Jobs In Myanmar
Load...

Job Offer တစ်ခုကို ဘယ်လို အကဲဖြတ်မလဲ? လက်ခံမှာလား၊ ငြင်းမှာလား (သို့) ညှိနှိုင်းမှုတွေလုပ်ရမှာလား? (အပိုင်း - ၄)

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Career-Job-Offers-JobsInYangon



Job Offer တစ်ခုကို ဘယ်လို အကဲဖြတ်မလဲ? လက်ခံမှာလား၊ ငြင်းမှာလား (သို့) ညှိနှိုင်းမှုတွေလုပ်ရမှာလား? (အပိုင်း - ၄) 

 

Case Study #1: လစာငွေများအပေါ်သေခြာစွာစဉ်းစားဆုံးဖြတ်ခြင်းနဲ့ အပေးအယူများလုပ်ဖို့ရာ ပွင့်လင်းမှုရှိပါ။

လွန်ခဲ့သော ၂ နှစ်ခန့်က Jane Chung ဟာ Los Angeles အခြေစိုက် AltaMed ဆိုတဲ့ ကျန်းမာရေးဝန်ဆောင်မှု ကော်ပိုရေးရှင်း တစ်ခုမှာ project မန်နေဂျာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် ဆက်သွယ်ကမ်းလှမ်းခံခဲ့ရပါတယ်။ ထိုအချိန်မှာ Jane ဟာ consultant တစ်ဦးအဖြစ်အလုပ်လုပ်ကိုင်နေပြီး AltaMed ဟာ သူမရဲ့ client များထဲမှ တစ်ခုအပါ အဝင်ဖြစ်ပါတယ်။

Jane က အဆိုပါ offer ကိုရရှိတဲ့အခါ သူမဟာချက်ချင်းပဲသဘောကျသွားခဲ့ပါတယ်။ “အဲ့ဒီအချိန်မှာ သူတို့ဖက်က ကမ်းလှမ်းလာတဲ့ ကနဦးအခြေခံလစာငွေက သူမလက်ရှိမှာ ရနေတဲ့လစာငွေထက် ၂၀% ခန့်ပိုများနေပါတယ်။” “ဒါကြောင့်မို့ သာမန်အားဖြင့်ဆိုရင် ဒီအလုပ်ကိုချက်ချင်းဆိုသလိုပဲ လက်ခံလိုက်မိမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မအနေနဲ့ ဒီပေးအပ်လာတဲ့ offer package ရဲ့အချက်အလက်အပြည့်အစုံကို ကြည့်ရှုပြီး အသေးစိတ် တွက်ချက်ကြည့်ဖို့ လိုအပ်တယ် ဆိုတာကို သိထားပါတယ်။” ဟူ၍ သူမက ပြန်လည်ပြောပြခဲ့ပါတယ်။

Jane ပထမဆုံးလုပ်ခဲ့တဲ့အဆင့်ကတော့ ပေးအပ်လာတဲ့လစာငွေအပေါ် သေချာစွာ အသေးစိတ်ကျတဲ့ အကဲဖြတ်မှုတစ်ခုကို ပြုလုပ်ခဲ့တာဖြစ်ပြီး သူမက Glassdoor နဲ့ Indeed ကဲ့သို့သော website များပေါ်ရှိ လူအများကြည့်ရှုနိုင်တဲ့ သတင်းအချက် အလက်များကို အသုံးပြုပြီး အဆိုပါရာထူးနေရာတစ်ခုဟာ ဈေးကွက်အတွင်း လစာဘယ်လောက်ရနေသလဲဆိုတာကို သိရှိ အောင် ဆောင်ရွက်ခဲ့ပါတယ်။ သူမက ဝန်ထမ်းခေါ်ယူပေးသူအေဂျင်စီ (recruiter) များနဲ့ သူမရဲ့ LinkedIn network အတွင်း မှာရှိတဲ့သူများနဲ့လည်း စကားပြောဆိုကြည့်ခဲ့ပြီး သူမရဲ့တန်ကြေးဟာ ဘယ်လောက်ရှိသလဲဆိုတာကို သိရှိအောင်ပြုလုပ်ခဲ့ပါ တယ်။ “ကျွန်မအနေနဲ့ အလုပ်တစ်ခုကိုကျွန်မဘက်ကစတင်ရှာဖွေနေတာဖြစ်စေ၊ ရှာဖွေနေတာမဟုတ်သည်ဖြစ်စေ ကျွန်မရဲ့ personal အသိုင်းအဝိုင်းကွန်ယက်ကိုအသုံးချပြီး အခြားသောကုမ္ပဏီတွေရဲ့ ခွင့်ရက်ပေးတဲ့ အခြေအနေများ (paid time off allowances)/ ကုမ္ပဏီပေါ်လစီများ (policies) နဲ့ အလုပ်အချိန်ဇယားအပေါ် ညှိနှိုင်းနိုင်မှု အစရှိသည်တို့ကို စုံစမ်းလေ့ရှိတာက အကျင့်တစ်ခုလိုဖြစ်နေပါပြီ။’ ဟူ၍ သူမကပြောကြားသွားခဲ့ပါတယ်။

သူမရဲ့ကြိုးပမ်းအားထုတ်မှုကြောင့်ပဲ “သူမအနေနဲ့ ပုဂ္ဂလိကကုမ္ပဏီကဏ္ဍကနေ အကျိုးအမြတ်မယူပဲဝန်ဆောင်မှုပေးနေတဲ့ ကျန်းမာရေးစနစ် ကဏ္ဍသို့ပြောင်းလဲလိုက်ပါက ဘောနပ်စ်ရရှိမှုတွင် သိသိသာသာကိုလျော့နည်းသွားလိမ့်မယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။””လက်ရှိကျွန်မရရှိနေတဲ့ လစာငွေကို အခြားအကျိုးခံစားခွင့်တွေ ဘောနပ်စ်တွေနဲ့ ထည့်သွင်းပြီးပြန်လည် တွက်ချက်ကြည့်ကာ ဒီအလုပ်တာဝန်အသစ်ကိုထမ်းဆောင်ရရာတွင် ပိုမိုများပြားစွာထမ်းဆောင်ရနိုင်သည့်ကဏ္ဍများနဲ့ တာဝန် ဝတ္တရားများကိုပြန်လည်သုံးသပ်ကြည့်ခဲ့ပါတယ်။” ဟူ၍ သူမကပြောကြားခဲ့ပါတယ်။

နောက်တစ်ဆင့်အနေနဲ့ သူမက AltaMed တွင်အလုပ်လုပ်ခြင်းအားဖြင့် သူမအနေနဲ့ပျော်ရွှင်မှုကိုရနိုင်မှာလားဆိုတာအပေါ်မှာ လည်း စဉ်းစားခဲ့ပါတယ်။ “ဒီအဖွဲ့အစည်းတွင် အဆိုပါအလုပ်နေရာကိုရယူလိုတဲ့ ကျွန်မရဲ့ အဓိကရည်ရွယ်ချက်ကတော့ သူတို့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ ကိုယ်လက်အင်္ဂါချို့ယွင်းနေသူများနဲ့ အောက်ခြေလူတန်းစား အခြေခံလူ့အဖွဲ့အစည်းတွေကို ကျန်းမာရေးဝန်ဆောင်မှုတွေပေးအပ်ဖို့ရည်ရွယ်ဆောင်ရွက်နေတဲ့အတွက်ပဲဖြစ်ပါတယ်။” “သူမဟာ ဒီအဖွဲ့အစည်းရဲ့ ထုံးထမ်းစဉ်လာများ၊ လုပ်ဆောင်ချက်များနဲ့ ထိုအဖွဲ့အစည်းတွင်ရှိနေတဲ့ အကြီးတန်းခေါင်းဆောင်များနဲ့ ရင်းနှီးမှုရှိနေပြီဖြစ်ပြီး သူတို့ကိုလည်း လေးစားအားကျနေတဲ့အတွက်ပဲဖြစ်ပါတယ်။” ဟူ၍ သူမကပြောကြားခဲ့ပါတယ်။

နောက်ပြီး အဆိုပါအဖွဲ့အစည်းတွင် အခြားသောအားသာချက်များလည်းရှိနေပြန်ပါသေးတယ်။ “ဒီကုမ္ပဏီက ပိတ်ရက်ရှည် ကာလများတွင် လုပ်ငန်းတစ်ခုလုံးကိုပိတ်ထားပြီး အားလပ်ရက်ပေးထားတယ်ဆိုတာကိုလည်း သိရှိထားတဲ့အတွက် ဒီအရာ က ကျွန်မအတွက်တော့အဆင်ပြေစေတဲ့ အချက်တစ်ခုပါပဲ။” ဟူ၍လည်း ပြောကြားခဲ့ပါတယ်။

ပြီးနောက်တွင်မှ သူမရဲ့ ညှိနှိုင်းဆွေးနွေးမှုအစီအစဉ်ကို အကောင်အထည်ဖော်ဖို့လုပ်ဆောင်ပါတော့တယ်။ အလုပ်သမားခေါ်ယူ ပေးသူ recruiter တစ်ယောက်က ကြားခံကိုယ်စားလှယ်အနေနဲ့ရှိနေတဲ့အတွက် Jane က ထိုသူကို “မေးခွန်းများစွာကိုမေးမြန်းပြီး” တစ်ချိန်တည်းမှာပဲ “အဆိုပါအလုပ် offer ကိုလက်ခံဖို့အတွက် စစ်မှန်စွာ စိတ်အားထက်သန်မှု ရှိကြောင်း” ကိုလည်း ပြသခဲ့ပါတယ်။

သူမရဲ့ပထမဆုံးတောင်းဆိုမှုကတော့ ပိုမိုမြင့်မားတဲ့အခြေခံလစာကိုပေးအပ်နိုင်မလားဆိုတာဖြစ်ပြီး AltaMed က လိုက်လျော ပေးခဲ့သော်လည်း သူတို့ထပ်မံတိုးမြှင့်ပေးလိုက်တဲ့လစာငွေဟာလည်း သူမရဲ့ရည်မှန်းချက်နဲ့ကိုက်ညီမှုမရှိခဲ့ပြန်ပါဘူး။ ဒါကြောင့် သူမကနောက်တစ်ချက်အနေနဲ့ recruiter ကို အခြားသောအချက်အလက်များဖြစ်တဲ့ paid time off ကဲ့သို့သော ကိစ္စများကို ညှိနှိုင်းပေးဖို့ဖြစ်နိုင်မလားဆိုတာကိုမေးမြန်းကြည့်ခဲ့ပါတယ်။ ကံမကောင်းစွာပဲ “ကုမ္ပဏီတွင် အလုပ်လုပ်ခဲ့ဖူး သည့်လုပ်သက်အပေါ်တွင်အခြေခံ၍သာ PTO formula နှင့်ချိန်ညှိပြီးသာ ကြပ်ကြပ်မတ်မတ်လုပ်ဆောင်သည့်အတွက် ဒီအရာဟာလည်း ညှိနှိုင်း၍မဖြစ်နိုင်ခဲ့ပါဘူး” ဟူ၍ Jane က ပြန်လည်စဉ်းစား၍ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း “ဒီသို့ပြုလုပ်လိုက်ခြင်းအားဖြင့် recruiter က ကျွန်မဟာဒီရာထူးနေရာအတွက် စိတ်ပါဝင်စားမှုရှိတယ်ဆိုတာ ကို သိရှိနိုင်ဖို့အတွက်ဖြစ်စေခဲ့ပြီး အခြားသောအချက်အလက်များနဲ့ ညှိနှိုင်းဆွေးနွေးနိုင်ဖို့ကိုလည်း ကျွန်မဘက်ကလက်ခံနိုင် တယ်ဆိုတာကိုဖော်ပြနိုင်ခဲ့ပါတယ်။” သူမက ကုမ္ပဏီအနေနဲ့ဒီအလုပ် offer အတွက် အနည်းငယ်ပိုပြီးညှိနှိုင်းပေးနိုင်ဦးမလား ဆိုတာကိုနောက်ထပ်မေးမြန်းကြည့်ခဲ့ရာမှာတော့ ကုမ္ပဏီက နောက်ထပ်လစာငွေအနည်းငယ်တိုးမြှင့်ပေးမှုအပြင် လက်မှတ် ထိုးခဲ့ပါက ဘောနပ်စ်အချို့ကိုလည်းပေးအပ်သွားမှာဖြစ်တယ်ဟုဆိုကာ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် သူမက ထိုအလုပ်ကိုလက်ခံခဲ့ပါတယ်ဟူ၍ သူမကပြောကြားခဲ့ပါတယ်။

ယခုအချိန်မှာတော့ သူမရဲ့ project ဟာ အစိုးရကထောက်ပံ့ငွေနဲ့လည်ပတ်နေရပြီး အဆိုပါထောက်ပံ့မှုဟာ ဒီနှစ်စက်တင်ဘာ လတွင် ကုန်ဆုံးမှာဖြစ်တဲ့အတွက် Jane က အလုပ်အသစ်တစ်ခုကို ရှာဖွေလျက်ရှိနေပါတယ်။

 

Case Study #2: သင့်အတွက်ဘာကအရေးပါသလဲဆိုတာကို အဓိကထားပြီး ချည်းကပ်မှုပြုလုပ်ပါ။

နှစ်အနည်းငယ်အကြာက recruiter တစ်ဦးက Andrea Molette Bradford ဆိုတဲ့ Coca-Cola နဲ့ Sprint တွင်အလုပ်လုပ်ကိုင် နေတဲ့ marketing executive တစ်ဦးကို ချဉ်းကပ်ခဲ့ပြီး အခြားမြို့ကြီးတစ်မြို့တွင်အခြေစိုက်ထားတဲ့ အရောင်းကုမ္ပဏီတစ်ခု မှာ လက်ထောက်ကုမ္ပဏီအုပ်ချုပ်ရေးမှုး (vice president)  ရာထူးကိုကမ်းလှမ်းလာခဲ့ပါတယ်။

Andrea ဟာ သက်မွေးမှုလုပ်ငန်းအပြောင်းအလဲတစ်ခုဖြစ်ပေါ်လာရန်ကို စိတ်အားထက်သန်လျှက်ရှိပြီး အလုပ်အသစ်အတွက် စိတ်လှုပ်ရှားနေပါတယ်။ “Recruiter ဘက်က အဆိုပါကုမ္ပဏီအကြောင်း တန်ဖိုးမဖြတ်နိုင်တဲ့ သတင်းအချက်အလက်များကိုပြောကြားပေးခဲ့ပြီး ကျွန်မကိုလည်းအင်တာဗျူးကာလအတွင်းနဲ့ offer ပေးအပ်စဉ် ကာလ အတွင်း အနီးကပ်သင်ကြားပို့ချမှုများကို ပြုလုပ်ပေးခဲ့ပါတယ်။” “သို့သော်လည်း အဆိုပါ recruiter ဟာ ကုမ္ပဏီဘက်က ဌားရမ်းထားသူဖြစ်နေတဲ့အတွက် ကျွန်မအနေနဲ့ သူဟာ ကျွန်မအတွက်အကောင်းဆုံးရလာဒ်များကို ရရှိစေဖို့ကို အဓိကထား ပြီး ဆောင်ကြဉ်းပေးမှာ မဟုတ်ဘူးဆိုတာကို သိရှိထားပါတယ်။”

အဆိုပါ offer ရောက်ရှိလာတဲ့အခါမှာတော့ ဒီအရာဟာ တော်တော်လေးကောင်းမွန်ပါတယ်။ သူမက ထိုရာထူးနေရာ၊ တာဝန်ဝတ္တရားတွေနဲ့ လစာငွေ၊ ကျန်းမာရေးခံစားခွင့်များ၊ ဘောနပ်စ်ပေးခြင်းများနဲ့ စတော့ရှယ်ယာများကိုလည်း လျှော့ဈေးနဲ့ဝယ်ယူနိုင်မှု အစရှိသည်တို့ကိုရရှိမှာဖြစ်တဲ့အတွက် တော်တော်လေးကျေနပ်သွားခဲ့ပါတယ်။

သို့သော်လည်း Andrea အနေနဲ့ပြောင်းလဲချင်တဲ့အချက်အချို့လည်း အဆိုပါ offer တွင်ရှိနေပါတယ်။ “ကျွန်မက offer တစ်ခု ကိုစဉ်းစားတဲ့အခါမှာ အမြဲတမ်းကျွန်မဘက်က ဘာကိုလိုချင်သလဲဆိုတာကို အရေးကြီးတဲ့အရာအလိုက် အစီအစဉ်တကျ ချရေးလေ့ရှိပါတယ်။ ဒီ list ကိုတော့ ကျွန်မကရှင်တို့ကိုပြောပြမှာမဟုတ်ပါဘူး၊ ဒါပေမယ့် ဒီအရာက ကျွန်မအနေနဲ့ညှိနှိုင်းမှု တွေပြုလုပ်တဲ့အခါမှာ ကျွန်မရဲ့လမ်းပြကြယ်ပါပဲ။”

 “သူမအတွက်အရေးအကြီးဆုံးအချက်ကတော့ ပိုမိုများပြားတဲ့ အားလပ်ချိန်များရှိနေဖို့ဖြစ်ပြီး ဒုတိယအချက်ကတော့ အနည်းငယ်ပိုမိုနောက်ကျပြီးမှ လုပ်ငန်းခွင်ထဲသို့စတင်ဝင်ရောက်နိုင်ဖို့ပါပဲ။ အလုပ်စဝင်မယ့်ရက်ကို နောက်ဆုတ်ချင်တာက ကျွန်မရဲ့နေအိမ်ကို ပိတ်သိမ်းပြီး ကျွန်မနေထိုင်ရမယ့် မြို့အသစ်သို့ ပြောင်းရွှေ့ဖို့နဲ့ နေသားကျဖို့အတွက် အချိန်ရချင်လို့ပါ။” ဟူ၍ သူမကပြောဆိုခဲ့ပါတယ်။

ပြီးနောက်တွင်တော့ သူမက သူမအနေနဲ့ ဒီတောင်းဆိုချက်များကိုရရှိအောင် ဘယ်လိုချဉ်းကပ်မှုတွေ ပြုလုပ်ရမလဲဆိုတာကို စဉ်းစားစီစဉ်မှုများပြုလုပ်ခဲ့ပါတယ်။ “သူမပေးချင်တဲ့အဓိက message ကတော့ သူမဟာ ဒီ offer ထဲက အချက်တော်တော် များများကို သဘောကျပေမယ့် သူမရဲ့လက်ရှိအလုပ်အတိုင်း အားလပ်ရက်များကိုဆက်လက်ရရှိလိုတာပဲဖြစ်ပါတယ်။” “ခရီး သွားခြင်းဟာ ကျွန်မကို ဘက်စုံထူးချွန်တဲ့ လုပ်ငန်းကျွမ်းကျင်သူ (professional) တစ်ဦးဖြစ်လာစေပြီး ကျွန်မမမြင်ဖူးတဲ့ အခြားလူတွေနဲ့ အကြောင်းအရာတွေကို ကျွန်မအနေနဲ့တွေ့မြင်နိုင်ဖို့အတွက် ဒီအားလပ်ရက်များကိုလိုအပ်တယ်ဆိုတာကို လည်း ကျွန်မရဲ့ သူဌေးကိုပြောပြခဲ့ပါတယ်။” “ယခင်ကလည်း သူမကနေထိုင်ရာကိုရွှေ့ပြောင်းမှုတွေပြုလုပ်ခဲ့ဖူးပြီး “အကူး အပြောင်းကာလတွင် သင့်လျှော်တဲ့အချိန်အတိုင်းအတာတစ်ခုကိုပေးအပ်ထားဖို့က ဘယ်လောက်အရေးကြီးသလဲဆိုတာကို လည်း သူမဖက်ကနားလည်တဲ့အကြောင်းကို ရှင်းပြခဲ့ပါသေးတယ်။”

Andrea ဟာ ညှိနှိုင်းဆွေးနွေးစဉ်အတွင်း နားလည်သဘောပေါက်လွယ်ပြီး အကောင်းမြင်တတ်တဲ့သူတစ်ဦးအဖြစ် မိမိကိုယ်ကို ဖော်ပြနိုင်ခဲ့တဲ့အတွက် သူမဟာအပိုဆောင်းအားလပ်ရက်ကိုရရှိခဲ့ပြီး သူမရဲ့ အလုပ်ရှင်ဖြစ်လာမည့်သူက သူမကို စောစောစီးစီးအလုပ်ဆင်းစေလိုသော်လည်း Andrea က နောက်ဆုံးတွင်တော့ အနိုင်ရသွားခဲ့ပါတယ်။ “ဝန်ထမ်းခေါ်ယူသူ မန်နေဂျာက အလုပ်စဆင်းရမယ့်ရက်ကိုတော့ အလျှော့ပေးခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း သူက ဒါဟာကျွန်မအတွက် အရေးပါတယ်ဆိုတာကိုနားလည်သဘောပေါက်ပြီး ကျွန်မကလည်း သူတို့ကို တောင်းဆိုချက်နှစ်ခုသာ တောင်းဆိုခဲ့တာပါ။” ဟူ၍ပြောကြားသွားခဲ့ပါတယ်။ သူမကတော့ ဒီအလုပ်ကိုလက်ခံလိုက်ခြင်းအားဖြင့် သူမဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုကို ပြုလုပ်ခဲ့ပြုလုပ်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။

ယခုအချိန်မှာတော့ Andrea ဟာ အလွတ်တန်းအကြံပေးသူ (independent consultant) တစ်ဦးဖြစ်နေပြီဖြစ်ပြီး “ကျွန်မ အတွက်လွန်စွာကောင်းမွန်တဲ့အခွင့်အလမ်းများရှိခဲ့ရင် တံခါးဖွင့်ထားပါတယ်။” ဟူ၍ သူမကပြောကြားသွားခဲ့ပါတယ်။

 

ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 

 

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Amazing One Trading Co., Ltd.

Amazing One Trading Co., Ltd.

.Elegant in style. Unique in designs. Serviced by professionals. Your most satisfying experience to decorate your home. All at Amazing One....
Show the postings (8)
FORUM8 YANGON Co.,Ltd.

FORUM8 YANGON Co.,Ltd.

Sales/Office work, Engineering workFORUM8 exerts its force primarily on the development/marketing of software that support civil engineering design, analysis, architectural design, etc. and lately the...
Show the postings (1)
Ve Ve Soft Drinks Factory

Ve Ve Soft Drinks Factory

..The Green Circle Co., Ltd,a food and beverage company was founded in 1997. Green Circle engages in manufacturing, marketing, Sale, and distribution. The company comprises beverages such as soft drin...
Show the postings (6)
International Travel Asia Co., Ltd.

International Travel Asia Co., Ltd.

.International Travel Asia Co.,Ltd....
Show the postings (3)
A4 International Mathematics School

A4 International Mathematics School

Saya A4 and teacher A4 taught mathematics for the children who learned Grade 5 to Grade 12 from International School since 2003. When Saya A4 depart from Myanmar, most of parents send their children t...
Show the postings (5)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS