Jobs In Myanmar
Load...

How to get headhunted for your dream job

by Admin


Tags: dream job employment headhunted jobs in myanmar



ယနေ့ခေတ်မှာတော့ နည်းပညာတိုးတက်လာမှုတွေနဲ့အတူ ကျွန်တော်တို့အတွက်လည်း အလုပ်အကိုင်ရှာဖွေခြင်းဟာ ပိုမိုလွယ်ကူလာပါပြီ။ အွန်လိုင်းပေါ်က အလုပ်ခေါ်စာတွေ များစွာရှိတဲ့ ဝက်ဘ်ဆိုက်တွေများစွာ ပေါ်ပေါက်လာတာကို တွေ့ရှိရမှာပါ။ jobsinyangon.com ကလည်း အလုပ်အကိုင်ကောင်းများစွာကို ချိတ်ဆက်ပေးနိုင်တဲ့ ဝက်ဘ်ဆိုက်တစ်ခုဆိုတာလည်း သိရှိပြီးဖြစ်မှာပါ။ ဒါ့အပြင် ယနေ့ခေတ်အလုပ်ခန့်ထားသူတွေဟာ သာမန်လမ်းဟောင်း အလုပ်ခေါ်စာကြော်ငြာတာမျိုးတွေအပြင်၊ သင့်ရဲ့ LinkedIn profile ကို ဝင်ရောက်ကြည့်ရှုပြီးတော့လည်း သင့်အနေနဲ့ သူတို့ရဲ့ လိုအပ်မှုနဲ့ ကိုက်ညီမယ်ဆိုရင် သင့်ကို ဆက်သွယ်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။

ကျွန်တော်တို့ တကယ်လိုချင်နေတဲ့ အလုပ်တစ်ခု dream job ကို ရဖို့ဆိုတာဟာ မလွယ်ကူတဲ့ကိစ္စတစ်ခုလို့ ပြောလို့ရသလို၊ လူတိုင်းဟာလည်း မိမိရဲ့ ဆန္ဒနဲ့ ထပ်တူကျတဲ့ မိမိရဲ့ ဝါသနာနဲ့ ကိုက်ညီတဲ့ အလုပ်တစ်ခုကို အမြဲလုပ်ချင်မှာပါ။ မိမိနှစ်သက်တဲ့အလုပ်အကိုင်တစ်ခုကို ရရှိဖို့ဆိုတာ လွယ်ကူမှာတော့မဟုတ်ပါဘူး။ ဒါပေမယ့်လည်း နည်းစနစ်မှန်မှန်နဲ့ ဘယ်လိုအချက်အလက်တွေကို မိမိရဲ့ resume မှာ အသုံးပြုရမယ်ဆိုတာကို သိရှိနိုင်မယ်ဆိုရင်တော့ မိမိအလိုရှိတဲ့ အလုပ်ကို ရရှိဖို့ အခွင့်အလမ်းပိုမိုများလာစေမှာပါပဲ။ အလုပ်အကိုင်ခန့်ထားရေးကုမ္ပဏီကြီးတချို့ရဲ့ ကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်တချို့ကို ဖော်ပြပေးလိုပါတယ်။ 

          ယနေ့ခေတ်မှာ ကျွန်တော်တို့အတွက် အလုပ်အကိုင်ရှာဖွေတယ်ဆိုတာဟာ ခက်ခဲလှတဲ့ အရာတော့မဟုတ်တော့ပါဘူး။ အရင်တုန်းကဆိုရင် အလုပ်ရှာချင်ရင် အခွင့်အလမ်းဂျာနယ်လိုမျိုးတွေ ဝယ်ဖတ်ရတယ်၊ သတင်းစာတွေမှာ အမြဲကြည့်ရှုနေရတယ်၊ ဒါမှမဟုတ် အလုပ်အကိုင်ခန့်ထားတဲ့ အေဂျင်စီတွေကို ကိုယ်တိုင်သွားရောက်ပြီးတော့ စက္ကူတွေပေါ်မှာ စာတွေရေးပြီး အလုပ်လျှောက်ထားရပါတယ်။ ယနေ့ခေတ်မှာတော့ နည်းပညာတိုးတက်လာမှုတွေနဲ့အတူ ကျွန်တော်တို့အတွက်လည်း အလုပ်အကိုင်ရှာဖွေခြင်းဟာ ပိုမိုလွယ်ကူလာပါပြီ။ အွန်လိုင်းပေါ်က အလုပ်ခေါ်စာတွေ များစွာရှိတဲ့ ဝက်ဘ်ဆိုက်တွေများစွာ ပေါ်ပေါက်လာတာကို တွေ့ရှိရမှာပါ။ jobsinyangon.com ကလည်း အလုပ်အကိုင်ကောင်းများစွာကို ချိတ်ဆက်ပေးနိုင်တဲ့ ဝက်ဘ်ဆိုက်တစ်ခုဆိုတာလည်း သိရှိပြီးဖြစ်မှာပါ။ ဒါ့အပြင် ယနေ့ခေတ်အလုပ်ခန့်ထားသူတွေဟာ သာမန်လမ်းဟောင်း အလုပ်ခေါ်စာကြော်ငြာတာမျိုးတွေအပြင်၊ သင့်ရဲ့ LinkedIn profile ကို ဝင်ရောက်ကြည့်ရှုပြီးတော့လည်း သင့်အနေနဲ့ သူတို့ရဲ့ လိုအပ်မှုနဲ့ ကိုက်ညီမယ်ဆိုရင် သင့်ကို ဆက်သွယ်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။ 

အင်တာဗျူးတွေမှာ မေးလေ့ရှိတဲ့ မေးခွန်းတွေကို ဖော်ပြထားတဲ့ ယခုလင်ခ့်ထဲမှ ဆောင်းပါးကိုလည်း ဖတ်ရှုသင့်ပါတယ်

၁။ ခိုင်မာတဲ့ အောင်မြင်မှုတွေကို ဖော်ပြပေးပါ

          သင်ရဲ့ အရင်ကလုပ်ခဲ့ဖူးတဲ့ အလုပ်တွေမှာပဲဖြစ်ဖြစ်၊ သင့်ရဲ့ ကျောင်းပညာရေးမှာပဲဖြစ်ဖြစ် သင့်ကောင်းမွန်အောင် လုပ်နိုင်ခဲ့ဖူးတဲ့အရာတွေကို သင့်ရဲ့ resume မှာ ဖော်ပြပေးပါ။ အဲ့ဒီအရာတွေဟာ အလုပ်ခန့်ထားသူတွေအတွက် မျက်စိကျစရာအရာတွေဖြစ်သလို၊ သင်အောင်မြင်အောင်လုပ်ဖူးခဲ့တဲ့ achievement တွေကိုလည်း သူတို့ လွယ်လွယ်ကူကူ သတိပြုမိစေနိုင်လို့ပါပဲ။ အဲ့ဒီအရာတွေကို သတိပြုမိသွားပြီဆိုရင် သင့်အတွက် လူတွေ့အင်တာဗျူးထဲမှာလည်း သင်ဟာ အလုပ်ခန့်ထားသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိစေမှာဖြစ်ပြီး၊ သင့်အနေနဲ့လည်း highlight လုပ်ပြီး အသေအချာ ပြောပြပေးနိုင်မယ်ဆိုရင် သင့်အတွက် အလုပ်အကိုင်ရရှိဖို့ ရာခိုင်နှုန်းဟာ ပိုမိုသေချာတိုးတက်လာမှာ အမှန်ပါပဲ။ ဒါ့အပြင် သင့်လျှောက်ထားတဲ့ နေရာနဲ့ ပတ်သတ်မယ့် အောင်မြင်မှုကိုလည်း သေချာ highlight လုပ်ပြီး ဖော်ပြ၊ ပြောပြမှုပြုလုပ်ဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် သင့်အနေနဲ့ သင့်ရဲ့ LinkedIn မှာလည်း media files များစွာကို ထည့်သွင်းဖော်ပြနိုင်ပါသေးတယ်။ ဥပမာအားဖြင့်- သင်ဟာ developer အလုပ်လျှောက်ထားတယ်ဆိုရင် သင့်အနေနဲ့ barcamp လိုပွဲမျိုး၊ developer conference လိုပွဲမျိုးမှာ speaker အနေနဲ့ ပြောဖူးတာမျိုးရှိတယ်ဆိုရင် အဲ့ဒီအရာတွေကို ဖော်ပြပေးခြင်းအားဖြင့် သင်ဟာ လူအများကြားမှာ ပိုမိုထင်ရှားနေတဲ့ stand out ဖြစ်နေမှာ အသေအချာပါပဲ။

၂။ Professional ဆန်ပါစေ

          သင့်အနေနဲ့ LinkedIn ကို အလုပ်အကိုင်ရှာဖွေရေးတွေအတွက် ကောင်းကောင်းအသုံးပြုတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် အရေးကြီးတာကတော့ professional ဆန်ဖို့ပါပဲ။ အခြေခံအကျဆုံးအချက်က စပြောရမယ်ဆိုရင်တော့ သင့်ရဲ့ profile ဓာတ်ပုံက စရမှာပါပဲ။ သင့်ရဲ့ ဓာတ်ပုံဟာ သေသေချာချာ ဝတ်စားဆင်ယင်ပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံမျိုးဖြစ်သင့်ပြီးတော့ လက်နှစ်ချောင်းထောင်ကာ အပျော်သဘောနဲ့ ရိုက်ထားတဲ့ပုံမျိုးကိုတော့ profile ဓာတ်ပုံအဖြစ်ထားခြင်းမျိုး မပြုလုပ်သင့်ပါဘူး။ တစ်နည်းအားဖြင့် သင့်ရဲ့ professional ဆန်ဆန် အသုံးပြုမှုဟာ အလုပ်အကိုင်ခန့်ထားသူတွေ အတွက်လည်း သင့်အပေါ်ပိုမိုစိတ်ဝင်စားမှုရစေမှာလည်း ဖြစ်ပါတယ်။ အလုပ်အကိုင်ခန့်ထားတဲ့ သူတွေအနေနဲ့လည်း သင့်ရဲ့ profile ကို ဝင်ကြည့်တဲ့အခါ ဘာတွေကို အဓိကထားကြည့်လဲဆိုတာ ယခုလင့်ခ်ရှိ ဆောင်းပါမှာလည်း အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။

၃။ သင့်ရဲ့ ကျွမ်းကျင်မှုတွေကိုဖော်ပြပါ

          ကျွမ်းကျင်မှု skills set တွေဟာ တကယ်ကို အရေးပါတဲ့အရာဖြစ်သလို၊ အလုပ်ခန့်ထားသူတွေအနေနဲ့လည်း သင့်ရဲ့ resume ဒါမှမဟုတ် LinkedIn ကို ကြည့်ပြီဆိုရင် သေချာသတိထားကြည့်မှာကတော့ အဲ့ဒီအပိုင်းပဲဖြစ်ပါတယ်။ သင့်ရဲ့ ကျွမ်းကျင်မှုတွေဟာ သူတို့ကုမ္ပဏီရဲ့ လိုအပ်တဲ့နေရာနဲ့ ကိုက်ညီမှုရှိမယ်ဆိုရင်တော့ သင့်အတွက် အလုပ်အကိုင်ရရှိဖို့ အခွင့်အလမ်းဟာ များသွားပြီလို့ ဆိုနိုင်ပါတယ်။

LinkedIn အသုံးပြုပြီးတော့ အကောင်းဆုံး အလုပ်အကိုင်ရှာဖွေရေး အထောက်အပံ့ရရှိနိုင်စေဖို့ကိုလည်း ယခုလင့်ခ်ရှိ ဆောင်းပါမှာ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။

၎။ မိတ်ဆွေကောင်းရှိပါစေ

          သင့်ရဲ့ မိတ်ဆွေဆိုတာလည်း လောကမှာ သင့်အတွက် အမြဲအထောက်အကူပြုစေတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ သင်ဟာ professional တစ်ယောက်အဖြစ် အလုပ်အကိုင်လောကထဲ ဝင်ပြီဆိုရင် အဲ့ဒီလောကနဲ့ပတ်သတ်တဲက professional network ကို ပိုမိုတိုးချဲ့သင့်ပါတယ်။ ဒါပေမယ့်လည်း တွေ့သမျှလူကို လိုက်ပြီး မိတ်ဆွေလုပ် အချိန်တွေပေးနေဖို့မဟုတ်ပဲနဲ့ သင့်အတွက် အကျိုးရှိမယ့် မိတ်ဆွေမျိုးကိုသာ အနီးကပ်ပေါင်းသင်းသင့်ပါတယ်။ သင့်ရဲ့ မိတ်ဆွေကောင်းရင် ကောင်းသလို သင်ဟာလည်း ပိုမိုတိုးတက်လာစေမှာဖြစ်သလို၊ သင့်မိတ်ဆွေတွေအတွက်လည်း သင်ဟာ ကောင်းမွန်တဲ့ မိတ်ဆွေတစ်ယောက်ဖြစ်လာစေမှာ အမှန်ပါပဲ။

၅။ သင့်အလုပ်အကိုင်ရဲ့ တာဝန်ကို ဖော်ပြပေးပါ

          သင့်အရင်က လုပ်ကိုင်ခဲ့ဖူးတဲ့ အလုပ်တွေမှာပဲဖြစ်ဖြစ်၊ သင်လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်ကိုပဲဖြစ်ဖြစ် သင်လုပ်ကိုင်နေတဲ့ နေ့စဉ်အလုပ်၊ သင်တာဝန်ယူလုပ်ကိုင်နေတဲ့ ပရောဂျက်တွေ အစရှိသဖြင့်ကို ဖော်ပြပေးခြင်း ပြုလုပ်တာဟာလည်း ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုလည်းဖြစ်ပါတယ်။ အဲ့လိုဖော်ပြခြင်းအားဖြင့် သင့်ကို အလုပ်ခန့်ထားမယ့်သူတွေဟာလည်း သင်ဘာတွေလုပ်ဖူးခဲ့လဲ၊ ဘာတွေလုပ်နေလဲဆိုတာကို အလွယ်တကူသိစေနိုင်မှာဖြစ်သလို၊ သင့်ရဲ့ တတ်မြောက်ထားတဲ့ အရည်အချင်းတွေကိုလည်း အလွယ်တကူဖော်ပြနိုင်စေလို့လည်း ဖြစ်ပါတယ်။

၆။ ပြောဆိုဆက်ဆံရေးပြေပြစ်မှု

          သင်ရဲ့ အလုပ်အကိုင်ဟာ လူတွေနဲ့ စကားပြောရတာနည်းတဲ့ အလုပ်ဖြစ်ပါစေဦးတော့ သင့်ရဲ့ ပြောဆိုဆက်ဆံရေးဟာ အရေးပါနေဆဲဆိုတာ သိရှိထားဖို့လိုပါတယ်။ ပြောဆိုဆက်ဆံရေးဟာ အလုပ်နဲ့ သက်ဆိုင်တဲ့ customer တွေနဲ့ ပြောဆိုဆက်ဆံတာပဲ မဟုတ်ပဲနဲ့ သင့်ရဲ့ အလုပ်တွင်းက လုပ်ဖော်ကိုင်ဖက်တွေမှအစ၊ သင့်ရဲ့ အထက်လူကြီး၊ မန်နေဂျာ၊ စီအီးအိုတွေအထိပါပဲ။ သင့်ရဲ့ ပြောဆိုဆက်ဆံရေးဟာ သင့်ရဲ့ တိုးတက်မှုတွေထဲက အရေးပါတဲ့ အချက်တစ်ချက်ဖြစ်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ဒါ့အပြင် အလုပ်အကိုင်ခန့်ထားတဲ့ ကုမ္ပဏီတွေဟာလည်း သင်တတ်မြောက်ထားတဲ့ technical skills တွေအပြင် သင့်ရဲ့ အပြောအဆိုပြေပြစ်ကောင်းမွန်မှုကိုလည်း အမြဲ ဂရုတစိုက် လေ့လာလေ့ရှိပါတယ်။

အထက်ပါအချက်အလက်တွေအပြင် ယနေ့ခေတ်မှာ ဘယ်လိုအရည်အချင်းတွေက အရေးကြီးလာလဲဆိုတာကို ယခုလင်ခ့်ရှိ ဆောင်းပါးမှာလည်း သွားရောက်ဖတ်ရှုနိုင်ပါတယ်။

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Titan Pest Management Co. Ltd.

Titan Pest Management Co. Ltd.

...Titan Pest is a full-services pest management company operating in Yangon since 2016 and specializing in urban pest management solutions. It is a subsidiary of the highly successful Killem Pest Pte...
Show the postings (1)
KT Group

KT Group

Our Group Vision “To be a world class organisation nurturing and encouraging the talents of our people who enable us to grow a thriving business committed to building a modern and transparent Mya...
Show the postings (1)
Smilax Global Company

Smilax Global Company

The goal on Information Technology and Services of Smilax Global is to deliver the best in IT service managementto ensure that our customers and, ultimately, the citizens of Myanmar realise the most f...
Show the postings (1)
Digital Dots

Digital Dots

.DigitalDots specialises in building quality business websites that people are proud of by using our expertise in all areas of website design, development and Internet marketing. Our passion for se...
Show the postings (7)
Koe Koe Tech IT Social Enterprise

Koe Koe Tech IT Social Enterprise

Myanmar is exceptional among developing countries in that it appears poised to completely leapfrog feature phones and go straight to smartphones. Android smartphones in distribution in Myanmar already...
Show the postings (20)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS