Jobs In Myanmar
Load...

How to Get Control of Your Workload

by www.jobsinyangon.com


Tags: Knowledge-Workload-Management-General-JobsinYangon



သင့်ရဲ့အလုပ်တာဝန်များကို ဘယ်လိုထိန်းချုပ်နိုင်မှာလဲ

 

များပြားလှတဲ့အလုပ်တာဝန်များပုံလာခြင်းဟာ သင်မသိလိုက်မှီမှာပင် စိတ်တို၊ စိတ်ရှုပ်ကာ လုပ်ချင်ကိုင်ချင်စိတ် များကို ပျောက်ဆုံးစေပါသည်။ သင့်ထံတွင် အလုပ်များပုံလာပါကဖြစ်ပေါ်လာနိုင်တဲ့ စိတ်ဖိစီးမှုများနှင့် အခက်အ ခဲများဟာ အဆိုပါအခြေအနေကိုပိုမိုဆိုးရွားလာစေမှာဖြစ်ပါတယ်။ အမေရိကန် စိတ်ပညာရှင်အစည်းအရုံးရဲ့ အဆိုအရ စိတ်ဖိစီးမှုများဟာ အလုပ်ပြီးမြောက်နိုင်စွမ်းအပေါ် ဆိုးကျိုးများသက်ရောက်စေနိုင်ပြီး သင့်ကို ပိုမို၍ နောက်ကောက်ကျစေနိုင်ပါတယ်။ သင့်ရဲ့အလုပ်တာဝန်များကိုနားလည်အောင်ပြုလုပ်ရန်အချိန်အချို့လိုအပ်နိုင် သော်လည်း ထို့သို့လုပ်ဆောင်ရခြင်းကြောင့်ရလာမယ့်အကျိုးရလာဒ်များဟာ ထိုက်တန်မှုရှိပါတယ်။ 

 

အစီအစဉ်တကျလုပ်ဆောင်ခြင်း
အစီအစဉ်တကျလုပ်ဆောင်ခြင်းဟာ သင့်ရဲ့အလုပ်တာဝန်များကို ထိန်းချုပ်နိုင်ဖို့လိုအပ်နေပါက မရှိမဖြစ်အရေး ကြီးသောအချက်တစ်ခုဖြစ်ပါတယ်။ သင်ဟာစည်းစနစ်ကျနမှုမရှိတဲ့အခါ သင်အလုပ်လုပ်ရန်လိုအပ်သောအရာ များကိုရှာဖွေရခြင်းဖြင့် အချိန်များအလဟသတ်ဖြစ်ကုန်ပါတယ်။ စည်းစနစ်ကျနမှုမရှိခြင်းဟာ သင့်ရဲ့အခြေအနေ အပေါ် မလိုလားအပ်သောစိတ်ဖိစီးမှုများကိုသာပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ အစီအစဉ်တကျလုပ်ဆောင်ရမယ့် အတိုင်းအတာနဲ့ သင့်ရဲ့ကိစ္စရပ်များကို စုစည်းပေးနိုင်ရန် သင်လိုအပ်မယ့် Tools များဟာ သင့်ရဲ့အလုပ်အပေါ်တွင် မူတည်နေပါသည်။ အကယ်၍သင်ဟာ အစဉ်အမြဲ အစည်းအဝေးပွဲများတက်ရောက်နေရပါက အစီအစဉ်များပြု လုပ်ပေးနိုင်မည့် စက်ကိရိယာ (electronic organizer) တစ်ခုဟာ သင့်ရဲ့အချိန်စာရင်းများကိုပိုမိုရှင်းလင်းလွယ် ကူစေမှာဖြစ်ပါတယ်။ သင်ဟာ စားပွဲခုံပေါ်တွင်ထိုင်ပြီးအလုပ်လုပ်ရသည့်သူဖြစ်ပါက၊ အလုပ်စားပွဲပေါ်တွင် အစီ အစဉ်တကျရှိနေစေမည့် စာရွက်စာတမ်းများထည့်သည့် စင်များ၊ ဗန်းများ၊ စသည့် အထောက်အကူပစ္စည်း (Tool) များကို ဝယ်ယူစုဆောင်းပါ။

 

