Jobs In Myanmar
Load...

How to Manage Diversity in the Workplace

by www.jobsinyangon.com


Tags: Diversity-Workplace-Management-HR-JobsinYangon



အလုပ်ခွင်အတွင်းရှိ မတူကွဲပြားမှုများကို မည်သို့စီမံခန့်ခွဲနိုင်မည်နည်း 
 
 
အလုပ်ခွင်အတွင်းရှိ မတူကွဲပြားမှုများကို စီမံခန့်ခွဲခြင်းသည် HR ကျွမ်းကျင်သူများအဖို့ တမူထူးခြားသောစိန်ခေါ်မှု များကိုပေးစွမ်းနိုင်ပါသည်။ အကယ်၍အဖွဲ့အစည်းတစ်ခုသည်မတူကွဲပြားသောပတ်ဝန်းကျင်တစ်ခုကိုသည်းညဉ်း ခံမှုရှိခြင်း၊ ပွင့်လင်းသောပြောဆိုဆက်ဆံမှုရှိခြင်းနှင့် ဖြစ်ပေါ်လာနိုင်သည့်ပြဿနာများကို ဖော်ထုတ်နိုင်ရန် ပြဿ နာစီမံခန့်ခွဲမှုနည်းဗျူဟာများ ပြုလုပ်ခြင်းတို့ဖြင့် အားပေးကူညီရန် လေးလေးနက်နက်ကြိုးပမ်းအားထုတ်ပါက အဆိုပါစိန်ခေါ်မှုများကိုလျှော့ချနိုင်မည်ဖြစ်ပါသည်။ ဦးဆောင်သူများမှ အလုပ်ခွင်အတွင်းရှိမတူကွဲပြားမှုများကို ထိထိရောက်ရောက်စီမံခန့်ခွဲနိုင်ရန်အတွက် ဝန်ထမ်းများရဲ့ နောက်ကြောင်းများနဲ့ သူတို့ရဲ့အပြုအမူတွေနဲ့ ယုံကြည်မှုတွေဟာ မတူကွဲပြားမှုရှိနေသည့်ပတ်ဝန်းကျင်အတွင်းက သူတို့ရဲ့ဆုံးဖြတ်မှုပြုလုပ်ခြင်းတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှုရှိစေသလဲဆိုတာကို သိရှိနားလည်ထားရမှာဖြစ်ပါတယ်။ 
 
အလုပ်ခွင်အတွင်းရှိ မတူကွဲပြားမှုများကို စီမံခန့်ခွဲခြင်းပြုရန်အတွက် သိရှိထားရမည့်အချက်များမှာ - 
 
ဆက်သွယ်ပြောဆိုမှုပြုခြင်းကို ဦးစားပေးခြင်း
 
မတူကွဲပြားမှုများရှိသော အလုပ်ခွင်အားစီမံခန့်ခွဲနိုင်ရန်အတွက် အဖွဲ့အစည်းများဟာ သူတို့ရဲ့ဝန်ထမ်းများနဲ့ ထိထိ ရောက်ရောက် ပြောဆိုဆက်ဆံမှုရှိဖို့လိုအပ်ပါတယ်။ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ လုံခြုံရေးစည်းမျဉ်းများနဲ့ အခြား အရေးပါသောအချက်အလက်များကို ဘာသာစကားနဲ့ ယဉ်ကျေးမှုအတားအဆီးများကို ကျော်ဖြတ်နိုင်စေရန် အတွက်၊ လိုအပ်ပါက ဘာသာပြန်ဆိုထားသောအရာများ၊ ရုပ်ပုံများနှင့် သင်္ကေတများကိုအသုံးပြုကာ ပုံစံချမှတ် ရေးဆွဲထားသင့်ပါသည်။ 
 
ဝန်ထမ်းတိုင်းကို လူတစ်ဦးချင်းအနေဖြင့် ပြုမူဆက်ဆံပါ
 
နောက်ခံအမျိုးမျိုးရှိနေသည့် ဝန်ထမ်းတိုင်း၏အကြောင်းကို ထင်မြင်ယူဆချက်များပြုလုပ်ခြင်းမှ ရှောင်ကြဉ်ပါ။ ထိုအစား ဝန်ထမ်းတိုင်းကို တစ်ဦးတစ်ယောက်ခြင်းအနေဖြင့်ကြည့်ရှုကာ အောင်မြင်မှုများနှင့် ကျရှုံးမှုများကို သူတို့ရဲ့နောက်ခံမှ လုပ်ရပ်များကိုပုံချခြင်းထက် တစ်ဦးချင်းစီ၏ လုပ်ဆောင်ချက်များအပေါ် အခြေခံ၍သာ ဆုံးဖြတ်ပါ။ 
 
ဝန်ထမ်းများကို မတူကွဲပြားသောအဖွဲ့များတွင် အလုပ်လုပ်စေရန်အတွက် အားပေးပါ
 
မတူကွဲပြားမှုရှိသော အလုပ်အဖွဲ့များဟာ ဝန်ထမ်းများကို တစ်ဦးနှင့်တစ်ဦး သိရှိနားလည်စေဖို့နှင့် တန်ဖိုးထားမှုရှိ စေဖို့အတွက် လူတစ်ဦးတစ်ယောက်တိုင်းကိုဖြစ်လာစေနိုင်ပြီး ကြိုတင်လက်ခံထားသောအယူအဆများနှင့် ယဉ် ကျေးမှုဆိုင်ရာ နားလည်မှုလွဲခြင်းများကို ဖြိုခွဲနိုင်ရန်အတွက် အကူအညီပေးနိုင်ပါသည်။ 
 
တရားမျှတမှုရှိခြင်း၏ အခြေခံစံနှုန်းများ 
 
နောက်ခံအကြောင်းများနှင့် မသက်ဆိုင်သော စည်းမျဉ်းများ၏ စံသတ်မှတ်ချက်တစ်ခုကို ဝန်ထမ်းအဖွဲ့များ အားလုံးအတွက်ချမှတ်ထားပါ။ စည်းမျဉ်းစည်းကမ်းများ အပါအဝင်၊ ဝန်ထမ်းများကိုအရေးယူမှုများအားလုံး သည် အဆိုပါစံသတ်မှတ်ချက်စံနှုန်းများကို လိုက်နာစေဖို့အာမခံချက်ရှိနေစေရန်အတွက်နှင့် ဝန်ထမ်းများအားလုံး ကို တသမတ်တည်း တူညီစွာဆက်ဆံစေရန်သေချာမှုရှိစေဖို့ရာအတွက် လုပ်ဆောင်ပါ။ 
 
အမြင်ကျယ်မှုရှိပါစေ
 
အဖွဲ့အစည်းတစ်ခုအတွက် တစ်ဦးတစ်ယောက်၏ အတွေ့အကြုံ၊ နောက်ကြောင်းနှင့် ယဉ်ကျေးမှုတို့သည်သာ တန်ဖိုးရှိသောအရာများမဟုတ်ဘူးဆိုတာကို မှတ်သားကာ ဝန်ထမ်းများကိုလည်း ထိုအရာကိုမှတ်သားထားမှုရှိစေ ရန်အတွက် အားပေးပါ။ မတူကွဲပြားသောရှုထောင့်မှ အမြင်များနှင့် ပင်ကိုယ်စွမ်းရည်များကို ပေါင်းစည်းကာ အဖွဲ့ အစည်း၏ရည်မှန်းချက်များကို ရယူအောင်မြင်ဖို့ရာအတွက် ကြိုးစားအားထုတ်မှုများအဖြစ်သို့ပြုလုပ်ပါ။ 
 
ဌားရမ်းခြင်း
 
မတူကွဲပြားမှုများရှိသော လုပ်ငန်းခွင်တစ်ခုအား တည်ဆောက်နိုင်ရန်အတွက် နောက်ခံအမျိုးမျိုးမှ ပင်ကိုယ် စွမ်းရည်ရှိသူများကို ခေါ်ယူဌားရမ်းဖို့မှာ အရေးပါသောအချက်ဖြစ်ပါသည်။ ထိုအရာကိုလုပ်ဆောင်နိုင်ရန်အတွက် ဦးစီးဦး ဆောင်ပြုလုပ်သူနှင့် ခေါ်ယူဌားရမ်းသောဆုံးဖြတ်ချက်များကိုချမှတ်သူများမှ လူတွေ့စစ်ဆေးခြင်းများနှင့် ပင်ကိုယ်စွမ်းရည်များကိုအကဲဖြတ်မှုများပြုလုပ်ရာတွင် ဘက်လိုက်မှုမရှိစေရန်လိုအပ်ပါသည်။ အဖွဲ့အစည်းတစ် ခုသည် ဘက်လိုက်ခြင်းအားဖယ်ထုတ်နိုင်ပြီး အရည်အချင်းအပြည့်မှီဆုံးသောသူများ၊ မှန်ကန်သင့်လျှော်သော ပညာရေးရှိသူများ၊ အထောက်အထားများ၊ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများ ရှိသောသူများကိုသာ ဌားရမ်းမည် ဆိုပါက မတူကွဲပြားမှုများရှိသော လုပ်ငန်းခွင်တစ်ခုအား ရလာဒ်အနေဖြင့် အလိုအလျှောက်ရရှိလာမည်ဖြစ်ပါ သည်။
 
မတူကွဲပြားမှုရှိသော အလုပ်သမားအင်အားကိုဌားရမ်းခေါ်ယူရန် သိကောင်းစရာများ
 
• အလုပ်သမားလောင်းလျာများဟာ အလုပ်နေရာအတွက် သင့်လျော်မှုရှိခြင်းတစ်ခုတည်းအပေါ်တွင်သာမူတည်၍ ရွေးချယ်ခံရမှုရှိစေရန်အတွက် မတူကွဲပြားသော လူတွေ့စစ်ဆေးမှုပြုလုပ်သည့်အဖွဲ့ဝင်များကို ထည့်သွင်းသင့်ပါ သည်။ 
• မန်နေဂျာများဟာ လူတွေ့စစ်ဆေးမှုများတွင် ဘယ်အရာတွေကတော့ မေးနိုင်ပြီး ဘယ်အရာတွေကိုတော့ မမေး နိုင်ဘူးဆိုတဲ့အပေါ်မှာ လေ့ကျင့်ပေးမှုရှိထားသင့်ပါသည်။ ဥပမာ - လျှောက်ထားသူရဲ့ တစ်ကိုယ်ရေဘဝ အကြောင်း၊ သူတို့ဘယ် ဘုရားကျောင်းသို့တက်တယ်ဆိုတဲ့အကြောင်း၊ သူတို့ရဲ့  အချစ်ရေးနှင့် နိုင်ငံရေးယုံကြည် ချက်များဟာ မမေးမြန်းသင့်တဲ့ အရာများဖြစ်ပါတယ်။ 
• ဝန်ထမ်းခေါ်ယူရာတွင်တီထွင်ဆန်းသစ်မှုရှိပါစေ။ ဥပမာ - အဖွဲ့အစည်းတစ်ခုဟာ engineering ဌာနတွင်အမျိုးသ မီးများကိုပိုမိုဌားရမ်းလိုပါက သူတို့သည် အမျိုးသမီးများကို engineering ကဏ္ဍများတွင်ထောက်ပံ့မှုပြုပေးသော ကျွမ်းကျင်မှုဆိုင်ရာအဖွဲ့များသို့ဆက်သွယ်ကာ ထိုအဖွဲ့များရဲ့ သတင်းစာ (သို့) အဖွဲ့ဝင်အချင်းချင်းဆက်သွယ်မှု များတွင်၊ လစ်လပ်နေရာများရှိနေကြောင်းကို ကြော်ငြာမှုပြုပေးရန်ပြောကြားနိုင်ပါသည်။ 
 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


PROQC INTERNATIONAL PVT. LTD.

PROQC INTERNATIONAL PVT. LTD.

To nurture the trust of our customers and our team through dynamic interactions, creative supply chain solutions, and integrated partnership The global quality solution, engineering, and consulting s...
Show the postings (3)
United Paints Group (UPG) Co., Ltd.

United Paints Group (UPG) Co., Ltd.

United Paints Group Co.,Ltd. သည် ဝန်ထမ်းများအပေါ် - > ရသင့်ရထိုက်သော ခံစားခွင့်များ၊ ရပိုင်ခ...
Show the postings (12)
Ayer Shwe Wah Co.,Ltd. [H.O]

Ayer Shwe Wah Co.,Ltd. [H.O]

Ayer Shwe Wah is a group of companies doing a variety of businesses and managing each unit underneath the breath of a strategic sustainability.Ayer Shwe Wah is one of the largest conglomerates in Myan...
Show the postings (26)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS