by www.jobsinyangon.com
Tags: Knowledge-AngryCustomer-Management-Dealing-JobsinYangon
ဖြေရှင်းရန်ခက်ခဲသော (သို့) စိတ်ဆိုးနေသော Customer တစ်ဦးကို ဘယ်လိုဖြေရှင်းနိုင်မလဲ (အပိုင်း - ၃)
မင်္ဂလာပါ။ ကျွန်တော်တို့ရဲ့ www.jobsinyangon.com website လေးကနေကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ ကိုင်တွယ်ဖြေရှင်းရန်ခက်ခဲသော (သို့) စိတ်ဆိုးနေသော customer များကို ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ အကြောင်းနဲ့ပတ်သက်ပြီး အပိုင်း (၃) ပိုင်းခွဲကာ ဆွေးနွေးသွားလိုပါတယ်။ ကျွန်တော်တို့အားလုံး၊ အထူးသဖြင့် ဝန်ဆောင်မှုနယ်ပယ်မှာအလုပ်လုပ်နေတဲ့သူများဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ကိုင်တွယ်ဖြေရှင်းရန်ခက်ခဲပြီး ဒေါသထွက်နေတဲ့ customer များနဲ့ တွေ့ကြုံဖူးကြမှာပါ။ ဒီလိုမျိုး customer တစ်ဦးဟာ ဒေါသထွက်နေပြီဆိုတာ ကိုဘယ်လိုသိနိုင်မလဲ? ကိုင်တွယ်ရခက်ခဲသော (ဝါ) ဒေါသထွက်နေတဲ့ customer တစ်ယောက်ကို ဘယ်လိုဖြေ ရှင်းနိုင်မလဲဆိုတာကတော့ စာဖတ်သူတို့ရဲ့ skill ပေါ်မှာမူတည်သွားပါပြီ။ ဒီလိုမျိုးတွေ မတွေ့ကြုံဖူးသေးတဲ့ လူသစ်တွေအနေနဲ့လဲ ဒီလိုအခြေအနေမျိုးရောက်ရင် ဘယ်လိုမျိုးတွေလုပ်ဆောင်နိုင်သလဲဆိုတာကို ကြိုတင်ဖတ် ရှုထားရင် ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်ပြီး ဘာလုပ်ရမှန်းမသိဖြစ်မယ့် အခြေအနေမျိုးကနေ ကယ်ထုတ်ပေးနိုင် မှာမို့ ဖတ်ရှုထားသင့်တယ်လို့ တိုက်တွန်းပါရစေ။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ခက်ခဲတဲ့ (သို့) ဒေါသထွက်နေတဲ့ customer များကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့အချက်များ အပိုင်း-၃ ကို အတူတူ လေ့လာကြည့်ကြပါစို့။
လက်ပိုက်ထားခြင်း၊ သက်ပြင်းရှည်များ၊ တိုတောင်းတဲ့ပြန်လည်ဖြေကြားမှုများရှိနေပြီဆိုရင်တော့ customer တစ်ဦးဟာ စိတ်တိုဒေါသထွက်လာပြီလို့သိရှိနိုင်ပါတယ်။ အဆိုးရွားဆုံးအနေနဲ့ ဒီအပြုအမူများက သူတို့ဟာ သင် ပြောကြားနေတဲ့အကြောင်းအရာအပေါ် စိတ်ဝင်စားမှုလျော့နည်းလာနေပြီး သူတို့ရဲ့ လုပ်ငန်းကိုရောင်းချနိုင်ဖို့ သင့် ရဲ့အခွင့်အရေးဟာ မြန်ဆန်စွာပျောက်ကွယ်နေပြီလို့ဖော်ပြနေပါတယ်။