ခွဲခြမ်းစိတ်ဖြာမှုပြုပါ 
သင့်ရဲ့အလုပ်တာဝန်များတွင်၊ သင့်ကိစ္စမဟုတ်သော အလုပ်များနှင့် သင်အလေးပေးလုပ်ဆောင်ရမည့်မဟုတ် သည့် အလုပ်များပါဝင်နေနိုင်ပါတယ်။ သင့်ကိုယ်သင် စနစ်တကျစီစဉ်မှုပြုလုပ်ပြီးပါက သင့်ရဲ့လက်ရှိအလုပ်တာ ဝန်များနဲ့သင့်တွင်အမှန်တကယ်တာဝန်ရှိတဲ့အရာများကိုနှိုင်းယှဉ်ကြည့်လိုက်ပါ။ ဒါမှသာ သင်ဟာ ဘယ်အလုပ်က တော့ဖြင့်အရေးကြီးနေပြီး ဘယ်အလုပ်ကတော့ဖြင့် ခဏထားလို့ရနိုင်တယ်ဆိုတာကိုသိရှိနိုင်မှာဖြစ်ပါတယ်။ သင့် ရဲ့ အလုပ်တာဝန်ရှင်းလင်းဖော်ပြချက် (Job Description) များ၊ ပြီးခဲ့သောအလုပ်ပြီးမြောက်မှုစွမ်းရည် သုံးသပ် ဝေဖန်ချက် (Past Performance Report) များနှင့် လက်ရှိသင့်အလုပ်တွင်ကျင့်သုံးနေတဲ့ ဆုပေးမှုစနစ်များကို ပြန်လည်ကာ ကြည့်ရှုသုံးသပ်မှုများကို ပြုလုပ်လိုက်ပါ။ သင်အလုပ်လုပ်ရန်အတွက်၊ သင့်ထံတွင် လိုအပ်သော အထောက်အကူနဲ့ ကိရိယာများရှိမနေတာကိုတွေ့ရှိပါက ထိုအရာများကိုရရှိနိုင်ရန်အတွက် လုပ်ဆောင်လိုက်ပါ။ နောက်ပြီး သင်လုပ်ဆောင်ရမယ့်အခန်းကဏ္ဍနဲ့ပတ်သက်ပြီးမရှင်းလင်းတာများရှိပါက သင့်ရဲ့သူဌေး (သို့)အထက် လူကြီးအားပြောပြဖို့ကိုလဲ မကြောက်ပါနဲ့။ 

 

အချိန်စီမံခန့်ခွဲမှုပြုလုပ်ပါ
အချိန်စီမံခန့်ခွဲမှုစွမ်းရည်ကိုအသုံးချပြီး တစ်နေ့တာအတွင်း သင်ရရှိတဲ့အချိန်အတွင်း ပြီးစီးအောင်လုပ်နိုင်မယ့် အလုပ်အရေအတွက်ကို များနိုင်သမျှ အများဆုံးပြီးအောင်လုပ်ဆောင်ပါ။ လူတိုင်းဟာမတူကြတဲ့အတွက် သင့်ရဲ့ အချိန်များကိုပိုမိုထိရောက်စွာအသုံးချနိုင်စေရန် ကိုယ်ပိုင်အစီအစဉ်တစ်ရပ်ကို သင်ကိုယ်တိုင်ရေးဆွဲသင့်ပါတယ်။ သင်ဟာ လက်ရှိတွင် အချိန်ကိုဘယ်လိုအသုံးပြုနေသလဲဆိုတာကို စတင်ဖော်ထုတ်မှုပြုပါ။ ဥပမာ တစ်ပတ် အတွင်း (သို့) အချိန်ကာလအပိုင်းအခြားတစ်ခုအတွင်း သင့်အလုပ်ချိန်များတွင် သင်ပြုလုပ်တဲ့အရာများကို အချိန် စာရင်းတစ်ခုဖြင့် ရေးမှတ်ထားပါ။ ပြီးနောက် ထိုရေးမှတ်ထားမှုများကို ပြန်လည်လေ့လာသုံးသပ်ပြီး သင်အချိန် မည်မျှအကျိုးရှိရှိအသုံးချနိုင်သလဲဆိုတာနဲ့ မလိုလားအပ်သော နှောင့်ယှက်မှုများကဲ့သို့သော ပြဿနာရှိနေသော အပိုင်းများကို ရှာဖွေဆုံးဖြတ်ပါ။

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


PENTA-OCEAN CONSTRUCTION CO., LTD.

PENTA-OCEAN CONSTRUCTION CO., LTD.

.“Creative company” for land and sea As a leading contractor in coastal and waterfront area, we seek to create attractive environment and pursue customer satisfaction and social contribution as a...
Show the postings (2)
V Net - Mandalay Internet Service Provider

V Net - Mandalay Internet Service Provider

Vision and Mission Call us rebels, but we strongly believe every home and business in Myanmar should have fast, affordable and reliable access to the internet. No compromise, no barriers, no fuss.So ...
Show the postings (38)
Polymer Company Limited

Polymer Company Limited

Vision - To be the leader in the market. Mission - We will provide best and services available to make a difference. - We will inspire lifestyle of people. - We will treat all individuals (stak...
Show the postings (9)
KT Group

KT Group

Our Group Vision “To be a world class organisation nurturing and encouraging the talents of our people who enable us to grow a thriving business committed to building a modern and transparent Mya...
Show the postings (1)
Smilax Global Company

Smilax Global Company

The goal on Information Technology and Services of Smilax Global is to deliver the best in IT service managementto ensure that our customers and, ultimately, the citizens of Myanmar realise the most f...
Show the postings (1)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS