Jobs In Myanmar
Load...

လုပ်ငန်းခွင်အတွင်း Leader (ခေါင်းဆောင်နိုင်သူတစ်ဦး) ဖြစ်လာစေရန်ဘယ်လိုလုပ်ဆောင်ရမလဲ (အပိုင်း - ၄)

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Career-Leadership-Skills-JobsinYangon



လုပ်ငန်းခွင်အတွင်း Leader (ခေါင်းဆောင်နိုင်သူတစ်ဦး) ဖြစ်လာစေရန်ဘယ်လိုလုပ်ဆောင်ရမလဲ (အပိုင်း - ၄)

သင်ဟာ Leader တစ်ဦးဖြစ်နေပြီလား၊ Leader ဖြစ်လာဖို့ကြိုးစားနေသူလား? သင်တို့ထံတွင် ဘယ်လို ခေါင်းဆောင်မှုစွမ်းရည်တွေရှိထားသင့်သလဲ? ဒီအရာတွေကိုရရှိဖို့ ဘယ်လိုမျိုးလုပ်ဆောင်ရမလဲ? အစရှိ တဲ့အရာများကို ကျွန်တော်တို့ရဲ့ ဒီအခန်းဆက်ဆောင်းပါးအတွင်းတွင် အပိုင်း (၅) ပိုင်းခွဲကာ ဖော်ပြပေး သွားမှာဖြစ်လို့ ကျန်ရှိနေသေးတဲ့အပိုင်းများကို နောက်ရက်များတွင်လည်း စောင့်မျှော်ဖတ်ရှုပေးကြပါဦး ခင်ဗျာ။ 

အပိုင်း ၄၊ ဝန်ထမ်းများအားစိတ်ပါဝင်စားမှုရှိလာစေရန်ပြုလုပ်ပေးခြင်း 
 
၁။ အလုပ်တာဝန်များသတ်မှတ်ပေးခြင်း။ အလုပ်ခွင်အတွင်းတွင် ခေါင်းဆောင်သူတစ်ဦးဟာ ဝန်ထမ်း များအားမည်သည့်အချိန်တွင်လေးနက်စွာလမ်းညွှန်မှုပေးရန်လိုအပ်နေပြီလဲဆိုတာကို နားလည်သဘော ပေါက်နေရမှာပါ။ ဒါဟာ ဝန်ထမ်းအသစ်များ (သို့) လုပ်ငန်းတာဝန်အသစ်များနဲ့ အသားကျအောင် ပြုလုပ်နေသူများအတွက် အထူးသဖြင့်အရေးပါမှုရှိပါတယ်။ 
• ဝန်ထမ်းအသစ်များဟာ သူတို့ရဲ့လုပ်ငန်းတာဝန်အသစ်များကိုမဆောင်ရွက်မှီတွင် သင်ကြားပို့ချ ပေးမှုရှိနေဖို့သေချာစွာပြုလုပ်ပေးရပါမယ်။ သူတို့ရဲ့လုပ်ငန်းတာဝန်အသစ်အတွက် အဆင့်များ ကိုရှင်းလင်းဖော်ပြပြီး မှတ်သားထားရမယ့်အချက်များကိုလည်းပြောပြပေးရပါမယ်။ 
• ဝန်ထမ်းလမ်းညွှန်လက်စွဲစာအုပ်ဟာ အမြဲတမ်းအချိန်နဲ့တပြေးညီအချက်အလက်များပြည့်စုံစွာ ရှိနေရမည်ဖြစ်ပြီး ဝန်ထမ်းသစ်များ၊ ရှိပြီးသားဝန်ထမ်းဟောင်းများအားလုံးအနေနဲ့ အလွယ်တ ကူဖတ်ရှုနိုင်စေဖို့ပြုလုပ်ထားရပါမယ်။  
• လမ်းညွှန်မှုများကိုပေးအပ်ထားပြီး ဝန်ထမ်းအသစ်များကို စီနီယာလုပ်ဖော်ကိုင်ဖက်များထံမှ သင်ယူစေပါ။ 
 
