by www.jobsinyangon.com
Tags: Knowledge-Career-Fired-Improvements-JobsinYangon
အလုပ်မှထုတ်ပယ်ခြင်းခံရတဲ့အခါ ဘယ်လိုပြန်လည်ကုစားနိုင်မလဲ?
ဒါဟာ အဆိုးဆုံးသောအခြေအနေမျိုးပါပဲ။ အကယ်၍ သင်ဟာ သင့်ရဲ့အလုပ်ရာထူးနေရာတစ်ခုမှာ ရပ်တည်နိုင်ဖို့ အတွက် ခက်ခဲစွာကြိုးပမ်းနေရပြီး လွန်စွာပျော်ရွှင်မှုမရှိပဲဖြစ်နေရင်တောင်မှ သင့်ရဲ့အလုပ်ကိုရုတ်တစ်ရက်ဆုံးရှုံးလိုက်ရခြင်းဟာ ကျရှုံးမှုများကိုဖြစ်ပွားလာစေပါတယ်။ နောက်ပြီး မိမိသဘောဆန္ဒမပါပဲ သင့်အလုပ်ရာထူးမှထွက်ခွာစေခြင်းရဲ့ ဖြစ်စဉ်တစ်လျှောက်ဟာ သင့်ကို စိတ်ညစ်စေခြင်း၊ အရှက်ရစေခြင်း၊ တန်ဖိုးမရှိဘူးဟူ၍ခံစားရစေခြင်း၊ မိမိကိုယ်ကိုသနားခြင်းနှင့် စိတ်ဓါတ်ကျခြင်း ကဲ့သို့သောစိတ်ခံစားမှုများကိုဖြစ်ပွားလာစေမှာဖြစ်ပါတယ်။
သင့်ရဲ့ဖြစ်တည်မှုဟာ သင်လုပ်ဆောင်တဲ့အရာတွေနဲ့ နက်ရှိုင်းစွာဆက်စပ်မှုရှိနေပါတယ်။ ဒီအတွက်ကြောင့် အလုပ်ထုတ်ခံရခြင်းဟာ ဘဝတွင်စိတ်ဖိစီးစရာအကောင်းဆုံးနဲ့ ပျက်စီးဆုံးရှုံးမှုများကိုဖြစ်ပေါ်စေနိုင်တဲ့ အဖြစ်အပျက်များထဲမှတစ်ခုဖြစ်နေတာဟာ အံ့ဩဖွယ်တော့မဟုတ်ပါဘူး။ ဒီအရာကနေပြန်လည်ရုန်းထွက်ဖို့မှာ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး၊ ဒါပေမယ့် သင်ဟာရှေ့သို့ဆက်သွားလိုပြီး အောင်မြင်တဲ့သက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုကို ရရှိပိုင်ဆိုင်လိုတယ်ဆိုရင်တော့ သင့်အနေနဲ့ ထိုအရာများထဲမှ ရုန်းထွက်ရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အခက်အခဲတွေကိုတွေ့ကြုံနေရပြီး စိတ်ဓါတ်ကျကာ မိမိကိုယ်ကိုထိုင်သနားနေတဲ့သူတစ်ဦးကို ဘယ်သူ ကမှ hire (အလုပ်ခန့်အပ်) လုပ်ချင်ကြမှာမဟုတ်တဲ့အတွက်ပဲဖြစ်ပါတယ်။
အောက်ပါအချက်များကတော့ သင့်အနေနဲ့လုပ်ငန်းခွင်အတွင်းသို့ ဘယ်လိုပြန်လည်ဝင်ရောက်နိုင်မလဲဆိုတဲ့ အကြံပြုချက်အချို့ပဲဖြစ်ပါတယ်။
၁။ ဝမ်းနည်းလိုက်ပါ။
အကယ်၍ အချိန်ဖြုန်းဖို့နဲ့ အနားယူနေဖို့အချိန်တွေရှိနေပါက ထိုသို့ပဲခဏနေလိုက်ပါဦး။ အကယ်၍ မိမိဟာ အလုပ်ထုတ်ခံရတဲ့အတွက် မိမိကိုယ်ကို တစ်ဖက်သတ်ဆုံးဖြတ်တဲ့အမြင်တွေ၊ ဒေါသတွေနဲ့ အရှက်ရခြင်းတွေနဲ့ သာပြည့်နေတဲ့အခါမှာ အလုပ်ရှာဖို့ခက်ခဲပါတယ်။ သင့်အနေနဲ့ ဒီဆုံးရှုံးမှုများကိုလုံးဝလက်ခံသွားနိုင်ပြီး ဝမ်းနည်းနိုင်ဖို့အတွက် - ရင်းနှီးမှုရှိနေပြီးနေ့စဉ်ပြုလုပ်နေကျသက်တောင့်သက်သာရှိတဲ့ပုံမှန်အစီအစဉ်တစ်ခု၊ ယခင်အလုပ်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထိတွေ့ဆက်ဆံခြင်းနဲ့ အကယ်၍ထိုအရာက သင့်ရဲ့အိမ်မက်ထဲကအလုပ်တစ်ခုဖြစ်မနေရင်တောင်မှ သင့်အလုပ်ကနေ သင်ရရှိတဲ့ တန်ဖိုးများနဲ့ ဦးတည်ချက်များကို ခံစားလေ့လာနိုင်ရန်အတွက် အချိန်အချို့ပေးလိုက်ပါ။ ဒီအရာတွေကိုလက်ခံလာနိုင်ဖို့ကြိုးစားရခြင်းဟာ ခက်ခဲမှာပါ။
သင့်အနေနဲ့ မိမိကိုယ်ကို အဆိုပါရှုပ်ထွေးနေတဲ့စိတ်ခံစားမှုများကို ခွဲခြမ်းစိတ်ဖြာနိုင်ဖို့အတွက်ခွင့်ပြုပေးလိုက်ပါ။
တစ်ခါတစ်ရံတွင် ထိုအရာများအပေါ် ဒေါသထွက်ပြီး မိမိကိုယ်ကိုသနားဖို့အတွက် အချိန်အချို့ကိုလည်းခွင့်ပြုပေးလိုက်ပါဦး။ ပြီးရင်တော့ ဒီအရာတွေအားလုံးကိုထုတ်ပစ်လိုက်ပါ။ ဒါဟာ သင့်ကိုယ်သင် စိတ်ပူပန်ဖို့နဲ့ အကျိုးရှိတဲ့အရေးပါတဲ့အရာတွေကနေ ဆန့်ကျင်ဘက်တွေကိုပြုလုပ်ဖို့ ပါမစ်ပေးလိုက်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ထိုသို့ပြုလုပ်ဖို့အတွက် အချိန်အချို့သာပေးရမှာဖြစ်ပါတယ်။ ရက်အနည်းငယ်အကြာမှာတော့ သင့်အနေနဲ့ ပြင်ပကမ္ဘာရှိ အရာတွေကိုပြန်လည်ရင်ဆိုင်ဖို့လိုအပ်ပါတယ်။
၂။ နှိုင်းယှဉ်မှုတွေပြုလုပ်ပြီး စိတ်ပျက်မနေပါနဲ့။
ဒီအချိန်ဟာ အခြားသူများရဲ့ “အကောင်းဆုံး” အချိန်တွေအကြောင်းကိုရှာဖွေဖတ်ရှုနေဖို့အတွက် သင့်တော်တဲ့အချိန်မဟုတ်နိုင်ပါဘူး။ သင့်အနေနဲ့ မနာလိုဖြစ်ခြင်း (သို့) အကျိုးအမြတ်ဖြစ်ထွန်းစွာအလုပ်ခန့်အပ်ခြင်း ခံရတဲ့သူများ၊ ပျော်ရွှင်နေတဲ့သူများအကြောင်း သင့်ရဲ့ Facebook စာမျက်နှာပေါ်မှာဖတ်ရှုပြီး သူတို့နဲ့နှိုင်းယှဉ်နေ ခြင်းဟာ သင်လက်ရှိတွေ့ကြုံနေရတဲ့အရာတွေကနေရုန်းထွက်ဖို့အတွက် ကူညီပေးနိုင်မှာမဟုတ်ပါဘူး။ သင့်အနေ နဲ့ သင့်ရဲ့အခြေအနေ (အဆိုးရွားဆုံးသောအခြေအနေ) တွေကို အခြားသောသူများနဲ့နှိုင်းယှဉ်နေရင်တော့ လွန်စွာ စိတ်ညစ်/ စိတ်ပျက်မှုတွေဖြစ်လာဖို့အခွင့်အလမ်းများနေပါပြီ။ ဒါဟာ ဆိုးရွားတဲ့အရာတွေကနေရုန်းထွက်ပြီး သင့်ရဲ့ career ကိုရှေ့ဆက်နိုင်စေမယ့်နည်းလမ်းမဟုတ်ပါဘူး။
ထိုအစား social media တွေကိုအသုံးပြုခြင်းကို ခေတ္တမျှရပ်နားထားသင့်ပါတယ်။ အခြားသူတွေဘာတွေကိုလုပ် နေလဲဆိုတာတွေကိုတွေးတောနေခြင်းအားရပ်တန့်ပြီး မိမိကိုယ်ကိုသာအာရုံစိုက်ထားပါ။
၃။ အခြေအနေတွေကို ပြန်လည်တည်ဆောက်ပါ။
ဒါဟာမဖြစ်နိုင်ဘူးလို့ထင်မြင်ယူဆနိုင်သော်လည်း ပြန်ထနိုင်ဖို့အတွက်တစ်ခုတည်းသောနည်းလမ်းကတော့ သင့်ရဲ့အတွေ့အကြုံများကိုပြန်လည်တည်ဆောက်ခြင်းပဲဖြစ်ပါတယ်။ သင်အလုပ်မှထုတ်ပယ်ခံရတဲ့အခြေအနေကို အခွင့်အလမ်းတစ်ခုအဖြစ်သို့ပြောင်းလဲပစ်လိုက်ပါ။
သူတို့ရဲ့အလုပ်တွေကိုဆုံးရှုံးခဲ့ပြီး ငြင်းဆိုခံရခြင်းကိုကျော်လွှားနိုင်ခဲ့တဲ့သူများအကြောင်း အတ္ထုပ္ပတ္တိများကို ဖတ် နိုင်သမျှ များများဖတ်ရှုကြည့်ပေးပါ။ အလုပ်မှထုတ်ပယ်ခံရခြင်းဟာ သင့်အတွက်၊ သင့်ရဲ့စွမ်းဆောင်ရည်များ (သို့) သင့်ရဲ့အနာဂါတ်သက်မွေးမှုလမ်းကြောင်းများအပေါ် သတ်မှတ်၊ သက်ရောက်နိုင်စွမ်းမရှိဘူးဆိုတာကို သင့်အနေနဲ့ လျင်မြန်စွာသဘောပေါက်လာမှာပဲဖြစ်ပါတယ်။ သင့်အနေနဲ့ရှေ့တွင်ဘာတွေဖြစ်လာနိုင်သလဲဆိုတာကိုမျှော်လင့်ရင်း စိတ်လှုပ်ရှားမှုရှိလာတာတောင်မှဖြစ်လာနိုင်ပါတယ်။
၎။ ဘာတွေမှားသွားခဲ့သလဲဆိုတာကိုနားလည်ခြင်း။
လုပ်ငန်းစွမ်းဆောင်ရည်ကြောင့် အလုပ်မှထုတ်ပယ်ခံရခြင်း (အကယ်၍သင်အလုပ်ထွက်ခွာခဲ့ရစဉ်က စကားပြော ဆိုခဲ့ရာတွင် ထိုပြဿနာရပ်အကြောင်းကိုတိကျစွာအသိပေးမခံခဲ့ရဘူးဆိုပါက) ဒါဟာသင့်အနေနဲ့ လိုအပ်နေတဲ့ အရာတစ်ခုခုရှိနေလို့ပဲလို့ ဆိုလိုပါတယ်။ မေးခွန်းကတော့၊ သင့်အနေနဲ့ သင့်ရဲ့အားနည်းချက်တွေကိုဘယ်လောက် နားလည်သဘောပေါက်ထားပါသလဲ? ထိုအရာများကိုရှာဖွေဖော်ထုတ်ပြီး နောက်နောင်နေရာများတွင် ထိုအရာ များကို ဆက်လက်သယ်ဆောင်မသွားဖို့ရာမှာ အရေးကြီးပါတယ်။
သင့်ကိုလုပ်ငန်းရှင်မှ ပေးခဲ့တဲ့ ဝေဖန်အကြံပြုချက်များကိုပြန်လည်ဖတ်ရှုခြင်းမှ စတင်ကာ သင်လုပ်ဆောင်လိုက် တဲ့အရာတစ်ခုအတွက် ချီးမွမ်းခံခဲ့ရတဲ့အရာများကို မှတ်သားထားလိုက်ပါ။ သင့်အနေနဲ့ ထိုအရာများကို သင် နောက်ထပ်ရရှိလာမယ့်အလုပ်ရာထူးသို့ သယ်ဆောင်သွားလိုမှာပါ။ တိုးတက်မှုရှိစေဖို့အတွက်အကြံပြုချက်များကို လည်းထည့်သွင်းစဉ်းစားပါ။ ထိုအရာများကသင့်ကိုဘာတွေကိုပြသနေပါသလဲ? သင့်ရဲ့စွမ်းဆောင်ရည်ကို ဘယ်လို မျိုးတိုးတက်အောင်ပြုလုပ်နိုင်မှာပါလဲ?
၅။ ခါးသီးသောအမှန်တရားများပါဝင်တဲ့ မိမိနဲ့ပတ်သက်တဲ့အကြောင်းအရာများကို မေးမြန်းပါ။
ယုံကြည်ကိုးစားရတဲ့ယခင်ကလုပ်ဖော်ကိုင်ဖက်များကိုဆက်သွယ်ပြီး သူတို့ထံမှရိုးသားတဲ့ဝေဖန်အကြံပြုချက်များ ကိုတောင်းခံပါ။ သင့်ရဲ့ အားသာချက်၊ အားနည်းချက် နှစ်မျိုးစလုံးကို သူတို့ကိုမေးမြန်းကြည့်ပါ။ လူအချို့နဲ့စကား ပြောဆိုကြည့်ပြီးတဲ့အခါမှာ ထွက်ပေါ်လာတဲ့ ပုံစံများ (သို့) pattern များကို ရှာဖွေဖော်ထုတ်ပါ။ ဒီလိုတန်ဖိုးရှိပြီး ရိုး သားမှန်ကန်တဲ့ ဝေဖန်အကြံပြုချက်မှ ပေါ်ထွက်လာတဲ့ ပြဿနာများကို အသိအမှတ်ပြုကာမှတ်သားထားပါ။
ထိုသူတို့က သူတို့ရဲ့အတွေးအမြင်များကို မျှဝေပေးတဲ့အခါမှာ နားထောင်ပေးပါ။ ငြင်းခုန်ခြင်း၊ စကားပြိုင်လုခြင်း (သို့) ဆန့်ကျင်ဖက်ပြုခြင်းတို့မလုပ်ပါနဲ့။ သင့်ကိုယ်သင်ကာကွယ်ခြင်း (သို့) အခြားသူတစ်ဦးကို အပြစ်တင်ပြော ဆိုခြင်းမလုပ်ပါနဲ့။ အာရုံပဲစိုက်ထားပါ။ ဒါဟာ ခက်ခဲနိုင်တဲ့အလေ့အထတစ်ခုဖြစ်သော်လည်း ဒီအရာက သင်နဲ့ သင့်ရဲ့သက်မွေးဝမ်းကြောင်းမှုလမ်းကြောင်းအတွက် ကောင်းစွာအထောက်အပံ့ဖြစ်စေမှာပါ။
၆။ အလေ့အထများကို ပြင်ဆင်နိုင်ဖို့အတွက် အစီအစဉ်တစ်ရပ်ကိုရေးဆွဲပါ။
သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များထံမှ ဝေဖန်အကြံပြုချက်ကိုရရှိတဲ့အခါမှာ သင့်အနေနဲ့လုပ်ဆောင်လိုတဲ့ စွမ်းဆောင် ရည်ဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်စေရန်အတွက် ဘာတွေကိုလုပ်ဆောင်ရမလဲဆိုတာကို ရှာဖွေဖော်ထုတ်ပါ။ သင့်အနေနဲ့ ကျွမ်းကျင်မှုတစ်ခုကိုတည်ဆောက်ရန်အတွက်သင်တက်ရောက်နိုင်တဲ့သင်တန်းတစ်ခုရှိနေပါသလား? အခြားသောသူများနဲ့ ဆက်ဆံပြောဆိုရတဲ့အခါမှာ ပိုပြီးထိရောက်မှုရှိဖို့ကိုအထောက်အပံ့ဖြစ်စေမယ့် သင်ဖတ်ရှုနိုင် မယ့်စာအုပ်တွေရှိနေပါသလား? အချိန်စီမံခန့်ခွဲမှု၊ အစရှိတဲ့ဧရိယာများတွင် သင်ပြပေးဖို့ကိုလိုအပ်နေပါသလား?
ထိုသို့သော ခါးသီးသော်လည်းမှန်ကန်တဲ့ ဝေဖန်မှုများကိုအသုံးပြုပြီး လေ့လာသင်ယူဖို့အတွက်စိတ်အားထက်သန် လာဖို့ပြုလုပ်ခြင်းအားဖြင့် သင့်ရဲ့ဆုံးရှုံးမှုများမှ နောင်တွင်ဖြစ်ပေါ်လာမည့်အောင်မြင်မှုများအဖြစ်ပြောင်းလဲလိုက် နိုင်စေတဲ့အတွက် သင့်အနေနဲ့ မိမိကိုယ်ကိုပိုမိုပြီးယုံကြည်မှုရှိလာစေမှာပဲဖြစ်ပါတယ်။
၇။ ခန္ဒာကိုယ်လေ့ကျင့်ခန်းများကိုပြုလုပ်ပါ။
အကယ်၍ ခန္ဓာကိုယ်လေ့ကျင့်ခန်းများပြုလုပ်ခြင်းဟာ ဘယ်လိုအခြေအနေမျိုးကိုမဆိုပိုမိုပြီးတိုးတက်ကောင်းမွန် လာစေတယ်လို့သင်ထင်ပါနေပါက ဒါဟာအမှန်ပါပဲ။ လေ့ကျင့်ခန်းပြုလုပ်ခြင်းများနဲ့ ခွန်အားရှိတယ်လို့ခံစားရခြင်း ဟာ သင့်ရဲ့စိတ်အခြေအနေကောင်းမွန်ဖို့အတွက်ကို လုံးဝအထောက်အပံ့ဖြစ်စေပြီး သင့်အနေနဲ့ အလုပ်စတင် ရှာဖွေဖို့အတွက် သင်လိုအပ်နေတဲ့တွန်းအားကိုရရှိစေမှာပဲဖြစ်ပါတယ်။
ဒီလိုခက်ခဲတဲ့အချိန်မျိုးမှာ သင်ဟာ သင်လိုလားတဲ့အခြေအနေမျိုးကို တရားမျှတမှုရှိရှိနဲ့ ပြောင်းလဲနိုင်စေဖို့ အတွက် သင်လုပ်နိုင်သမျှအရာတွေအားလုံးကိုလုပ်လိုတဲ့ဆန္ဒရှိနေမှာပါ။ ဝိတ်တုန်းတွေယူပြီးလေ့ကျင့်ပါ၊ အပြေး လေ့ကျင့်ပါ၊ ဒါမှမဟုတ်နေ့စဉ်ဒိုက်ထိုးပေးခြင်းတို့ကိုပြုလုပ်ပြီး ကာယလေ့ကျင့်ခန်းများကိုပြုလုပ်ခြင်းဟာ သင့်ရဲ့ ကောင်းကျိုးအပေါ်ဘယ်လိုအကျိုးသက်ရောက်မှုတွေဖြစ်ပေါ်စေသလဲဆိုတာကို သတိထားကြည့်ရှုကြည့်လိုက်ပါ။
၈။ ကျေးဇူးတင်စာတစ်စောင်ကိုရေးသားပါ။
ဒီလိုလွန်စွာကြီးမားတဲ့ဆုံးရှုံးမှုတစ်ရပ်နဲ့ရင်ဆိုင်ရလိုက်တဲ့အခါမှာ သင့်အနေနဲ့ အရာရာတိုင်းကိုပိုမိုရှင်းလင်းစွာ တွေ့မြင်လာရပြီး သင့်အနေနဲ့ သင့်ရဲ့မန်နေဂျာဟာ ကုမ္ပဏီအတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုပြုလုပ်လိုက် ရတာဖြစ်ကြောင်းကိုလည်း အဆုံးသတ်တွင်ထည့်သွင်းဖော်ပြနိုင်ပြီး (အကယ်၍ ထိုသို့မဟုတ်ခဲ့ရင်တောင်မှ) ဒီ ဆုံးဖြတ်ချက်ဟာ သင့်တွက်နဲ့ သင့်ရဲ့ သက်မွေးမှုလမ်းကြောင်းတစ်ရပ်အတွက် ရေရှည်တွင်အကျိုးဖြစ်ထွန်းမှု ရှိလာနိုင်စေတယ်ဆိုတာကိုထည့်သွင်းဖော်ပြထားသော ကျေးဇူးတင်လွှာတစ်စောင်ကို သင့်ရဲ့ယခင်အလုပ်ရှင်ထံ သို့ပေးပို့ပေးလိုက်ပါ။
ဒီအရာက သင့်ရဲ့မာနအချို့ကိုချိုးနှိမ်ရဖို့လိုအပ်မယ်ဆိုရင်တောင်မှ သင့်ရဲ့ ယခင်ကကြီးကြပ်သူတစ်ဦးထံသို့ စာတို တစ်စောင်ပေးပို့ပြီး ထိုလုပ်ငန်းအဖွဲ့အစည်းအတွင်းအလုပ်လုပ်ကိုင်နိုင်စေဖို့အတွက်အခွင့်အရေးပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ သူ/သူမ အနေနဲ့နောက်နောင် သင့်ရဲ့အကူအညီကိုလိုအပ်ခဲ့ပါက လုပ်ဆောင်ပေးဖို့အသင့် ရှိနေတယ်ဆိုတာကိုပြောကြားပေးလိုက်ပါ။ သင့်အနေနဲ့ သူ/ သူမရော သင်ရော ဘယ်နေရာတွင်အဆုံးသတ်မယ် ဆိုတာကိုဘယ်လိုမှသိနိုင်မှာမဟုတ်တဲ့အတွက် သင်တို့ရဲ့လုပ်ငန်းဆိုင်ရာ ပရော်ဖက်ရှင်နယ်လမ်းကြောင်းတစ်နေ ရာတွင်ပြန်လည်တွေ့ဆုံလာနိုင်ဖို့ကလုံးဝဖြစ်လာနိုင်ပါတယ်။ အဆုံးတွင် ကျေးဇူးတင်ကြောင်းပြောဆိုဖော်ပြထား တဲ့စာတိုတစ်စောင်ဟာ၊ ရင်းနှီးဖြစ်တည်မှုများအားလုံးကိုရိုက်ချိုးလိုက်ခြင်းထက် ပိုမိုပြီးအကျိုးရှိစေမှာပဲဖြစ်ပါ တယ်။
လေးစားရပါသော (သင့်လုပ်ငန်းရှင်အမည်) ခင်ဗျာ/ ရှင်
(ကုမ္ပဏီအမည်) တွင် သင်နဲ့အတူအလုပ်လုပ်ကိုင်စဉ်က အခွင့်အလမ်းများနဲ့ အတွေ့အကြုံများအတွက် ကျွန်တော်/ ကျွန်မအနေနဲ့ ကျေးဇူးတင်လိုပါတယ်။ အဆိုပါရာထူးနေရာတစ်ခုတွင်လုပ်ကိုင်ခြင်းအားဖြင့် များစွာ သင်ယူနိုင်ခဲ့ပါတယ် နောက်ပြီး ဒီအတွေ့အကြုံများဟာ ကျွန်တော်/ ကျွန်မရဲ့ နောက်ထပ်သက်မွေးမှုလုပ်ငန်း လမ်းကြောင်းများတွင် ကောင်းမွန်စွာအထောက်အပံ့ပြုပေးနိုင်တာကိုလည်း နားလည်သဘောပေါက်ထားပါ တယ်။
သင်ရှေ့ဆက်တဲ့အခါများမှာ ကျွန်တော်/ ကျွန်မအနေနဲ့ သင့်ကိုအထောက်အကူဖြစ်စေနိုင်မယ်ဆိုပါက ကျွန်တော်/ ကျွန်မကို အသိပေးဖို့အတွက်ကိုလည်းမျှော်လင့်ပါတယ်။ လက်ရှိမှာတော့ အနာဂါတ်တွင်သင့်ကို ပိုမိုကာကြီးပွား တိုးတက်စေရန်နဲ့ အောင်မြင်မှုများပိုမိုရရှိလာစေဖို့ကိုဆန္ဒပြုလိုက်ပါတယ်။
နွေးထွေးစွာဖြင့်
(သင့်အမည်)
အလုပ်မှထုတ်ပယ်ခံရခြင်းဟာ ဘဝတွင်အနှောင့်အယှက်ဖြစ်စေတဲ့အဖြစ်အပျက်တစ်ရပ်ဖြစ်သော်လည်း ဒီအရာ က လမ်းများကိုပွင့်လင်းစေပြီး ကောင်းမွန်ပြီး၊ မမျှော်လင့်ထားတဲ့အခွင့်အလမ်းများဆီသို့ ဆောင်ကြဉ်းသွားနိုင်ပါ တယ်။ အကယ်၍သင်ဟာမတရားခံခဲ့ရတယ်လို့မှတ်ယူဖို့ စိတ်ဆန္ဒပြင်းပြနေပါက သင့်အနေနဲ့ ထိုအရာမှရုန်းထွက် နိုင်စေဖို့အတွက် မိမိကိုယ်ကိုစိန်ခေါ်လိုက်ပါ။ ဒီအရာတွေဘာဖြစ်လို့ဖြစ်သွားတာလဲဆိုတာကိုမေးမြန်းနေမယ့် အစား သင့်အနေနဲ့ပြန်လည်ရုန်းထပြီး ထိုသို့ရုန်းထနိုင်စေဖို့အတွက် ဘာတွေကိုလုပ်ဆောင်နိုင်မလဲဆိုတာရဲ့ အပေါ်မှာသာ အာရုံစိုက်ထားသင့်ကြောင်းပြောကြားရင်းနိဂုံးချုပ်လိုက်ပါတယ်။
ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်စွာဖြင့်
www.jobsinyangon.com
TOP EMPLOYERS
EPCM Myanmar Co., Ltd.
.We seek to be the leading customer oriented Construction , Mechanical and Electrical Equipment & services for our Professionalism, Quality, Cost Efficiency and Timely Delivery.
.To provide the highe...
Show the postings (11)
World Trading Co.,Ltd
..Exporters Importers and Distributors
We Import Laboratory Chemicals, Perfume Body Spray,European & Turkish Premium Food Products Yonca Sunflower Oil, Rio Santo Sauce
Sole Distributor in Myanmar.
...
Show the postings (3)
PENTA-OCEAN CONSTRUCTION CO., LTD.
.“Creative company” for land and sea
As a leading contractor in coastal and waterfront area, we seek to create attractive environment and pursue customer satisfaction and social contribution as a...
Show the postings (2)
Synergy Plus Co., Ltd
Vision - To be one the Leading Construction Companies
Mission - To provide our High Quality Services First after SAFETY
Values - Integrity, Discipline, Professionalism, Enthusiasm & Innovation .- ...
Show the postings (4)
Digital Dots
.DigitalDots specialises in building quality business websites that people are proud of by using our expertise in all areas of website design, development and Internet marketing.
Our passion for se...
Show the postings (7)