မကြာခဏဆိုသလိုပင် ကိုင်တွယ်ဖြေရှင်းရန်ခက်ခဲသော (သို့) စိတ်ဆိုးနေသော customer များဟာ သူတို့ရဲ့ စိတ်တိုဒေါသထွက်မှုကို သင့်ကိုမပြကြပါဘူး။ ဒီစိတ်ခံစားမှုများဟာ ပြင်ပအခြေအနေအများနဲ့ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုများနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် သင့်ရဲ့ကောင်းမွန်တဲ့ ပြောဆိုဆက်ဆံမှုဆိုင်ရာကျွမ်းကျင်မှုများကို အသုံးချကာ အခြေအနေကိုအကဲဖြတ်၊ ဆုံးဖြတ်နိုင်ခြင်းဆိုတဲ့ သင့်ရဲ့ စူပါ ပါဝါကိုအသုံးချကာ အောက်တွင်ဖော် ပြထားတဲ့ ခက်ခဲတဲ့ customer များကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် စိတ်ပညာဆိုင်ရာ အကြံပေးချက်များကို အသုံး ချကာ သင့်ရဲ့ customer ကိုလက်လွတ်ဆုံးရှုံးရခြင်းမှ ကာကွယ်လိုက်ပါ။
၁။ နားထောင်ပြီးနောက် ပြန်လည်သုံးသပ်တတ်ရန်လေ့ကျင့်ပါ။
၂။ သူတို့ဖက်မှ တွေ့ကြုံထားရတဲ့ကိစ္စများရဲ့ အကျိုးဆက်ကို ထည့်သွင်းစဉ်းစားပါ။
၃။ စတင်အသုံးပြုမည့်သူရဲ့ နေရာမှ စဉ်းစားတွေးတောကြည့်ပါ။
၎။ နောက်တွန့် ကြောက်ရွံ့မှုများကို စွန့်လွှတ်လိုက်ပါ။
၅။ ပြဿနာများကို “အပိုင်းကဏ္ဍများပိုင်းခြား၍ဖြေရှင်းပါ”။
၆။ ဒေါသထွက်ခြင်းဟာ ပုံမှန်ပဲဆိုတာကို မှတ်သားထားပါ။
၇။ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး ဆက်လုပ်ပါ။
၈။ သင့်ထံတွင်ရှိတဲ့ အကူအညီပေးနိုင်တဲ့အရင်းအမြစ်များကို ထုတ်ယူသုံးစွဲပါ။
၆။ ဒေါသထွက်ခြင်းဟာ ပုံမှန်ပဲဆိုတာကို မှတ်သားထားပါ။
ဈေးနှုန်း (သို့) အချိန်ပေးဖို့လိုအပ်တဲ့ပမာဏတစ်ခုကို ပြောလိုက်တဲ့အခါမှာ ဒီအရာတွေက အလွန်မြင့်မားတဲ့ အတွက် သင့် Customer ဟာ စိတ်တို၊ ဒေါသထွက်မှုဖြစ်လာတာမျိုးကို ကြုံဖူးပါသလား? ဒါမှမဟုတ် သင့်အနေနဲ့ Customer တစ်ဦးက သင့်ရဲ့ upgrade အသစ်တစ်ခုအတွက် သူတို့ပေးလိုတဲ့ငွေပမာဏကိုပြေကြားလိုက်တဲ့အခါ မှာလည်း ဒီပမာဏက အရမ်းကိုနည်းပါးနေတဲ့အတွက် သင့်အနေနဲ့ ဒေါသထွက်ဖူးနိုင်ပါတယ်။
ဒေါသများကို ပြန်လည်စစ်ဆေးအကဲဖြတ်မှုပြုလုပ်ခြင်းသီအိုရီ အရတော့ ဒီစိတ်ခံစားမှုအခြေအနေဟာ လူတွေ မှာဖြစ်တတ်ကြတဲ့သဘာဝပဲဖြစ်ပါတယ်။ အတိုချုံးအားဖြင့်ဆိုသော် ဒေါသထွက်ခြင်းဟာ ဈေးညှိနှိုင်းစစ်ဆေးရန် အတွက် ဆင့်ကဲပြောင်းလဲလာတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မျက်မှောင်ကျုံ့ကာ၊ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး၊ သက်ပြင်းရှုထုတ်တဲ့အမူအယာကိုပြသကာ ကျွန်ုပ်တို့ရဲ့ ဆန့်ကျင်ဖက်၊ ပြိုင်ဖက်တစ်ဦးကို ကျွန်ုပ်တို့ပေးနိုင်တဲ့ပမာဏထက် ပိုမိုမြင့်မားတဲ့တန်ဖိုးကိုပေးအပ်ဖို့လာဖို့အတွက် လုပ်ဆောင်တတ်ကြပါတယ်။
ဥပမာ -