၂။ ဝန်ထမ်းများရဲ့လိုအပ်ချက်များကိုရှာဖွေဖော်ထုတ်ပြီး တိုးတက်မှုရှိလာစေဖို့အခွင့်အလမ်းများကို ပြုလုပ်ပေးပါ။ တိုးတက်မှုရှိဖို့နဲ့ရာထူးတိုးလာစေဖို့အတွက် ရှင်းလင်းတိကျတဲ့လမ်းကြောင်းများ ကိုသတ်မှတ်ဖော်ဆောင်ပေးပြီး ဝန်ထမ်းတိုင်းကို သူတို့ရဲ့သက်မွေးဝမ်းကျောင်းမှုပညာရပ်များ တွင်းစိတ်ဝင်စားမှုရှိလာစေရန်အတွက်လုပ်ဆောင်ပေးပါ။ သူတို့အားစိန်ခေါ်မှုရှိသောအရာများ ကိုပေးအပ်ကာ စိတ်ပါဝင်စားကာတက်ကြွမှုရှိလာစေရန်အတွက်လုပ်ဆောင်ပေးပါ။ များစွာ သောလူများဟာ သူတို့အနေနဲ့ အသစ်အဆန်းထွင်ပြီးဆောင်ရွက်ရန်ခိုင်းစေခံရတဲ့အခါ (သို့) လုပ် ငန်းတာဝန်အသစ်များကိုဆောင်ရွက်ရတဲ့အခါများမှာ ကောင်းမွန်စွာလုပ်ဆောင်လာနိုင်တတ်ကြ ပါတယ်။ အဖွဲ့ဝင်များကို လုပ်ငန်းတိုးတက်မှုရှိလာစေရန်အတွက် လုပ်ထုံးလုပ်နည်း၊ စနစ်အသစ် များကိုဖန်းတီးပြုလုပ်ခြင်း (သို့) ကုန်ပစ္စည်း/ ထုတ်ကုန်အပြောင်းအလဲများကို အကြံပေးစေခြင်း တို့အားပြုလုပ်ရန်အားပေးပါ။ 
 
၃။ ဝန်ထမ်းများရဲ့ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုခြင်းနဲ့ တန်ဖိုးထားလေးစားမှုရှိပါ။ ဝန်ထမ်းများက ကောင်းမွန်စွာဆောင်ရွက်နိုင်တဲ့အခါမှာ သူတို့ရဲ့အောင်မြင်မှုများကိုနှုတ်အားဖြင့်ချီးမွမ်း ခြင်းသော်၎င်း၊ ဆုပေးသည့်စနစ်များကိုသတ်မှတ်ပြုလုပ်ထားခြင်းအားဖြင့်သော်၎င်းအသိအမှတ်ပြုပေး သင့်ပါတယ်။ ဒီအောင်မြင်မှုတွေကိုအခြားသောအဖွဲ့ဝင်များမှသိရှိအောင်လည်းကြေငြာပေးကာကောင်း မွန်သောအမူအကျင့်များကိုအားပေးကူညီပြီး စံပြပုဂ္ဂိုလ်တစ်ဦးအနေနဲ့သတ်မှတ်ပေးသင့်ပါတယ်။ အသိ အမှတ်ပြုပေးခြင်းတွင်အောက်ပါအရာများပါဝင်နိုင်ပါတယ် - 
 
• အဖွဲ့အတွက်အရေးပါတဲ့ တစ်မူထူးခြားတဲ့လုပ်ငန်းပရောဂျက်တစ်ခုကိုပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း။ 
• ကုမ္ပဏီမှအလှူပေးသည့်/ အများပြည်သူအကျိုးဆောင်ရွက်သည့် ပွဲများတွင်ဦးဆောင်ဦးရွက်ပြု ပေးခြင်း။ 
• ဝန်ထမ်းတစ်ဦးထံတွင် (မင်္ဂလာဆောင်ခြင်း၊ ကလေးမွေးခြင်း၊ ဘွဲ့ယူခြင်း) အစရှိသည့် အရေးပါ သည့်ဘဝဖြစ်စဉ်များဖြစ်ချိန်။ 
• ဝန်ထမ်းတစ်ဦးက ရာထူးတိုးခြင်း (သို့) ဆုကြေးငွေရရှိသည့်အခါများတွင်။ 
 
ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com

Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Ongo Myanmar

Ongo Myanmar

Ongo digital payment services are now available in Myanmar through the Ongo Mobile Money App!Ronoc Asia was incorporated in July 2015 when Ronoc, an international investment and advisory firm (founded...
Show the postings (1)
GIORDANO MYANMAR

GIORDANO MYANMAR

..Creation Myanmar Co., Ltd (Giordano)....
Show the postings (15)
Trust Venture Partners Co., Ltd

Trust Venture Partners Co., Ltd

To contribute to the development of the Myanmar economy by helping Myanmar companies access the capital markets to achieve their growth objectives To provide one-stop service to international compani...
Show the postings (45)
Phyo Pyae Sone Myanmar Co.,Ltd

Phyo Pyae Sone Myanmar Co.,Ltd

With customers at the forefront of our minds,The Company prioritizes for the best of customer service at value price point for our guests with uncompromising quality and facilities.Starting from Distr...
Show the postings (42)
Honour Friend Co.ltd

Honour Friend Co.ltd

..Honour Friend Co.ltd....
Show the postings (2)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS