by www.jobsinyangon.com
Tags: Knowledge-AngryCustomer-Management-Dealing-JobsinYangon
ဖြေရှင်းရန်ခက်ခဲသော (သို့) စိတ်ဆိုးနေသော Customer တစ်ဦးကို ဘယ်လိုဖြေရှင်းနိုင်မလဲ (အပိုင်း - ၁)
မင်္ဂလာပါ။ ကျွန်တော်တို့ရဲ့ www.jobsinyangon.com website လေးကနေကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ ကိုင်တွယ်ဖြေရှင်းရန်ခက်ခဲသော (သို့) စိတ်ဆိုးနေသော customer များကို ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ အကြောင်းနဲ့ပတ်သက်ပြီး အပိုင်း (၃) ပိုင်းခွဲကာ ဆွေးနွေးသွားလိုပါတယ်။ ကျွန်တော်တို့အားလုံး၊ အထူးသဖြင့် ဝန်ဆောင်မှုနယ်ပယ်မှာအလုပ်လုပ်နေတဲ့သူများဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ကိုင်တွယ်ဖြေရှင်းရန်ခက်ခဲပြီး ဒေါသထွက်နေတဲ့ customer များနဲ့ တွေ့ကြုံဖူးကြမှာပါ။ ဒီလိုမျိုး customer တစ်ဦးဟာ ဒေါသထွက်နေပြီဆိုတာ ကိုဘယ်လိုသိနိုင်မလဲ? ကိုင်တွယ်ရခက်ခဲသော (ဝါ) ဒေါသထွက်နေတဲ့ customer တစ်ယောက်ကို ဘယ်လိုဖြေ ရှင်းနိုင်မလဲဆိုတာကတော့ စာဖတ်သူတို့ရဲ့ skill ပေါ်မှာမူတည်သွားပါပြီ။ ဒီလိုမျိုးတွေ မတွေ့ကြုံဖူးသေးတဲ့ လူသစ်တွေအနေနဲ့လဲ ဒီလိုအခြေအနေမျိုးရောက်ရင် ဘယ်လိုမျိုးတွေလုပ်ဆောင်နိုင်သလဲဆိုတာကို ကြိုတင်ဖတ် ရှုထားရင် ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်ပြီး ဘာလုပ်ရမှန်းမသိဖြစ်မယ့် အခြေအနေမျိုးကနေ ကယ်ထုတ်ပေးနိုင် မှာမို့ ဖတ်ရှုထားသင့်တယ်လို့ တိုက်တွန်းပါရစေ။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ခက်ခဲတဲ့ (သို့) ဒေါသထွက်နေတဲ့ customer များကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့အချက်များ အပိုင်း-၁ ကို အတူတူ လေ့လာကြည့်ကြပါစို့။
လက်ပိုက်ထားခြင်း၊ သက်ပြင်းရှည်များ၊ တိုတောင်းတဲ့ပြန်လည်ဖြေကြားမှုများရှိနေပြီဆိုရင်တော့ customer တစ်ဦးဟာ စိတ်တိုဒေါသထွက်လာပြီလို့သိရှိနိုင်ပါတယ်။ အဆိုးရွားဆုံးအနေနဲ့ ဒီအပြုအမူများက သူတို့ဟာ သင် ပြောကြားနေတဲ့အကြောင်းအရာအပေါ် စိတ်ဝင်စားမှုလျော့နည်းလာနေပြီး သူတို့ရဲ့ လုပ်ငန်းကိုရောင်းချနိုင်ဖို့ သင့် ရဲ့အခွင့်အရေးဟာ မြန်ဆန်စွာပျောက်ကွယ်နေပြီလို့ဖော်ပြနေပါတယ်။
မကြာခဏဆိုသလိုပင် ကိုင်တွယ်ဖြေရှင်းရန်ခက်ခဲသော (သို့) စိတ်ဆိုးနေသော customer များဟာ သူတို့ရဲ့ စိတ်တိုဒေါသထွက်မှုကို သင့်ကိုမပြကြပါဘူး။ ဒီစိတ်ခံစားမှုများဟာ ပြင်ပအခြေအနေအများနဲ့ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုများနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် သင့်ရဲ့ကောင်းမွန်တဲ့ ပြောဆိုဆက်ဆံမှုဆိုင်ရာကျွမ်းကျင်မှုများကို အသုံးချကာ အခြေအနေကိုအကဲဖြတ်၊ ဆုံးဖြတ်နိုင်ခြင်းဆိုတဲ့ သင့်ရဲ့ စူပါ ပါဝါကိုအသုံးချကာ အောက်တွင်ဖော် ပြထားတဲ့ ခက်ခဲတဲ့ customer များကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် စိတ်ပညာဆိုင်ရာ အကြံပေးချက်များကို အသုံး ချကာ သင့်ရဲ့ customer ကိုလက်လွတ်ဆုံးရှုံးရခြင်းမှ ကာကွယ်လိုက်ပါ။
