by www.jobsinyangon.com
Tags: Knowledge-Career-Job-Offers-JobsInYangon
Job Offer တစ်ခုကို ဘယ်လို အကဲဖြတ်မလဲ? လက်ခံမှာလား၊ ငြင်းမှာလား (သို့) ညှိနှိုင်းမှုတွေလုပ်ရမှာလား? (အပိုင်း - ၃)
www.jobsinyangon.com ရဲ့စာဖတ်သူပရိသတ်များခင်ဗျာ။ မင်္ဂလာပါ။ ဒီနေ့မှာတော့ ကျွန်တော်တို့က Job Offer တစ်ခုကိုဘယ်လိုအကဲဖြတ်မလဲ? လက်ခံမှာလား၊ ငြင်းမှာလား (သို့) ညှိနှိုင်းမှုတွေလုပ်ရမှာ လား? ဆိုတဲ့ဆောင်းပါးလေးရဲ့ အပိုင်း - ၃ ကို ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီဆောင်းပါး လေးမှာတော့ထိုသို့ဆုံးဖြတ်နိုင်ဖို့ရာအတွက်သင်ဘာတွေကိုပြင်ဆင်ပြုလုပ်ထားရမလဲဆိုတာနဲ့ပတ်သက် ပြီး ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။
သင့်ရဲ့အစီအစဉ်များကိုကြိုတင်ရေးဆွဲထားပါ
“သင့်ကိုပေးအပ်လာတဲ့အလုပ် offer တစ်ခုမှာ သင်ပြောင်းလဲလိုတဲ့အရေးအကြီးဆုံးအချက်အလက်များ ကို ဆုံးဖြတ်သိရှိလိုက်သည်နှင့်တပြိုင်နက်” သင့်အနေနဲ့ ဘယ်အချက်တွေကိုသင်ထုတ်သုံးမလဲဆိုတာနဲ့ ထိုအရာတွေကို ဘယ်လိုအစီအစဉ်အတိုင်းသင်ထုတ်သုံးမလဲဆိုတာကို သင်ဆုံးဖြတ်ထားဖို့လိုအပ်ပါမယ်။” ဟူ၍ Lees ကပြောဆိုခဲ့ပါတယ်။ Weiss ကတော့ သင့်ရဲ့ညှိနှိုင်းဆွေး နွေးမှုနည်းဗျူဟာကိုရေးဆွဲဖော်ဆောင်ရာမှာ စိတ်ကူးစိတ်သန်းကောင်းတွေလိုအပ်ပါတယ် ဟူ၍ ပြောဆို ခဲ့ပါတယ်။ အကယ်၍သင့်အနေနဲ့ ကိုယ်စားလှယ်တစ်ဦးဦး - HR administrator (သို့) ဝန်ထမ်းခေါ်ယူ ပေးသူ (recruiter) တို့နှင့်ပြောဆိုညှိနှိုင်းရမည်ဆိုပါက - “တောင်းဆိုမှုများကိုသာပြုလုပ်ခြင်းထက် ထိုသူ ကိုမေးခွန်းများ၊ သတင်းအချက်အလက်များနဲ့ သူတို့ရဲ့အမြင်များကိုပါမေးမြန်းကြည့်သင့်ပါတယ်။” “ထိုမှ တဆင့် အခြားသူဖက်မှမြင်ကြည့်ပြီး ပူးပေါင်းပြဿနာဖြေရှင်းခြင်း (perspective of joint problem-solving) ဖြင့်ချည်းကပ်ကာ ညှိနှိုင်းနိုင်မည်ဖြစ်ပါသည်။” အောက်ပါကဲ့သို့ပြောဆိုကြည့်နိုင်ကြောင်းကိုလဲ သူကအကြံပေးတိုက်တွန်းခဲ့ပါတယ်။ “သင်တို့ဘက်က offer ပေးလာတဲ့လစာငွေက ကောင်းပါတယ် ဒါပေမယ့် ဒီလုပ်ငန်းကဏ္ဍကို ဆက်လက်ပြီးတိုးတက်မှုတွေရှိလာအောင် ကျွန်တော့်ဖက်က လုပ်ဆောင် ပေးလိုပါတယ်။ အချို့သောဖြစ်နိုင်ခြေတွေအရ ဒီအလုပ်ကိုပိုပြီးအဆင်ပြေချောမွေ့အောင်လုပ်နိုင်မယ့် အရာအချို့ရှိနေပါတယ် ဥပမာအားဖြင့် - လေ့ကျင့်သင်ကြားရေးအစီအစဉ်များ၊ အလှည့်ကျဆောင်ရွက် ရေးအစီအစဉ်များ (ဒါမှမဟုတ်) အတတ်ပညာသင်ကြားရေးအတွက် အထောက်အပံ့ပေးခြင်းများ အစရှိ တဲ့အရာတွေက ဒီအလုပ်ကိုပိုပြီးအဆင်ပြေချောမွေ့လာစေမယ်လို့ထင်ပါတယ်။ ဒီအထဲက ဘယ်အရာ တွေကိုများ လုပ်ပေးဖို့အဆင်ပြေနိုင်ပါမလဲခင်ဗျာ။”
မိမိကိုယ်ကိုယုံကြည်မှုနဲ့ စိတ်ဆုံးဖြတ်ချက်ခိုင်မာမှုရှိပါ ဒါပေမယ့် တက်တက်ကြွကြွလဲရှိနေပါစေ
ကျန်ရှိမယ့်အရာကတော့ “သမားရိုးကျ ညှိနှိုင်းမှုများပဲဖြစ်ပါတော့တယ်” ဟူ၍ Lees က ပြောဆိုခဲ့ပါ တယ်။ “သင့်အနေနဲ့ သင်ပေးဆပ်လက်ခံဖို့ပြင်ဆင်ထားတဲ့အရာတွေရဲ့တန်ဖိုးကိုမီးမောင်းထိုးပြပြီး သင် တောင်းဆိုတဲ့အရာများရဲ့တန်ဖိုးကို နည်းနိုင်သမျှနည်းပါးစွာတောင်းဆိုထားတယ်ဆိုတာကိုဖော်ပြလိုက် ပါ။” သင့်ဖက်က သေသေချာချာစဉ်းစားဆုံးဖြတ်၊ အကဲဖြတ်မှုတွေပြုလုပ်ထားတယ်ဆိုတဲ့အကြောင်းကို ပြသလိုက်ပါ။ ဥပမာအားဖြင့် သင့်အနေနဲ့ “ကျွန်တော်က ဒီလုပ်ငန်းကဏ္ဍနဲ့ တာဝန်ဝတ္တရားများကို နှစ်သက်မှုရှိပါတယ်၊ ဒါပေမယ့် တစ်ပတ်မှာ တစ်ရက်လောက် work from home လုပ်ချင်တာကို ခွင့်ပြု ပေးလို့ရနိုင်မလား။” ဟူ၍ မေးမြန်းကြည့်နိုင်ပါတယ်။ “မိမိကိုယ်ကိုယုံကြည်မှုရှိရှိနဲ့ စိတ်ဆုံးဖြတ်ချက်ခိုင် မာမှုရှိပြီး တက်တက်ကြွကြွရှိတဲ့ ညှိနှိုင်းသူတစ်ဦးအဖြစ်ပုံဖော်ထားပါ””အမြင်ကျယ်ကျယ်ထားပြီး သဘောတူညီချက်ရရှိနိုင်အောင် ပြုလုပ်လိုက်ပါ။” ဟူ၍လည်းသူကထပ်လောင်းပြောဆိုခဲ့ပါတယ်။ “သင့် အနေနဲ့ အရာအားလုံးကိုညှိနှိုင်း၍ရနိုင်မှာမဟုတ်ဘဲ တစ်စုံတစ်ရာကို သဘောတူညီလိုက်ပြီ ဆိုပါက နောက်ဆုတ်၍ရနိုင်တော့မှာမဟုတ်ပါဘူး။” ဟူ၍ Lees က ပြောကြားခဲ့ပါတယ်။ “ဒီကိစ္မှာ သင်ဘာကို တောင်းဆိုလိုသလဲဆိုတာထက် သင်ဘယ်လိုတောင်းဆိုမလဲဆိုတာကအဓိကကျပါတယ်။ ကောင်းမွန်စွာ ကြိုတင်ပြင်ဆင်ထားမှုရှိပြီး၊ လေးလေးစားစားနဲ့ အပြုသဘောဆောင်စွာတောင်းဆိုတတ်ရပါမယ်။ သင်ကို သူတို့က သူတို့အနေနဲ့ အတူလက်တွဲလုပ်လိုတဲ့သူတစ်ဦးအဖြစ် ထင်မြင်ယူဆသွားစေလိုမှာလဲ ဖြစ်ပါတယ်။” ဟူ၍ Weiss ကဖြည့်စွက်ပေးခဲ့ပါသေးတယ်။
ထို offer က သင်နဲ့ကိုက်ညီမှုမရှိပါက ယဉ်ယဉ်ကျေးကျေးငြင်းဆိုလိုက်ပါ။
ဒီလိုညှိနှိုင်းဆွေးနွေးမှုများမှာ ပေးဆပ်ခြင်းနဲ့ ရယူခြင်းဟာ ဒွန်တွဲနေမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် သင် တောင်းဆိုလိုက်တဲ့အရာတိုင်းကို ငြင်းဆိုခံနေရပါက ဒါဟာ “သင့်ရဲ့အလုပ်ရှင်ဖြစ်လာနိုင်သူဘက်က လိုက်လျောညီထွေဖြစ်အောင်ပြောင်းလဲပြင်ဆင်မပေးနိုင်ဘူးဆိုတာကို ပြသနေပြီး ဒီလို စီမံအုပ်ချုပ်မှု ပုံစံမျိုးအောက်တွင် သင်လည်းအလုပ်လုပ်လိုမှာမဟုတ်ပါဘူး။” ဟူ၍ Lees က ပြောကြားခဲ့ပါတယ်။ အဆင်ပြေကိုက်ညီမှုမရှိကြောင်းကိုပြသနေတဲ့ နိမိတ်လက္ခဏာများကို သတိထားလေ့လာပါ။ “သင့် ဆဌမအာရုံက အာရုံခံလိုက်နိုင်တဲ့အရာတွေကို ဂရုစိုက်ပါ။””အကယ်၍ ဒီလိုဂရုတစိုက်နားထောင်ခြင်း က သင့်ကို ဒီအလုပ်ကိုမလုပ်သင့်ကြောင်းပြောဆိုနေတယ်ဆိုရင် နားထောင်လိုက်ပါ။” ဒီအပြင် အလုပ် offer တစ်ခုက မိမိနဲ့ကိုက်ညီမှုမရှိတဲ့အတွက် ငြင်းဆိုလိုက်ခြင်းဟာ ရှက်စရာကိစ္စတစ်ခုမဟုတ်ပါဘူး။ “သင့်အနေနဲ့ ကောင်းမွန်တဲ့အကြောင်းပြချက်တစ်ခု၊ နှစ်ခုလောက်နဲ့ ထိုအလုပ် offer ကို ယဉ်ယဉ်ကျေး ကျေးငြင်းဆိုလိုက်သရွေ့ပေါ့။ ဥပမာအားဖြင့် - ဒီအလုပ်က သင့်ကိုလုံလောက်တဲ့တွန်းအားမဖြစ်စေတာ ကြောင့်၊ ဒါမှမဟုတ် သင်ကအခြားမတူညီတဲ့လုပ်ငန်းကဏ္ဍတစ်ခုမှာအလုပ်လုပ်ချင်တာကြောင့် အစရှိ သည်ဖြင့်ပြောဆိုပြီး ငြင်းဆိုနိုင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးလဲ သင့်အနေနဲ့ စိတ်ကသိကအောက်ဖြစ် နေစရာမလိုပါဘူး။” ဟူ၍သူကပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် “ဒီအခွင့်အလမ်းကိုလည်းဆုံးရှုံးမသွားရ စေရန်အတွက်ကိုလည်း ပြုလုပ်ထားရပါမယ်။” ”သင်လက်ရှိဆက်ဆံနေရတဲ့သူများဟာ သင့်ရဲ့ ဖောက်သယ်များ၊ အကြံပေးသူများနဲ့ သင့်ရဲ့ အနာဂါတ်အလုပ်ရှင်များပင်ဖြစ်နေနိုင်တာမို့ သင့်အနေနဲ့ လေးစားသမှုနဲ့ ဆက်ဆံထားသင့်ပါတယ်။
မှတ်သားထားရမည့်စည်းကမ်းချက်များ
လုပ်ဆောင်ရန်
• သင့်ရဲ့အလုပ်ကနေ သင်ဘာကိုလိုချင်သလဲဆိုတာကိုစဉ်းစားပြီးနောက် ဒီအရာအပေါ်အခြေခံ၍ ပေးအပ်လာတဲ့အလုပ် offer တွင် သင်ပြောင်းလဲလိုတဲ့အချက်များကို စဉ်းစားဆုံးဖြတ်ရန်။
• သင်ငြင်းဆိုမယ့်အရာတွေကို သေချာစွာ စဉ်းစားရွေးချယ်ပြီးမှ ငြင်းဆိုရန်။
• ပုံမှန်ပြုလုပ်နေကျ ညှိနှိုင်းဆွေးနွေးမှုနည်းစနစ်များကိုအသုံးချပြီး သင့်အနေနဲ့ သင်ပေးဆပ် လက်ခံဖို့ပြင်ဆင်ထားတဲ့အရာတွေရဲ့တန်ဖိုးကိုမီးမောင်းထိုးပြပြီး သင် တောင်းဆိုတဲ့အရာများရဲ့ တန်ဖိုးကို နည်းနိုင်သမျှနည်းပါးစွာ တောင်းဆိုထားတယ်ဆိုတာကိုဖော်ပြရန်။
ရှောင်ကြဉ်ရန်
• ပေးအပ်လာတဲ့အလုပ် offer အကြောင်းကိုမေးမြန်းရာတွင် သံသယဖြစ်မှု၊ အဆိုးမြင်ဝေဖန်မှု များကိုပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရန်။
• သင့်အနေနဲ့ ငြင်းဆိုရှောင်ထွက်နိုင်မယ့် အခြားရွေးချယ်စရာများကို ထည့်သွင်းစဉ်းစားရမည့် အစား လျစ်လျူရှုထားခြင်းမှ ရှောင်ကြဉ်ရန်။
• အဆင်ပြေကိုက်ညီမှုမရှိကြောင်းကိုပြသနေတဲ့ နိမိတ်လက္ခဏာများကိုလျစ်လျူရှုပြီး သင့်ရဲ့ ဆဌမအာရုံက သင့်ကိုဒီအလုပ်ကို လုပ်ကိုင်ခြင်းမပြုသင့်ကြောင်း နမိတ်ပြပြောကြားနေတဲ့အခါ မှာ လက်မခံပဲရှေ့ဆက်တိုးခြင်းအား ရှောင်ကြဉ်ရန်။
ဒီကနေ့မှာတော့ ဒီလောက်နဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်။ မနက်ဖန်တွင် Job Offer တစ်ခုကို ဘယ်လို အကဲဖြတ်မလဲ? လက်ခံမှာလား၊ ငြင်းမှာလား (သို့) ညှိနှိုင်းမှုတွေလုပ်ရမှာလား? ဆိုတဲ့ဆောင်းပါးလေးရဲ့ အပိတ် အနေနဲ့ နမူနာအခြေအနေများကိုလေ့လာခြင်းအနေနဲ့ case study ၂ ခုကို တင်ဆက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
LOTTE MGS Beverage Co.,Ltd
Lotte Group’s mission : “ We enrich people’s lives by providing superior products and services that our customers love and trust.”LOTTE MGS Beverage (Myanmar) Co., Ltd was incorporated in the ...
Show the postings (5)
La Pyae Wun Co.,Ltd
Our company vision is to develop our work efforts in real estate managements and construction. In which we solely believe that the key to success is having a goal and effectively working everyday to r...
Show the postings (11)
PRO 1 Myanmar Co., Ltd.
The tagline of our company is "One place, Get All" because we have established a reputation as the leading warehouse style DIY store in Yangon and Mandalay. The products we sell are building hardware,...
Show the postings (14)