by www.jobsinyangon.com
ချိတ်ဆွဲရန်စာတန်း: Knowledge-Handling-Employee-Resignation-JobsinYangon
ဝန်ထမ်းတစ်ဦးရဲ့ အလုပ်မှထွက်ခွာခြင်းကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲ (အပိုင်း-၁)
သင်လက်ခံလိုက်ပါ၊ အနှေးနဲ့ အမြန်ဆိုသလိုပဲ အကောင်းဆုံးအလုပ်ရှင်များဟာတောင်မှ ဝန်ထမ်းများရဲ့ resign တင်ခြင်းကိုတွေ့ကြုံရမှာဖြစ်ပါတယ်။ သူတို့အနေနဲ့ ပိုမိုကောင်းမွန်တဲ့အခွင့်အလမ်းတစ်ရပ်ကို ရှာတွေ့ပြီလို့ ထင်လို့ပဲဖြစ်ဖြစ် (ဒါမှမဟုတ်) သူတို့ရဲ့အိမ်ထောင်ဖက်ဟာ အလုပ်တစ်ခုကို သူတို့နေထိုင်ရာပြည်နယ်/ နိုင်ငံ ပြင်ပမှာ အလုပ်ရသွားလို့ပဲဖြစ်ဖြစ်၊ သူတို့ရဲ့ ရင်သွေးတွေကိုအချိန်ပေးတဲ့အနေနဲ့ အိမ်မှာနေဖို့ဆုံးဖြတ်လိုက်တာပဲ ဖြစ်ဖြစ် (သို့) သူတို့မိဘတွေကို ရေရှည်မှာဂရုစိုက်ဖို့ကိုလိုအပ်လို့ပဲဖြစ်ဖြစ်ပေါ့။
ဝန်ထမ်းတစ်ဦး အလုပ်မှထွက်ခွာရခြင်းရဲ့အကြောင်းပြချက်တွေကတော့ ဖော်ပြ၍တောင်ကုန်နိုင်မယ်မထင်ပါ ဘူး။ ဒါပေမယ့်လုပ်ငန်းရှင်အတွက်တော့ ဝန်ထမ်းတစ်ဦးထွက်ခွာသွားတိုင်းမှာ တူညီတဲ့မေးခွန်းတွေရှိလာမှာဖြစ်ပါတယ်။
• သင့်အနေနဲ့ ဒီဝန်ထမ်းတစ်ဦး resign လုပ်သွားတဲ့ကိစ္စကို ဘယ်လိုကြေငြာမလဲ?
• ဒီဝန်ထမ်းတစ်ဦး အလုပ်မှထွက်ခွာသွားတဲ့ကိစ္စကို ဘယ်သူတွေက ဘာတွေသိဖို့လိုအပ်သေးသလဲ?
• သင့်ရဲ့ဝန်ထမ်းများကို ထိုဝန်ထမ်းအလုပ်မှထွက်ခွာသွားသည့်အကြောင်း ဘယ်အချိန်မှာပြောဆိုမလဲ?
• ကုမ္ပဏီရဲ့ discussion board ပေါ်တွင် ထိုဝန်ထမ်းအား နှုတ်ဆက်စာ e-mail တစ်စောင်ကိုရေးသားစေ မလား (ဒါမှမဟုတ်) ဝန်ထမ်းများအားလုံးထံသို့ အဆိုပါနှုတ်ဆက်စာကိုပေးပို့စေမလား?
• အကယ်၍ ထွက်ခွာသွားတဲ့ဝန်ထမ်းက သင့်ကို သူ့အတွက်ထောက်ခံစာတစ်စောင်ရေးသားပေးဖို့ တောင်းဆိုလာပါက ဘယ်လိုလုပ်ရမလဲ?
ဝန်ထမ်းတစ်ဦးအလုပ်မှထွက်ခွာခြင်းနှင့်စပ်လျင်း၍ အထက်ပါမေးခွန်းများအတွက် အဖြေများ
သင့်အနေနဲ့ ဝန်ထမ်းတစ်ဦးအလုပ်မှထွက်ခွာတဲ့အခါမှာရှိလာနိုင်တဲ့မေးခွန်းများအတွက် အောက်ပါအဖြေများကို ဖော်ပြပေးလိုက်ပါတယ် -
ဝန်ထမ်းတစ်ဦးက Resign စတင်လုပ်လာတဲ့အခါ -
သာမာန်ဖြစ်ရိုးဖြစ်စဉ်အနေနဲ့ ဝန်ထမ်းကသင့်ကို သူ/ သူမဟာ သင့်ကုမ္ပဏီမှ နှုတ်ထွက်တော့မှာဖြစ်တဲ့ အကြောင်းကို နှုတ်အားဖြင့် အသိပေးလာမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ဒီနှုတ်ထွက်ခြင်းအကြောင်းအရာ ကို သင့်ရဲ့ HR department သို့ ချက်ချင်းရည်ညွှန်းအသိပေးရန်လိုအပ်ပြီး သင်ဟာ သင့်အဖွဲ့အစည်းရဲ့ အချိန်ကာလကြာမြင့်စွာ တည်ရှိနေခဲ့တဲ့ လုပ်ငန်းစဉ်များအတိုင်း လိုက်နာလုပ်ဆောင်လျှက်ရှိနေတာ သေချာစေဖို့အတွက် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ဒီနှုတ်ထွက်စာတင်ထားတဲ့ဝန်ထမ်းကို အရင်ကသင့် ရဲ့ လုပ်ငန်း/ အဖွဲ့အစည်းမှ ဝန်ထမ်းများအပေါ်ဆက်ဆံပုံအတိုင်းသာ ဆက်ဆံပေးရမှာဖြစ် ပါတယ်။
အများအားဖြင့် သင့်အနေနဲ့ အလုပ်မှနှုတ်ထွက်ဖို့ပြောဆိုထားတဲ့ဝန်ထမ်းကို စနစ်ကျသော နှုတ်ထွက်စာနဲ့ သူတို့ရဲ့ နောက်ဆုံးအလုပ်ဆင်းနိုင်မည့်နေ့ကို ဖော်ပြပေးဖို့တောင်းဆိုရမှာဖြစ်ပါတယ်။ ဒီစာဟာ သင့်ကို အလုပ်မှထွက်ခွာ ရသည့်အတွက် တောင်းဆိုလာနိုင်သည့် လျော်ကြေးငွေများနှင့် အခြားရိုးသားမှုမရှိသော စွဲဆိုမှုများမှ ကာကွယ် ပေးနိုင်မှာဖြစ်ပါတယ်။
ဝန်ထမ်းတစ်ဦးရဲ့ အလုပ်မှနှုတ်ထွက်ခြင်းကို ကိုင်တွယ်ဖြေရှင်းခြင်း
ဝန်ထမ်းတစ်ဦးအလုပ်မှနှုတ်ထွက်သည့်အခါတိုင်းမှာ လုပ်ငန်းစီးဆင်းမှုကိုအတိုင်းအတာတစ်ခုအထိ အနှောင့် အယှက်ဖြစ်စေတတ်ပါတယ်။ သို့သော်လည်း အကယ်၍နှုတ်ထွက်စာတင်ထားတဲ့ဝန်ထမ်းဟာ သင်တန်ဖိုးထား ရတဲ့သူတစ်ဦးဖြစ်ပြီး သင့်အနေနဲ့ သူတို့ရဲ့နောက်ဆုံး ၂ပတ်ကို ဆက်လက်အလုပ်လုပ်စေဖို့ ဆုံးဖြတ်ထားတယ် ဆိုပါက သူတို့ဟာလွှဲပြောင်းမှုကိုပိုမိုချောမွေ့အောင်မြင်စွာ ပြီးမြောက်နိုင်စေရန်အတွက် များစွာအထောက်အကူ ဖြစ်စေမှာပဲဖြစ်ပါတယ်။ ဒါဟာ သင့်အနေနဲ့ ဒီလူတစ်ယောက်ဟာသူတို့ရဲ့ နောက်ဆုံးအချိန်အထိ ကောင်းမွန်စွာ စွမ်းဆောင်ပေးနိုင်သူတစ်ဦးဖြစ်တယ်လို့ သင်ယူဆရင်ပဲဖြစ်ပါတယ်။ ဝန်ထမ်းအများစုကတော့ သူတို့ရဲ့အောင် မြင်မှုအတွက်သင့်ရဲ့အလုပ်မှထွက်ခွာဖို့ပြုလုပ်ရတဲ့အခါမှာ သင့်ကိုကောင်းမွန်တဲ့အတွေ့အကြုံများနဲ့သာ လမ်းခွဲ လိုကြမှာဖြစ်ပါတယ်။
သူတို့အနေနဲ့ လုပ်ဆောင်ရမည့်အရာများပြီးပြတ်အောင်လုပ်ဆောင်ခြင်း၊ လက်ရှိလုပ်ဆောင်နေရတဲ့ လုပ်ငန်း ပရောဂျက်များနှင့်ပတ်သက်ပြီး အသေးစိတ်အချက်များကိုပေးအပ်ခြင်း၊ သူငယ်ချင်းများနဲ့ လုပ်ဖော်ကိုင်ဖက် များကို သူတို့အလုပ်မှထွက်ခွာ တော့မည်ဖြစ်ကြောင်းကို အသိပေးစာ email ပေးပို့ခြင်း အစရှိသည်တို့ကို အဆုံးသတ်အနေနဲ့လုပ်ဆောင်နိုင်ပါတယ်။ သင့်အနေနဲ့ ထွက်ခွာသွားတဲ့ဝန်ထမ်းများနေရာမှာ အခြားဝန်ထမ်း များကိုတာဝန်ခွဲဝေချမှတ်ပေးဖို့ကိုသာ သေချာအောင်လုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။ ထွက်ခွာသွားတဲ့သူ ကိုယ်တိုင်လွှဲပြောင်းပေးခဲ့ခြင်းကိုခံယူခြင်းအား ဖြင့် သူတို့အနေနဲ့ အသာစီးရကာ စောလျှင်စွာစတင်နိုင်မှာဖြစ်ပြီး သူတို့လုပ်ကိုင်ရမည့်အလုပ်ရဲ့ အခက်အခဲများနဲ့ အသေးစိတ်အချက်များကိုလည်း နားလည်သဘောပေါက်စေမှာ ဖြစ်ပါတယ်။
ဒီ သတ်မှတ်ပေးလိုက်တဲ့ အစားထိုးဝန်ထမ်းများအနေနဲ့လည်း ဒီ position တစ်ခုရဲ့ တာဝန်ယူရမယ့်အပိုင်းတွေနဲ့ ရည်မှန်းချက်များရဲ့ အချက်အလက်များကို ကြည့်ရှုဖို့လည်းလိုအပ်မှာဖြစ်ပါတယ်။ ဒါမှသာ ထွက်ခွာသွားတဲ့ ဝန်ထမ်းရဲ့ နေ့စဉ်လုပ်ဆောင်ရမည့်အရာများသာမက နောက်ကွယ်ကအကြောင်းအရင်းများကိုပါ နားလည် သဘောပေါက်ခြင်းအားဖြင့် လူတိုင်းအတွက်ကောင်းမွန်သောအခြေအနေတစ်ရပ်ကိုဖြစ်ပေါ်စေပါတယ်။ ဒီအရာကပဲ ၎င်းနေရာမှာအစားထိုးမည့်သူများ၊ ခန့်အပ်ခေါ်ယူလိုက်တဲ့သူများကို ပိုမိုကောင်းမွန်စွာ လေ့ကျင့်ပေးစေနိုင်မှာ ဖြစ်ပါတယ်။
ဒီအပြင် နှုတ်ထွက်စာတင်ထားတဲ့ဝန်ထမ်းတစ်ဦးဟာ customer များနဲ့ဆက်သွယ်ဖို့အတွက် တာဝန်ယူထားရသူ တစ်ဦးဖြစ်ပါက ၎င်းနေရာတွင်အစားထိုးဝင်ရောက်လာမည့်သူကို မိတ်ဆက်ပေးနိုင်မှာဖြစ်ပါတယ်။
Administrative အပိုင်းမှဝန်ထမ်းများနဲ့ ရှင်းလင်းပြီး စာရွက်စာတမ်းအရမှတ်သားပြုစုထားနိုင်တဲ့ တာဝန်များရှိတဲ့ပုဂ္ဂိုလ်များအနေနဲ့ ၎င်းတို့ကုမ္ပဏီမှ မထွက်ခွာမှီတွင် လုပ်ငန်းစဉ်လမ်းညွှန်တစ်ရပ်ကို ကြိုတင်ဖန်တီးပေးဖို့အတွက်ကို တောင်းဆိုလိုပါကလည်း တောင်းဆိုလိုက်နိုင်ပါတယ်။ ဒါပေမယ့် သင့်ထံတွင်ဒီလုပ်ငန်းစဉ်များနဲ့ စာရွက်စာတမ်းများဟာ ရှိနေပြီးသားဖြစ်လိမ့်မယ်လို့ထင်ပါတယ်။
ဒီကနေ့မှာတော့ ဒီလောက်နဲ့ပဲရပ်နားလိုက်ပါတယ်။ မနက်ဖန်မှာ ဆက်လက်ပြီး ဝန်ထမ်းတစ်ဦးရဲ့ အလုပ်မှထွက်ခွာခြင်းနဲ့ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့အရာများရဲ့ အပိုင်း-၂ ကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုပေးကြပါဦးလို့ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်။
ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
GMO-Z.comACE Co.,Ltd.
..GMO-Z.comACE, jointly established by GMO Internet Group from Japan and ACE Data Systems in Myanmar, specializes in Domain, Hosting and SSL with its sale purpose to provide the needs of various resel...
Show the postings (9)
Talent and Technology Co.,Ltd
Vision -
Access to electricity is fundamental for productive lives. All people in Myanmar should have access to and affordable and reliable electricity supply.
Mission -
Reduce poverty and imp...
Show the postings (10)
Diebold Nixdorf Myanmar Ltd
With a population of nearly 54 million people, Myanmar has huge growth potential in the banking sector as it expands its services outside of Yangon to more rural areas where it is estimated that more ...
Show the postings (4)
Digital Dots
.DigitalDots specialises in building quality business websites that people are proud of by using our expertise in all areas of website design, development and Internet marketing.
Our passion for se...
Show the postings (10)