဖြစ်ပေါ်နေတဲ့ အကြပ်အတည်းများကို ကျော်လွှားနိုင်ရန်အတွက် အဓိကကျတဲ့အရာတစ်ခုဖြစ်သည်ကို သိရှိထားကြပါတယ်။ များစွာသောသူတို့က ဒီအရာကို သိရှိထားကြပြီဖြစ်ကာ ယုံကြည်ရသော၊ ယုံကြည်နိုင်သော အစဉ်အလာများကို စတင်တည်ဆောက်နေကြပြီပဲဖြစ်ပါတယ်။ Edelman ရဲ့ လေ့လာမှုတစ်ခုတွင် ပြသထားသော အချက်အလက်များအရ Coronavirus နဲ့ သက်ဆိုင်တဲ့ Communication များပြုလုပ်ရာတွင် ဝန်ထမ်းများဟာ သူတို့ရဲ့အလုပ်ရှင်ကို အစိုးရ (သို့) media များထက်ပင် ပို၍ယုံကြည်မှုရှိကြတာကို ပြသနေပါတယ်။
သင့်ကုမ္ပဏီရဲ့ value များကို အခြေခံအုတ်မြစ်အဖြစ်ချမှတ်ပါ။ အကြပ်အတည်းများ ဖြစ်ပွားနေချိန်တွင် ကြောက်ရွံ့မှုများ၊ ဆောက်တည်ရာမရဖြစ်မှုများဟာ အလိုအလျှောက် မှားယွင်းစွာ ဆုံးဖြတ်ချက်များ ချမှတ်မိခြင်းကို ဖြစ်ပွားစေတတ်ပါတယ်။ အလွန်ရှေ့ပြေးနေတဲ့ organization များတွင်တောင်မှ ရှေးရိုးစွဲအတွေးအခေါ်များ ထွက်လာတတ်ပါတယ်။ စိတ်မကောင်းစရာ တစ်ခုကတော့ ဖိအားတွေများစွာရဲ့အောက်တွင်ရောက်နေတဲ့အတွက် HR team များအပါအဝင် ခေါင်းဆောင်သူ အမျိုးမျိုးဟာ သူတို့ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဝန်ထမ်းတွေအပေါ်သက်ရောက်စေနိုင်တဲ့ အကျိုးဆက်ကို သတိမမူမိကြပဲ အလိုအလျှောက် ဆုံးဖြတ်ချက်အမှားများကို ချမှတ်မိကြမည်မှာ ဧကန်မလွဲပါပဲ။ အနာဂါတ်တွင် HR leader များအနေနဲ့ ဒီလိုဆုံးဖြတ်ချက်အမှားများ ချမှတ်မိစေနိုင်သော စိတ်အခြေအနေကို သူတို့ရဲ့ ဝန်ထမ်းများအပေါ် မျှတမှုနှင့် ချစ်ခင်မှုတို့အပေါ် ပိုမို၍အာရုံစိုက်ကာ တိုက်ထုတ်နိုင်ပါတယ်။
Complexity mindset ကို မွေးမြူခြင်းဆိုသည်မှာ ကုမ္ပဏီရဲ့ value များကို ပြန်လည်စိစစ်ခြင်းနှင့် ဖိအားတွေများတဲ့ အခြေအနေမျိုးတွင် အဆိုပါ value များကို ဆုံးဖြတ်ချက်ချရာတွင် filter တစ်ခုအဖြစ် ပြောင်းလဲအသုံးချခြင်း ဖြစ်ပါတယ်။ အောင်မြင်မှုများရှိနေပြီးသော ကုမ္ပဏီတိုင်းတွင် လုပ်ငန်းနဲ့ အဆိုပါလုပ်ငန်းရဲ့ လုပ်ထုံး/ အမူအကျင့်များအပေါ် အခြေခံထားတဲ့ အခြေခံယုံကြည်မှုများရှိနေပါတယ်။ သို့သော်လည်း ဒီ စကားလုံးများဟာ အများအားဖြင့်သော ပြယုဂ်တစ်ခုအနေနဲ့သာ ရှိနေပြီး တစ်ကယ်တန်းတွင်တော့ ထို့အရာများဟာ organization တစ်ခုအနေနဲ့ သူတို့ရဲ့ရည်မှန်းချက်များပြည်မှီစေရန် ကောင်းမွန်တဲ့အခြေအနေ၊ ဆိုးရွားတဲ့ အခြေအနေ နှစ်ရပ်လုံးတွင် ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာရဲ့ အခြေခံအဖြစ် ရှိနေသင့်ပါတယ်။ ဒီ အတွေးအခေါ်ဟာ organization များကို လုံးဝ ပုံစံပြောင်းလဲသွားစေနိုင်စွမ်းရှိနေပါတယ်။ ဝန်ထမ်းများရဲ့ ၈၈% ခန့်က positive work culture တစ်ခုဆိုသည်မှာ value များနဲ့ ရည်မှန်းချက်ကိုဗဟိုပြုထားတဲ့ အခြေခံအုတ်မြစ်ရဲ့ ရလာဒ်ဖြစ်တယ်ဟူ၍ ယုံကြည်ထားကြပါတယ်။
သင့်အနေနဲ့ သင့်ရဲ့ value (တန်ဖိုးထားတဲ့အရာများ) ကို ဆုံးဖြတ်ချက်များပြုလုပ်ရာတွင် လမ်းညွှန်တစ်ခုအနေနဲ့ ဘယ်လိုအသုံးချနိုင်မလဲ? ယျေဘူယျအားဖြင့် ထားရှိတတ်ကြတဲ့ value များအပေါ်တွင် အခြေခံထားတဲ့ အောက်ပါမေးခွန်းများကို နမူနာအဖြစ် ကြည့်ရှုလိုက်ပါစို့ -
Value: ပြောဆိုဆက်ဆံရေးများ (Communication)
ထည့်သွင်းစဉ်းစားသင့်သော မေးခွန်းများ
• ကုမ္ပဏီရဲ့ ပွင့်လင်းမြင်သာမှုကို မြှင့်တင်နိုင်စေဖို့အတွက် ဘယ်လိုသတင်းအချက်အလက်များကို အားလုံးသိရှိစေရန် ဖြန့်ဝေပေးသင့်သလဲ/ ပေးနိုင်မလဲ?
• ဘယ်လိုသတင်းအချက်အလက်များကို ဝန်ထမ်းများက လိုအပ်သလဲ/ လိုချင်ကြသလဲ?
• ဘယ်သတင်းအချက်အလက်များဟာတော့ ဝန်ထမ်းများကိုပိုမို၍ သူတို့ဟာအရေးပါမှုရှိတယ်လို့ ခံစားရစေနိုင်မလဲ?
Value: ယုံကြည်မှု (Trust)
ထည့်သွင်းစဉ်းစားသင့်သော မေးခွန်းများ
• ဝန်ထမ်းအများစုထံတွင် အပြန်အလှန်ယုံကြည်မှုရှိနေပါက ဘယ်ကိစ္စရပ်များတွင် ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်မလဲ?
• ယုံကြည်မှုများရှိစေဖို့ကို ဘယ်အရာက တားဆီးနေတာလဲ?
• ပိုမို၍ အပြန်အလှန်ယုံကြည်မှုများ ရှိလာစေဖို့အတွက် ကျွန်ုပ်တို့ဟာ မည်သည့်တစ်ကိုယ်ရည်အမူအကျင့်များကို စံနမူနာအနေနဲ့ ဖော်ပြနိုင်မလဲ?
Value: ဝန်ထမ်းများရဲ့ အလုပ်တွင် စိတ်အားထက်သန်မှု/ စိတ်ပါဝင်စားမှု (Employee engagement)
ထည့်သွင်းစဉ်းစားသင့်သော မေးခွန်းများ
• ယခုဖြစ်နေတဲ့အခြေအနေများဟာ ဝန်ထမ်းများအပေါ် ဘယ်အထိအကျိုးသက်ရောက်မှုများ ရှိလာနိုင်သလဲ?
• ယခုခေါင်းစဉ်နဲ့ ပတ်သက်၍ ဝန်ထမ်းများထံတွင်ရှိနေသော မည်သည့်အတွေ့အကြုံ (သို့) အသိပညာများဟာ တန်ဖိုးရှိလာနိုင်သလဲ?/ အရေးပါမှုရှိလာနိုင်သလဲ?