ဒေါသထွက်နေတဲ့ Customer တစ်ယောက်နဲ့ရင်ဆိုင်ရတဲ့အခါမှာ သင်ပြောဆိုနေတဲ့အရာဟာမှန်ကန်ကြောင်း ပြသလိုတဲ့သဘာဝဖြစ်ရိုးဖြစ်စဉ်ကိုရှောင်ကြဉ်ရမှာပါ။ ထိုအစား ဒီအရာများဟာထိုက်သင့်သလောက်တန်ဖိုးထား မခံရဘူးလို့ခံစားရတဲ့ ခံစားချက်တစ်ခုသာဖြစ်တယ်ဆိုတာကိုနားလည်ထားရမှာဖြစ်ပြီး အခြေအနေများကိုထိန်း ချုပ်ပြင်ဆင်နိုင်ဖို့ကိုသာ ကြိုးစားရမှာဖြစ်ပါတယ်။
သင့် Customer ရဲ့ စိတ်တို၊ ဒေါသထွက်မှုတွေကို အလေးအနက်ထားပါ၊ ဒါပေမယ့် တစ်ကိုယ်ရေတိုက်ခိုက်မှုတစ် ခုအနေနဲ့ မရှုမြင်လိုက်ပါနဲ့။ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး သင့်ရဲ့ Customer ဟာ ဘာပြောနေလဲဆိုတာကို သေချာစွာနားထောင်ပါ။ သင့်အနေနဲ့ သူတို့ရဲ့ စိတ်တို၊ ဒေါသထွက်မှုများကို နားလည်သဘောပေါက်ပြီဆိုရင်တော့ သူတို့ကို ဒီအရာများပြောကြားပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြသပြီး သူတို့ထံသို့ ဖြေရှင်းချက်ကို မကြာမှီ ဆောင်ကြဉ်းလာမည်ဖြစ်ကြောင်းပြောပြပါ။
Customer တစ်ဦးဟာဒေါသထွက်နေတဲ့အခါမှာ ဘယ်လိုဖြေရှင်းချက်ကမှ သူတို့အနေနဲ့ ပြန်လည်ကောင်းမွန်လာ အောင်လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ သူတို့အနေနဲ့ စိတ်ပြန်လည်တည်ငြိမ်မှုရှိစေရန်အချိန်ပေးကာ ရှေ့ဆက် လုပ်ဆောင်သင့်တဲ့ အကောင်းဆုံးနည်းလမ်းကို သင့်ရဲ့မန်နေဂျာနဲ့ တိုင်ပင်နိုင်ပြီး အောက်တွင်ဖော်ပြထားတဲ့ ကျွန်ုပ်တို့ရဲ့အကြံပေးချက်များကို အသုံးပြုကာ ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။
၇။ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး ဆက်လုပ်ပါ။
အငြင်းပွားမှုများဖြစ်ပွားခြင်းဟာ လုပ်ငန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အခက်အခဲတွေကြားမှာ သင်ဘယ် လိုတုန့်ပြန်နိုင်သလဲဆိုတာဟာ သင်နဲ့ သင့်ရဲ့ Customer များအကြားဆက်ဆံမှုအတွက်ရှေ့ရေးကို အကျိုးသက် ရောက်မှုရှိနေပါတယ်။
“The customer is always right” (သုံးစွဲသူဖက်က အမြဲမှန်တယ်) ဆိုတဲ့စကားပုံဟာ အလွန်မှန်ပါတယ်။ သင့် အနေနဲ့ Customer ရဲ့ ဒေါသထွက်ပေါက်ကွဲတဲ့ပုံစံအတိုင်း လိုက်လံပြုမူပါက ဒီ့ထက်မက ပိုမိုပြီးဆုံးရှုံးရနိုင်ပါ တယ်။
တစ်ဦးတစ်ယောက်ကို နှစ်မြို့မှုမရှိတဲ့ပုံစံ (သို့) လေးစားမှုမရှိတဲ့ပုံစံ ဆက်ဆံခြင်းဟာ သင်နဲ့ သင့်ရဲ့ကုမ္ပဏီအတွက် အနုတ်သဘောဆောင်တဲ့အကျိုးသက်ရောက်မှုတွေကိုဖြစ်စေတဲ့အတွက် မိမိတို့ရဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းထား နိုင်ဖို့ကို အမြဲတမ်းထည့်သွင်းစဉ်းစားရပါမယ်။
သင့်အနေနဲ့မှတ်ထားရမှာက လူတို့ဟာ သင်ပြသနေတဲ့ စိတ်ခံစားမှုပုံစံတွေအတိုင်းပြန်လည်ပြုမူတတ်ကြတယ် ဆိုတာပါပဲ။ သင့်အနေနဲ့ အခြားသူများကို ဒေါသနဲ့ ပေါက်ကွဲကာဆက်ဆံပြုမူခဲ့ပါက သူတို့ထံမှ ခင်ခင်မင်ခင်ရှိမှုနဲ့ နားလည်မှုကို မမျှော်လင့်ပါနဲ့။
ဥပမာ -
Emotional intelligence (စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်) ဟာဒီနေရာတွင် အခြေအနေများကိုငြိမ်သက်မှုရှိစေနိုင် ပါတယ်။ ဒါကြောင့် ဒီအောက်ပါ tip များကို အသုံးပြုပြီး သင့်အနေနဲ့ နောက်ထပ်တွေ့ကြုံလာရနိုင်တဲ့ အငြင်းပွား မှုပြဿနာများကိုကျော်လွှားလိုက်ပါ။
• တည်တည်ငြိမ်ငြိမ်ရှိပြီး professional ဆန်တဲ့ အသံအနေအထားကိုထိန်းသိမ်းထားပြီး မိမိယုံကြည်တဲ့ အရာကိုနောက်မတွန့်ပဲပြောဆိုပါ။
• နာမည်များဖော်ပြခြင်းနဲ့ လက်ညှိုးထိုးလွှဲချခြင်းများကိုရှောင်ရှားပါ။
• သင့်ဘက်ကိုပြန်လှည့်လာနိုင်တဲ့အရာများကို ဘယ်တော့မှ မပြောဆိုပါနဲ့၊ မရေးပါနဲ့။
• သဘောထားကွဲလွဲမှုများကို လူခြင်းတွေ့ဆုံ၍ဖြစ်စေ၊ ဖုန်းကနေတစ်ဆင့်ဖြစ်စေဖြေရှင်းပါ။ E-mail ပေး ပို့ခြင်းဟာသဘောထားကွဲလွဲမှုတွေကိုဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခုမဟုတ်ပါဘူး။
အနှစ် ၃၀ ခန့် အရောင်းသမားလောကတွင် ကျင်လည်လာခဲ့တဲ့ HubSpot ရဲ့ Director of Sales ဖြစ်သူ Dan Tyre က “အကယ်၍သင်ဟာ သာမန်လူတစ်ဦးဆိုပါက သင့်အနေနဲ့ စိတ်ခံစားမှုများကိုဦးစားပေးမိမှာပဲဖြစ်ပါတယ်။ သင်ဟာ ကြီးမြတ်သူတစ်ဦးဆိုရင်တော့ အခွင့်အလမ်းများကိုတွေ့မြင်နုင်မှာဖြစ်ပြီး သင့်ရဲ့ကစားပွဲကို အရှိန်မြှင့် တင်လိုက်မှာပဲဖြစ်ပါတယ်။ ရှေ့သို့ကိုင်းကာ သူတို့ရဲ့ပြောဆိုနေတဲ့အရာများဟာ ဘာကြောင့်ဖြစ်လာတာလဲ၊ ဘယ် ကလာတာလဲဆိုတာကို သေချာနားထောင်ပြီး သူတို့နဲ့အတူ စာနာခံစားတတ်ပါစေ” ဟုပြောကြားခဲ့ပါတယ်။
၈။ သင့်ထံတွင်ရှိတဲ့ အကူအညီပေးနိုင်တဲ့အရင်းအမြစ်များကို ထုတ်ယူသုံးစွဲပါ။
မူရင်းစာရေးသူရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ Clint Fontanella ကတော့ ဒီအရာများကို “သင့်ရဲ့ Customer support အတွက် လက်နက်ကိရိယာများ” လို့ခေါ်တွင်ရတာကိုကြိုက်ပါတယ်။ ဒီအရာများဟာ သင့်အနေနဲ့ ဖုန်း ခေါ်ဆိုမှုများ၊ Chat များ (သို့) လူချင်းတွေ့ဆုံရတဲ့အခါများတွင် ခက်ခဲသော Customer များနဲ့ တွေ့ကြုံရတဲ့အခါ မှာအသုံးချနိုင်တဲ့နည်းလမ်းများဖြစ်နေလို့ပါပဲ။
ဒီအရာများကို ကိစ္စရပ်များအပေါ်မူတည်ပြီးအသုံးပြုသင့်တာဖြစ်သော်လည်း အောက်တွင်ဖော်ပြထားတဲ့အရာ များကတော့ သင့်ရဲ့ကိုယ်စားလှယ်များအနေနဲ့ ကျွမ်းကျွမ်းကျင်ကျင်ဖြစ်အောင်လေ့ကျင့်ထားသင့်တဲ့ အရာအချို့ ဖြစ်ပါတယ်။
• Customer ကို နည်းဗျူဟာကျကျနဲ့ ဖုန်းခဏကိုင်ထားစေပြီး အချိန်ဆွဲရန် (သို့) စိတ်ခံစားမှုများကို အစီ အစဉ်တကျဖြစ်အောင် အချိန်ယူရန်။
• ရှုပ်ထွေးတဲ့ ပြဿနာဖြေရှင်းပုံနည်းလမ်းများကို ရှင်းလင်းပြသထားတဲ့အဆင့်များကို Screenshot များ (သို့) Recording များနဲ့ မျှဝေခြင်း။
• သင့်ရဲ့ဖြေရှင်းပုံဖြေရှင်းနည်းတစ်ခုဟာ အလုပ်ဖြစ်နိုင်တယ်လို့ထင်မြင်ယူဆတဲ့အခါ လုပ်ဖော်ကိုင်ဖက် တစ်ဦးကို အတည်ပြုမေးမြန်းခြင်း။ အစရှိတဲ့အရာများဟာ သင့်ရဲ့အကြံပေးချက်တစ်ခုအပေါ် သံသယရှိ နေတဲ့ customer တစ်ယောက်ရဲ့ သံသယတွေကို ကျေပျက်သွားအောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။
ဥပမာ -
သင့်ထံမှ အမြဲတမ်းဝယ်ယူအားပေးမှုပြုလုပ်နေတဲ့ Customer များက သင့်ရဲ့ support team ကို ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ပြဿနာရပ်တစ်ခုကိုဖြေရှင်းပေးဖို့အတွက် ခေါ်ဆိုမှုပြုခဲ့တယ်၊ သို့သော်လည်း သူတို့ထင်နေတာက ဒီပြဿ နာက တော်တော်ရှုပ်ထွေးတယ်လို့ ယူဆနေတယ်ဆိုပါစို့။ သင်ကသူတို့ကို စမ်းသပ်ထားပြီး အလုပ်ဖြစ်တဲ့ ဖြေရှင်း နည်းတစ်ခုကို ပြသပေးတဲ့အခါ သူတို့က ဒီအဆင့်တွေကိုသင်ပြသထားတဲ့အတိုင်း သူတို့လုပ်ပြီးသွားပြီလို့ပြောဆို လာပါမယ်။ ဒီအခါ သူတို့ဟာအနည်းငယ် ကျွဲမြီးတိုလာပြီဖြစ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ သင်က သင့်ရဲ့ လမ်းညွှန်မှုတွေအတိုင်းသူတို့ကလိုက်မလုပ်ဘူးလို့ သံသယရှိနေတယ်ဆိုပြီး သင့်ရဲ့ Customer များက ထင်မြင် တဲ့အတွက်ပဲဖြစ်ပါတယ်။
ဒီလိုအခြေအနေမျိုးဟာ နည်းဗျူဟာကျကျနဲ့ Customer များကို ဖုန်းခဏလောက်ကိုင်ထားပေးဖို့ပြောဆိုရန် အလွန်ကောင်းမွန်တဲ့အချိန်ပါ။ Customer ကို သင်ဟာ ဒီပြဿနာအတွက် သူတို့ဝယ်ယူထားတဲ့ ကုန်ပစ္စည်း/ ဝန်ဆောင်မှုတစ်ခုဟာ အမှားအယွင်းမရှိဘူးဆိုတာကိုစစ်ဆေးကြည့်ဖို့အတွက် အချိန်အနည်းငယ်စောင့်ဆိုင်းပေး ရန်ပြောဆိုနိုင်ပါတယ်။ သူတို့ကို သင်ဟာ ရှာဖွေစစ်ဆေးမှုများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ တိုင်ပင်ခြင်းများ (သို့) စစ် ဆေးမှုများကို ဒီကုန်ပစ္စည်းတစ်ခု/ ဝန်ဆောင်မှုတစ်ခု အမှားအယွင်းမရှိစေရန် လုပ်ဆောင်ကြည့်ပေးနေတယ်လို့ ပြောဆိုနိုင်ပါတယ်။
တစ်မိနစ်၊ နှစ်မိနစ်ခန့်အကြာမှာတော့ ဖုန်းပြန်ကိုင်ပြီးနောက် Customer ကို အထက်ကပြောခဲ့တဲ့ပြဿနာဖြေရှင်း ပုံနည်းလမ်းများအတိုင်း ပြန်လည်လုပ်ကြည့်ခိုင်းနိုင်ပါတယ်။ ဒီတစ်ခါမှာတော့ သင်တို့အတူလုပ်ဆောင်ကြည့်ပါ။ ဒီအရာက သင်တို့ ၂ဦးစလုံးကိုပြေလည်စေတဲ့အခြေအနေဖြစ်လာစေမှာပါ။ ဘာလို့လဲဆိုတော့ Customer အနေနဲ့ သူတို့ဟာ ဒီအဆင့်များကို အကျိုးမဲ့ပြန်လည်လုပ်ဆောင်နေရတယ်ဆိုတဲ့အထင်အမြင်မျိုးမဖြစ်စေပဲ သင်ဟာ အသုံးပြုသူဖက်မှအမှားကိုတွေ့ရှိတာပဲဖြစ်ဖြစ် (သို့) မူမမှန်တဲ့အရာတစ်ခုခုကိုတွေ့ရှိသွားတာပဲဖြစ်ဖြစ်ဖြစ်လာ နိုင်လို့ပါပဲ။
ဒီနေ့အတွက်တော့ ဒီလောက်နဲ့ပဲ ရပ်နားလိုက်ပါမယ်။ အပိုင်း (၁) နဲ့ (၂) ကိုတော့ ယမန်နေ့ကဖော်ပြခဲ့ပြီးပြီဖြစ်လို့ ကျွန်တော်တို့ရဲ့ www.jobsinyangon.com Website နဲ့ Facebook page မှာ ရှာဖွေဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်
ကျေးဇူးတင်လျက်
www.jobsinyangon.com
TOP EMPLOYERS
Polyconcept Hong Kong Ltd
Skills training related with job;
2. International working environment;
3. Career development in different domain and places;
4. Opportunities to work in different cities and countries;
5. 15 annu...
Show the postings (1)
Myanmar Marketing Research & Development, Ltd. (MMRD)
What we do: We help businesses and organizations to connect with their audience through print and digital directories (yellow pages), and to better understand their environment through Research Servic...
Show the postings (15)
The Experts English Language Center
-Offering low-price, high quality language education
-Ensuring the international standard Teaching Methods
-Unlocking the students' potentials and opportunities
- Promising the difference We off...
Show the postings (2)
Imedia International (Myanmar) Co., Ltd.
Digital Dots
.DigitalDots specialises in building quality business websites that people are proud of by using our expertise in all areas of website design, development and Internet marketing.
Our passion for se...
Show the postings (10)