by www.jobsinyangon.com
Tags: Knowledge-Career-Success-NewJob-JobsinYangon
သင်ဝင်ရောက်ရမယ့် လုပ်ငန်းခွင်အသစ်မှာအောင်မြင်မှုရရှိစေရန် ဘယ်လိုလုပ်ဆောင်ရမလဲ (အပိုငျး - ၁)
နည်းလမ်း ၁။ ။ စတင်လုပ်ဆောင်တဲ့အချိန်မှာ စွမ်းစွမ်းတမံလုပ်ပါ။
• သင်လုပ်ဆောင်ရမယ့်အခန်းကဏ္ဍကိုသေချာစွာသိရှိနားလည်စေရန်အတွက်ပြုလုပ်ပေးပါ။ ပထမဆုံးသင်ပြုလုပ်ရမယ့် အရေးအကြီးဆုံးအချက်ကတော့ သင်လုပ်ဆောင်ရမယ့်အခန်းကဏ္ဍကို ထောင့် ပေါင်းစုံကနေ နားလည်အောင်ပြုလုပ်ဖို့ပဲဖြစ်ပါတယ်။ ဒီအရာက သင့်အနေနဲ့ ဒီကုမ္ပဏီအတွင်းရှိနေစဉ် ကာလတစ်လျှောက်မှာ ဘာတွေကိုလုပ်ဆောင်ရမလဲဆိုတဲ့ အစီအစဉ်များကို စီမံမှုပြုလုပ်နိုင်စေမှာပဲဖြစ်ပါ တယ်။
သင့်ရဲ့အစီအစဉ်များတွင် သင့်ရဲ့ job description တွင်ပါဝင်တဲ့အရာများတင်မကပဲ သင့်ရဲ့အလုပ်ဟာ အဖွဲ့ အစည်းအတွင်းရှိအခြားသောသူများနဲ့ဘယ်လိုပက်သက်မှုရှိနေသလဲဆိုတာကိုလဲထည့်သွင်းစဉ်းစားထားရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် သင်ပြုလုပ်ပေးတဲ့ လချုပ် report များကို အခြားသောဌာနရှိ team တစ်ခုက အသုံးပြုရချင်ပြုရ နိုင်ပါတယ်။
ထို့ကြောင့် သင့်ရဲ့ vision (မျှော်မှန်းချက်) များဟာ သင်လုပ်ဆောင်ရမယ့်အခန်းကဏ္ဍရဲ့ ကုမ္ပဏီတစ်ခုလုံး အပေါ် အကျိုးသက်ရောက်မှုကိုထည့်သွင်းစဉ်းစားမှုရှိဖို့လိုအပ်ပါလိမ့်မယ်။
• ကြီးမားသောအကျိုးအမြတ်ရရှိနိုင်မယ့်အခွင့်အလမ်းများကိုနားလည်သဘောပေါက်နိုင်စေရန်အတွက် လုပ်ငန်းအကြောင်းကိုသေချာလေ့လာပါ။ ထိုလုပ်ငန်းရဲ့သမိုင်းကြောင်းနဲ့ ၎င်းဟာ ဘာကိုကိုယ်စားပြုနေလဲ ဆိုတာကို နားလည်ဖို့အချိန်ယူကာလေ့လာပါ။
[1]
ကုမ္ပဏီမှဝန်ဆောင်မှုပေးလျက်ရှိတဲ့ ကုန်ပစ္စည်း/ ထုတ်ကုန်များနဲ့ ဝန်ဆောင်မှုများရဲ့အကြောင်းကို အသေး စိတ်သိရှိနားလည်ထားဖို့လိုအပ်ပါလိမ့်မယ်။
လုပ်ငန်းအကြောင်းကိုလေ့လာခြင်းဟာ သင်လုပ်ဆောင်ရမယ့်အခန်းကဏ္ဍဟာကြီးမားသောအကျိုးအမြတ် ရရှိစေနိုင်မယ့်အခွင့်အလမ်းများနဲ့ ဘယ်လိုကိုက်ညီ၊ သင့်လျှော်မှုတွေရှိနေတယ်ဆိုတာကို နားလည်သဘော ပေါက်စေပါလိမ့်မယ်။
• တစ်ဦးချင်းတွေ့ဆုံပြီး အဆက်အသွယ်များပေါများအောင်ပြုလုပ်ရပါမယ်။ အလုပ်သို့ရောက်တဲ့အခါမှာ တစ်နေ ကုန်ဘယ်သူနဲ့မှစကားမပြောပဲ ကိုယ့်အလုပ်သာကိုယ်လုပ်နေလို့ရမှာမဟုတ်ပါဘူး။ [2]
သင့်အနေနဲ့ ကိုယ့်အလုပ်ကို ကိုယ်လုပ်ဖို့ကအရေးကြီးသလိုပဲ သင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးမှုရှိနေစေ ရန်လည်း ပြုလုပ်ပေးသင့်ပါတယ်။
• သင်ဟာ အားကိုးရပြီး အလုပ်ကြိုးစားတဲ့သူတစ်ဦးဖြစ်တယ်ဆိုတာကို ပြသနိုင်ခဲ့ပြီဆိုရင်တော့ သင့်ရဲ့လုပ် ဖော်ကိုင်ဖက်များနဲ့ ပြောဆိုဆက်ဆံမှုများကို လုပ်ငန်းခွင်ပြင်ပတွင်လည်း အချိန်အချို့ယူကာ တွေ့ဆုံပြုလုပ် သင့်ပါတယ်။ နေ့လည်စာအတူစားဖို့ဖိတ်ခေါ်ခြင်း (သို့) အလုပ်အပြီးတွင်တစ်ခုခုသောက်ကြဖို့ဖိတ်ခေါ်ခြင်း တို့ကို ပြုလုပ်ကြည့်သင့်ပါတယ်။ သူတို့နဲ့တစ်ကိုယ်ရေကိစ္စများတွင်ရင်းနှီးမှုရှိနေခြင်းက သူတို့အား သင်ဟာ ဘယ်သူလဲဆိုတာကိုနားလည်သိရှိစေနိုင်ဖို့ အတွက် ပြုလုပ်ပေးနိုင်ပါတယ်။