• Employee engagement ရှိစေဖို့ကို တားမြစ်သလိုဖြစ်စေတဲ့ အကြောင်းအရာများကို အရင်က ပြောဆိုခဲ့ဖူးသလား? အကယ်၍ ထိုသို့ဖြစ်နေပါက ဘယ်လို့ထင်မြင်ယူဆချက်တွေကြောင့် ဒီတားမြစ်ချက်များဟာ ပိုမိုခိုင်မာလာရတာလဲ?
ယခုပြသထားတဲ့ ဖြေရှင်းနည်းများကို ထည့်သွင်းအသုံးပြုခြင်းအားဖြင့် အခြားကောင်းမွန်သော အကျိုးကျေးဇူးများကိုလဲ ရရှိနိုင်ဦးမှာဖြစ်ပါတယ်။ သင့်ရဲ့ value များကို filter တစ်ခုအနေဖြင့်အသုံးပြုခြင်းအားဖြင့် စိတ်ဖိစီးမှုများကို လျော့နည်းစေပြီး အချိန်ပိုထွက်လာမှာဖြစ်ကာ ရလာဒ်ကောင်းများကိုလဲ ရရှိနိုင်မှာဖြစ်ပါတယ်။ လက်တွေ့တွင် အမြတ်ငွေရရှိဖို့နဲ့ ကုမ္ပဏီအကျိုးစီးပွားကိုသာ မကြည့်တဲ့ လုပ်ငန်းကြီးများဟာ တူညီသောအရွယ်အစားရှိကြတဲ့ အခြားလုပ်ငန်းများနဲ့ နှိုင်းစာလျှင် ၆၃% ခန့် ပိုမို၍ ဆက်လက်ရှင်သန်ကာ ကပ်ရောဂါကာလ အကြပ်အတည်းများကို ကျော်လွှားနိုင်ခြေရှိပါတယ်။
အကယ်၍ သင်ဟာ HR ဌာနတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက သင့်ရဲ့အခန်းကဏ္ဍကို မမေ့ပါနဲ့ နေ့တိုင်း (အထူးသဖြင့် ယနေ့အချိန်) ဟာ သင့်ကုမ္ပဏီအတွက် အမှန်၊ အမှားခွဲခြားနိုင်မှုကို ပြသပေးနိုင်တဲ့ အချိန်ပဲဖြစ်ပါတယ်။ ကုမ္ပဏီ ကြီးများတွင် သူတို့ရဲ့ organization များကို ကုမ္ပဏီများရဲ့ value များနဲ့ ကိုက်ညီမှုရှိစေရန် ဆောင်ရွက်ဖို့အတွက် ရဲဝံ့စွာပြောဆိုအသိပေးဖို့ ဆန္ဒရှိတဲ့ ခေါင်းဆောင်ကောင်းများထဲက တချို့ရှိနေပါတယ်။ ဒါဟာ သင်လုပ်ဆောင်ရမယ့် အခန်းကဏ္ဍလဲ ဖြစ်လာနိုင်ပါတယ် (ဖြစ်လာသင့်ပါတယ်)။ Complexity mindset ကို မွေးမြူထားခြင်းအားဖြင့် သင့်ကိုလဲ ထိုသို့ပြုလုပ်ဆောင်ရွက်နိုင်ဖို့ရာတွင် အထောက်အပံ့ပေးနိုင်မှာဖြစ်တယ်လို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
TOP EMPLOYERS
INNO International Development Co.,Ltd
Standard Of Future Co., Ltd.
..Our company is canning company from myanmar. Company name is standard of future co.,ltd. Our Company is the one founded
with skilled employees and has been producing
and distributing foodstuff wit...
Show the postings (1)
Koe Koe Tech IT Social Enterprise
Myanmar is exceptional among developing countries in that it appears poised to completely leapfrog feature phones and go straight to smartphones. Android smartphones in distribution in Myanmar already...
Show the postings (20)
Sumitomo Mitsui Construction Co,.Ltd.
..To respond to widespread expectations toward the collective abilities of its merging partners to enhance social and living infrastructures, Sumitomo Mitsui Construction Co.,Ltd. (SMC) was born on Ap...
Show the postings (6)