Jobs In Myanmar
Load...

How to Choose a Career When You're Interested in Everything

by www.jobsinyangon.com


Tags: Employee-Knowledge-Career-Choices-JobsinYangon



သင်ဟာ များစွာသောအရာများတွင်စိတ်ဝင်စားမှုရှိနေပါက သက်မွေးဝမ်းကျောင်:လုပ်ငန်းတစ်ခုကို ဘယ်လိုရွေး ချယ်နိုင်မလဲ

.

များစွာသောလူငယ်တွေအဖို့ အလုပ်ခွင်သို့ဝင်ရောက်ခြင်းဟာ တုန်လှုပ်ဖွယ်ကောင်းနိုင်ပါတယ်။ သင့်ရဲ့ ဘဝတစ်လျှောက်တွင် သင့်ကို ဘက်စုံထူးချွန်တဲ့သူတစ်ယောက်ဖြစ်လာဖို့ အရေးကြီးတယ်ဆိုတာကို ပြောဆိုခြင်းခံခဲ့ရပါတယ်။ ဒါ့ကြောင့်သင်ဟာမတူကွဲပြားသော လုပ်ဆောင်မှု/ လှုပ်ရှားမှု (Activity) များ၊ များစွာသောဘာသာရပ်များကိုသင်ယူခြင်းများနဲ့ ကျယ်ပြန့်များပြားသည့် စိတ်ဝင်စားသောကဏ္ဍများကို စမ်းသပ်လုပ်ဆောင်ခဲ့ပါတယ်။ ထို့နောက် သင်ဟာ အသက်မွေးဝမ်းကျောင်းမှုလမ်းကြောင်းတစ်ခုကို ရွေးကိုရွေးချယ်ရပါတော့မယ်။ ရုတ်ချည်းဆိုသလို သင်ဟာ၊ သင့်ရဲ့ နည်းပညာအပေါ် (သို့) အနုပညာ၊ နိုင်ငံရေး ဒါမှမဟုတ် ဟင်းချက်ခြင်းတို့ကို နှစ်သက်မှုများအကြား ရွေးချယ်မှုပြုရတော့မယ်လို့ ခံစားလာ ရနိုင်ပါတယ်။ ဘယ်အရာကတော့ဖြင့် သင့်ရဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်ဖြစ်လာပြီး ဘယ်အရာ ကတော့ဖြင့် အားလပ်ရပ်တွင် စိတ်အပန်းဖြေပြုလုပ်ရန် ဝါသနာတစ်ခုဖြစ်လာမည်ဆိုသည်ကို သင်ဟာ ရွေးချယ်မှုတစ်ခု လုပ်ကိုလုပ်ရပါတော့မယ် (သို့) သင်လုပ်ခဲ့ပြီးပြီလား။ 

အချို့သော စိတ်ဝင်စားမှုတွေကို အခြားသောအရာများထက် ဦးစားပေးလိုက်ရမှာဖြစ်တဲ့အတွက် ခက်ခဲသော ဆုံးဖြတ်ချက်များရှိလာနိုင်ပါတယ်။ သို့သော် သင်ဟာ ဆုံးဖြတ်ချက်များကို ပါးပါးနပ်နပ်ပြုလုပ်ခဲ့ပါက သင့်ကို မွန်းကြပ်စေမည့် သေတ္တာတစ်လုံးထဲထည့်ပိတ်ထားသကဲ့သို့ခံစားရစေမည့် သက်မွေး မှုလမ်းကြောင်း (career path) မျိုးမဟုတ်ပဲ လွယ်ကူစွာညှိယူနိုင်မည့် သက်မွေးမှုလမ်းကြောင်းကို ရှာတွေ့ရန်ဖြစ်နိုင်ပါသည်။ သင့်အနေနဲ့ လုပ်ဆောင်ရမှာကတော့ အချိန်အနည်းငယ်ယူပြီး သင်လုပ်နိုင်မယ့် နည်းလမ်းများ/ လမ်းကြောင်းများကို ရှာဖွေ ဖော်ထုတ်ရုံပါပဲ။ 

ဒီအရာတွေကတော့ သင်ဟာ တစ်ခုထက်ပိုတဲ့အရာတွေအပေါ်မှာ စိတ်ဝင်စားမှုရှိနေပါက သက်မွေးဝမ်း ကျောင်းလုပ်ငန်းတစ်ခုကို မည်သို့ရွေးချယ်ရမလဲဆိုတဲ့ အချက်များဖြစ်ပါတယ်။ 