• အရေးပါတဲ့ရာထူးရှိထားတဲ့သူများနဲ့ ရင်းနှီးမှုတည်ဆောက်ပါ။ လုပ်ငန်းအတွင်း အပြောင်းအလဲများကို ဖြစ်စေနိုင်တဲ့သူများနဲ့ ရင်းနှီးမှုတစ်ခုတည်ဆောက်ထားခြင်းဟာ အဆက်အသွယ်များနဲ့ လုပ်ငန်းဆိုင်ရာ အမြင်တို့ကိုရရှိစေနိုင်မယ့်နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။
[3]
ထိုလုပ်ငန်းတစ်ခုကိုစီမံခန့်ခွဲနေရတဲ့လူများနဲ့ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသူများနဲ့လဲ ရင်းနှီးမှုရှိအောင်ပြုလုပ်ကာ ဒီလုပ်ငန်းတစ်ခု ဘယ်လိုလည်ပတ်သလဲဆိုတာနဲ့ ဘယ်လိုမျိုးဆုံးဖြတ်ချက်တွေကို ချမှတ်ရလဲဆိုတာကို နားလည်အောင်လေ့လာထားရပါမယ်။
သင့်အထက်လူကြီးများက သင့်ထံမှဘာတွေကိုမျှော်လင့်ထားသလဲဆိုတာကို နားလည်အောင်ပြုလုပ်ထား ပါ။ သင့်အထက်လူကြီးများနဲ့ ရင်းနှီးမှုရှိစေရန်ပြုလုပ်ထားခြင်းက အဆက်အသွယ်ကောင်းများရရှိစေရန် အတွက် ကောင်းမွန်သောနည်းလမ်းတစ်ခုဖြစ်သော်လည်း သင့်အနေနဲ့ သူတို့ကသင့်အပေါ်မျှော်လင့်ထားတဲ့ အရာတွေကိုလဲ သိရှိနားလည်မှုရှိအောင်အချိန်အချို့ယူကာလေ့လာထားသင့်ပါတယ်။
• ဒီအရာများတွင် သင့်ရဲ့ job description ပေါ်တွင်ဖော်ပြထားသောအရာများ၊ networking (ပေါင်းသင်း ဆက်ဆံရေးကောင်းမှု) နဲ့ သင့်ရဲ့ အကူအညီပေးလိုစိတ် အစရှိတဲ့ တရားဝင်ထုတ်ဖော်မပြောထားတဲ့ မျှော်လင့်ချက်များလည်းပါဝင်နေနိုင်ပါတယ်။ အကယ်၍ သင့်အနေနဲ့ သင့်ရဲ့အထက်လူကြီးကို သူတို့ရဲ့ ရည်မှန်းချက်များပြည့်မှီမှုရှိစေရန်ကူညီပေးနိုင်ခဲ့ပါက ဒီအရာက သင့်ကို အမှတ်တိုးစေမယ့်အချက်ပဲဖြစ်ပါ တယ်။
• အလုပ်ခွင်အတွင်းသင့်ရဲ့အချိန်များကိုအကောင်းဆုံးအသုံးချနိုင်စေရန်အတွက် မိမိဖက်မှ တက်တက်ကြွကြွနဲ့ စတင်လုပ်ဆောင်တတ်ပါစေ။ သင့်ရဲ့အလုပ်နေရာတစ်ခုမှ အကောင်းဆုံးရလာဒ်များကိုရရှိနိုင်ရန် ရည်မှန်း ချက်ပန်းတိုင်များကိုရောက်ရှိအောင်ဆောင်ရွက်ခြင်းနဲ့ အဆက်အသွယ်ကောင်းများကို မြန်နိုင်သမျှမြန်မြန် ချိတ်ဆက်နိုင်စေရန်အတွက် ဆောင်ရွက်သင့်ပါတယ်။
• သင်လုပ်ငန်းခွင်အသစ်သို့ဝင်ရောက်တဲ့အခါမှာ ကောင်းမွန်တဲ့ထင်မြင်ချက်များကိုရရှိရန်နဲ့ သင့်အနေနဲ့ နောင် လာမယ့်အလုပ်တာဝန်များကို အောင်မြင်စွာလုပ်ကိုင်နိုင်စေဖို့ လိုအပ်တဲ့အရာများအားလုံးကို နားလည်မှုရှိ ရန်လေ့လာဖို့ရက်အနည်းငယ်အချိန်ရှိမှာပါ။
ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Polymer Company Limited
Vision
- To be the leader in the market.
Mission
- We will provide best and services available to make a difference.
- We will inspire lifestyle of people.
- We will treat all individuals (stak...
Show the postings (9)
Myanmar Marketing Research & Development, Ltd. (MMRD)
What we do: We help businesses and organizations to connect with their audience through print and digital directories (yellow pages), and to better understand their environment through Research Servic...
Show the postings (15)
Diebold Nixdorf Myanmar Ltd
With a population of nearly 54 million people, Myanmar has huge growth potential in the banking sector as it expands its services outside of Yangon to more rural areas where it is estimated that more ...
Show the postings (4)
Definity Group of Co.,Ltd