by Admin
Tags: interview reject applicants interview cancelation
အင်တာဗျူးတစ်ခုကို သွားဖြေတာလိုပဲ စိတ်လှုပ်ရှားစရာအရာတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ အင်တာဗျူးကို မလာတော့ဘူးလို့ငြင်းဆန်တာပါပဲ။ နောက်အလုပ်တစ်ခုရလို့ပဲဖြစ်ဖြစ်၊ အဲ့အလုပ်ကို စိတ်မဝင်စားတော့လို့ပဲဖြစ်ဖြစ်၊ မမျှော်လင့်တဲ့အခက်အခဲတချို့ကြောင့်မသွားဖြစ်တော့တာပဲဖြစ်ဖြစ်၊ လက်ရှိ အလုပ်နေရာမှာပဲဆက်နေဖို့ဆုံးဖြတ်လိုက်တာပဲဖြစ်ဖြစ်၊ အင်တာဗျူးအသစ်တစ်ခုကို ငြင်းဆန်တာဟာ ဆုံးဖြတ်ရခက်မယ့်ကိစ္စတစ်ခုဖြစ်မှာပါ။ ဒါပေမယ့် အဲ့ဒီအင်တာဗျူးကိုငြင်းဆန်မယ်ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ ငြင်းဆန်ကြောင်းဆုံးဖြတ်ချက်ကို အလုပ်ရှင်ကိုအသိပေးရပါမယ်။ အချိန်ပိုသိပ်မရှိတတ်တဲ့ အလုပ်ရှင်တွေကို သင့်ရဲ့ဆုံးဖြတ်ချက်ကို အလျင်အမြန်အကြောင်းပြန်ကြားခြင်းဟာ အကောင်းဆုံးလုပ်ရပ်တစ်ခုဖြစ်မှာပါ။
ဒါဆို ကိုယ်မသွားချင်တော့တဲ့ အင်တာဗျူးတစ်ခုကို ယဉ်ကျေးစွာပဲ ဘယ်လိုငြင်းဆန်မလဲဆိုတာကို ဆက်ဖတ်ကြည့်လိုက်ရအောင်။
၂၄ နာရီအတွင်း အကြောင်းပြန်ပေးပါ
သင်ဟာ အလုပ်ရှင်အသစ်ဆီမှာ အင်တာဗျူးဖိတ်ခေါ်စာရရှိလာပါပြီ။ ဒါပေမယ့် သင်အဲ့ဒီအင်တာဗျူးကို ငြင်းဆန်ဖို့ဆုံးဖြတ်လိုက်ပြီဆိုရင် ၂၄ နာရီအတွင်း အကြောင်းပြန်ကြားခြင်းဟာ သင့်အလုပ်ရှင်ရဲ့ အချိန်ကို လေးစားရာရောက်ပါတယ်။ ဒါ့အပြင် အလုပ်ရှင်အနေဖြင့်လည်း အခြားသူအသစ်တွေကို အင်တာဗျူးအတွက် ဆက်လက်ဖိတ်ခေါ်ဖို့အတွက် အချိန်ရရှိမှာဖြစ်ပါတယ်။ သင်ဆုံးဖြတ်ချက်ချပြီးရက်နဲ့ ချက်ချင်း အကြောင်းမပြန်ပဲ နောက်ကျခြင်းဟာ သင့်ရဲ့ဂုဏ်သတင်းအတွက်ကောင်းမွန်မှုတစ်ရပ်မဖြစ်နိုင်သလို တစ်ဖက်သားရဲ့အချိန်ကိုလည်း လေးစားမှုမရှိရာကြမိမှာပါ။
ဖုန်းဖြင့်အကြောင်းကြားပေးပါ။
သင့်အနေနဲ့ ငြင်းဆန်မှုတစ်ခုကို ဖြစ်နိုင်ရင်တော့ စာနဲ့ပဲအကြောင်းပြန်ချင်မှာပါ။ ဒါပေမယ့် ဖုန်းဖြင့် ကိုယ်တိုင်တလေးတစားအကြောင်းပြန်ပေးခြင်းဟာ စာနဲ့အကြောင်းကြားတာထက်ပိုပြီး လေးစားရာကျသလို သင့်ရဲ့အလုပ်တစ်ခုအပေါ် အလေးထားတတ်တဲ့ စိတ်ကိုလည်း ထင်ဟပ်စေမှာပါ။ အီးမေးလ်ဖြင့် အကြောင်းကြားခြင်းဟာလည်း သင့်တော်တဲ့ရွေးချယ်မှုတစ်ခုဖြစ်စေနိုင်ပေမယ့် သင့်အလုပ်ရှင်အနေနဲ့ အီးမေးလ်သစ်မြောက်မြားစွာထဲက သင့်ရဲ့အီးမေးလ်ကို အချိန်ခဏအတွင်း သတိထားဖတ်မိစေနိုင်ဖို့ဟာ မလွယ်ကူနိုင်ပါဘူး။ အင်တာဗျူးကို ငြင်းဆန်တာမျိုးမဟုတ်ပဲ အင်တာဗျူးအချိန်ကိုရွှေ့ပြောင်းချင်ရင်တော့ ဖုန်းဖြင့်ပြောဆိုခြင်းဟာ အကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဖုန်းဖြင့်အကြောင်းကြားဖို့ကြိုးစားပေမယ့် တစ်ဖက်က ဖုန်းမကိုင်ခဲ့တာမျိုးဖြစ်ခဲ့ရင်တောင် သင့်အနေနဲ့ အီးမေးလ်ပို့ကာ သင့်အီးမေးလ်ထဲမှာ သင်ဖုန်းခေါ်အကြောင်းကြားမှုကို ဖော်ပြတာမျိုးပြုလုပ်နိုင်မှာပါ။
တောင်းပန်မှုပြုပေးပါ။
Is is too late to say sorry? Justin Bieber အတွက်တော့ အဲ့လိုဖြစ်ချင်ဖြစ်ပါမယ်။ သင်ဟာ Justin Bieber မဟုတ်တဲ့အတွက် တောင်းပန်တာကို နောက်ကျတယ်မထင်ပါနဲ့။
တကယ်တော့ အင်တာဗျူးတစ်ခုကို ငြင်းဆန်တယ်ဆိုတာ တလေးတစားနဲ့ အကြောင်းပြန်သင့်တဲ့ အရာမျိုးဖြစ်ပါတယ်။ သင့်ရဲ့အမှားကြောင့်မဟုတ်တောင် အဆင်မပြေမှုတွေအတွက် ငြင်းဆန်ရခြင်းကို တောင်းပန်ဖို့အတွက် စီစဉ်သင့်ပါတယ်။ ဥပမာအားဖြင့် သင်စီးလာတဲ့ ကားပျက်သွားတာမျိုးကြောင့် သင့်အနေနဲ့ အင်တာဗျူးကို အချိန်မှီမရောက်တာမျိုးဖြစ်ရင်တောင် သင့်အနေနဲ့ စီးလာတဲ့ကားဆရာကို အပြစ်တင်တာမျိုးထက်စာရင် သင့်ကိုယ်သင် နှိမ့်ချရိုကျိုးတဲ့သဘောမျိုးဖြင့် သင့်ရဲ့အဆင်မပြေမှုအတွက် ယဉ်ယဉ်ကျေးကျေးတောင်းပန်မှုပြုသင့်ပါတယ်။ ဒါ့အပြင် သင်ကို အင်တာဗျူးဖိတ်ခေါ်ပေးတဲ့ အလုပ်ရှင်ကို ကျေးဇူးတင်ကြောင်းပြောသင့်ပါတယ်။
အကြောင်းပြချက်ကောင်းကောင်းပေးပါ။
အင်တာဗျူးတစ်ခုကို ငြင်းဆန်ပြီဆိုရင်တော့ အကြောင်းပြချက်တစ်ခုခုပေးရမှာ အသေအချာပါပဲ။ ရိုးသားမှုဟာအရေးကြီးဆုံးအရာတစ်ခုဖြစ်ပေမယ့်လည်း အလွန်ရိုးသားခြင်းမျိုးဖြင့် သင့်အကြောင်းပြချက်ကို အသေးစိတ်ပြောပြတာမျိုးတော့ မပြုလုပ်သင့်ပါဘူး။ ဥပမာအားဖြင့် သင့်အနေနဲ့ နောက်အလုပ်သစ်တစ်ခု ရသွားလို့ ဒီအင်တာဗျူးကို မလာတော့ဘူးလို့ငြင်းဆန်ချင်တောင် သင့်ရဲ့အကြောင်းပြချက်အမှန်ကို ပြောပြခြင်းဟာ တစ်ခါတစ်လေမှာ မလိုအပ်တဲ့တင်းမာမှုမျိုး အထင်မှားမှုမျိုးကို ဦးတည်သွားတတ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အကြောင်းပြချက်ကို သေချာစဉ်းစားကာပြောသင့်ပါတယ်။
Follow-up ပြုလုပ်ပေးပါ။
ကျွန်တော်တို့ဟာ ပုံမှန်အားဖြင့် အင်တာဗျူးတစ်ခုဖြေပြီးရင် Follow-up ပြုလေ့ရှိပါတယ်။ အဲ့လိုမျိုးပဲ အင်တာဗျူးတစ်ခုကိုငြင်းဆန်တာမျိုး၊ အင်တာဗျူးကို အချိန်ပြောင်းလဲဖို့တောင်းဆိုတာမျိုးအတွက်လည်း နောက်ဆက်တွဲ အီးမေးလ်မျိုးပို့တာမျိုးပဲဖြစ်ဖြစ်၊ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခြင်းမျိုးဖြစ်ဖြစ် ပြုလုပ်ပေးသင့်ပါတယ်။ သင့်ရဲ့ငြင်းဆန်မှု၊ သို့မဟုတ်၊ အချိန်ပြောင်းလဲဖို့တောင်းဆိုခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အချိန်အခက်အခဲမျိုး၊ တစ်စုံတစ်ရာအခက်အခဲမျိုးဖြစ်ပေါ်စေမိရင် တောင်းပန်ကြောင်း ဖော်ပြပေးနိုင်ပါတယ်။ ယခုလိုပြုလုပ်ခြင်းအားဖြင့် သင့်ရဲ့ တစ်စုံတစ်ဦးအပေါ် တလေးတစား အလေးထားမှုကို ပြသရာရောက်သလို၊ သင့်ရဲ့ စိတ်ပါဝင်စားမှုကိုလည်း ပြသနိုင်ကာ အနာဂတ်ဆက်ဆံရေးအတွက် ကောင်းမွန်တဲ့ အပြုအမူ တစ်ရပ်ဖြစ်နိုင်ပါတယ်။
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.