၁။ နားထောင်ပြီးနောက် ပြန်လည်သုံးသပ်တတ်ရန်လေ့ကျင့်ပါ။
၂။ သူတို့ဖက်မှ တွေ့ကြုံထားရတဲ့ကိစ္စများရဲ့ အကျိုးဆက်ကို ထည့်သွင်းစဉ်းစားပါ။
၃။ စတင်အသုံးပြုမည့်သူရဲ့ နေရာမှ စဉ်းစားတွေးတောကြည့်ပါ။
၎။ နောက်တွန့် ကြောက်ရွံ့မှုများကို စွန့်လွှတ်လိုက်ပါ။
၅။ ပြဿနာများကို “အပိုင်းကဏ္ဍများပိုင်းခြား၍ဖြေရှင်းပါ”။
၆။ ဒေါသထွက်ခြင်းဟာ ပုံမှန်ပဲဆိုတာကို မှတ်သားထားပါ။
၇။ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး ဆက်လုပ်ပါ။
၈။ သင့်ထံတွင်ရှိတဲ့ အကူအညီပေးနိုင်တဲ့အရင်းအမြစ်များကို ထုတ်ယူသုံးစွဲပါ။
၁။ နားထောင်ပြီးနောက် ပြန်လည်သုံးသပ်တတ်ရန်လေ့ကျင့်ပါ။
သင့်အနေနဲ့ စိတ်ပျက်၊ ဒေါသထွက်နေတဲ့အခါ တစ်စုံတစ်ယောက်က “ငါနားလည်ပါတယ်” လို့ပြောလာရင် အကူ အညီဖြစ်ပါသလား? ကျွန်တော်တော့မထင်ဘူးဗျ။ နောက်ပြီး ဒီလိုမျိုးကျယ်ပြောတဲ့ ပြောဆိုမှုတွေက ဘာကိုမှ ဖြစ်မလာစေဘူး။ ဥပမာအနေနဲ့ အောက်ပါအဖြစ်အပျက်ကို လေ့လာကြည့်ကြရအောင်။
Customer: “ငါတို့ရဲ့ ဘတ်ဂျက်က အကန့်အသတ်ရှိနေတယ်/ ဘတ်ဂျက်လောက်ငစွာမရှိဘူး၊ ပြီးတော့ မင်းတို့ကလဲ ငါတို့ကို discount မပေးချင်ဘူး၊ ဒါ့ကြောင့် စိတ်ကသိကအောက်ဖြစ်ရ/ စိတ်တိုရတယ်။”
Customer Service Manager: “ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် …… “
အထက်ပါ ပြောဆိုမှုတစ်ရပ်ဟာ ကောင်းကောင်းအဆုံးသတ်တော့မှာမဟုတ်ဘူးဆိုတာကို သင့်အနေနဲ့ နားလည် နိုင်မှာပါ။
ထိုအစား နားထောင်ပြီးနောက် ပြန်လည်သုံးသပ်ခြင်း (reflective listening) ကိုအသုံးပြုရမှာဖြစ်ပါတယ်။ ဒီ ဖြေရှင်းနည်းက အခြားသောသူတစ်ဦးက ဘာတွေကိုပြောဆိုနေသလဲဆိုတာကို သူတို့ရဲ့စကားလုံးများနဲ့ ကိုယ်အ မူအယာများကို အဓိပ္ပါယ်ကောက်ကား နားလည်အောင်လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ ပြီးနောက်၊ သင်ကြားခဲ့ရ တဲ့ အတွေးအမြင်များနဲ့ ခံစားချက်များကို သင့်ရဲ့ customer ထံသို့ ပြန်လည်တုန့်ပြန်ကာပေးအပ်ရမှာပဲဖြစ်ပါ တယ်။
ဥပမာ -
အောက်ပါဥပမာတစ်ခုကတော့ reflective listening ကို customer တစ်ဦးအပေါ်တွင် အသုံးပြုထားတဲ့ နမူနာ တစ်ခုဖြစ်ပါတယ်။
Customer: “ငါတို့ရဲ့ ဘတ်ဂျက်က အကန့်အသတ်ရှိနေတယ်/ ဘတ်ဂျက်လောက်ငစွာမရှိဘူး၊ ပြီးတော့ မင်းတို့ကလဲ ငါတို့ကို discount မပေးချင်ဘူး၊ ဒါ့ကြောင့် စိတ်ကသိကအောက်ဖြစ်ရ/ စိတ်တိုရတယ်။”
Customer Service Manager: “ဒါဆိုရင် ကျွန်တော်တို့ရဲ့ဈေးနှုန်းက သင့်လုပ်ငန်းအတွက်ဝယ်ယူဖို့ အတား အဆီးတစ်ခုဖြစ်နေပြီး သင့်ထံမှာလည်း butget များများစားစားမရှိတဲ့အပြင် ကျွန်တော့ဖက်က သင့်ရဲလိုအပ် ချက်နဲ့ကိုက်ညီမယ့် discount မျိုးမချပေးနိုင်ဘူးဆို ဆိုလိုတာလားခင်ဗျာ?” ဟူ၍ ပြန်လည်မေးမြန်းသင့်ပါတယ်။
အကယ်၍ သင့်အနေနဲ့ customer ရဲ့ စိတ်ခံစားမှုကို သင့်လျော်စွာနားလည်သွားပြီဆိုရင်တော့ ဆက်လုပ်ပါ။ ဒီလို မှမဟုတ်ရင်တော့ “ကျွန်တော့်အနေနဲ့ ပိုပြီးနားလည်အောင် ပိုပြီးရှင်းပြပေးလို့ရပါမလားခင်ဗျာ” ဆိုပြီး ပြောဆို နိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းပေးမယ်လို့ ဘယ်တော့မှ ကတိပေးမစောလိုက်ပါနဲ့၊ ဘာလို့လဲဆိုတော့ သင် အားလုံးကြားပြီးတဲ့အချိန်မှာမှ ဘာမှမလုပ်ပေးနိုင်ပဲဖြစ်တတ်လို့ပါပဲ။ ဒီအခြေအနေမျိုးမှာ သင့်ရဲ့ရည်ရွယ်ချက် က သင့်ရဲ့ customer ဟာ သူတို့ရဲ့အသံကိုကြားနာပေးပြီး တန်ဖိုးထားခံရတယ်လို့ခံစားရစေဖို့ပဲဖြစ်သင့်ပါတယ်။
၂။ သူတို့ဖက်မှ တွေ့ကြုံထားရတဲ့ကိစ္စများရဲ့ အကျိုးဆက်ကို ထည့်သွင်းစဉ်းစားပါ။
တွေ့ကြုံထားတဲ့ကိစ္စရပ်များရဲ့အကျိုးဆက်များ ဆိုတာဟာ စိတ်ပိုင်းဆိုင်ရာ ဖြတ်လမ်းတစ်ခုဖြစ်ပါတယ်။ ဒီအရာ က သင့်ကိုမြန်ဆန်ပြီး အကျိုးသက်ရောက်မှုရှိတဲ့ ဆုံးဖြတ်ချက်များကို သင့်အနေနဲ့ လူတစ်ယောက်အပေါ်၊ နေရာ တစ်ခုအပေါ်၊ ဒါမှမဟုတ် အခြေအနေတစ်ရပ်အပေါ် ဘယ်လိုခံစားရလဲဆိုတာကို မြန်မြန်ဆန်ဆန်နဲ့ စဉ်းစားဆုံး ဖြတ်ပေးနိုင်ပါတယ်။ ရိုးရှင်းစွာပြောရမယ်ဆိုရင်၊ ဒီအရာက ကျွန်ုပ်တို့ရဲ့ အတွေ့အကြုံများ၊ အမြင်များ အရ ကျွန်ုပ် တို့မှပြုလုပ်လိုက်တဲ့ ဆုံးဖြတ်ချက်နှင့် အကဲဖြတ်မှုများပဲဖြစ်ပါတယ်။ ဒီအရာက ကျွန်ုပ်တို့ရဲ့ ဘက်လိုက်မှု/ ခွဲခြားဆက်ဆံမှုတစ်မျိုးလည်းဖြစ်ပါတယ်။
ဒီအခြေအနေမျိုးတွင် ဓမ္မဓိဌာန်ကျတဲ့ အချက်အလက်တွေက ကျွန်ုပ်တို့အတွက် အရေးမပါတော့ပါဘူး။ ထို့အစား အခြေအနေတစ်ရပ်အပေါ်ဆုံးဖြတ်မှုပြုလုပ်ခြင်းကို ကျွန်ုပ်တို့ရဲ့ အတွင်းပိုင်းက “software” ဖြစ်တဲ့ စိတ်နဲ့ ဆုံးဖြတ်ပြီး ကျွန်ုပ်တို့သိရှိထားခဲ့တဲ့အရာများအပေါ်မူတည်ကာ မိမိတို့ကိုယ်ပိုင်အတွေးအမြင်များကို ထူထောင် လိုက်တာပဲဖြစ်ပါတယ်။
အကယ်၍ သင့်ရဲ့ customer တစ်ယောက်က “အဓိက ကဘာလဲ” ဆိုတာကိုပဲ ထပ်တလဲလဲမေးမြန်းနေပြီး ဆက် လက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်များကို ရွှေ့ဆိုင်းကာ ပြန်လည်ချိန်းဆိုခြင်းများကို ကြိုးကြိုးပမ်းပမ်းနဲ့ လုပ်ဆောင်နေပါက “အကို/ အမအနေနဲ့ ဒီ မားကတ်တင်းဆော့ဖ်ဝဲလ်ကို တစ်နှစ်တောင် subscription လုပ်ခဲ့ပြီး ပြီပဲလေ၊ ကျွန်တော်တို့ရှေ့ဆက်လို့ရနိုင်မလား?” လို့ပြောဆိုလိုက်ခြင်းက အကူအညီဖြစ်နိုင်မှာမဟုတ်ပါဘူးနော်။
သင့်ရဲ့ customer ဟာ သူတို့ရဲ့ ကတိများကိုမတည်တဲ့ရောင်းချသူနဲ့ တစ်နှစ်ကြာ စာချုပ်ထဲမှာပိတ်မိနေတာကို သင်သိချင်မှသိပါလိမ့်မယ်။ ဒီအတွေ့အကြုံကြောင့် သင့်ရဲ့ customer က သင့်ကိုလဲ “ဒီပုတ်ထဲက ဒီပဲ” ပါပဲလို့ မြင်နေတာလည်းဖြစ်နိုင်ပါတယ်။
ဥပမာ -
သူတို့အနေနဲ့ တွန့်ဆုတ်နေရတဲ့အကြောင်းအရင်းကို နားလည်လာအောင်လို့ မေးခွန်းများမေးပေးရပါမယ်။ အောက်ပါမေးခွန်းများဟာ သင့်ရဲ့ customer ကို relax ဖြစ်စေပြီး သူတို့ဟာ ဘာကြောင့်ရှေ့ဆက်မတိုးလိုရသလဲ ဆိုတာကို နားလည်သွားနိုင်စေမယ့် မေးခွန်းများဖြစ်ပါတယ်။
• “ကျွန်တော်/ကျွန်မကို သင်ဘာကြောင့်သံသယတွေများနေရသလဲဆိုတာကို ပြောပြနိုင်ပေးနိုင်မလား” ကျွန်တော်/ ကျွန်မတို့အနေနဲ့ ပိုပြီးနားလည်ချင်လို့ပါ။
• “သင့်ရဲ့ ကြောက်ရွံ့၊ နောက်တွန့်မှုတွေကို ကျွန်တော်၊ ကျွန်မတို့ ဘာတွေကိုလုပ်ပေးရင် ပြေလျော့သွားစေ နိုင်ပါမလဲ?”
• “သင့်အနေနဲ့ ရှေ့ဆက်တိုးဖို့ စိတ်ပူပင်မှုမရှိရအောင် ကျွန်တော်/ ကျွန်မတို့ ဘာများကူညီပေးရပါမလဲ?”
ဒီမေးခွန်းများဟာ သူတို့ရဲ့စိတ်များကို သင်ဟာမယုံကြည်ရဘူးလို့ တွေးတောနေမယ့်အစား သူတို့အနေနဲ့ ရှေ့ဆက် ဖို့ဘာတွေကိုလိုအပ်နိုင်သလဲဆိုတာတွေကို တွေးတောလာစေဖို့ တည့်မတ်ပေးနိုင်ပါတယ်။
ဒီနေ့အတွက်တော့ ဒီလောက်နဲ့ပဲ ရပ်နားလိုက်ပါမယ်။ အပိုင်း (၂) နဲ့ အပိုင်း (၃) ကို မနက်ဖန်နဲ့ သဘက်ခါ ဒီလိုအချိန်မှာ စောင့်မျှော်ဖတ်ရှုပေးကြပါလို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်
ကျေးဇူးတင်လျက်
www.jobsinyangon.com
TOP EMPLOYERS
PROQC INTERNATIONAL PVT. LTD.
To nurture the trust of our customers and our team through dynamic interactions, creative supply chain solutions, and integrated partnership
The global quality solution, engineering, and consulting s...
Show the postings (3)
V Net - Mandalay Internet Service Provider
Vision and Mission
Call us rebels, but we strongly believe every home and business in Myanmar should have fast, affordable and reliable access to the internet. No compromise, no barriers, no fuss.So ...
Show the postings (15)
Phyo Pyae Sone Myanmar Co.,Ltd
With customers at the forefront of our minds,The Company prioritizes for the best of customer service at value price point for our guests with uncompromising quality and facilities.Starting from Distr...
Show the postings (43)
W.H.K Co., Ltd.
..Since established in 1997, W.H.K Company Limited has built a credible reputation as Myanmar’s leading distributor of automotive spare parts. W.H.K became the touchstone of quality and trustworthi...
Show the postings (5)