by Admin
ချိတ်ဆွဲရန်စာတန်း: talents career job description hiring process candidate work
၁. Job Title : Job Title ကို ဖော်ပြတဲ့အခါ specific ဖြစ်ရမယ်။ တိတိကျကျသတ်သတ်မှတ်မှတ်ဖြစ်ရမယ်။ ဥပမာ - Shipping Service, Junior Supervisor စသဖြင့် မဖော်ပြပဲ ပိုပြီးတိကျတဲ့အသုံးအနှုန်းကို သုံးရင် ပိုပြီးကောင်းမွန်ပါတယ်။ Job Title ကို ဖော်ပြတဲ့အခါ ရှင်းလင်းတိကျဖို့လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဝန်ထမ်းခေါ်ယူတဲ့အခါ မိမိလိုအပ်နေတဲ့ ရာထူးနဲ့ ကိုက်ညီတဲ့ ဝန်ထမ်းကို ရအောင် ရှာနေလို့ပါ။ အဲ့ဒါမို့ Job Title ကို အလုပ်ရှာဖွေသူတွေ နားလည်အောင် အလုပ်အမျိုးအစားကို ရှာဖွေတဲ့အခါ တွေ့ရလွယ်အောင် ရှင်းရှင်းလင်း တိတိကျကျဖော်ပြပြီး ဖန်တီးသင့်ပါတယ်။
၂။ Organization and Culture ဖြစ်ပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ အလုပ်ရှာဖွေသူတွေကို မိမိရဲ့ ကုမ္ပဏီအကြောင်းကို ဖော်ပြရမှာပါ။ လူကြီးမင်းရဲ့ ကုမ္ပဏီက ဘာတွေလုပ်တယ်။ ဘာကြောင့် မိမိကုမ္ပဏီနဲ့ လက်တွဲလုပ်သင့်တယ်။ မိမိကုမ္ပဏီရဲ့ အားသာချက်တွေ၊ mission တွေ၊ မိမိရဲ့ ကုမ္ပဏီ logo တွေ စတာတွေကို ဖော်ပြရမှာပါ။ ( ဒီနေရာမှာ ညိုလဲ့ပြောချင်တာက ဥပမာ ညိုလဲ့တို့ရဲ့ www.jobsinyangon.com ဆို မိမိ product နဲ့ ပက်သက်တဲ့ပုံ၊ မိမိရဲ့ working environment ) စတာတွေကို ဖော်ပြလို့ရပါတယ်။ ဒါတွေကလည်း candidate တွေ မိမိ organization နဲ့ အလုပ်လုပ်ချင်လာအောင် ဆွဲဆောင်ခြင်းတစ်မျိုးဖြစ်ပါတယ်။
၃. Hiring Department ပါ။ Smart ဖြစ်တဲ့ အလုပ်ရှာဖွေတဲ့သူတွေက ဘယ် Department အတွက် အလုပ်ခေါ်နေတာလဲဆိုတာကို တိတိကျကျသိချင်ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့က အလုပ်လျှောက်တဲ့အခါမှာ သူတို့က ဘာလို့ အခုခေါ်ယူနေတဲ့ ရာထူးနဲ့ ဘာလို့ သင့်လျောလဲဆိုတာကို Cover Letter မှာ recruiter တွေ tailor လုပ်လို့ရအောင် ဖော်ပြပေးထားကြလို့ပါ။ Hiring Department ကို ဖော်ပြတာက application process အတွက်ရော သူတို့က ဒီရာထူနဲ့ သင့်လျောမှုရှိရဲ့လားဆိုတာကို ဖော်ပြတဲ့အခါမှာ အဆင်ပြေစေပါတယ်။ အဲ့ဒါမို့ Hiring Department ကို ဖော်ပြပါလို့ညိုလဲ့က ပြောပြချင်ပါတယ်။
၎. Reporting Structure : အလုပ်လျှောက်တဲ့သူတွေကို Report လုပ်ရမယ့်သူက ဘယ်သူ့ကိုဆိုတာ သိအောင် ဖော်ပြပေးပါ။ ဥပမာ Sales Manager ကို ခေါ်တယ်ဆိုရင် သူက ဘယ်နှယောက်ကို supervise လုပ်ရပြီး Sales Director ကို Report လုပ်ရမယ်။ စသဖြင့် ဖော်ပြပေးပါ။
၅။ Summary of the Position ပါ။ ဒါက Job Description ရဲ့ အဓီကကျတဲ့အရာပါ။ ဝါကျ အနည်းငယ်နဲ့ ဖော်ပြလို့ရပါတယ်။ ဘယ်လိုလည်းဆိုတော့ Responsibility ရဲ့ ကျယ်ပြန့်မှု ၊ Organization အတွင်းမှာ ဘယ်လို function နဲ့ role ကို လုပ်ရမှာလဲ၊ ဒီ position ရဲ့ long term and immediate objective တွေကို ဖော်ပြရမယ်။ ဥပမာအနေနဲ့ဆိုရင် immediate challenge တွေကို ဘယ်လိုလုပ်ရမည်။ Continious Growth အတွက် လုပ်ရမယ်။ Profit ကို Contribute လုပ်ရမယ် စသဖြင့် ဖော်ပြပေးရမယ်။ အောင်မြင်မှုရရှိဖို့အတွက် Job Responsibilites တွေနဲ့ Criteria တွေကို ရှင်းရှင်းလင်းလင်း အလုပ်ရှာဖွေသူတွေနားလည်အောင်လုပ်ရမှာဖြစ်ပါတယ်။
နံပါတယ် ၆ အနေနဲ့က Key Duties ပါ။ Key Duties ကိုဖော်ပြတဲ့အခါမှာလည်း အလုပ်ရှာဖွေသူတွေ Future မှာ ဘယ်လိုရှေ့ဆက်လုပ်ရမယ်ဆိုတာကို ပုံဖော်နိုင်အောင်ဖော်ပြပါ။ Duty တစ်ခုစီမှာ သုံးရမည့် အချိန်ကိုလည်း ဖော်ပြပါ။ ဥပမာဆိုရင် ဘယ် duty မှာ ၃၀% စသဖြင့်ဖော်ပြပါ။ နောက်ပြီး Daily, Weekly တာဝန်ထမ်းဆောင်ရမည့် အရာတွေကို ဖော်ပြပါ။ ဥပမာ Sales Manager တစ်ယောက်အတွက် Key Duties ကို ထည့်မယ်ဆိုပါတော့။ Sales Target တွေကို မှီအောင်ပြုလုပ်ရမှာ။ Sales Manager က တစ်ယောက်တည်း လုပ်ဖို့မဖြစ်သလို organization အတွက် Goal ရောက်အောင်ပြုလုပ်ရမှာဖြစ်တဲ့အတွက် sales team ကို support လုပ်ရမှာ၊ target တွေကို set up လုပ်ရမှာ၊ team ကို motivation ဖြစ်အောင်လုပ်ရမှာ၊ ပြီးတော့ sales management အတွက် strategic တွေကို invent လုပ်ရမှာတို့ implement လုပ်ရမှာတို့ စတာတွေကို ဖော်ပြပေးရမှာဖြစ်ပါတယ်။
၇။နောက်တစ်ခုကတော့ compensation ပါ။ Salary Range ကို တိတိကျကျဖော်ပြပေးရင်တော့ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အလုပ်ရှာဖွေသူတွေက Salary ကို အရမ်း စိတ်ဝင်စားမှုရှိတာကို တွေ့ရပါတယ်။ အကယ်၍ တိတိကျကျ မဖော်နိုင်ဘူးဆိုရင်တောင် Competitive Salary လား၊ Negotiableလား စသဖြင့်ဖော်ပြဖို့လိုအပ်ပါတယ်။
၈. နောက်တစ်ချက်ကတော့ Job Location နဲ့ Attendance ကိုဖော်ပြဖို့လိုအပ်ပါတယ်။ ဒါကလည်း Organization က အလုပ်ရှာဖွေသူတွေကို Work and Life Balance ပေးနိုင်တယ်ဆိုတာကို ပြသခြင်းပါပဲ။
Analytical Scales , Communication ကောင်းရမှာ စသဖြင့် ထည့်သွင်းဖော်ပြရမှာဖြစ်ပါတယ်။
၉. Educational Requirement ကို ဖော်ပြရမှာဖြစ်ပါတယ်။ ဥပမာ Account ညြေေါန ခေါ်ရင် သူက ACCA ပြီးတဲ့သူလား၊ CPA ပြီးတဲ့သူကိုလား စသဖြင့် ဖော်ပြပေးရမှာဖြစ်ပါတယ်။
၁၀။Qualities သို့မဟုတ် Attributies ဖြစ်ပါတယ်။ အဲ့ဒါတေက ဘာလဲဆိုတော့ Interpersonal Skill, Team Work, Communication Skill စသဖြင့် performance ကို contribute လုပ်နိုင်တဲ့ အရာတွေကို ဖော်ပြရမှာပါ။
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။