Jobs In Myanmar
Load...

How to Improve Your Interview Process to Attract the Best Talent

by www.jobsinyangon.com


Tags: Talent-Attracting-Interview-Improvement-JobsinYangon



အကောင်းဆုံးအရည်အချင်းရှိသူများကိုဆွဲဆောင်နိုင်စေဖို့ သင့်ရဲ့အင်တာဗျုးခြင်းလုပ်ငန်းစဉ်ကို ပိုမိုကောင်းမွန်အောင်ဘယ်လိုပြုလုပ်ကြမလဲ? 

 

ကျွန်ုပ်တို့အစားအလုပ်လုပ်ပေးနိုင်ရန်အတွက် အရည်အချင်းရှိတဲ့သူများရှိနေဖို့မှာအရေးကြီးကြောင်း ကို ကျွန်ုပ်တို့အားလုံးကနားလည်သဘောပေါက်ပြီးသားဖြစ်ပါလိမ့်မယ်။ အရည်အချင်း/ပါရမီရှိပြီး လုပ် ချင်ကိုင်ချင်စိတ်အပြည့်ရှိသော team ကိုရရှိပိုင်ဆိုင်ထားတဲ့အခါမှာ သင့်ရဲ့လုပ်ငန်းဟာ ပိုမိုပြီးအောင် မြင်မှုရရှိလာစေဖို့အခွင့်အရေးများပါတယ်။ မှန်ကန်သင့်လျှော်တဲ့သူများကိုရှာဖွေခြင်းနဲ့ ရရှိပိုင်ဆိုင်နိုင် ခြင်းဟာ ငွေကြေးစီမံခန့်ခွဲမှုများ၊ ရောင်းအားတိုးတက်အောင်ဆောင်ရွက်မှုများကဲ့သို့ပင်အရေးကြီးတဲ့ အချက်တစ်ခုဖြစ်တယ်လို့ စာရေးသူကတော့ထင်မြင်မိပါတယ်။ ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ သင့်ကို ဈေးကွက်အတွင်းရှိနေတဲ့ အကောင်းဆုံးသော အရည်အချင်းရှိသူများကို ဆွဲဆောင်နိုင်စေဖို့နဲ့ အလုပ်ခန့် အပ်ပေးနိုင်စေဖို့ရာအတွက် ကူညီပေးနိုင်မယ်လို့ထင်တဲ့အဆင့် (၅) ဆင့်ကိုဖော်ပြပေးလိုက်ပါတယ်။ 

၁။ သင့်ကုမ္ပဏီရဲ့ ချည်းကပ်ပုံနည်းလမ်းများကိုပြန်လည်သုံးသပ်ပါ။ 

လူသစ်များကိုစတင်ခေါ်ယူမှုပြုလုပ်ဖို့မစဉ်းစားမှီတွင် သင့်ထံတွင်ရှိနေပြီးသားဖြစ်တဲ့အကောင်းဆုံး အရည်အချင်းရှိသူများကိုလက်လွှတ်မဆုံးရှုံးရစေရန်အတွက် သေချာအောင်ပြုလုပ်ထားရပါမယ်။ ကျွန် တော်ပြောလိုက်တဲ့ဒီအချက်ဟာ အရမ်းသိသာလွန်းတယ်လိုထင်မြင်ရသော်လည်း အရင်လုပ်ခဲ့ဖူးတဲ့ အခြားသောကုမ္ပဏီများတွင်တော့ ဒီအရာကိုမကြာခဏမြင်နေရပါတယ်၊ လူတွေမေ့နေတဲ့အချက်က တော့ ကုမ္ပဏီတစ်ခုဟာ ဝန်ထမ်းခေါ်ယူမှုပြုလုပ်တဲ့အခါတွင် အခြားတစ်ဖက်ကလုပ်ငန်းတစ်ခုဟာ လုပ် သားတွေဆုံးရှုံးနေတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ သင့်ကုမ္ပဏီဟာ ဒုတိယကုမ္ပဏီအမျိုးအစားမှာ မပါ ဝင်နေစေဖို့အတွက် သေချာစွာပြုလုပ်ထားရပါမယ်။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ဝန်ထမ်းများ ဟာ တစ်ကယ်ရောပျော်ရွှင်နေပါရဲ့လားဆိုတာကို အမြဲတမ်းမိမိကိုယ်ကိုမေးခွန်းထုတ်နေရပါတယ်။ ကျွန်တော်တို့ဟာ သူတို့ကိုမြှင့်တင်ပေးနေလား၊ လေ့ကျင့်မှုပေးနေလား ဆိုတာတွေနဲ့ သူတို့ကိုသင့်တင့် လျှောက်ပတ်စွာ ဆုပေးမှု၊ ချီးမွမ်းမှုများရှိရဲ့လားဆိုတာကို မိမိကိုယ်ကိုအမြဲမေးမြန်းနေသင့်ပါတယ်။ မိမိ တို့ကုမ္ပဏီရဲ့ထုံးတမ်းစဉ်လာများဟာအပေါင်းလက္ခဏာဆောင်နေလား၊ အနုတ်လက္ခဏာဆောင်နေလား ဆိုတာကိုလည်း ဆန်းစစ်ကြည့်ရှုရမှာဖြစ်ပါတယ်။ 

၂။ သင့်ကုမ္ပဏီရဲ့ ထုံးတမ်းစဉ်လာများကို တိုးတက်မှုရှိစေရန်ပြုလုပ်ပေးပါ။ 

အထက်ပါအချက်ကိုသင့်အနေနဲ့မှန်ကန်စွာလုပ်ဆောင်နိုင်ပြီဆိုရင်တော့ နောက်တစ်ဆင့်ကတော့ သင့် ကုမ္ပဏီရှိဝန်ထမ်းများကို ထွက်ခွာသွားမှုမရှိစေရန်အတွက် ဘယ်လိုကိုင်တွယ်ဖြေရှင်းနေလဲဆိုတဲ့ အကြောင်း သိရှိအောင်ပြုလုပ်ဖို့ပါပဲ။ သင်ကုမ္ပဏီရဲ့ ပုံရိပ်တစ်ခုဖြစ်လာစေမယ့်အရာကိုရှာဖွေပြီး တည် ဆောက်ကာ သင်ဟာရွေးချယ်ရန်သင့်တော်တဲ့ အလုပ်ရှင် (employer) တစ်ဦးဖြစ်နေစေဖို့ပြုလုပ်ထားရ ပါမယ်။ 
ထိုကဲ့သို့ဖြစ်လာဖို့မှာ အခြားသူများမှ တဆင့်ပြန်လည်ညွှန်းဆိုခံရခြင်းနဲ့ ဝန်ထမ်းရှာဖွေပေးတဲ့ industry များမှတဆင့်ဖြစ်လာနိုင်ပါတယ်။ သင်တို့ကုမ္ပဏီရဲ့ အတွင်းစည်းက ထုံးတမ်းစဉ်လာများကို မှန်ကန်မှုရှိ စေရန်ပြုလုပ်ထားပါ၊ နောက်ပြီးသင့်လုပ်ငန်းရဲ့စံနမူနာပုံစံများကိုလည်း မှန်ကန်အောင်ပြုလုပ်ထားပါ၊ ထိုအခါတွင် သင့်ရဲ့ကုမ္ပဏီဟာအလုပ်လုပ်ရန်ကောင်းမွန်တဲ့နေရာတစ်ခုဖြစ်တယ်ဆိုတာကို မည်မျှမြန် မြန်သတင်းတွေပျံ့နှံ့သွားသလဲဆိုတာနဲ့ပက်သတ်ပြီး သင့်အနေနဲ့ အံ့ဩယူရမှာပဲဖြစ်ပါတယ်။ သင့်အနေ နဲ့ ဝန်ထမ်းတွေကိုဆွဲဆောင်နိုင်စေဖို့အတွက် လူကြိုက်များတဲ့မီဒီယာတွေကိုအားကိုးနေဖို့မလိုအပ်ဘူး ဆိုတာကိုလည်း တွေ့ရှိလာပါလိမ့်မယ်။ 

၃။ အလုပ်ရာထူးတစ်ခုရဲ့ တာဝန်များကို တိတိကျကျ သတ်မှတ်ပေးထားပါ။ 

သင့်ကုမ္မဏီအတွင်းမှာ ရာထူးတိုးမြှင့်ပေးလိုတဲ့သူတွေရှိမနေဘူး၊ ဒါမှမဟုတ် ထိုရာထူးနေရာတစ်ခု အတွက်ခန့်အပ်နိုင်တဲ့သူတွေရှိမနေဘူးဟုဥပမာအနေနဲ့ ယူဆကြည့်လိုက်မယ်ဆိုရင် သင်ဟာပြင်ပမှာ ရှာဖွေရတော့မှာပဲဖြစ်ပါတယ်။ ထိုသို့ပြုလုပ်သည့်အခါတွင် ပထမဦးဆုံးအဆင့်အနေနဲ့ သင့်ရဲ့ job description ကို သေချာစွာစဉ်းစားသင့်ပါတယ်။ သင်ဘာကိုလိုချင်သလဲဆိုတာကို ထင်သာမြင်သာစွာနဲ့ လွန်စွာတိတိကျကျပြောဆိုပေးရမှာဖြစ်ပြီး သင့်အနေနဲ့ ဘာတွေကိုပြန်လည်ပေးအပ်နိုင်မလဲဆိုတာကို လဲပြောပြပေးရမှာဖြစ်ပါတယ်။ 

လေ့ကျင့်မှုများနဲ့ တိုးတက်မှုရှိလာစေရန်လုပ်ဆောင်ပေးခြင်းများ ကဲ့သို့သော အခွင့်အလမ်းများကို သေ ချာစွာထောက်ပြပြီး အလုပ်နဲ့ သင့်ကုမ္ပဏီတွင်ရှိနေတဲ့ထုံးတမ်းစဉ်လာများကိုလည်း အသိပေးပြောကြား ရပါမယ်။ ကောင်းမွန်တဲ့၊ အရည်အချင်းရှိတဲ့ ကြော်ငြာမှုပြုလုပ်ပေးသော အေဂျင်စီကုမ္ပဏီတိုင်းဟာ ကောင်းမွန်မှုမရှိသော အတိုချုံးရှင်းလင်းချက်တစ်ခုဟာ ကောင်းမွန်မှုမရှိသောအလုပ်တစ်ခုသို့ဦးတည် နေတယ်ဆိုတာကိုနားလည်သဘောပေါက်ကြပါတယ်။ ဝန်ထမ်းခေါ်ယူမှုပြုလုပ်ခြင်းမှာလည်း တို့နည်း တူပါပဲ။ အကယ်၍ သင့်ရဲ့ ဝန်ထမ်းခေါ်ယူရန်ကြော်ငြာမှုတစ်ရပ် (သို့) job description တွင် တစ်ခုခုလို အပ်နေပါက၊ တိကျမှုမရှိပါက (သို့) လုံးဝကိုဆိုးရွားနေပါက အရည်အချင်းရှိပြီး စွမ်းဆောင်ရည်မြင့်တဲ့ အလုပ်လျှောက်ထားသူများကို ဆွဲဆောင်နိုင်မှာမဟုတ်ပါဘူး။ 

၎။ သင့်အလုပ်တွင်လျှောက်ထားဖို့ဖြစ်လာနိုင်တဲ့ ဝန်ထမ်းလောင်းလျာ (candidate) များကို တိကျစွာ ပစ်မှတ်ထားပါ။ 

မှန်ကန်သင့်လျှော်တဲ့သူများထံသို့ရောက်ရှိနိုင်စေရန်အတွက် သင့်အနေနဲ့ ထိုသူတို့ဟာ ဘယ်နေရာများ တွင်ရှိနေသလဲဆိုတာကိုဦးစွာရှာဖွေဖော်ထုတ်ရမှာဖြစ်ပါတယ်။ သူတို့ဟာ ဘယ် website များပေါ်တွင် ရှိနေသလဲ၊ ဘယ် media များတွင်သူတို့ဟာရှိနေသလဲ အစရှိသည်တို့ကိုလေ့လာထားရပါမယ်။ အချို့ သော software ပရိုဂရမ်များဟာ သင်လိုချင်တဲ့ target audience ကို သူတို့တွေနှစ်သက်တတ်တဲ့ website များပေါ်ကနေတဆင့် ကူညီရှာဖွေပေးနိုင်ပါတယ်။ သင့်အားကူညီပြီးထိုသို့ပြုလုပ်ပေးနိုင်တဲ့ specialist organization များလည်းရှိနေပါတယ်။ မှတ်သားထားရမယ့်အချက်ကတော့ ကောင်းမွန် သော အလုပ်ကြော်ငြာစာရှိသော်လည်း မှားယွင်းသည့်နေရာတွင် သွားရောက်ကြေငြာမိတဲ့အခါမှာ ထိ ရောက်မှုမရှိစေဘူးဆိုတာပါပဲ။ 

၅။ အင်တာဗျူးလုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်လာစေရန်ပြုလုပ်ခြင်း

သင့်အနေနဲ့ လွန်စွာကောင်းမွန်တဲ့ အလုပ်ကြော်ငြာတစ်ခုနဲ့ job description ကိုဖန်တီးပြုလုပ်ပြီးနောက် မှန်ကန်သင့်လျှော်တဲ့၊ သင်ပြောဆိုလိုက်တဲ့အကြောင်းအရာတွေအပေါ်မူတည်ပြီး စိတ်အားတက်ကြွမှုရှိ လာစေနိုင်တဲ့သူများရှိနေတဲ့ သင့်တင့်လျှောက်ပတ်တဲ့နေရာတစ်ခုမှာ ကြော်ငြာနိုင်ခဲ့ပြီဆိုပါစို့၊ ဒါဆိုရင် သင့်အနေနဲ့ လူတွေ့စစ်ဆေးမှုပြုလုပ်ရန်အတွက် ဘယ်သူ့ကိုတာဝန်ပေးမှာလဲ? တစ်ခါတစ်ရံတွင် ကုမ္ပ ဏီများဟာ များစွာသောအချိန်များနဲ့ အားထုတ်မှုများကိုအသုံးပြုပြီး ဝန်ထမ်းလောင်းလျာများကိုဆွဲ ဆောင်နိုင်စေဖို့ပြုလုပ်ပြီးမှ ကောင်းမွန်စွာပြင်ဆင်ထားမှုမရှိသောအလုပ်အင်တာဗျူးသူများကြောင့် အလဟသတ်ဖြစ်သွားရတတ်သည့်အပေါ် အံ့အားသင့်ရပါတယ်။ ကျွန်တော်တို့ဟာ ထိုအရာကို ကြိမ်ဖန် များစွာတွေ့မြင်ဖူးခဲ့ပါတယ်။ ရုတ်တရက်အင်တာဗျူးတစ်ခုရှိလာတဲ့အခါ၊ မန်နေဂျာက သိပ်ပြီးအလုပ် မရှုပ်နေတဲ့သူတစ်ယောက်ကိုအင်တာဗျူးမေးခွန်းများမေးမြန်းရန်ခိုင်းစေဖို့အတွက်ရှာဖွေတတ်ပါတယ်။

ကောင်းမွန်ပြီး အရည်အချင်းရှိတဲ့ candidate များဟာ တုံးအသူများမဟုတ်ပါဘူး၊ သူတို့ကိုအင်တာဗျူး မေးမြန်းတဲ့အခါမှာ ထိုအင်တာဗျူးတစ်ခုဟာ ပျက်ချော်ချော်နိုင်တဲ့အင်တာဗျူးတစ်ခုလား၊ ဆိုးရွားတဲ့ အင်တာဗျူးတစ်ခုလားဆိုတာကိုခွဲခြားပိုင်းခြားသိရှိနိုင်တတ်ကြပါတယ်။ သင်လိုချင်တဲ့ candidate များ ကိုအင်တာဗျူးဖို့အတွက် သင့်ထံတွင်ရှိတဲ့ အကောင်းဆုံးဝန်ထမ်းများကိုခိုင်းစေသင့်ပါတယ်။ သူတို့ ပြောဆိုတဲ့အရာများ၊ လုပ်ကိုင်တဲ့အရာများ၊ အပြုအမူများကနေတဆင့် သူတို့ဟာ သင့်ရဲ့ကုမ္ပဏီရဲ့ အကြောင်းပြောပြပေးနိုင်လို့ပါပဲ။ အကယ်၍ ကျွန်တော်သာမိမိကိုယ်ကိုယုံကြည်မှုရှိပြီး ရည်မှန်းချက် ကြီးမားတဲ့ candidate တစ်ဦးဆိုရင် ကျွန်တော့်ထံတွင် အခြားသော အခွင့်အလမ်းတွေများစွာရှိနေဦးမှာ ပဲဖြစ်တဲ့အတွက် လုပ်ငန်းရှင်များဟာ ကျွန်တော့်ကိုသူတို့ထံမှာလာရောက်လုပ်ကိုင်စေဖို့အတွက် ဆွဲ ဆောင်ရမှာပဲဖြစ်ပါတယ်။ 

ဒီအချက် (၅) ချက်လုံးရှိနေအောင်ပြင်ဆင်ပြီး ပိုမိုပြီးထိရောက်စွာ အရည်အချင်းရှိတဲ့သူများကိုအလုပ် ခန့်အပ်နိုင်စေရန်ပြုလုပ်လိုက်ပါ။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


LOTTE MGS Beverage Co.,Ltd

LOTTE MGS Beverage Co.,Ltd

Lotte Group’s mission : “ We enrich people’s lives by providing superior products and services that our customers love and trust.”LOTTE MGS Beverage (Myanmar) Co., Ltd was incorporated in the ...
Show the postings (5)
SOE MYINT & SONS Stainless Steel Trading Co., Ltd.

SOE MYINT & SONS Stainless Steel Trading Co., Ltd.

Sumitomo Mitsui Construction Co,.Ltd.

Sumitomo Mitsui Construction Co,.Ltd.

..To respond to widespread expectations toward the collective abilities of its merging partners to enhance social and living infrastructures, Sumitomo Mitsui Construction Co.,Ltd. (SMC) was born on Ap...
Show the postings (6)
Min Zar Ni Group of Companies

Min Zar Ni Group of Companies

The group engaed in Sourcing, Processing and Marketing all varieties of fresh Frozen Seafood to the international markets. The first pioneer plant was established in 1995 in Yangon and at the present ...
Show the postings (2)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS