by www.jobsinyangon.com
Tags: Knowledge-Strategically-Downsizing-Businesses-JobsInYangon
သင့်ရဲ့စီးပွားရေးလုပ်ငန်းကို မည်ကဲ့သို့ နည်းဗျူဟာကျကျလျှော့ချကြမလဲ? (Part – 2)
တရားဥပဒေဖြင့်လျော်ညီစွာဆောင်ရွက်ပါ
Downsizing ပြုလုပ်ရာတွင် အရေးအကြီးဆုံးထည့်သွင်းစဉ်းစားသင့်တဲ့အချက်တစ်ခုကတော့ သင့်ရဲ့ downsizing လုပ်ဆောင်ချက်များဟာ ဒေသခံတရားဥပဒေများနဲ့လျော်ညီမှုရှိနေဖို့ပဲဖြစ်ပါတယ်။ သင့်ကုမ္ပဏီရဲ့ မူရင်းအခြေစိုက်တဲ့နိုင်ငံအပေါ်မူတည်၍ လုပ်ငန်းတစ်ခုကို downsizing မပြုလုပ်မှီတွင် တရားဥပဒေအရလိုအပ်နိုင်တဲ့အချက်အချို့ရှိနေနိုင်ပါတယ်။ ၎င်းတို့ကတော့ -
• Standardized selection criteria
• Minimum requirements severance packages
• Proof that lay-offs are unavoidable
• Appeals procedures
• Procedural requirements တို့ဖြစ်ကြပါတယ်။
အကယ်၍ သင့်အနေနဲ့ ဒီလိုအပ်ချက်များနဲ့ကိုက်ညီအောင် ဆောင်ရွက်နိုင်ခြင်းမရှိပါက အမှုအခင်းရင်ဆိုင်ရတဲ့အခါတွင် အရှုံးပေါ်သွားနိုင်ပြီး ကုမ္ပဏီရဲ့ဂုဏ်သတင်းကိုလည်း ထိခိုက်မှုရှိလာနိုင်စေပါတယ်။ ဒါကြောင့် လုပ်ငန်းတစ်ခုကို မဖြစ်မနေ downsizing ပြုလုပ်ရတော့မယ်ဆိုပါက တတ်ကျွမ်းနားလည်တဲ့ ဥပဒေအကြံပေးတစ်ဦးကို ဌားရမ်းခေါ်ယူသင့်ပါတယ်။
ဝန်ထမ်းတစ်ဦးကို တာဝန်မှရပ်စဲရန် လိုအပ်တဲ့စံနှုန်းများ (layoff criteria) ကို ဖန်တီးခြင်း
သင်နောက်ထပ်ဆောင်ရွက်ရမယ့် ခက်ခဲတဲ့အလုပ်တစ်ခုကတော့ ဘယ်ဝန်ထမ်းကို တာဝန်မှရပ်စဲမလဲဆိုတာကို ရွေးချယ်ရခြင်းပဲဖြစ်ပါတယ်။ ဒီနေရာမှာ ဒါတွေကိုသင့်အတွက်ပြုလုပ်ပေးနိုင်မယ့် Third-party auditing and consulting firm များကို ခေါ်ယူ၍ ဆောင်ရွက်ခိုင်း၍လည်းရနိုင်ပါတယ်။ သို့သော် ဒီကဲ့သို့သောဝန်ဆောင်မှုလုပ်ငန်းများဟာ ဈေးနှုန်းကြီးမြင့်လေ့ရှိပြီး တစ်ခါတစ်ရံတွင် ဝန်ထမ်းတစ်ဦးခြင်းစီရဲ့ ဆောင်ရွက်ပေးနေတဲ့အချက်အချို့ကို သိရှိနိုင်ခြင်းမရှိခြင်းမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ လုပ်ငန်းတစ်ခုကို downsizing ပြုလုပ်ရာတွင် အတွေ့များလေ့ရှိတဲ့ layoff criteria များကတော့ အောက်ပါအတိုင်းဖြစ်ကြပါတယ် -
နောက်ဆုံးမှအလုပ်ဝင်သူကို ဦးစွာ layoff ပြုလုပ်ခြင်း
ဒါဟာအတွေ့အများဆုံး နည်းဗျူဟာတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း ဒါဟာအဆိုးရွားဆုံးနည်းဗျူဟာတစ်ခုလည်းဖြစ်နေပြန်ပါတယ်။ အခြေခံအတွေးအခေါ်ကတော့ - သင့်ရဲ့လုပ်ငန်းကို ဆက်လက်လည်ပတ်နိုင်ရန်အတွက် သင်ထုတ်ပယ်ပစ်သင့်တဲ့လုပ်သားပမာဏကို တွက်ချက်ခြင်းဖြစ်ပါတယ်။ ပြီးနောက် သင့်အနေနဲ့ ဒီလုပ်သားပမာဏကို ကုမ္ပဏီသို့ လတ်တလောအလုပ်ဝင်ရောက်ခဲ့သူမှစတင်၍ layoff ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။
တစ်ခါတစ်ရံတွင် ဒီကဲ့သို့ပြုလုပ်ခြင်းဟာ layoff ပြုလုပ်ရာတွင် အမျှတဆုံးနည်းလမ်းတစ်ခုဖြစ်တယ်လို့ ပြောဆိုတတ်လေ့ရှိကြသော်လည်း တစ်ကယ်တန်းတွင် လူအများစုက ဒါဟာ ခွဲခြားဆက်ဆံမှုများရှိတယ်လို့စွပ်စွဲခံရမှုများမှ ကာကွယ်နိုင်ရန်အတွက် အလွယ်ကူဆုံးနည်းလမ်းတစ်ခုဖြစ်တဲ့အတွက် မျှတမှုရှိတဲ့နည်းလမ်းတစ်ခုဖြစ်တယ်လို့ ပြောဆိုလေ့ရှိကြတာပဲဖြစ်ပါတယ်။ သို့သော်လည်း ရေရှည်အကျိုးအမြတ်ရရှိမှုအတွက် အာမခံချက်ရှိ/မရှိဟုဆိုရာတွင်တော့ ဒါဟာ ဝန်ထမ်းများကို random ရွေးချယ်၍ layoff ပြုလုပ်ခြင်းနဲ့ မည်သို့မှကွာခြားမှုမရှိတာကို တွေ့ရှိရပါတယ်။
Volunteer များကို ရှာဖွေခြင်း
ဒီအချက်က ရယ်စရာကောင်းတယ်လို့ သင်ထင်ကောင်းထင်သွားနိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ တစ်ချို့သောဝန်ထမ်းများထံတွင် သင့်ရဲ့လုပ်ငန်းမှ ထွက်ခွာလိုတဲ့ဆန္ဒ ရှိနေနိုင်ပါတယ်။ ဥပမာအားဖြင့် - သင့်ရဲ့လုပ်ငန်းများအတွင်းတွင် career အပြောင်းအလဲလုပ်လိုတဲ့သူများ၊ မိမိတို့ရဲ့ကိုယ်ပိုင်လုပ်ငန်းကို စတင်လိုတဲ့သူများ (သို့မဟုတ်) ကျောင်း/ သင်တန်းပြန်တက်လိုတဲ့သူများ ရှိနေနိုင်ပါတယ်။ ဒီနေရာတွင် အလုပ်မှထွက်ခွာရသည့်အတွက် ကုမ္ပဏီမှ သတ်မှတ်ထားသည့် SOP များအရ လျော်ကြေးငွေပေးအပ်လိုက်ခြင်းအားဖြင့် နှစ်ဦးနှစ်ဖက်စလုံးအတွက် ပြေလည်အောင် ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။
ဌာနခွဲတစ်ခုချင်းစီအပေါ် အာရုံစိုက်၍ downsizing ပြုလုပ်ခြင်း
လုပ်ငန်းတစ်ခုကို strategic ကျကျ downsizing ပြုလုပ်နိုင်ဖို့အတွက် နောက်ထပ်ထိရောက်တဲ့နည်းလမ်းတစ်ခုကတော့ အခြားသောဌာနခွဲများကို ထိခိုက်မှုမရှိစေပဲ လျှော့ချမှုပြုလုပ်ရန်လိုအပ်နေတဲ့ ဌာနခွဲများကို ဦးတည်ချက်ထားဖို့ပဲဖြစ်ပါတယ်။ ဒီသို့ပြုလုပ်ရာတွင် သေချာစွာစဉ်းစားတွေးတောဖို့တော့လိုအပ်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် - လူပေါင်း ၁၀၀ ခန့်ရှိနေတဲ့ sales team ကို ၃၀% ခန့်လူလျှော့လိုက်ရုံနဲ့ ၎င်းတို့ရဲ့ထိရောက်စွာအလုပ်လုပ်နိုင်မှုကို ကြီးကြီးမားမားထိခိုက်မှုရှိစေမှာမဟုတ်သော်လည်း လူ ၃ ဦးသာရှိတဲ့ accounting team ကို ထပ်မံ၍လူလျှော့လိုက်ပါက accounting ဆောင်ရွက်ချက်များကို ပုံမှန်အတိုင်းထိရောက်စွာဆောင်ရွက်နိုင်စွမ်းရှိတော့မှာမဟုတ်တာကိုလည်း သတိပြုရမှာဖြစ်ပါတယ်။
အလားတူပဲ သင့်အနေနဲ့ သင့်လုပ်ငန်းအတွက်အရေးပါအရာရောက်တဲ့ department အချို့နဲ့ job function များကိုလည်း ကဏ္ဍခွဲခြားထားဖို့လိုအပ်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆေးရုံတစ်ခုတွင် ကျန်းမာရေးလုပ်သားများဖြစ်ကြတဲ့ ဆရာဝန်များ၊ သူနာပြုများဟာ ၎င်းတို့လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက် အခရာကျတဲ့သူများဖြစ်နေတာကြောင့် ထိုသူများကိုလျှော့ချမှုပြုလုပ်လိုက်ပါက ဆေးရုံတစ်ရုံရဲ့ ပုံမှန်လည်ပတ်မှုများကို ကောင်းမွန်စွာ အထောက်အပံ့ပေးနိုင်တော့မှာမဟုတ်ပါဘူး။ ဒါကြောင့် မိမိတို့လုပ်ငန်းလည်ပတ်နိုင်မှုအတွက် အခရာကျသူများကို သေချာစွာစီစစ်ရွေးထုတ်တတ်ဖို့လည်း လိုအပ်ပါလိမ့်မယ်။
ဝန်ထမ်းများကိုအကဲဖြတ်ရွေးချယ်မှုစံနှုန်းများ
နောက်ထပ်ပိုမို၍ in-depth ဖြစ်တဲ့ နည်းဗျူဟာတစ်ခုကတော့ မိမိတို့ layoff ပြုလုပ်သင့်တဲ့ ဝန်ထမ်းများကို ရွေးချယ်နိုင်ရန်အတွက် မတူညီတဲ့စံနှုန်းများပါဝင်တဲ့ list တစ်ခုကို ဖန်တီးတည်ဆောက်ပြီး အဆိုပါစံနှုန်းများနဲ့ အဖွဲ့ဝင်တစ်ဦးချင်းစီတိုင်းကို အကဲဖြတ်ကြည့်ဖို့ဖြစ်ပြီး သင့်လုပ်ငန်းအတွင်း ထိုသူတို့ရဲ့အရေးပါအရာရောက်မှုပမာဏအပေါ်အခြေခံ၍ layoff ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒီစံနှုန်းများတွင် -
• Seniority
• Experience
• Unique Skills & Knowledge
• Management Skills
• Recent Performance တို့ကိုထည့်သွင်း၍ အဆုံးအဖြတ်ပြုလုပ်လေ့ရှိကြပါတယ်။
ဒီကဲ့သို့သော employee evaluation strategy ကို အသုံးပြုရခြင်းရဲ့ အားသာချက်ကတော့ သင့်ထံတွင်ကျန်ရှိခဲ့မည့် ကျန်ဝန်ထမ်းများဟာ သင့်လုပ်ငန်းကို ဆက်လက်လည်ပတ်နိုင်စေရန်အတွက် အထိရောက်ဆုံးနဲ့ အသင့်တော်ဆုံးသူများဖြစ်နေခြင်းပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်အတိုင်း စတင်ဆောင်ရွက်မှုမပြုလုပ်မှီတွင် ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်အားထားမှုကို ဖြစ်ပေါ်စေရန် သင်ရွေးချယ်သတ်မှတ်ထားသည့်စံနှုန်းများကို ဝန်ထမ်းများအား ကြိုတင်အသိပေးထားဖို့တော့ လိုအပ်ပါလိမ့်မယ်။
လုပ်ငန်းတစ်ခုကို downsizing ပြုလုပ်ရာတွင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ခြင်း
ဒီလောက်ဆိုရင် သင့်အနေနဲ့ သင့်ရဲ့ downsizing strategy ကို ဘယ်လိုရေးဆွဲသင့်သလဲဆိုတာနဲ့ပတ်သက်တဲ့ အခြေခံသဘောတရားများကို သဘောပေါက်နားလည်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ သင်ရှောင်ရှားသင့်တဲ့ အမှားအယွင်းပြုလုပ်မိနိုင်တဲ့ ကဏ္ဍလေးတွေလည်း ရှိနေနိုင်ပါသေးတယ်။ ဥပမာအားဖြင့် - သင့်ရဲ့ဝန်ထမ်းများအပေါ် ကောင်းမွန်စွာဆက်ဆံမှုမရှိခြင်းကဲ့သို့သော ကိစ္စများဟာ သင့်ရဲ့ downsizing ပြုလုပ်ခြင်းမှပြန်လည်ရရှိလာနိုင်တဲ့ ရလာဒ်များကို အကျိုးမရှိဖြစ်သွားစေနိုင်ပါတယ်။
ဝန်ထမ်းများကို မထေမဲ့မြင်ဆက်ဆံခြင်း
Downsizing ပြုလုပ်လိုက်ခြင်းဟာ ဝန်ထမ်းတွေရဲ့ ဘဝများနဲ့ သူတို့ရဲ့ ဘဝနေထိုင်မှုများအပေါ် မည်ကဲ့သို့သောသက်ရောက်မှုများရှိလာနိုင်သလဲဆိုတာကို အထက်တွင်ဆွေးနွေးဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီအခြေအနေကို အတတ်နိုင်ဆုံးထိန်းချုပ်နိုင်ရန်အတွက် လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် သင့်ရဲ့ဝန်ထမ်းများကို professional ဆန်စွာနှင့် အပြန်အလှန်လေးစားမှုရှိစွာ ဆက်ဆံမှုရှိစေဖို့ကို အဓိကဦးစားပေးအဖြစ်မှတ်ယူထားရမှာဖြစ်ပါတယ်။
ဒီနေရာမှာ အဓိကအကျဆုံးအရာကတော့ ပြောဆိုဆက်ဆံခြင်း (communication) စွမ်းရည်ပဲဖြစ်ပါတယ်။ Layoff များဖြစ်လာနိုင်ခြေရှိတာကို သင့်ရဲ့ ဝန်ထမ်းများအား စောနိုင်သမျှအစောဆုံး အသိပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် တိကျရှင်းလင်းစွာ ဆက်လက်၍ communicate ပြုလုပ်ပေးသွားဖို့လည်း လိုအပ်ပါလိမ့်မယ်။
ဒီကဲ့သို့ လုပ်ဆောင်ထားခြင်းအားဖြင့် ထိခိုက်မှုရှိလာနိုင်တဲ့ ဝန်ထမ်းများကို တတ်နိုင်သမျှ အများဆုံး notice period ကို ပေးအပ်နိုင်မှာဖြစ်တဲ့အတွက် ထိုသူတို့အနေနဲ့ နောက်ထပ်အလုပ်အသစ်ကို လွယ်ကူစွာရှာဖွေနိုင်ရန်အတွက် လုံလောက်တဲ့အချိန်ကာလကို ရရှိနိုင်ကြမှာပဲဖြစ်ပါတယ်။
စိတ်အားထက်သန်မှုကို ကျဆင်းစေခြင်း
အကယ်၍ downsizing ပြုလုပ်သည့် လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ဝန်ထမ်းများနှင့် ကောင်းမွန်စွာ communicate ပြုလုပ်ခဲ့ခြင်းမရှိဘူးဆိုပါက သင်ဟာဝန်ထမ်းများရဲ့စိတ်အားထက်သန်မှုကို လျော့ကျသွားအောင် ပြုလုပ်နေတာပဲဖြစ်ပါတယ်။ ဒီအခါမှာ သင့်လုပ်ငန်းရဲ့ စွမ်းဆောင်ရည်တွေလျော့ကျလာနိုင်ပြီး ဝန်ထမ်းများအလုပ်မှထွက်ခွာမှုနှုန်းထားကိုလည်း မြင့်တက်လာစေနိုင်ပါတယ်။ ဒီနေရာမှာ အခြေခံကျတဲ့စည်းမျဉ်းတစ်ခုကတော့ သင့်ရဲ့ဝန်ထမ်းများက သင်ဟာသူတို့အတွက် ဂရုစိုက်ခြင်းမရှိဘူးလို့ ခံစားနေရပါက သူတို့ဟာလည်း သင့်အတွက်ပြန်လည်၍ဂရုစိုက်ပေးကြတော့မှာမဟုတ်ပါဘူး။
ဒီကဲ့သို့ဖြစ်မလာစေရန် - သင့်လုပ်ငန်းကို ဘာကြောင့် downsizing ပြုလုပ်ဖို့က မဖြစ်မနေလိုအပ်နေတာလဲဆိုတာကို ဝန်ထမ်းများကသိရှိထားကြဖို့ဟာ အရေးကြီးလှပါတယ်။ ဒါမှသာ သင်ဟာ သူတို့ကိုအလုပ်မှထုတ်ပယ်ခြင်းမပြုလုပ်ရရေးအတွက် တတ်နိုင်သရွေ့ကြိုးစားနေတယ်ဆိုတာကို ဝန်ထမ်းများဘက်က ကောင်းစွာသိရှိနေမှာဖြစ်ပါတယ်။
အမြတ်အစွန်းရရှိမှုကို ထိခိုက်စေခြင်း
စီးပွားရေးလုပ်ငန်းတစ်ခုကို downsizing ပြုလုပ်ခိုက်ခြင်းဟာ အမြတ်အစွန်းများပြန်လည်ရရှိနိုင်ဖို့ သေချာစေတဲ့အရာတစ်ခုမဟုတ်ပါဘူး။ တစ်ကယ်တန်းတွင် downsizing ပြုလုပ်လိုက်ရတဲ့ လုပ်ငန်းများဟာ မကြာမှီတွင် bankrupt ဖြစ်သွားတတ်ကြပါတယ်။ ဒီလိုဖြစ်သွားရတဲ့ အဓိကအကြောင်းအရင်း (၂) ခုကတော့ -
(၁) Downsizing ပြုလုပ်လိုက်ခြင်းဟာ မှန်ကန်တဲ့ရွေးချယ်မှုမဟုတ်တဲ့အတွက်။ မကြာခဏဆိုသလို လုပ်ငန်းများဟာ အမြတ်အစွန်းရရှိငွေနည်းပါးလာတဲ့အခါမှာ downsizing ပြုလုပ်ခြင်းဆိုတဲ့ လွယ်ကူတဲ့နည်းလမ်းနောက်ကို လိုက်သွားတတ်ကြပါတယ်။ သို့သော်များစွာသောအခြေအနေများတွင် အမြတ်အစွန်းနည်းပါးလာရခြင်းရဲ့ အဓိကအရင်းခံ အကြောင်းအရင်းဟာ ရောင်းလိုအားနဲ့ သက်ဆိုင်မှုမရှိပဲ ဝယ်လိုအားလျော့ကျလာခြင်းကြောင့် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် . . . ဒီကဲ့သို့သောအခြေအနေမျိုးတွင် သင့်ထံတွင်ဝန်ထမ်းများစွာရှိနေခြင်းက ပြဿနာရဲ့ အရင်းခံမဟုတ်ပဲ သင့်ထံတွင် လုံလောက်တဲ့ customer များမရှိနေခြင်းကသာ ပြဿနာရဲ့ အရင်းခံဖြစ်နေတတ်ပါတယ်။
(၂) အကယ်၍များ downsizing ပြုလုပ်လိုက်ခြင်းက မှန်ကန်တဲ့ strategy ဖြစ်နေတယ်ဆိုရင်တောင်မှ မိမိတို့ဘက်က မှားယွင်းတဲ့ပုံစံမျိုးနဲ့ downsizing ပြုလုပ်မိခဲ့မယ်ဆိုပါက လုပ်ငန်းတစ်ခုရဲ့ အမြတ်အစွန်းရရှိမှုကို ထိခိုက်စေနိုင်ပါသေးတယ်။ တစ်နည်းအားဖြင့် သင့်ထံတွင် ဝန်ထမ်းများစွာရှိနေခြင်းက ပြဿနာရဲ့အရင်းခံဖြစ်နေသော်လည်း မှားယွင်းတဲ့သူများကို အလုပ်မှထုတ်ပယ်မိခြင်းက လုပ်ငန်းတစ်ခုကို ကျရှုံးမှုဘက်သို့ ဦးတည်သွားစေနိုင်ပါတယ်။
လုပ်ငန်းတစ်ခုကို downsizing ပြုလုပ်ခြင်းနဲ့ပတ်သက်တဲ့ ဆွေးနွေးတင်ပြမှုတွေကို ဖတ်ရှုပြီးနောက် လူကြီးမင်းတို့ရဲ့ သက်ဆိုင်ရာလုပ်ငန်းများနဲ့သင့်လျော်တဲ့ strategy တွေကို လက်တွေ့မှာအသုံးချနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဆုံးသတ်အနေနဲ့ မှာကြားလိုတာကတော့ မိမိတို့ရဲ့ဝန်ထမ်းများကို အပြန်အလှန်လေးစားမှုရှိ၍ ကောင်းမွန်စွာ ဆက်ဆံခြင်းအားဖြင့် ဝန်ထမ်းများရဲ့အလုပ်အပေါ်စိတ်အားထက်သန်မှုများကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့က အရေးအကြီးဆုံးပဲဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူတို့အတွက် အကျိုးရှိစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
FORUM8 YANGON Co.,Ltd.
Sales/Office work, Engineering workFORUM8 exerts its force primarily on the development/marketing of software that support civil engineering design, analysis, architectural design, etc. and lately the...
Show the postings (1)
Phee Int'l Shipping Myanmar Ltd
MISSION:
To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs.
VISION:
To be the P...
Show the postings (8)
Asahi Loi Hein Co., Ltd.
.Asahi Loi Hein Co., Ltd. is a Joint Venture company one of the leading soft drinks manufacturer which head office in Yangon and factories in Mandalay and Yangon. Asahi Loi Hein Company Ltd., is a gr...
Show the postings (1)
Polymer Company Limited
Vision
- To be the leader in the market.
Mission
- We will provide best and services available to make a difference.
- We will inspire lifestyle of people.
- We will treat all individuals (stak...
Show the postings (9)
Toyota Aye and Sons Co., Ltd.
Our Vision
To become the most reliable and respected automotive-dealer group in Myanmar.
Our Mission
'' To attract and attain customers with high-valued products and services and the most satis...
Show the postings (25)