လူတို့ဟာ နေ့စဉ်အလုပ်သွားရတဲ့အခါ သူတို့ဝါသနာပါတဲ့အရာများကိုသာလုပ်ဆောင်ရတဲ့အခါမှာ ပိုမို၍ ပျော်ရွှင်ကြပါတယ်။ သင်ဝါသနာပါတဲ့/ နှစ်သက်တဲ့ အရာဟာ ဘာလဲဆိုတာကိုသိရှိနိုင်ဖို့ကြိုးစားခြင်းမှာ ထိရောက်သောနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ထိုသို့လုပ်ဆောင်ရန်အတွက် ပထမဆုံးအဆင့်မှာ ပျင်းရိ ဖွယ်ကောင်းသောအလုပ်တစ်ခုကို သင့်အနေနဲ့သည်းညဉ်းခံနိုင်အောင် မည်သည့်အရာကပြုလုပ်ပေးနိုင် သလဲဆိုတာကို တွေးတောဖို့ဖြစ်ပါတယ်။ 

ဥပမာ - သင်ဟာ တစ်နေ့လုံးသန့်ရှင်းရေးပြုလုပ်ရခြင်းနဲ့အချိန်ကုန်ရမယ်လို့တွေးကြည့်ပါ။ ထိုအရာကို အဖွဲ့လိုက် လုပ်ဆောင်နိုင်ပါကသက်တောင့်သက်သာမရှိမှုကိုအနည်းငယ်လျှော့ချပေးနိုင်မယ်လို့ယူဆရပါသလား? ဒါမှမဟုတ် အကယ်၍သန့်ရှင်းရေးပြုလုပ်ရန် သင်လိုအပ်တဲ့ပစ္စည်းများကို စကားထာများကိုဖြေကြားပြီးမှ သိနိုင် မယ်ဆိုလျှင်ရော? ထိုမေးခွန်းများ အပေါ် သင့်ရဲ့အဖြေများက သက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုအပေါ်တွင် သင်လိုအပ်သည့် အဓိက အရာများကို သိရှိနိုင်စေရန် ကူညီပေးနိုင်ပါသည်။ 

သင့်ကိုမည်သည့်အရာက စိတ်အားတက်ကြွမှုဖြစ်စေသည်ကို ပိုမိုသိရှိစေရန်အတွက် အွန်လိုင်းပေါ်မှ တစ်ကိုယ်ရေ အမူအကျင့်များကို အကဲဖြတ်ပေးနိုင်သည့်စမ်းသပ်ချက် (personality assessments) သို့မဟုတ် သက်မွေးဝမ်း ကျောင်းလုပ်ငန်းရှာဖွေဖော်ထုတ်ရေး (career exploration) apps များကိုအသုံး ပြုရန်ကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါသည်။ သင့်အကြောင်းကို သူတို့မှဖော်ပြပေးတဲ့အချက်များနဲ့ သင့်ရဲ့ရွေးချယ်စဉ်းစားရန်အရာများကို ဘယ်လိုမျိုးတွေချုံ့ပေးနိုင်သလဲဆိုတာကို သင်အံ့အားသင့်သွား ပါလိမ့်မယ်။ 

 

သင်စိတ်ဝင်စားတဲ့လုပ်ငန်းနယ်ပယ်ကိုရှာဖွေလိုက်ပါ 

အချို့သောအလုပ်များကိုရရှိရန်အတွက် သင့်ရဲ့ပညာရေးကပိုမိုလွယ်ကူစေ (သို့) ပိုမိုခက်ခဲစေပါလိမ့်မယ် ဒါပေမယ့် ဒီအရာကသင်လုပ်နိုင်တဲ့ လုပ်ငန်းနယ်ပယ် (Industry) တွေကို လုံးဝကန့်သတ်လိုက်တာတော့ မဟုတ်ပါဘူး။  သင်ဟာ အကယ်၍ ဇီဝဗေဒ (Biology) နဲ့ ဘွဲ့ရခဲ့တယ်ဆိုပါက ထိုအရာက ဆေးပညာနဲ့ သိပ္ပံပညာ နယ်ပယ်များတွင်သာအလုပ်လုပ်ရမယ်လို့ သင့်ကိုကန့်သတ်ထားတာမဟုတ်ပါဘူး။ အကယ်၍သင်ဟာ ကွန်ပြူ တာ Programming သင်တန်းများကိုတက်ရောက်ထားပါကလည်း ထိုအရာက သင်ဟာ နည်းပညာလုပ်ငန်း နယ်ပယ် (Tech Industry) တွင်သာ အလုပ်လုပ်ရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ 

များစွာသော သင့်ရဲ့ကျွမ်းကျင်မှများကို လုပ်ငန်းနယ်ပယ်တစ်ခုမှ နောက်တစ်ခုဆီသို့သယ်သွားလို့/ ကူးပြောင်းလို့ ရနိုင်ပါတယ်။ လေ့လာရှာဖွေရေးကျွမ်းကျင်မှု (research skill) များဟာ ဈေးကွက်ရှာဖွေရေး (Marketing)၊ အများပြည်သူနှင့် ဆက်ဆံရေး (PR) မှ ကျန်းမာရေးဝန်ဆောင်မှ (Healthcare) နှင့် နည်းပညာနယ်ပယ် (IT) တို့ ကဲ့သို့သော များစွာသော လုပ်ငန်းနယ်ပယ်များတွင်လိုအပ်သည့် အရေးအကြီးဆုံး ထိပ်ဆုံး ကျွမ်းကျင်မှု (၁၀)ခု ထဲမှ တစ်ခုအဖြစ်ရပ်တည်နေပါတယ်။ 

များစွာသော လုပ်ငန်းနယ်ပယ်များကိုလေ့လာကြည့်ရှုပြီး ဘယ်လိုကျွမ်းကျင်မှုများဟာ ထိုနယ်ပယ်များတွင် အ ရေးပါနေသလဲဆိုတာကိုရှာဖွေဖော်ထုတ်ပါ။ ကန့်သတ်မှုဘောင်ရဲ့ပြင်ပမှတွေးခေါ်ပြီး သင့်ရဲ့ တစ်မူထူးခြားတဲ့ အတွေ့အကြုံဟာ ထိုလုပ်ငန်းနယ်ပယ်အတွက် ဘယ်လိုအရာတွေကိုဆောင်ကြဉ်းပေးနိုင်မလဲဆိုတာကို စဉ်းစား ပါ။ ဥပမာ - သင်ဟာ သီချင်းနားထောင်ရသည်ကိုနှစ်သက်သူတစ်ဦးဖြစ်ပေမယ့် အသံအနိမ့်အမြင့်များ (Tone/ Note) များကို ခွဲခြားမှုမပြုနိုင်သူတစ်ဦးဖြစ်နေပြီး ဂစ်တာတီးခြင်းအစား website ဒီဇိုင်းရေးဆွဲခြင်း(web design) ကိုသင်ယူခဲ့သည်ဆိုပါစို့။ သင့်ရဲ့သီချင်းတွေအပေါ်စိတ်ဝင်စားမှုကိုဖက်တွယ်ပြီး သင့်ရဲ့ကျွမ်းကျင်မှုများကို တီးဝိုင်း အဖွဲ့များနဲ့ တေးသံသွင်းများရဲ့ website များကို ဒီဇိုင်းရေးဆွဲပေးဖို့လုပ်ဆောင်နိုင်ပါတယ်။ 

 

ပူးပေါင်းဆောင်ရွက်မှုကိုအားပေးတဲ့ အဖွဲ့အစည်းများကိုရှာဖွေပါ။ 

သင်ဘယ်လို သက်မွေးဝမ်းကျောင်းလုပ်ငန်းကိုပဲရွေးချယ်ပါစေ ဖြစ်နိုင်တာကတော့ ထိုသက်မွေးဝမ်းကျောင်းမှုရဲ့ တာဝန်ဝတ္တရားများဟာ သင့်ရဲ့စိတ်ဝင်စားမှုအားလုံးနဲ့တော့ ကိုက်ညီမှုရှိနေမှာမဟုတ်နိုင်ပါဘူး။ ဒါဟာ ဘဝရဲ့ သဘောတရားတစ်ခုပါပဲ။ ဒါပေမယ့်ဒီအရာက သင်ဟာတံခါးပိတ်ပြီး အခြားသောနယ်ပယ်မှလူများနဲ့ ဘယ်တော့ မှ ပြောဆိုဆက်ဆံမှုမပြုလုပ်ပဲနေရတော့မယ်လို့တော့ ဆိုလိုတာမဟုတ်ပါဘူး။ 

ဌာနများပူးပေါင်းကာလုပ်ဆောင်ရမယ့် လုပ်ငန်းပရောဂျက်များနှင့် ပူးပေါင်းလုပ်ဆောင်မှုများကို အားပေးတဲ့ အဖွဲ့ အစည်းဟာ သင့်ကို သင့်အလုပ်ရဲ့တစ်စိတ်တစ်ပိုင်းမဟုတ်တဲ့ အခြားသောအရာများနှင့်လည်း ထိတွေ့မှုရှိစေနိုင်ဖို့ အတွက် ဖြစ်လာနိုင်စေမှာဖြစ်ပါတယ်။ ဥပမာ - သင့်ရဲ့အလုပ်ဟာ အရောင်းပိုင်း (sales) မှဖြစ်သော်လည်း သင်ဟာ ဈေးကွက်ရှာဖွေရေး (marketing) နှင့် ဒီဇိုင်းပိုင်းမှအဖွဲ့ဝင်များနဲ့အတူ သင့်ရဲ့ထုတ်ကုန်များအတွက် ကြော်ငြာများဖန်တီးပြုလုပ်ရာမှာ အတူတူလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါမှမဟုတ် programmer များနှင့်အတူ website အတွက် ဝယ်ယူနိုင်မည့်စာမျက်နှာအသစ်ကို ဖန်တီးပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 

အမှန်တကယ်ပူးပေါင်းဆောင်ရွက်မှုရှိသောအဖွဲ့အစည်းများဟာ သင့်ရဲ့လုပ်ငန်းတာဝန်တွင် လိုအပ်သလိုပြောင်း လဲလုပ်ဆောင်နိုင်သည့်စွမ်းရည်ကိုရရှိလာစေမှာဖြစ်ပါတယ်။ သင့်ထံတွင် သတ်မှတ်ထားတဲ့ ဝတ္တရားများရှိနေ မည်ဖြစ်သော်လည်း များစွာသော ဆက်စပ်နေသည့်လှုပ်ရှားမှု/ လုပ်ဆောင်မှုများတွင်လည်း ပါဝင်ဆောင်ရွက်နိုင် ရန်အခွင့်အလမ်းများကို သင်ရရှိနေမှာဖြစ်ပါတယ်။ 

သင်ဘယ်ကုမ္ပဏီမှာလုပ်လိုသလဲဆိုတာကို စဉ်းစားနေစဉ်တွင် လက်ရှိအလုပ်လုပ်နေသောဝန်ထမ်းများကိုဆက် သွယ်ပြီး အသင်းအဖွဲ့လိုက်လုပ်ဆောင်မှု (teamwork) ကို ရုံးတွင်ဘယ်လိုမျိုးအမှန်တစ်ကယ်ကျင့်သုံးနေလဲဆို တာကို မေးမြန်းကြည့်ပါ။ လုပ်ငန်းစဉ်တစ်ခုအား ဝန်ထမ်းများအနေဖြင့် မတူကွဲပြားသောရှုထောင့်များမှ တွေ့မြင် ရနိုင်စေရန်အတွက် ပါဝင်ဆောင်ရွက်နိုင်ရန် ဘယ်လိုမျိုး ဌာနများပူးပေါင်းလုပ်ဆောင်ရသည့် ပရောဂျက် (cross-departmental project) များကို တည်ဆောက်ထားသလဲဆိုတာကိုရှာဖွေဖော်ထုတ်ပါ။  

 

သက်မွေးဝမ်းကျောင်းမှုလုပ်ငန်းတွင်တိုးတက်မှုရှိစေမည့်အဖွဲ့အစည်းများအပေါ်တွင်အာရုံစိုက်ပါ

များစွာသောအရာများတွင်စိတ်ဝင်စားမှုရှိသောလူတစ်ဦးအနေနဲ့ ဖြစ်နိုင်တာကတော့ သင်ဟာ အကြောင်းအရာ အသစ်များ၊ ကျွမ်းကျင်မှုအသစ်များကို စဉ်ဆက်မပြတ်တွေ့ကြုံနေရမှုမရှိနေပါက စိတ်ကျေနပ်မှုကိုရရှိနိုင်မှာ မဟုတ်ပါဘူး။ ဒီအချက်ကသက်မွေးဝမ်းကျောင်းလုပ်ငန်းကိုတိုးတက်မှုရှိစေတဲ့အဖွဲ့အစည်းများကို သင်လိုအပ် တယ်ဆိုတာကိုဖော်ပြနေပါတယ်။ 

နောက်တစ်ခုကတော့ လက်ရှိတွင် အလုပ်တစ်ခုဟာ အလွန်သင့်လျှော်မှုရှိနေတယ်လို့ထင်မြင်ရသော်လည်း နောင် တစ်ချိန်တွင်လည်း ဆက်ပြီးသင့်လျှော်နေဦးမှာတော့မဟုတ်ပါဘူး။ ရေရှည်တွင်သင်ပျော်ရွှင်မှုရရှိနိုင်ရန်မှာ မည်မျှ အထိ သင့်ရဲ့စူးစမ်းလိုစိတ်ကို အဖွဲ့အစည်းတစ်ခုက အထောက်အပံ့ပေးနိုင်မလဲဆိုတာက ကွဲပြားမှုများကိုဖြစ်ပေါ် စေမှာဖြစ်ပါတယ်။ 
အလုပ်ခေါ်ယူမှုအခွင့်အလမ်းများကို လေ့လာရှာဖွေနေဆဲအချိန်တွင် ကုမ္ပဏီတစ်ခုဟာ သင်ကြားမှုတွေနဲ့ ဖွံ့ဖြိုး တိုးတက်စေမှုတွေအပေါ်ဘယ်လိုသဘောထားတယ်ဆိုတာကိုရှာဖွေဖော်ထုတ်ရမှာဖြစ်ပါတယ်။ 

သူတို့ဟာ ဝန်ထမ်းအားလုံးကို တူညီတဲ့ အထွေထွေသင်ကြားမှုများကိုသာပြုလုပ်စေပြီး တာဝန်များကိုခွဲဝေပေးမှု များကိုကျက်မှတ်စေသည်လား။ ဒါမှမဟုတ် သူတို့ဟာ ဝန်ထမ်းများကို  သူတို့သင်ယူလိုတဲ့အရာတွေကိုရွေးချယ် စေပြီး သူတို့ရဲ့လက်ရှိအလုပ်ရာထူးနဲ့မသက်ဆိုင်တဲ့ ကျွမ်းကျင်မှုများနဲ့ တာဝန်ဝတ္တရားတွေကိုရှာဖွေဖော်ထုတ်ရန် ခွင့်ပြုထားပါသလား။ အကယ်၍ သင့်ရဲ့များစွာသောစိတ်ဝင်စားမှုများကို ဆက်လက်ပြီးလုပ်ဆောင်နိုင်ရန် အခွင့် အရေးမရနိုင်ဘူးလို့သင်ခံစားရပါက ဖြစ်နိုင်တာကတော့ ထိုနေရာကသင့်အတွက် သင့်လျှော်တဲ့နေရာမဟုတ်ပါ ဘူး။ 

 

သင်ရွေးချယ်နိုင်သည့်လမ်းကြောင်းများကို အချိန်ပေးစဉ်းစားပါ

အရာအားလုံးကိုလုပ်တတ်တဲ့သူတစ်ဦးဖြစ်နေခြင်းဟာ မကောင်းတဲ့အရာတော့မဟုတ်ပါဘူး။  ဒါပေမယ့်ထိုအရာ က မှန်ကန်တဲ့သက်မွေးဝမ်းကျောင်းမှုလမ်းကြောင်းကိုသတ်မှတ်ရွေးချယ်ရာတွင်ခက်ခဲစေပါတယ်။ သင့်ရဲ့ရွေး ချယ်နိုင်တဲ့လမ်းကြောင်းများကို အချိန်ယူပြီးကြည့်ရှုနေသရွေ့ သင့်ရဲ့ သက်မွေးဝမ်းကျောင်းမှုတစ်လျှောက်လုံး/ ဘဝတစ်လျှောက်လုံးကို အလုပ်တာဝန်တစ်ခုတည်းကိုသာလုပ်ဆောင်ရမည်ထက် သင့်ရဲ့လိုလားချက်တွေနဲ့ ကိုက်ညီတဲ့ ဘက်စုံလုပ်ကိုင်ရသော သက်မွေးဝမ်းကျောင်းအလုပ်/ လုပ်ငန်းတစ်ခုကိုရှာဖွေတွေ့ရှိမှာဖြစ်ပါတယ်။ 


ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


La Pyae Wun Co.,Ltd

La Pyae Wun Co.,Ltd

Our company vision is to develop our work efforts in real estate managements and construction. In which we solely believe that the key to success is having a goal and effectively working everyday to r...
Show the postings (11)
United Paints Group (UPG) Co., Ltd.

United Paints Group (UPG) Co., Ltd.

United Paints Group Co.,Ltd. သည် ဝန်ထမ်းများအပေါ် - > ရသင့်ရထိုက်သော ခံစားခွင့်များ၊ ရပိုင်ခ...
Show the postings (12)
Trust Venture Partners Co., Ltd

Trust Venture Partners Co., Ltd

To contribute to the development of the Myanmar economy by helping Myanmar companies access the capital markets to achieve their growth objectives To provide one-stop service to international compani...
Show the postings (46)
ACECOOK MYANMAR CO.,LTD.

ACECOOK MYANMAR CO.,LTD.

HANA အသင့်စားရှမ်းခေါက်ဆွဲဟာ ဆီဖြင့်ကြော်ထားခြင်းမဟုတ်သော Non-Fried ဆန်ခေါက်ဆ...
Show the postings (13)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS