Tags: Knowledge-Old-Gadgets-JobsInYangon
သင့်ရဲ့ ဖုန်းအဟောင်းများနဲ့ Gadget အဟောင်းများကို ဘယ်လိုပြန်လည်အသုံးချမလဲ? (အပိုင်း - ၅)
သင့်ရဲ့ ဖုန်းအဟောင်း (သို့) Tablet အဟောင်းကို E-reader တစ်ခုအဖြစ်ပြန်လည် အသုံးပြုပါ
အကယ်၍သင့်ထံတွင် ဖုန်းအဟောင်း (သို့) Tablet အဟောင်းတစ်ခုရှိနေပါက e-reader အသစ်တစ်ခုကို ထပ်မံဝယ်ယူမည့်အစား သင့်ထံတွင်ရှိနေတဲ့ device ကို အစားထိုး အသုံးပြု၍ ရနိုင်ပါတယ်။ Android နဲ့ iOS နှစ်မျိုးစလုံးတွင် ရရှိနိုင်သော Kindle နဲ့ Kobo ကဲ့သို့သော app များဟာ e-book များဝယ်ယူရန်အတွက်ရော ဖတ်ရှုရန်အတွက်ပါ အသုံးပြုနိုင်မည့် app များဖြစ်ကြပြီး e-reader များနဲ့ တူညီသောစွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်စေမှာဖြစ်ပါတယ်။
App ၂ ခုစလုံးတွင် audiobook များကိုလည်း support ပေးထားတဲ့အတွက် သင့်အနေနဲ့ text format မှ audio format များသို့ လိုအပ်လာပါက အပြန်အလှန် လွယ်ကူစွာပြောင်းလဲနိုင်မှာလဲဖြစ်ပါတယ်။ သင့်အနေနဲ့ Kindle သို့ Kobo e-reader စက်များကို ဝယ်ယူထားပြီးပါကလဲ သင့်အနေနဲ့ပြောင်းလဲအသုံးပြုထားတဲ့ phone (သို့) tablet နဲ့ အဆိုပါစက်များအကြား သင်ဖတ်ရှုနေတဲ့အရာများကို အပြန်အလှန် sync ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ဖုန်းများနဲ့ tablet များပေါ်ရှိ အလင်းစူးတဲ့မျက်နှာပြင်များဟာ e-reader ပေါ်ရှိ e-ink ထက်ပို၍ မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။ သို့သော် ဒီပြဿနာအတွက် အဖြေရှိနေပါတယ်။ Stock Android တွင် Night Light ဟုခေါ်တွင်သော feature တစ်ခုရှိပြီး (Settings အတွင်းရှိ Display ၏အောက်တွင်) iOS တွင်လည်း Night Shift ဟူသည့် feature တစ်ခု (Settings အတွင်းရှိ Display & Brightness အောက်တွင်) ရှိနေပြီး ဒီအရာက သင့် device screen ပေါ်မှထွက်ရှိလာမည့် blue light များကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.