Jobs In Myanmar
Load...

Work from home ပြုလုပ်နေရစဉ် သင့်အလုပ်တွင်တိုးတက်မှုများရှိလာစေရန် ပြုလုပ်သင့်သောနည်းလမ်းများ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-WFH-Improvement-Career-JobsInYangon



Work from home ပြုလုပ်နေရစဉ် သင့်အလုပ်တွင်တိုးတက်မှုများရှိလာစေရန် ပြုလုပ်သင့်သောနည်းလမ်းများ

 

အိမ်မှတဆင့် အလုပ်လုပ်ရခြင်း (Work from Home) ပြုလုပ်နေခြင်းဆိုသည်မှာ သင့်အနေနဲ့ သက်တောင့်သက်သာရှိတဲ့ ပုံမှန်အလုပ်လုပ်ချိန်တစ်ခုကို သတ်မှတ်ပြီး ရှေ့သို့အားသွန်ခွန်စိုက်ကြိုးစားမှုများနဲ့ တိုးတက်မှုများရှိလာစေရန် လုပ်ကိုင်ခြင်းတို့ကို မေ့ထားရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ 

အလုပ်သို့ ကိုယ်တိုင်သွားရောက်ရခြင်းမရှိပဲ နေ့စဉ်လုပ်ငန်းအတွင်းဖြစ်ပေါ်နေတဲ့ ပြောဆိုဆက်ဆံမှုများနဲ့ အလှမ်းကွာနေရခြင်းကြောင့် သင့်အနေနဲ့ ချောင်တစ်ချောင်ထဲမှာ ပိတ်မိနေသကဲ့သို့လည်း ခံစားရကောင်း ခံစားရနေနိုင်ပါတယ်။ သို့သော် ဒီနေရာမှာ သင့်အနေနဲ့ လက်ရှိသင့်ရဲ့အခြေအနေတွေကို ပိုမိုကောင်းမွန်လာစေပြီး လုပ်ငန်းတိုးတက်မှုတွေကိုဖြစ်ပေါ်လာစေရန်လုပ်ဆောင်နိုင်တဲ့နည်းလမ်းအချို့ရှိနေပါတယ်။ 

ပထမဦးဆုံးအနေနဲ့ သင်ဟာ Work from Home ပြုလုပ်နေရပြီး လုပ်ငန်းစွမ်းဆောင်ရည်ကျမသွားစေဖို့ ဆန္ဒရှိနေတယ်ဆိုရင်တော့ ကိုယ်ပိုင်သတ်မှတ်ထားတဲ့ အလုပ်လုပ်ရမယ့်နေရာတစ်ခုရှိနေသင့်ပြီး အလုပ်လုပ်ရမယ့်အချိန်နဲ့ နားနေချိန်များကို ကွဲကွဲပြားပြား သတ်မှတ်ထားသင့်ပါတယ်။ 


သင်လုပ်ရမယ့်အရာများအကြောင်း ဆွေးနွေးပါ

Meeting များနဲ့ ပြောဆိုဆက်ဆံမှုများပြုလုပ်ကြရာတွင် သင်အလုပ်လုပ်နေတဲ့ project များတွင် ဘယ်အထိရောက်နေပြီလဲဆိုတာကို သင့်ရဲ့အထက်လူကြီးများ သိရှိစေရန် ပြောပြပါ။ သင်အောင်မြင်စွာစွမ်းဆောင်နိုင်ခဲ့သောအချက်များဖြစ်တဲ့ သတ်မှတ်ထားတဲ့အချိန်ထက် စောစီးစွာပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း (သို့) ပြဿနာတစ်ခုအတွက် အဖြေကိုရှာဖွေခြင်း၊ တီထွင်ဆန်းသစ်သော အကြံအစည်များ (သို့) လက်ရှိတွင် သင်ဆက်သွယ်ပြောဆိုနေတဲ့ ဖောက်သည်ဖြစ်လာနိုင်သူများရဲ့ အကြောင်းအရာများ အစရှိသည်တို့ကို မျှဝေပြောကြားပါ။
 

ဝေဖန်အကြံပြုချက်များတောင်းခံပါ

သင့်ရဲ့အထက်လူကြီးကို လက်ရှိအချိန်အထိ သင်ဘာတွေကိုလုပ်ဆောင်နေသလဲဆိုတာများကို ပြောပြခြင်းအားဖြင့် သင်နဲ့ပတ်သက်သောအကြောင်းအရာများကို အထက်လူကြီးက သတိထားမိလာစေမှာဖြစ်ပါတယ်။ ဝေဖန်အကြံပြုချက်များကို တောင်းခံခြင်းအားဖြင့် သင်ဟာ Work from Home ပြုလုပ်နေစဉ်အတွင်း အလုပ်ကြိုးစားမှု၊ စိတ်ပါဝင်စားမှုရှိတယ်ဆိုတာကိုလည်း ပြသနိုင်မှာဖြစ်ပါတယ်။ 


အသိုင်းအဝိုင်း ကွန်ယက်

COVID ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း အပြင်မှာတွေ့ဆုံဖို့ (သို့) ညနေပိုင်းအပြင်ထွက်၍ သောက်စားချိန်များရှိလာဖို့ဟာ ခဲယဉ်းလှပါတယ်။ ဒါပေမယ့် သင့်လုပ်ဖော်ကိုင်ဖက်များနဲ့ အခြားသောလုပ်ငန်းများမှ လုပ်ငန်းတူလက်တွဲဖော်များကို ဆက်လက်၍အဆက်အသွယ်ပြုလုပ်ပေးရပါမယ်။ 

တတ်နိုင်သမျှ သင့်အဖွဲ့ဝင်များရဲ့အလုပ်လုပ်ကိုင်ပုံကို ချီးကျူးပေးပါ။ ဒါကသင့်အဖွဲ့ရဲ့ စိတ်အားတက်ကြွမှုများကို လွန်စွာတိုးတက်လာစေမှာဖြစ်ပြီး Culture များကိုလည်း ပိုမို၍ကောင်းမွန်လာစေမှာဖြစ်ပါတယ်။ ဒီအပြင် သင့်ရဲ့အလုပ်တွင် တိုးတက်မှုရှိလာစေဖို့ကိုလည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။ “အလုပ်နဲ့ပတ်သက်၍ ဖွဲ့စည်းထားသော social media platform များတွင် လုပ်ဖော်ကိုင်ဖက်များအကြား တစ်ဦးနဲ့တစ်ဦးရဲ့ အောင်မြင်မှုများကို မျှဝေပေးနိုင်ရန်အတွက် ခွင့်ပြုပေးထားသင့်ပါတယ်။” 

ဒီအရာများဟာ အလုပ်ကြိုးစားမှုကို ဖြစ်ပေါ်လာစေဖို့နဲ့ လုပ်ဖော်ကိုင်ဖက်များအကြား ဆက်သွယ်မှုများကို ဖြစ်ပေါ်လာစေဖို့အတွက်တွင် လွန်စွာအကျိုးရှိစေမယ့်အရာများပဲဖြစ်ပါတယ်။ နောက်ပြီး သင့်ရဲ့အဖွဲ့ဝင်များကို မတူညီသောနည်းလမ်းများအားဖြင့် ချီးမွမ်းဂုဏ်ပြုမှုများကို ပြုလုပ်ပေးခြင်းအားဖြင့် သင့်ကို ကြံ့ခိုင်ကောင်းမွန်သော မန်နေဂျာတစ်ဦး (သို့) လက်တွဲလုပ်ကိုင်သူတစ်ဦးအနေနဲ့ မြင်လာကြမှာပဲဖြစ်ပါတယ်။ 


ကျွမ်းကျင်မှုများကို မြှင့်တင်ပါ

Work from Home ပြုလုပ်ရခြင်းဟာ သင့်ရဲ့အချိန်များကို ထိရောက်စွာအသုံးချစေနိုင်သော flexibility ရှိလာစေပါတယ်။ အလုပ်သို့သွားရန် ယာဉ်များစီးနင်းရခြင်း မရှိတော့တဲ့အတွက် အချိန်များစွာပိုလာမှာဖြစ်ပါတယ်။ လက်ရှိစစ်တမ်းကောက်ယူမှုတစ်ခုအရ ပျမ်းမျှအနေနဲ့ Work from Home ပြုလုပ်နေရတဲ့ ဝန်ထမ်းများက သူတို့ဟာ ထို့သို့သွားလာရခြင်းများမရှိတော့တဲ့အတွက် ၁၇ ရက်ခန့်နှင့်ညီမျှသော အားလပ်ချိန်များ ပိုထွက်လာခဲ့တယ်လို့ ဆိုထားခဲ့ပါတယ်။ 

ဒီသို့သောအားလပ်ချိန်များကို သင့်ရဲ့ Profession ကို ကျွမ်းကျင်မှုမြှင့်တင်နိုင်စေမယ့်သင်တန်းတစ်ခုခုတက်ရောက်ခြင်း (သို့) သင့်ရဲ့အသိပညာနဲ့ ကျွမ်းကျင်မှုများကို သီးသန့် ပြန်လည်လေ့ကျင့်ခြင်းများကို စတင်ပြုလုပ်ခြင်းတို့အားဖြင့် အသုံးချလိုက်ပါ။ 


သင့်ရဲ့အချိန်များကို စီမံခန့်ခွဲပါ 

သင်ဟာ Professional ဆန်တဲ့ ပတ်ဝန်းကျင်နဲ့ဝေးကွာလာပြီး Work from Home ကို ပုံမှန်အရာတစ်ခုအနေနဲ့ ပြုလုပ်လာရတဲ့အခါမှာ သင့်ရဲ့အလုပ်ခွင်အတွင်းကအမူအကျင့်များ ယိုယွင်းလာနိုင်ပါတယ်။ အိမ်မှတဆင့် အလုပ်လုပ်နေရသူများအနေနဲ့ အလုပ်မလုပ်ပဲထိုင်နေခြင်း၊ အချိန်ဖြုန်းနေခြင်း (သို့) နှောင့်နှေးတွန့်ဆုတ်နေခြင်းများ ရှိလာနိုင်ပါတယ်။ ကြံ့ခိုင်တဲ့ အချိန်စီမံခန့်ခွဲမှုစွမ်းရည်များရှိနေမှသာ သင့်အနေနဲ့ စိတ်အာရုံပျက်ပြားနိုင်စေမယ့်အရာများကို အနည်းဆုံးဖြစ်အောင် လျှော့ချထားနိုင်မှာဖြစ်ပြီး သင့်ရဲ့ အလုပ်-ဘဝမျှခြေကို ပိုမိုကောင်းမွန်စေကာ လုပ်ငန်းပရောဂျက်များကိုလည်း deadline များအမှီ ပြီးစီးအောင်ဆောင်ရွက်နိုင်စေမှာပဲဖြစ်ပါတယ်။ 


လက်ရှိအချိန်ကို အကျိုးရှိစွာအသုံးချပါ 

လက်ရှိအခြေအနေမှာရရှိနေတဲ့အခွင့်အလမ်းများကို အကျိုးရှိရှိအသုံးချပါ။ ကုမ္ပဏီတိုင်းဟာ အရင်းအမြစ်များကို လျှော့ချလျှက်ရှိပြီး ပိုမိုနည်းပါးတဲ့အင်အားများမှ ပိုမို၍ရယူနိုင်ရန် စီမံခန့်ခွဲမှုများကို ပြုလုပ်လျှက်ရှိနေပါတယ်။ ဒါဟာ သင့်အနေနဲ့ကောင်းမွန်တဲ့ impression တစ်ခုကိုတည်ဆောက်နိုင်စေဖို့ ကောင်းမွန်တဲ့အခွင့်အလမ်းတစ်ခုဖြစ်ပြီး သင့်ရဲ့ အလုပ်မှာတိုးတက်မှုများဖြစ်ပေါ်လာစေနိုင်ပါတယ်။ Professional တစ်ဦးပီသစွာတိုးတက်မှုများကိုဖြစ်ပေါ်လာစေနိုင်မယ့် အခွင့်အလမ်းများကို ရှာဖွေရင်း သင့်ရဲ့အလုပ်ကိုပိုမို၍တန်ဖိုးရှိစွာ လုပ်ကိုင်ပေးလိုက်ပါ။ 

သင်ဟာ သင့်ကုမ္ပဏီအတွက် ပိုမိုတဲ့အလုပ်များကို လုပ်ကိုင်ပေးရန် ဆန္ဒရှိနေပြီး လက်ရှိအလုပ်များကိုလည်း ကောင်းမွန်စွာဆောင်ရွက်နိုင်ခြင်းရှိတယ်ဆိုတာကို ရှင်းလင်းစွာပြသလိုက်ပါ။ 

 

Work from Home ပြုလုပ်ရခြင်းဟာ ကုမ္ပဏီအတွင်းက သင့်ရဲ့တိုးတက်မှုများကိုအဟန့်အတားမဖြစ်နေစေသင့်ပါဘူး။ အထက်ဖော်ပြပါနည်းလမ်းများကိုအသုံးပြုပြီး ပိုမို၍ proactive ဖြစ်တဲ့ mindset တစ်ခုဖြစ်လာစေဖို့ ပြုပြင်လိုက်ပါက သင့်အနေနဲ့ ပိုမိုများပြားသောအခွင့်အလမ်းများကို ဖမ်းဆုပ်နိုင်မှာဖြစ်သလို တန်ဖိုးမြင့်တက်လာပြီး အားလုံးကြားတွင်ထင်ပေါ်မှုရှိလာမှာဖြစ်ပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 


ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Toyota Aye and Sons Co., Ltd.

Toyota Aye and Sons Co., Ltd.

Our Vision To become the most reliable and respected automotive-dealer group in Myanmar. Our Mission '' To attract and attain customers with high-valued products and services and the most satis...
Show the postings (25)
Myint Dachan Co.,LTD.

Myint Dachan Co.,LTD.

.Mission Our mission is to create positive impact on the livestock industry, as well as benefiting the farmers and to the end consumers. Our company aims to produce animal feed for the whole country...
Show the postings (1)
KT Group

KT Group

Our Group Vision “To be a world class organisation nurturing and encouraging the talents of our people who enable us to grow a thriving business committed to building a modern and transparent Mya...
Show the postings (1)
Digital Laboratory Co., Ltd.

Digital Laboratory Co., Ltd.

..1. MOBILE APP DEVELOPMENT State of the art iOS and Android mobile app development and UI / UX design 2. WEB DEVELOPMENT Beautiful and responsive websites built with popular CMS and eCommerce plat...
Show the postings (2)
Ayer Shwe Wah Co.,Ltd. [H.O]

Ayer Shwe Wah Co.,Ltd. [H.O]

Ayer Shwe Wah is a group of companies doing a variety of businesses and managing each unit underneath the breath of a strategic sustainability.Ayer Shwe Wah is one of the largest conglomerates in Myan...
Show the postings (26)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS