by Admin
ချိတ်ဆွဲရန်စာတန်း: assertive confidence career professional jobs
လုပ်ငန်းခွင်တစ်ခုထဲမှာ ကျွန်တော်တို့ဟာ မိမိကိုယ်ကိုယုံကြည်မှုရှိဖို့ဆိုတာ အရေးကြီးတဲ့ အရာတစ်ခုဆိုတာ ငြင်းဆန်နိုင်မယ်မထင်ပါဘူး။ ယုံကြည်မှုရှိခြင်းရဲ့ နောက်ကွယ်မှာလည်း အကြောင်းအရာများစွာ လိုက်ပါလာပါတယ်။ လုပ်ငန်းခွင်ထဲမှာ အများနဲ့ပြောဆိုဆက်ဆံရာမှာ မိမိကိုယ်ကို ယုံကြည်မှုမရှိလို့ စကားမပြောဝံ့ဖြစ်နေတာမျိုးဖြစ်နေရင် လုပ်ငန်းခွင်ထဲမှာ တိုးတက်မှုကို ရရှိနိုင်မှာမဟုတ်ပါဘူး။ လူအများနဲ့ အမြဲမဆက်ဆံလေ့ရှိတာမျိုး ကြာရှည်လာပြီဆိုရင် မိမိရှိတာကို မိမိလုပ်ငန်းတွင်းက လုပ်ဖော်ကိုင်ဖက်တွေ သတိမထားမိတော့တဲ့ အခြေအနေထိရောက်လာပြီဆိုရင်တော့ အဆိုးဆုံးကို ရောက်နေပြီဖြစ်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းခွင်အတွင်းမှာ မိမိကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ လူအများနဲ့ ဘယ်လိုဆက်ဆံမလဲ၊ ဘယ်လိုမျိုး တက်တက်ကြွကြွလုပ်ဆောင်မလဲဆိုတာကို ဆက်ဖတ်ကြည့်ရအောင်။ အဲ့လိုမျိုးဖြစ်လာဖို့ဆိုတာမှာလည်း အဓိကအရေးကြီးတဲ့အရာကတော့ ပြောဆိုဆက်ဆံတတ်တဲ့အရည်အချင်းပါပဲ။ စိတ်ပညာရှင်တွေရဲ့ အဆိုအရလည်း လုပ်ငန်းခွင်တွင်းမှာ အလုပ်ကောင်းကောင်းလုပ်ကိုင်နိုင်တဲ့အပြင် ပျော်ရွှင်တဲ့လုပ်ငန်းခွင်တစ်ခုကိုပါ ရရှိနိုင်ပြီးတော့ လူကျန်းမာ စိတ်ချမ်းသာအခြေအနေမျိုးကိုပါ ရရှိနိုင်ပါတယ်ဆိုပြီး ပြောဆိုထားပါတယ်။
(၁) မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ပါ
မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်တယ်ဆိုတဲ့အရာက အပြောတော့လွယ်ပေမယ့် လက်တွေ့မှာတော့ မလွယ်ကူတဲ့အရာမျိုးပါ။ လွယ်မယောင်ခက်၊ တိမ်မယောင်နက်ဆိုတာ ဒီလိုအရာမျိုးပါ။ ယုံကြည်မှုတည်ဆောက်ရာမှာ အဓိက အရေးကြီးဆုံးကတော့ မိမိတန်ဖိုးကိုမိမိမြှင့်တင်ပါ၊ မိမိတန်ဖိုးကို တည်ဆောက်ပါ၊ လေးစားပါ၊ သိရှိပါ။ ဥပမာအားဖြင့် သင်ဟာအလုပ်တစ်ခုကို ပြီးမြောက်အောင် မလုပ်နိုင်ဘူးဆိုရင် ဘယ်လိုပြီးအောင်လုပ်ရမလဲဆိုတာကို သင်ယူလေ့လာပါ။ တစ်ကယ်လို့ အဲ့ဒီအလုပ်ကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီဆိုရင်တော့ သင့်ကိုယ်သင် ချီးကျူးမှုပြုလုပ်ပါ။ ဘယ်သူချီးကျူးကျူးမကျူးကျူး၊ မိမိရဲ့ လုပ်ဆောင်နိုင်စွမ်းကို မိမိကိုယ်ကို အသိအမှတ်ပြုပေးပါ။ အဆိုးမြင်တဲ့အတွေးမျိုး တွေးတာမပြုလုပ်သင့်ပါဘူး၊ ဒီအလုပ်ကို ကံကောင်းပြီး လုပ်နိုင်လိုက်တယ်တို့ အစရှိသဖြင့် အတွေးမျိုးကို မတွေးသင့်ပါဘူး။ မိမိရဲ့ လုပ်ဆောင်နိုင်စွမ်း၊ မိမိရဲ့ တန်ဖိုးကို အမြဲလေးစားမြှင့်တင်ပေးပါ။ အရင်ဆုံးအနေနဲ့ သင့်ကိုယ်သင် ယုံကြည်မှုအပြည့်မရှိသေးချိန်မျိုးမှာတောင် ယုံကြည်မှုရှိသယောင် ဟန်ဆောင်ပေးပါ။ ဥပမာအားဖြင့် သင်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မျက်နှာချင်းဆိုင်ဆုံတွေ့တာမျိုးမှာ အမြဲ အပြုံးနဲ့ဆက်ဆံပါ။ သင့်ကိုယ်သင် ဝတ်စားဆင်ယင်မှုမှာလည်း သင့်တော်တဲ့ ဝတ်စုံများကိုသာဝတ်ဆင်ပါ။ အဲ့ဒီလို အရာသေးသေးလေးတွေဟာ သင့်ကိုယ်သင် ယုံကြည်မှုတည်ဆောက်ရာမှာ ပထမဆုံးခြေလှမ်းတွေပဲဖြစ်ပါတယ်။
(၂) သင့်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို သိရှိပါစေ
မိမိကိုယ်ကို ယုံကြည်မှုရှိအောင်တည်ဆောက်ပြီးတဲ့အချိန်မှာ နောက်ထပ်အရေးကြီးဆုံးအရာတစ်ခုကတော့ သင့်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို သိရှိအောင် ကြိုးစားပါ။ သင်ဘယ်လောက်ထိလုပ်ကိုင်နိုင်လဲ၊ ဘယ်အချိန်အတိုင်းအတာအတွင်းမှာ ဘယ်လောက်အလုပ်ကို ပြီးမြောက်အောင် လုပ်ကိုင်နိုင်သလဲဆိုတာကို အမြဲလေ့လာဆန်းစစ်မှုပြုလုပ်ပြီး သိရှိအောင် ပြုလုပ်ပေးပါ။ အဲ့လိုသိရှိအောင်ပြုလုပ်ပေးခြင်းဟာ ကြုံတွေ့လာရနိုင်တဲ့ စိတ်ဖိစီးမှုတွေ၊ အကျပ်အတည်းတွေကို ရှောင်လွှဲနိုင်စေလို့ပါပဲ။ ဥပမာအားဖြင့် သင်ဟာ သင့်မိသားစုကို အချိန်ပေးရမယ့်အချိန်တွေမှာ အချိန်မပေးပဲနဲ့ ရုံးက ပရောဂျက်အမြောက်အမြားကို တာဝန်ယူပြီး အလုပ်ပြီးချင်စိတ်နဲ့ပဲ လုပ်နေမယ်၊ ဒါမှမဟုတ် ကောင်းမွန်တဲ့ အိပ်စက်ခြင်းမရှိပဲနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ၊ အရေးကြီးတဲ့ အီးမေးလ်တွေကို ပြုလုပ်နေမယ်ဆိုရင်တော့ အဲ့ဒါတွေဟာ ကောင်းကျိုးထက် ဆိုးကျိုးတွေကိုပဲ ဖြစ်လာစေမှာပါ။ သင့်ရဲ့ လုပ်ကိုင်နိုင်စွမ်းကို ယုတ္တိရှိရှိတွေးခေါ်ဆင်ခြင်မှုပြုလုပ်ပါ။ သင့်ရဲ့အကောင်းဆုံးစွမ်းဆောင်နိုင်မှုတွေနဲ့ပဲ သင့်ရဲ့ တက်ကြွပြီးယုံကြည်မှုရှိတဲ့ ပုံသဏ္ဏန်ကို ပြသပေးပါ။ မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်တယ်ဆိုတာဟာ သင့်ရဲ့ ပြည့်စုံနေတဲ့ အရာတွေကိုပဲ အလေးပေးပြီး တည်ဆောက်ရမှာမဟုတ်ပါဘူး။ သင့်ရဲ့ ထူးချွန်တဲ့နယ်ပယ်ကို သိရှိရမှာဖြစ်သလို၊ သင့်ရဲ့ အားနည်းချက်တွေကိုလည်း သိရှိအောင် ဆန်းစစ်ပြီးတော့ အဲ့ဒါတွေကို အားသာချက်ဖြစ်လာအောင် ဘယ်လိုလုပ်မလဲဆိုတာကို သိရှိစေတာကမှ ကောင်းမွန်းတဲ့ နည်းလမ်းဖြစ်ပါတယ်။
(၃) ယုံကြည်မှုရှိတာဟာ ယုံကြည်မှုလွန်ကဲတာမဟုတ်ပါဘူး
မိမိကိုယ်ကို ယုံကြည်မှုရှိရင် လုပ်ငန်းခွင်တွင်းမှာ ပေါင်းသင်းဆက်ဆံရေးကအစ မိမိရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကိုပါ အထောက်အကူပြုနိုင်တယ်ဆိုတာဟာ သိရှိပြီးဖြစ်မှာပါ။ လုပ်ငန်းခွင်အတွင်းမှာ တက်တက်ကြွကြွနဲ့ အမြဲယုံကြည်မှုရှိရှိ လုပ်ဆောင်နေတဲ့ လူတစ်ယောက်ဟာ တစ်ချိန်မှာ မလွဲမသွေ တိုးတက်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။ ယုံကြည်မှုလွန်ကဲပြီး ခပ်ကြွားကြွားပုံစံတွေလုပ်ကိုင်နေတာကိုတော့ ဘယ်သူမှ သဘောကျနှစ်သက်မှာမဟုတ်ပါဘူး။ ဒါ့အပြင် သင့်အနေနဲ့ သင်သဘောမတူတဲ့ အကြံဥာဏ်မျိုးကို တခြားသူက အကြံပေးပြောကြားတာမျိုးပြုလုပ်တာမျိုးကြုံရပြီဆိုရင် သင့်အနေနဲ့ သဘောမတူတာကို သဘောမတူကြောင်း ယဉ်ကျေးစွာ ပြောဆိုသင့်ပါတယ်။ အဲ့လိုပြောမယ့်အစား သူ့အကြံဥာဏ်က အသုံးမဝင်ဘူး၊ အသုံးမကျဘူး အစရှိသဖြင့် ပြောဆိုခြင်းမျိုးဟာ ရိုင်းစိုင်းတဲ့အမူအရာတွေဖြစ်တာကြောင့် ယုံကြည်မှုရှိတဲ့သူတစ်ယောက်ဟာ မိမိမှန်တယ်ထင်တိုင်းလည်း အရာရာကို စိတ်ထဲထင်ရာပြောကြားတာမျိုး မပြုလုပ်သင့်ပါဘူး။ အရေးကြီးတာကတော့ ယုံကြည်မှုရှိပါ၊ ဒါပေမယ့် မြောက်ကြွမြောက်ကြွမဖြစ်ပဲနဲ့ ရိုရိုကျိုးကျိုးပဲ နေသင့်ပါတယ်။
နောက်ထပ်အရေးကြီးတဲ့အရာတစ်ခုကတော့ မိမိကိုယ်ကို စဉ်ဆက်မပြတ်တည်ဆောက်ဖို့ပါပဲ။ ယုံကြည်မှုရှိတာကို အခြေပြုတည်ဆောက်ပြီးတော့ သင့်ရဲ့ တန်ဖိုး၊ သင့်ရဲ့လုပ်ကိုင်နိုင်စွမ်းတွေကို သိရှိနားလည်ရာကနေ သင့်ရဲ့ တိုးတက်ရာတိုးတက်ကြောင်းကို အမြဲတည်ဆောက်နေမယ်ဆိုရင်တော့ သင်ဟာ တစ်နေ့မှာ သင်လိုချင်တဲ့နေရာ၊ သင့်အတွက်ထိုက်တန်တဲ့ အောင်မြင်မှုဆိုတာ ရရှိလာနိုင်မှာဖြစ်ပါတယ်။
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။