by www.jobsinyangon.com
Tags: Knowledge-Career-Leadership-Skills-JobsinYangon
လုပ်ငန်းခွင်အတွင်း Leader (ခေါင်းဆောင်နိုင်သူတစ်ဦး) ဖြစ်လာစေရန်ဘယ်လိုလုပ်ဆောင်ရမလဲ (အပိုင်း - ၁)
သင်ဟာ Leader တစ်ဦးဖြစ်နေပြီလား၊ Leader ဖြစ်လာဖို့ကြိုးစားနေသူလား? သင်တို့ထံတွင် ဘယ်လို ခေါင်းဆောင်မှုစွမ်းရည်တွေရှိထားသင့်သလဲ? ဒီအရာတွေကိုရရှိဖို့ ဘယ်လိုမျိုးလုပ်ဆောင်ရမလဲ? အစရှိ တဲ့အရာများကို ကျွန်တော်တို့ရဲ့ ဒီအခန်းဆက်ဆောင်းပါးအတွင်းတွင် အပိုင်း (၅) ပိုင်းခွဲကာ ဖော်ပြပေး သွားမှာဖြစ်လို့ ကျန်ရှိနေသေးတဲ့အပိုင်းများကို နောက်ရက်များတွင်လည်း စောင့်မျှော်ဖတ်ရှုပေးကြပါဦး ခင်ဗျာ။
လုပ်ငန်းခွင်တစ်ခုအတွင်းမှာ နေရာအလိုက်ခေါင်းဆောင်နေရာကိုရယူထားတဲ့သူများရှိမှာပါ။ ဒီနေရာမှာ မိမိတို့ကခေါင်းဆောင်နေရာကိုရထားပြီဆိုရင် ထိုနေရာနဲ့ထိုက်တန်တဲ့ အရည်အချင်း (skill) တွေ မိမိတို့ မှာရှိရဲ့လားဆိုတာကိုပြန်လည်ဆန်းစစ်ကြည့်ဖို့လိုနေပါပြီ။ ဒါမှသာလုပ်ငန်းအတွက်ရော၊ မိမိရဲ့ career အတွက်ပါထိခိုက်စေနိုင်တဲ့အမှားများကို လုပ်မိခြင်းမှရှောင်ရှားနိုင်မှာပဲဖြစ်ပါတယ်။ အကယ်၍သင်ဟာ Leader တစ်ယောက်ရဲ့နေရာကိုရောက်နေပြီဆိုပါက ဒီဆောင်းပါးလေးကသင့်ထံမှာရှိသင့်တဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေရှိနေသလားဆိုတာကိုဆန်းစစ်ကြည့်နိုင်ဖို့ ကူညီပေးနိုင်မှာဖြစ်ပြီး၊ Leader နေရာသို့မရောက်ရှိသေးတဲ့သူများအတွက်လည်း သူတို့အနေနဲ့ leader တစ်ဦးဖြစ်လာစေရန် ဘယ်လို ခေါင်းဆောင်မှုစွမ်းရည်တွေကို လေ့လာသင်ကြားထားသင့်သလဲဆိုတာကိုလမ်းညွှန်ပေးနိုင်မှာဖြစ်ပါတယ်။
အပိုင်း - ၁၊ ခေါင်းဆောင်မှုစွမ်းရည်များကို တည်ဆောက်ခြင်း
၁။ ခေါင်းဆောင်မှုစွမ်းရည်ကိုသင်ကြားပေးတဲ့သင်တန်းများအား တက်ရောက်ပါ။
Leadership သင်တန်းများတွင် Project management, ပူးပေါင်းကာ ပြဿနာဖြေရှင်းခြင်း (Collaborative problem-solving), နှင့် critical thinking (ပြဿနာတစ်ရပ်အားဖြေရှင်းနိုင်ရန် ဘက်မလိုက်ပဲတွေးတောခြင်း) ကဲ့သို့သော skill (ကျွမ်းကျင်မှု) များကိုအသေးစိတ်လေ့ကျင့်သင်ကြား ပေးလျက်ရှိနေပါတယ်။ ဒီ skill များဟာ လုပ်ငန်းခွင်တိုင်းတွင်လုံးဝလိုအပ်နေတဲ့အရာများဖြစ်ပြီး သင့် ကို ကုမ္ပဏီအတွင်းရာထူးလျှင်မြန်စွာတိုးတက်မှုရှိလာစေရန်အတွက်ကူညီပေးနိုင်ပါတယ်။ အချို့သော leadership courses (သင်တန်း) များဟာ online ပေါ်မှသင်ကြားပေးပြီး အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်သော်လည်း သင့်အနေနဲ့ ဒေသခံကောလိပ်တွင် leadership courses များကိုသင်ယူဖို့ လည်းပြုလုပ်နိုင်ပါတယ်။
၂။ အကူအညီများတောင်းခံပါ၊ မေးခွန်းများကိုမေးမြန်းပါ။
အကယ်၍သင်မကြုံတွေ့ဖူးတဲ့ အခက်အခဲတစ်ရပ်နဲ့တွေ့ကြုံရတဲ့အခါမှာ စီနီယာကျတဲ့လုပ်ဖော်ကိုင် ဖက်များကို သူတို့ဟာ project တစ်ခုကိုဘယ်လိုစတင်လေ့ရှိသလဲဆိုတာကိုမေးမြန်းကြည့်ပါ။ အကယ် ၍သင်မမျှော်လင့်ထားတဲ့ပြဿနာတစ်ရပ်နဲ့ကြုံလာတဲ့အခါမှာ သင့်ရဲ့မန်နေဂျာ၊ အထက်လူကြီးနဲ့ ဆက် သွယ်ပြောဆိုပြီး အကူအညီတောင်းခံပြီး ထိုပြဿနာရပ်ကိုဖြေရှင်းဖို့ပြုလုပ်ပါ။
• အခြားသူများရဲ့အတွေ့အကြုံများကိုအသုံးပြုပြီး လုပ်ငန်းတာဝန်များကိုထိထိရောက်ရောက်နဲ့ အကျိုးရှိရှိလုပ်ဆောင်နိုင်ဖို့ကိုလုပ်ဆောင်ပါ။ ဒါမှသာနောက်တစ်ကြိမ် အလားတူပြဿနာများနဲ့ ကြုံတွေ့ရတဲ့အခါမှာသင်ဟာဒီအရာကိုအကူအညီမယူပဲဖြေရှင်းဖို့အဆင်သင့်ဖြစ်နေမှာပဲဖြစ်ပါတယ်။
• လူတွေကသင်မေးမြန်းမှုပြုလိုက်တဲ့အခါမှာ သူတို့ရဲ့အကြံဉာဏ်တွေ၊ အမြင်တွေကိုအလေးထား တယ်ဆိုတာကိုသိရတဲ့အတွက် သင့်ကိုလဲတလေးတစားပြန်လည်ဖြေကြားပေးကာ မကြာခဏ ကူညီပေးပါလိမ့်မယ်။
၃။ ဆက်သွယ်ပြောဆိုမှုစွမ်းရည်များကို အမြဲမပြတ်လေ့ကျင့်ပေးပါ။
လူတိုင်းဟာ သင့်လျှော်ကိုက်ညီတဲ့ public speaker များမဟုတ်ကြသော်လည်း စင်ပေါ်တွင် လူရှေ့ ထွက်ကာပြောဆိုရတဲ့အခါမှာကြောက်ရွံ့ခြင်းနဲ့ public speaking အတွက် အခြားသောမမြင်နိုင်တဲ့ အခက်အခဲတွေကိုကျော်လွှားနိုင်စေရန်နည်းလမ်းတွေရှိနေပါတယ်။
• Toastmasters သို့ဝင်ရောက်ထားပါ။ ၎င်းဟာ ပိုမိုကောင်းမွန်ပြီး၊ သက်တောင့်သက်သာရှိတဲ့ public speaker များဖြစ်လာစေရန်အတွက် လူအများကိုကူညီပေးဖို့ဖွဲ့စည်းထားတဲ့ အပြည် ပြည်ဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ များစွာသောလုပ်ငန်းများဟာ အဆိုပါ website ရဲ့ အတွင်းစည်းကိုအထောက်အပံ့ပြုပေးနေလျက်ရှိပြီး သူတို့ရဲ့ဝန်ထမ်းများကိုလဲ ထိုနေရာသို့ဝင် ရောက်ဖို့တိုက်တွန်းလျက်ရှိပါတယ်။ သင့်အနေနဲ့လူမှုအဖွဲ့အစည်းတိုင်းတွင် Toastmasters Club များကိုတွေ့မြင်နိုင်ပါတယ်။
• စကားဆက်များဖြစ်တဲ့ “Uhm”, “like” နဲ့ “uhhhh” ကဲ့သို့သောအရာများမပါဝင်ပဲ ဘယ်လို စကားပြောရမလဲဆိုတာကိုလေ့လာလိုက်ပါ။ ထိုအရာများဟာ နေ့စဉ်ပြောဆိုနေတဲ့စကားများ တွင်ပါဝင်လျက်ရှိတဲ့စကားဆက်များရဲ့ ဥပမာအချို့ပဲဖြစ်ပါတယ်။ ဒီစကားလုံးများဟာ နားထောင်သူများကို ကျွန်ုပ်တို့ပေးလိုတဲ့ message ကနေ သွေဖီသွားစေပြီး ပြောဆိုသည့်သူကို ပါ ကြိုတင်ပြင်ဆင်မှုမရှိပဲ အသိပညာကြွယ်ဝမှုမရှိဘူးလို့ထင်မြင်သွားစေနိုင်ပါတယ်။
ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Host Link IT Solution
..Wireless Point to Point Connection
Satellite Remote Site Installation and Maintenance
Network Infrastructure Installation
System and Design Implementation
Hardware and Network Installation and M...
Show the postings (9)
World Trading Co.,Ltd
..Exporters Importers and Distributors
We Import Laboratory Chemicals, Perfume Body Spray,European & Turkish Premium Food Products Yonca Sunflower Oil, Rio Santo Sauce
Sole Distributor in Myanmar.
...
Show the postings (3)
Fourteen Star Network Co., Ltd.
“To Be The Best Service Leader for Medical Devices”
.Fourteen Star Network Company (FSN) has founded in 2004 in Myanmar. FSN distributes medical devices and equipment. FSN has mostly provided ima...
Show the postings (22)
Sweety Home
...Sweety Home Industry Co.Ltd established in Mandalay since 1995 is the professional manufacturing and distributing company of spring mattress, polyurethane foam, bedding accessories and modern pr...
Show the postings (31)