by www.jobsinyangon.com
Tags: Knowledge-AngryCustomer-Management-Dealing-JobsinYangon
ဖြေရှင်းရန်ခက်ခဲသော (သို့) စိတ်ဆိုးနေသော Customer တစ်ဦးကို ဘယ်လိုဖြေရှင်းနိုင်မလဲ (အပိုင်း - ၂)
မင်္ဂလာပါ။ ကျွန်တော်တို့ရဲ့ www.jobsinyangon.com website လေးကနေကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ ကိုင်တွယ်ဖြေရှင်းရန်ခက်ခဲသော (သို့) စိတ်ဆိုးနေသော customer များကို ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ အကြောင်းနဲ့ပတ်သက်ပြီး အပိုင်း (၃) ပိုင်းခွဲကာ ဆွေးနွေးသွားလိုပါတယ်။ ကျွန်တော်တို့အားလုံး၊ အထူးသဖြင့် ဝန်ဆောင်မှုနယ်ပယ်မှာအလုပ်လုပ်နေတဲ့သူများဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ကိုင်တွယ်ဖြေရှင်းရန်ခက်ခဲပြီး ဒေါသထွက်နေတဲ့ customer များနဲ့ တွေ့ကြုံဖူးကြမှာပါ။ ဒီလိုမျိုး customer တစ်ဦးဟာ ဒေါသထွက်နေပြီဆိုတာ ကိုဘယ်လိုသိနိုင်မလဲ? ကိုင်တွယ်ရခက်ခဲသော (ဝါ) ဒေါသထွက်နေတဲ့ customer တစ်ယောက်ကို ဘယ်လိုဖြေ ရှင်းနိုင်မလဲဆိုတာကတော့ စာဖတ်သူတို့ရဲ့ skill ပေါ်မှာမူတည်သွားပါပြီ။ ဒီလိုမျိုးတွေ မတွေ့ကြုံဖူးသေးတဲ့ လူသစ်တွေအနေနဲ့လဲ ဒီလိုအခြေအနေမျိုးရောက်ရင် ဘယ်လိုမျိုးတွေလုပ်ဆောင်နိုင်သလဲဆိုတာကို ကြိုတင်ဖတ် ရှုထားရင် ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်ပြီး ဘာလုပ်ရမှန်းမသိဖြစ်မယ့် အခြေအနေမျိုးကနေ ကယ်ထုတ်ပေးနိုင် မှာမို့ ဖတ်ရှုထားသင့်တယ်လို့ တိုက်တွန်းပါရစေ။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ခက်ခဲတဲ့ (သို့) ဒေါသထွက်နေတဲ့ customer များကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့အချက်များ အပိုင်း-၂ ကို အတူတူ လေ့လာကြည့်ကြပါစို့။
လက်ပိုက်ထားခြင်း၊ သက်ပြင်းရှည်များ၊ တိုတောင်းတဲ့ပြန်လည်ဖြေကြားမှုများရှိနေပြီဆိုရင်တော့ customer တစ်ဦးဟာ စိတ်တိုဒေါသထွက်လာပြီလို့သိရှိနိုင်ပါတယ်။ အဆိုးရွားဆုံးအနေနဲ့ ဒီအပြုအမူများက သူတို့ဟာ သင် ပြောကြားနေတဲ့အကြောင်းအရာအပေါ် စိတ်ဝင်စားမှုလျော့နည်းလာနေပြီး သူတို့ရဲ့ လုပ်ငန်းကိုရောင်းချနိုင်ဖို့ သင့် ရဲ့အခွင့်အရေးဟာ မြန်ဆန်စွာပျောက်ကွယ်နေပြီလို့ဖော်ပြနေပါတယ်။
မကြာခဏဆိုသလိုပင် ကိုင်တွယ်ဖြေရှင်းရန်ခက်ခဲသော (သို့) စိတ်ဆိုးနေသော customer များဟာ သူတို့ရဲ့ စိတ်တိုဒေါသထွက်မှုကို သင့်ကိုမပြကြပါဘူး။ ဒီစိတ်ခံစားမှုများဟာ ပြင်ပအခြေအနေအများနဲ့ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုများနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် သင့်ရဲ့ကောင်းမွန်တဲ့ ပြောဆိုဆက်ဆံမှုဆိုင်ရာကျွမ်းကျင်မှုများကို အသုံးချကာ အခြေအနေကိုအကဲဖြတ်၊ ဆုံးဖြတ်နိုင်ခြင်းဆိုတဲ့ သင့်ရဲ့ စူပါ ပါဝါကိုအသုံးချကာ အောက်တွင်ဖော် ပြထားတဲ့ ခက်ခဲတဲ့ customer များကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် စိတ်ပညာဆိုင်ရာ အကြံပေးချက်များကို အသုံး ချကာ သင့်ရဲ့ customer ကိုလက်လွတ်ဆုံးရှုံးရခြင်းမှ ကာကွယ်လိုက်ပါ။
၁။ နားထောင်ပြီးနောက် ပြန်လည်သုံးသပ်တတ်ရန်လေ့ကျင့်ပါ။
၂။ သူတို့ဖက်မှ တွေ့ကြုံထားရတဲ့ကိစ္စများရဲ့ အကျိုးဆက်ကို ထည့်သွင်းစဉ်းစားပါ။
၃။ စတင်အသုံးပြုမည့်သူရဲ့ နေရာမှ စဉ်းစားတွေးတောကြည့်ပါ။
၎။ နောက်တွန့် ကြောက်ရွံ့မှုများကို စွန့်လွှတ်လိုက်ပါ။
၅။ ပြဿနာများကို “အပိုင်းကဏ္ဍများပိုင်းခြား၍ဖြေရှင်းပါ”။
၆။ ဒေါသထွက်ခြင်းဟာ ပုံမှန်ပဲဆိုတာကို မှတ်သားထားပါ။
၇။ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး ဆက်လုပ်ပါ။
၈။ သင့်ထံတွင်ရှိတဲ့ အကူအညီပေးနိုင်တဲ့အရင်းအမြစ်များကို ထုတ်ယူသုံးစွဲပါ။
၃။ စတင်အသုံးပြုမည့်သူရဲ့ နေရာမှ စဉ်းစားတွေးတောကြည့်ပါ။
စတင်အသုံးပြုမယ့်သူတစ်ဦးရဲ့ အတွေးအမြင် (Zen mind ဟုလည်းခေါ်ဝေါ်ကြပါတယ်) ဟာ ကိစ္စရပ် တိုင်းကို စတင်အသုံးပြုမည့် သုံးစွဲသူတစ်ဦးကဲ့သို့ စဉ်းစားတွေးခေါ်ကြည့်ခြင်းဖြစ်ပါတယ်။ ဒီကဲ့သို့စဉ်း စားတတ်တဲ့နည်းလမ်းကို လေ့ကျင့်အသုံးပြုနိုင်ပြီဆိုလျှင် သင့်အနေနဲ့ ကိစ္စရပ်တိုင်းကို “ဘာမှမသိထား တဲ့သူတစ်ဦးဖက်က အမြင်နဲ့” ကြည့်ရှနိုင်မှာပဲဖြစ်ပါတယ်။ ဒီအခါမှာ Customer တစ်ဦးကို (သို့) သူတို့ ဖြစ်ပေါ်နေတဲ့ စိတ်ခံစားမှု၊ အခြေအနေများကိုတိတိကျကျမသိသေးဘဲ ကြိုတင်ကာ ပြစ်တင်ဝေဖန်ခြင်း ပြုလုပ်တော့မှာမဟုတ်ပါဘူး။ ဒီအရာက သင့်ကို အောက်ဖော်ပြပါနမူနာများကဲ့သို့ “ဘာကတော့ဖြစ်သင့် တယ်” ဆိုပြီး မြည်တွန်တောက်တီးတဲ့ အတွေးများကို မတွေးတောပဲနဲ့ နေထိုင်နိုင်စေရန်အတွက်လည်း အားပေးနိုင်ပါတယ်။
- ဒီ Customer ကတော့ နောက်ထပ် ၄လမတိုင်ခင် သူတို့မှာ ဘတ်ဂျက်/ ငွေကြေး လုံလုံလောက် လောက်မရှိဘူးဆိုတာကို အစောကြီးတည်းကသိထားသင့်တယ်။
- ဒီ Customer က သူတို့ရဲ့ discount သက်တမ်းကုန်သွားပြီဆိုတာကို ငါပို့ထားတဲ့ e-mail ကို ဖတ်ခဲ့သင့်တယ်။
- ဒီ Customer က ငါ့အနေနဲ့ အပတ်စဉ်သူတို့နဲ့လာရောက်ဆွေးနွေးလို့ရနိုင်တယ်လို့ ယူဆမထား သင့်ဘူး။
ဒီ “သင့်တယ်/ မသင့်ဘူး” ဆိုတဲ့စကားလုံးများက သင့်ရဲ့စိတ်ကို မိမိကိုယ်ကိုသာကာကွယ်ဖို့အသင့်ရှိနေ စေပြီး စကားဝိုင်းတစ်ခုရဲ့ ပြီးမြောက်အောင်မြင်နိုင်စွမ်းရည်ကို ထိုစကားဝိုင်းမစတင်မှီကတည်းက ဖျက် စီးလိုက်နိုင်ပါတယ်။
အထက်ပါ Zen mind က ဘာကိုဆိုလိုလဲဆိုရင် သင့်အနေနဲ့ ကျွမ်းကျင်သူတစ်ဦးရဲ့အမြင်ကို လွှတ်ချပြီး အခြားသူတစ်ဦးရဲ့ အမြင်ကနေ ရှုမြင်ကြည့်နိုင်ဖို့ပါပဲ။ သင်ဟာ သင့်ရဲ့ ထုတ်ကုန်တစ်ခု/ ဝန်ဆောင်မှုတစ် ခုနဲ့ပက်သက်လာရင် ကျွမ်းကျင်သူတစ်ဦးပါပဲ၊ ဒါပေမယ့် သင်လက်ရှိတွေ့ဆုံနေတဲ့ Customer နဲ့ သူတို့ ရဲ့ အခြေအနေများ (သို့) လက်ရှိပြောဆိုနေတဲ့အကြောင်းအရာများနဲ့ပက်သက်လာရင်တော့ ကျွမ်းကျင် သူတစ်ဦးမဟုတ်ဘူးဆိုတာကို နားလည်ထားရပါမယ်။
ဥပမာ -
“အကို/ အမ က ကျွန်တော့်ကို အကို/ အမတို့ရဲ့ ပြည်တွင်းဈေးကွက်မှာ စိတ်ဝင်စားမှုရှိတဲ့သူ (lead) များ ကို ဒီလအကုန်မှာ ၂၀% အထိတိုးတက်တာလိုချင်တယ်လို့ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုအချိန်ဆွဲနေရင် တော့ ဒီအရာကဖြစ်လာနိုင်မှာမဟုတ်ဘူး” ဟူ၍ ပြောဆိုမည့်အစား၊ စကားပြောဆိုမှုတိုင်းကို စတင် အသုံးပြုမည့်သူတစ်ဦးဖက်မှအမြင်နဲ့ ချဉ်းကပ်ကြည့်သင့်ပါတယ်။ သင့် Customer ရဲ့ စိတ်ရှုပ်၊ ဒေါသ ထွက်မှုတွေကို ရေရေရာရာမသိသေးခင် ကြိုတင်ပြစ်တင်ဝေဖန်မှုမပြုလုပ်ရပါဘူး၊ သူတို့ကဘာကို တော့ဖြင့်လုပ်ခဲ့သင့်တယ်ဆိုပြီးတွေးတောနေမယ့်အစား စကားပြောဆိုမှုတိုင်းကို ဖြေရှင်းရမည့် ပုစ္ဆာ အသစ်များအနေနဲ့သာရှုမြင်ကြည့်ပေးပါ။
ဒီအစား “ဒီလိုမျိုးနောက်ကျမှုတွေကြောင့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ပြည်တွင်းမှာ စိတ်ဝင်စား မှုရှိတဲ့သူအရေအတွက်ကို ဒီလကုန်အတွင်း ၂၀% တိုးတက်ဖို့ကိုတော့ လုပ်ဆောင်နိုင်မှာ မဟုတ်လောက် ပါဘူး ဒါပေမယ့် ကျွန်တော်တို့လိုလားတဲ့ရလာဒ်ကိုရရှိအောင် ဘယ်လိုမျိုး အကောင်းဆုံး လုပ်ဆောင်နိုင် မလဲဆိုတာကိုနည်းလမ်းရှာကြည့်ပေးပါမယ်” ဟူ၍ ပြောကြားသင့်ပါတယ်။ ဒီချည်းကပ်ပုံနည်းလမ်းဟာ ပြဿနာကို သိရှိထားပြီးနောက် ဒီအရာအတွက် ဖြေရှင်းချက်ကို ချက်ခြင်းရှာဖွေပေးဖို့လုပ်ဆောင်တတ် တာကိုပြသပေးနေပါတယ်။
၎။ နောက်တွန့် ကြောက်ရွံ့မှုများကို စွန့်လွှတ်လိုက်ပါ။
အနုတ်လက္ခဏာဆောင်တဲ့ရလာဒ်တွေကိုကြောက်ရွံ့ခြင်းဟာ ကျွန်ုပ်တို့ရဲ့ များစွာသောတုန့်ပြန်မှု (reaction) တွေ ကိုဦးဆောင်နေပါတယ်။ အများစုဖြစ်လေ့ရှိတဲ့အချက်တစ်ခုကတော့ကြောက်ရွံ့မှုများက ကျွန်ုပ်တို့ကိုအကြောင်း အရာများအပေါ်ထိန်းချုပ်လိုမှုကို ဖြစ်လာစေပါတယ်။ အကယ်၍ Customer တစ်ဦးဟာ ကိုင်တွယ်ရခက်ခဲတဲ့သူ တစ်ဦးဖြစ်နေတဲ့အခါမှာ ကျွန်ုပ်တို့ဟာ သူတို့နဲ့ဆက်ဆံရေးပျက်ပြားမှာကို စိုးရွံ့နေတဲ့အတွက် သူတို့ကိုစိန်ခေါ်မှု များပြုလုပ်ဖို့ရာ စိုးရွံ့ကြပါတယ်။ အကယ်၍ သူတို့က သင့်ရဲ့ အချိန်ဇယား (timeline) သို့မဟုတ် ဈေးနှုန်းကို နှစ် သက်မှုမရှိဘူးဆိုတာကို ပြသလိုက်တဲ့အခါမှာ ကျွန်ုပ်တို့ဟာ ဒီအခြေအနေကိုပြင်ဆင်၍မရနိုင်တော့မှာတွေဖြစ် လာနိုင်တဲ့အတွက် ကြောက်ရွံ့တတ်ကြပါတယ်။
ပထမဦးစွာအနေနဲ့ သင့်အနေနဲ့ ကိစ္စရပ်တိုင်းကိုပြင်ဆင်ဖို့လိုအပ်နေတယ်လို့ထင်နေတာကိုဖျောက်ပစ်လိုက်ပါ။ ခက်ခဲတဲ့ Customer တစ်ဦးနဲ့အတူထိုင်ကာပြောဆိုရတဲ့အခါမှာ သင့်ရဲ့အလုပ်ဟာ နားထောင်ဖို့၊ နားလည်ဖို့နဲ့ နောက်အဆင့်တွေကို ထိုးထွင်းသိမြင်နိုင်ဖို့ပဲဖြစ်ပါတယ်။ ချက်ခြင်း အဖြေ/ ဖြေရှင်းချက်တစ်ခုကိုပေးဖို့မဟုတ်ပါ ဘူး။
ဥပမာ -
ဒီတော့… တောင်းပန်ခြင်းပြုလုပ်နေမယ့်အစား၊ အလယ်အလတ်တန်းစား ပြင်ဆင်ချက်တစ်ခုကိုပေးနေမယ့် အစား (သို့) သူတို့နဲ့ထပ်တူခံစားရတယ်ဆိုတာတွေကိုပြသနေမယ့်အစား “X ကိစ္စတစ်ခု ဖြစ်ပေါ်လာရခြင်းကို စိတ်မကောင်းပါဘူး၊ ဒီကိစ္စရပ်က သင့်ရဲ့လုပ်ငန်းကို ဘယ်လိုတွေထိခိုက်မှုတွေ ဖြစ်လာစေမလဲဆိုတာကို ကျွန်တော်/ ကျွန်မတို့ အနေနဲ့ သဘောပေါက်/ နားလည်ပါတယ်။ နောက်ပြီး ဒီကိစ္စရပ်ကိုပြင်ဆင်နေတုန်းမှာတော့ ခဏလောက် သည်းညဉ်းခံစောင့်ဆိုင်းပေးပါဦး ခင်ဗျာ/ ရှင်။” ဟူ၍ပြောကြားသင့်ပါတယ်။
၅။ ပြဿနာများကို “အပိုင်းကဏ္ဍများပိုင်းခြား၍ဖြေရှင်းပါ”။
“အပိုင်းကဏ္ဍများပိုင်းခြားကာဖြေရှင်းမှုပြုခြင်း” Chunking ဆိုတာဟာ ပြဿနာကြီးတစ်ရပ်လုံးကို သေးငယ်တဲ့၊ ပိုမို၍ စီမံခန့်ခွဲနိုင်လောက်မယ့် အပိုင်းကလေးများအဖြစ်ပိုင်းခြားကာ ဖြေရှင်းခြင်းဖြစ်ပါတယ်။ ဒီ အပိုင်းကဏ္ဍ လေးတွေဟာ ကျွန်တော်တို့အနေနဲ့ဖြေရှင်းရပိုမိုလွယ်ကူစေပြီး လက်ရှိဖြစ်ပွားနေတဲ့ပြဿနာကိုဖြေရှင်းဖို့ရာ အတွက် ပိုမို၍လိုလိုလားလားရှိလာစေမှာဖြစ်ပါတယ်။ များစွာသောသူတို့ဟာ Chunking ကို သူတို့ရဲ့နေ့စဉ်လုပ် ငန်းဆောင်တာများတွင် အသုံးပြုတတ်ကြပါတယ်။ ဒီအရာက စိတ်ခေါ်မှုတွေများတဲ့ ပြဿနာများကိုကိုင်တွယ် စီမံခန့်ခွဲရာတွင်လည်း တူညီစွာပင် အကျိုးရှိစေနိုင်ပါတယ်။
ဒီနေ့အတွက်တော့ ဒီလောက်နဲ့ပဲ ရပ်နားလိုက်ပါမယ်။ အပိုင်း (၁)ကိုတော့ မနေ့ကဖော်ပြခဲ့ပြီး၊ အပိုင်း (၃) ကို တော့ မနက်ဖန် ဒီလိုအချိန်မှာ စောင့်မျှော်ဖတ်ရှုပေးကြပါလို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်
ကျေးဇူးတင်လျက်
www.jobsinyangon.com
TOP EMPLOYERS
Myanmar Marketing Research & Development, Ltd. (MMRD)
What we do: We help businesses and organizations to connect with their audience through print and digital directories (yellow pages), and to better understand their environment through Research Servic...
Show the postings (15)
RHENUS LOGISTICS
..Rhenus Myanmar Limited is located in the heart of Yangon (formerly known as Rangoon). Prior to the relatively recent foundation of the new capital city Naypyidaw, Yangon was the seat of government. ...
Show the postings (2)
One Cloud Co., Ltd.
Make us your reliable vendor and have a greatest contribution from us. With our expertise and track record, you can be assured of receiving quality infrastructure and services. Network Infrastructure...
Show the postings (1)
Synergy Plus Co., Ltd
Vision - To be one the Leading Construction Companies
Mission - To provide our High Quality Services First after SAFETY
Values - Integrity, Discipline, Professionalism, Enthusiasm & Innovation .- ...
Show the postings (4)