by www.jobsinyangon.com
Tags: Knowledge-Career-Leadership-Skills-JobsinYangon
လုပ်ငန်းခွင်အတွင်း Leader (ခေါင်းဆောင်နိုင်သူတစ်ဦး) ဖြစ်လာစေရန်ဘယ်လိုလုပ်ဆောင်ရမလဲ (အပိုင်း - ၂)
သင်ဟာ Leader တစ်ဦးဖြစ်နေပြီလား၊ Leader ဖြစ်လာဖို့ကြိုးစားနေသူလား? သင်တို့ထံတွင် ဘယ်လို ခေါင်းဆောင်မှုစွမ်းရည်တွေရှိထားသင့်သလဲ? ဒီအရာတွေကိုရရှိဖို့ ဘယ်လိုမျိုးလုပ်ဆောင်ရမလဲ? အစရှိ တဲ့အရာများကို ကျွန်တော်တို့ရဲ့ ဒီအခန်းဆက်ဆောင်းပါးအတွင်းတွင် အပိုင်း (၅) ပိုင်းခွဲကာ ဖော်ပြပေး သွားမှာဖြစ်လို့ ကျန်ရှိနေသေးတဲ့အပိုင်းများကို နောက်ရက်များတွင်လည်း စောင့်မျှော်ဖတ်ရှုပေးကြပါဦး ခင်ဗျာ။
အပိုင်း - ၂၊ လုပ်ငန်းခွင်အတွင်း မိမိတို့ရဲ့ခေါင်းဆောင်မှုစွမ်းရည်များကို အသုံးချခြင်း
၁။ အကောင်းမြင်သောစိတ်အခြေအနေရှိပါ။ ကောင်းမြင်တတ်တဲ့စိတ်ရှိခြင်းဟာ သင့်ကို့ အခွင့်အလမ်း များပေါ်ပေါက်လာတဲ့အခါမှာ ထိုအခွင့်အလမ်းများကိုအပြည့်အဝအသုံးချစေနိုင်မှာပဲဖြစ်ပါတယ်။ ဒီအရာက သင့်ကိုလုပ်ငန်းခွင်အတွင်း အသိုင်းအဝိုင်းတစ်ခုတည်ဆောက်နိုင်စေဖို့ကိုလည်းကြီးမားစွာ အထောက်အကူပြုနိုင်ပါတယ်။ အောက်ပါအချက်များကတော့ အကောင်းမြင်သောစိတ်အခြေအနေကို ထိန်းသိမ်းထားနိုင်ရန်အတွက် အကူအညီပေးနိုင်တဲ့ သိမှတ်ဖွယ်အချို့ပဲဖြစ်ပါတယ်။
• သင်ဟာလုပ်ရည်ကိုင်ရည်ရှိပြီး လက်ရှိလုပ်ကိုင်နေတဲ့အလုပ်အတွက် အရည်အချင်းပြည့်မှီမှုရှိ တယ်ဆိုတာကိုမှတ်သားထားပါ။ အကယ်၍သင့်ထံတွင်ထိုအလုပ်အတွက်လိုအပ်တဲ့ အရည် အချင်းတွေမရှိခဲ့ပါက အစကတည်းကသင်ဟာရွေးချယ်ခံခဲ့ရမှာမဟုတ်ပါဘူး။
• စိန်ခေါ်မှုအသစ်တွေ၊ အတွေ့အကြုံအသစ်တွေနဲ့ကြုံလာတိုင်းမှာ လက်ခံလိုက်ပါ။ ထိုအရာများ ကိုဆောင်ရွက်အောင်မြင်နိုင်ခြင်းဟာမိမိကိုယ်ကိုယုံကြည်မှုကိုတိုးတက်စေပြီး လုပ်ဖော်ကိုင် ဖက်များနဲ့ ကြီးကြပ်သူ (supervisor) များက မိမိကိုကောင်းမွန်သောအထင်အမြင်များ ဖြစ်ပေါ်လာစေနိုင်ဖို့ကူညီပေးနိုင်ပါတယ်။
• သင်တွေးတောတဲ့ပုံစံ၊ ခံစားရတဲ့ပုံစံများကို သင်ထိန်းချုပ်နိုင်တယ်ဆိုတာကိုမှတ်သားထားပါ။ အဆိုးမြင်ခြင်းဟာ ကျွန်ုပ်တို့အားလုံးတွင် ရှိနေတတ်သော်လည်း ဒီအရာကို မွေးမြူထားမလား ဆိုတာကိုတော့ လူတိုင်းကရွေးချယ်နိုင်ပါတယ်။ အဆိုးမြင်စေတဲ့ခံစားမှုများဖြစ်လာတဲ့အခါမှာ သင့်အနေနဲ့နှစ်သက်တဲ့အချက်များကိုပြန်လည်တွေးတောကာ ဒီအဆိုးမြင်တဲ့အတွေးအခေါ်တွေ ကိုဖျောက်ပစ်လိုက်ပါ။
• အကောင်းမြင်စိတ်ရှိတဲ့သူများနဲ့သာပေါင်းသင်းပါ။ အဆိုးမြင်စိတ်ရှိတဲ့သူများနဲ့ ပေါင်းသင်း ဆက်ဆံတဲ့အခါ မိမိကိုလည်းအဆိုးမြင်တတ်တဲ့သူတစ်ဦးဖြစ်လာစေဖို့လွယ်ကူပါတယ်။ တက် ကြွပြီး အကောင်းမြင်စိတ်ရှိတဲ့သူများသာရွေးချယ်ပေါင်းသင်းပါ
• ပြုံးတတ်ပါစေ။ ကျွန်ုပ်တို့ကိုပျော်ရွှင်မှုတွေ၊ ရယ်မောစရာတွေဖြစ်လာစေတဲ့ အရာဝတ္ထုတွေနဲ့ အမှတ်တရတွေရှိတဲ့အခါမှာ အကောင်းမြင်စိတ်ရှိလာစေဖို့အတွက် ပိုမိုလွယ်ကူစေပါတယ်။
၂။ မိမိဖက်မှစတင်တာဝန်ယူဆောင်ရွက်တတ်ခြင်းရှိပါစေ။ ဒါဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေနဲ့ သင့်ကို ပေးအပ်ထားတဲ့တာဝန်များအပေါ် တာဝန်ယူမှုရှိခြင်းဖြစ်သလို သင်ထိန်းချုပ်လို့မရနိုင်တဲ့အရာတွေ အတွက်စိတ်ပူပင်ရခြင်းကိုမပြုလုပ်ဘဲ သင့်ရဲ့အချိန်တွေနဲ့ ကြိုးပမ်းအားထုတ်မှုတွေကို သင်ပြောင်းလဲ ပြုလုပ်နိုင်မယ့်ပြဿနာများအပေါ်တွင်သာ အာရုံစိုက်လုပ်ဆောင်ခြင်းလဲဖြစ်ပါတယ်။ အောက်ပါ အချက်တွေကတော့ သင့်အလုပ်ခွင်အတွင်းတွင်ပိုမိုပြီး စတင်တာဝန်ယူဆောင်ရွက်တတ်မှုရှိလာစေဖို့ ညွှန်းဆိုထားတဲ့အချက်အချို့ပဲဖြစ်ပါတယ်။
• အဖြေများကိုသာရှာဖွေဖို့အာရုံစိုက်ပါ။ အသေးစိတ်ကိုမေးမြန်းခြင်းနဲ့ အပြစ်ဖို့ခြင်းတို့အကြား အချိန်များစွာကြာနေတတ်ပါတယ်။ တစ်ကယ့်ခေါင်းဆောင်များဟာ လက်ရှိဖြစ်ပွားနေတဲ့ အရာနဲ့ ထိုအရာကိုပြီးမြောက်စေရန်အတွက် ဘာတွေလုပ်ရမလဲဆိုတာကိုသာ အာရုံစိုက်ကာ ဆောင်ရွက်တတ်ကြပါတယ်။
• သင့်ရဲ့အလုပ်အတွင်း ယုံကြည်စိတ်ချရမှုရှိအောင်ဆောင်ရွက်ပါ။ အကယ်၍သင်အမှားတစ်ခုကို လုပ်မိတဲ့အခါမျိုးမှာ ဝန်ခံလိုက်ပါ။ အကယ်၍သင့်ထံတွင် အတွေးအမြင်တစ်ရပ်ရှိနေပါက ထို အရာကိုပြောဆိုကြည့်လိုက်ပါ။ လူတွေကသင်နဲ့အမြဲတမ်းသဘောတူမှုမရှိတဲ့အတွက် စိတ်ဓါတ် မကျလိုက်ပါနဲ့။ ဝင်ရောက်ဆွေးနွေးခြင်းနဲ့ ကူညီပါဝင်ဆောင်ရွက်မှုရှိခြင်းအားဖြင့် သင်ဟာ ပါဝင်ဆောင်ရွက်မှုရှိပြီး စိတ်ဝင်စားမှုရှိတယ်ဆိုတာကိုပြသနေပါတယ်။ အဆိုပါအရည်အချင်း ၂ ရပ်လုံးဟာ ခေါင်းဆောင်ပိုင်းတွင်ရှိသင့်တဲ့အရည်အချင်းများပဲဖြစ်ပါတယ်။
• အစဉ်တစိုက်တသမတ်တည်းရှိပြီး အားကိုးရပါစေ။ လုပ်ဖော်ကိုင်ဖက်များအားလုံးကို တူညီတဲ့ လေးစားမှုရှိပြီး professional ဆန်ဆန် ဆက်ဆံတတ်ပါစေ။ အလုပ်ကိုအချိန်မှီရောက်ပါစေ၊ ကူညီဆောင်ရွက်ပေးဖို့အသင့်ရှိနေပါ။ လုပ်ဆောင်ရမယ့်အလုပ်များပေါ်လာတဲ့အခါမှာ ထိုအရာ များကိုနောက်ဆုံးထားဆောင်ရွက်ရမယ့်အချိန်အတွင်း (သို့) ထို့ထက်စောပြီးအောင်ဆောင်ရွက် တတ်ပါစေ။
• ရိုးသားစွာပြောဆိုဆက်ဆံမှုရှိပါ။ အလုပ်သို့ တစ်ကိုယ်ရည်ကိစ္စများကိုသယ်ဆောင်လာခြင်းဟာ ကောင်းမွန်တဲ့အရာမဟုတ်သော်လည်း ပြဿနာများကိုဖြေရှင်းဖို့အတွက်နဲ့ လုပ်ငန်းတာဝန်များ ပြီးမြောက်အောင်ဆောင်ရွက်ဖို့နဲ့ပက်သက်ပါက ရိုးသားပွင့်လင်းမှုရှိသင့်ပါတယ်။ ဥပမာအား ဖြင့် သင့်ကိုပေးအပ်ထားတဲ့အလုပ်တာဝန်တစ်ရပ်အတွက် အထောက်အကူပစ္စည်းများနဲ့ အရင်း အမြစ်များလိုအပ်နေပါက သင်ဘာတွေကိုတော့လိုအပ်နေတယ်ဆိုတဲ့အကြောင်း (သို့) အခြား နည်းလမ်းတစ်ခုကိုစဉ်းစားနိုင်ရန်အတွက် သင့်ရဲ့မန်နေဂျာကိုစောလျှင်စွာအသိပေးထားသင့်ပါ တယ်။
၃။ တက်ကြွစွာနားထောင်မှုရှိဖို့ပြုလုပ်ပါ။ ဒီအရာက သင်နဲ့ပြောဆိုနေတဲ့သူကို လေးစားမှုနဲ့ အာရုံစိုက်မှု ရှိတယ်ဆိုတာကိုပြသနေခြင်းသာမက သင့်ကိုလည်းအကူအညီပေးနိုင်ပါတယ်။ အောက်ပါအချက်များ ကတော့ တက်ကြွစွာနားထောင်မှု (active listening) ရှိလာစေရန်အတွက်နည်းစနစ်များပဲဖြစ်ပါတယ်။
• အချက်အလက်များကိုပြန်လည်ပြောကြားခြင်းဟာ နားထောင်မှုရှိခြင်းကိုပြသနိုင်ရုံသာမက သင့်အနေနဲ့ သိပ်မသေချာတဲ့အရာတွေကိုလည်း ပြန်လည်အတည်ပြုနိုင်စေမှာဖြစ်ပါတယ်။
• ငြင်သာတဲ့ထောက်ခံမှုများဖြစ်တဲ့ သင့်ရဲ့ခေါင်းကိုညိတ်ပြခြင်း၊ အင်း (သို့) သိပြီ ဆိုတဲ့ စကားလုံး များကိုအသုံးပြုခြင်းအားဖြင့် သင့်နဲ့ပြောဆိုနေတဲ့သူကို ဆက်ပြောနိုင်စေရန်နဲ့ သူတို့ရဲ့ အတွေး အမြင်များကိုဖော်ပြနိုင်ရန်အတွက် အားပေးပါ။
• အကြံဉာဏ်များပေးပါ။ ဒီအရာက ပြောဆိုနေတဲ့သူနဲ့အတူ သင်ပူးပေါင်းလုပ်ဆောင်နိုင်စေပြီး တစ်ခါတစ်ရံတွင် အကြောင်းအရာအချို့ကိုပါပုံစံအသစ်နဲ့ပြောပြနိုင်စေမှာပဲဖြစ်ပါတယ်။
• အချက်အလက်များပိုမိုသိရှိရနိုင်ဖို့အတွက် မေးမြန်းပါ။ မေးခွန်းများကိုမေးမြန်းကာ အရေးကြီး တဲ့အချက်များအကြောင်း အသေးစိတ်ရှင်းပြစေပါ။
• အသိအမှတ်ပြုခြင်း - သင်နဲ့ပြောဆိုခဲ့တဲ့သူကို သူတို့ဟာာအချိန်ယူပြီးသူတို့ရဲ့အတွေးအမြင်တွေ ကိုပြောကြားပေးတဲ့အပေါ် သင်ဟာတန်ဖိုးထားမှုရှိတယ်ဆိုတဲ့အကြောင်းပြောဆိုပါ။
• အတိုချုံးခြင်း - အဆိုပါအချက်အလက်တွေကို သင့်ကိုယ်ပိုင်စကားလုံးတွေနဲ့ပြန်လည်စီစဉ်ခြင်း က သင့်ကို ဒီအချက်အလက်များကိုလေ့လာဖို့ပိုမိုမြန်ဆန်စေပါလိမ့်မယ်။
၎။ စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါစေ။ စံပြပုဂ္ဂိုလ်များဆိုတာဟာ ကျွန်တော်တို့အားကျ အတုယူရတဲ့သူ များပဲဖြစ်ကာ သူတို့ရဲ့အမူအယာ၊ အပြုအမူများကို ကျွန်ုပ်တို့ဟာ အတူယူတတ်ကြပါတယ်။ စံပြပုဂ္ဂိုလ် တစ်ဦးဖြစ်လာစေဖို့နည်းလမ်းအချို့ကတော့ -
• မိမိကိုယ်ကိုယုံကြည်မှုရှိကြောင်းပေါ်လွင်ပါစေ။ စိန်ခေါ်မှုအသစ်များကိုလက်ခံဆောင်ရွက်ပါ။ အကောင်းမြင်စိတ်ရှိပါ။ အခြားသူများကိုလည်း သင်ဟာလုပ်ငန်းတာဝန်အသစ်များနဲ့ လုပ်ငန်း project အသစ်များကိုမကြောက်ဘူးဆိုတာကိုပြသလိုက်ပါ။
• အများနဲ့မတူပဲ တစ်မူထူးခြားမှုရှိပါစေ။ အခြားသူများနဲ့တူအောင်မကြိုးစားပါနဲ့။ သင့်ရဲ့ကိုယ်ပိုင်ပုံစံနဲ့နေ ပြီး သင့်ရဲ့တူမတူနဲ့အရည်အချင်းများက သင့်ရဲ့အလုပ်အတွက်တန်ဖိုးရှိသွားစေမယ့်အရာများကိုပြုလုပ် ပေးလိုက်နိုင်ခြင်းကိုဂုဏ်ယူပါ။
• အခြားသူများအားလုံးနဲ့ ပြောဆိုဆက်ဆံမှုရှိပါစေ - ဒါဟာ စကားပြောဆိုရုံမျှမဟုတ်ပါဘူး။ ကောင်းမွန် သော ပြောဆိုဆက်ဆံမှုတစ်ခုဆိုသည်မှာ အခြားသောသူများစိတ်ပူတဲ့ကိစ္စရပ်တွေအကြောင်းကိုလဲနား ထောင်ခြင်းဟာ အစိတ်အပိုင်းတစ်ခုအနေနဲ့ပါဝင်နေပါတယ်။
• လေးစားမှုနဲ့ ဂရုတစိုက်ရှိခြင်းကိုပြသပါ - သင်ဟာ အခြားသူများကိုအသုံးချပြီးရှေ့သို့ရောက်အောင် ကြိုးစားနေပါက လူအများကသတိထားမိလာကြပါလိမ့်မယ်။ သင့်ရဲ့အဖွဲ့ကို သင်ဟာဂရုတစိုက်ရှိပြီး အဖွဲ့တစ်ခုလုံးရဲ့အောင်မြင်မှုကိုလိုလားတယ်ဆိုတဲ့အကြောင်းကိုပြသပေးဖို့ကအရေးကြီးပါတယ်။
• ရိုးသားပါ။ ဒါက သင့်ရဲ့အောင်မြင်မှုများကိုဖုံးကွယ်ထားသင့်တယ်လို့ဆိုလိုတာတော့မဟုတ်ပါဘူး။ သို့ သော်လည်း မိမိကိုယ်ကိုနှိမ်ချဆက်ဆံခြင်းဟာ သင့်အနေနဲ့အမှားများကို ပြုလုပ်မိတဲ့အခါမှာဝန်ခံနိုင်စေ ပြီး အခြားသောသူများကိုလည်းသင့်ကိုကူညီပေးလိုစိတ်ဖြစ်ပေါ်လာစေပါတယ်။
• အလုပ်ချိန်ပြင်ပတွင် ကောင်းမွန်သောအရာများကိုပြုလုပ်ပါ။ လူမှုပတ်ဝန်းကျင်တွင် ကောင်းမွန်သော အရာများကိုပြုလုပ်ဖို့စိတ်ဆန္ဒရှိခြင်းဟာ သင့်ရဲ့ ကုမ္ပဏီအပေါ်တွင်ထားရှိနိုင်တဲ့ စိတ်အခြေအနေကို ဖော်ပြနေပါတယ်။
ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
VPower Group Holdings Limited
We provide career development and attractive remuneration package and fringe benefits to the right candidates.VPower Group are one of the world's leading large gen-set system integration providers and...
Show the postings (2)
Mya Kyar Khine Co., Ltd
..Mya Kyar Khine Company Limited (formally known as Manawmaya Trading Ltd.) was established in 1997. The company started to import and distribute Paul Mitchell Professional Hair Care Products (U.S.A) ...
Show the postings (8)
Tharaphu Soe Myint Company Limited
Under the leadership of the proprietor U Soe Myint and the assistance of the expertise knowledge of the technicians, the company works for the welfare of the local farmers and peasants.The aim of the ...
Show the postings (5)
Polymer Company Limited
Vision
- To be the leader in the market.
Mission
- We will provide best and services available to make a difference.
- We will inspire lifestyle of people.
- We will treat all individuals (stak...
Show the postings (9)
Amazing One Trading Co., Ltd.
.Elegant in style. Unique in designs. Serviced by professionals.
Your most satisfying experience to decorate your home. All at Amazing One....
Show the postings (8)