Jobs In Myanmar
Load...

How to use time wisely (Part-1)

by www.jobsinyangon.com


Tags: Knowledge-TimeManagement-Career-HR-JobsinYangon



အချိန်ကို ဘယ်လိုမျိုးအကျိုးရှိရှိအသုံးချနိုင်မလဲ? (Part – 1)

သင့်အနေနဲ့အချိန်ဖြုန်းခြင်းအားရပ်တန့်လိုက်ပြီးနောက် ဘာမှစတင်မလုပ်ဆောင်ရသေးခင် သင့်အနေနဲ့ အချိန် ကို သင့်တော်တဲ့အချိန်စီမံခန့်ခွဲမှုစွမ်းရည်နှင့် နည်းစနစ်များကို သင်ယူခြင်းဖြင့် အချိန်ကိုအမျှော်အမြင်ရှိရှိအသုံးချ နိုင်မှာဖြစ်ပါတယ်။ အောက်ဖော်ပြပါအချက်များဟာ အချိန်ကိုချွေတာစေပြီး သင့်ဘဝတိုးတက်ဖို့ရာအတွက် လုပ်ဆောင်နိုင်ရန် အကူအညီပေးနိုင်မယ့်အချက်များဖြစ်သောကြောင့် အရေးကြီးပါသည်။ 

မိမိကိုယ်ကို သိရှိနားလည်မှု

သင့်ထံတွင်ရှိသော အခြားသောစွမ်းဆောင်ရည်များ၏ အခြေခံအုတ်မြစ်မှာ မိမိကိုယ်ကိုသိရှိနားလည်ခြင်းပင်ဖြစ် ပါသည်။ သင့်ရဲ့လက်ရှိအားသာချက်များနှင့် အားနည်းချက်များအား မိမိကိုယ်ကို သိရှိနားလည်ခြင်းမရှိပါက သင့်ရဲ့စွမ်းဆောင်ရည်များကို အကဲဖြတ်ခြင်း၊ မြှင့်တင်ခြင်းတို့ မပြုလုပ်နိုင်တော့ပါ၊ ထိုအခါသင့်ရဲ့ဘဝကိုလဲ တိုးတက်ပြောင်းလဲအောင်လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ ပိုပြီးအရေးကြီးနိုင်တာတစ်ခုက သင့်အနေနဲ့ ဘယ်အ ရာကို အောင်မြင်အောင်ပြုလုပ်ချင်သလဲဆိုတာကိုမသိရှိသရွေ့သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိစေရန် ပြုလုပ်ပေးနိုင်တဲ့အဆင့်များကို စီမံပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ မှတ်စုစာအုပ်တစ်ခုဆောင်ထားကာ သင့်ရဲ့အတွေး အမြင်များ၊ အိမ်မက်များနှင့် ရည်မှန်းချက်ပန်းတိုင်များကို အစဉ်မပျက်ချရေးနေပါ။ သင့်ရဲ့အားသာချက်၊ အားနည်းချက်တွေကိုချရေးပါ။ သင့်ရဲ့အားနည်းချက်တွေလျော့နည်းလာစေရန် ဒါမှဟုတ် ထိုအရာများကို အားသာချက်များအဖြစ်ပြောင်းလဲပစ်နိုင်ရန်နှင့်သင့်ရဲ့အားသာချက်များကိုဘယ်လိုအကောင်းဆုံးဖြစ်အောင်အသုံး ချနိုင်မည်ကို အမြဲတွေးတောဆင်ခြင်နေပါ။ 

ရည်မှန်းချက်ပန်းတိုင်များထားရှိပါ
သင်ဘာကိုလိုချင်လဲဆိုတာ သင့်ကိုယ်သင်သိရှိပြီးပြီဆိုပါက သင်လိုချင်သောအရာများကို ခိုင်မာတဲ့ပန်းတိုင်များ အဖြစ်သတ်မှတ်ထားရှိပါ။ သင်ဘယ်လမ်းကြောင်းကိုသွားချင်တယ်ဆိုတာကို သင့်အနေနဲ့ တိတိကျကျသိရှိပါက ထိုနေရာသို့ရောက်ရှိရန်အကောင်းဆုံးဘယ်လိုသွားနိုင်မလဲဆိုတာကိုသင်နားလည်သဘောပေါက်စေဖို့ ပိုမိုလွယ် ကူစေမှာဖြစ်ပါတယ်။ ထို့အပြင် ထိုကဲ့သို့တိကျစွာသတ်မှတ်ထားတဲ့ပန်းတိုင်များရှိခြင်းဟာ အကျိုးမဲ့သော ကွေ့ပတ်သွားရခြင်းများနဲ့ လမ်းလွဲခြင်းများကြောင့်ဖြစ်ပေါ်လာနိုင်မည့်  သင့်ရဲ့အချိန်များကိုချွေတာနိုင်စေပါ သည်။ ဒီနေရာမှာ အထက်ကပြောခဲ့တဲ့မှတ်စုစာအုပ်ဟာ အသုံးဝင်လာမှာဖြစ်ပါတယ်။ သင်လက်ရှိအခြေအနေထိ ချရေးခဲ့ဖူးသောအရာများကိုပြန်လည်ဖတ်ရှုပါ၊ ရည်မှန်းချက်ပန်းတိုင်များအားသတ်မှတ်ပါ။ သင်ဟာသင့်ရဲ့မှတ်စု စာအုပ်ပေါ်ကအိမ်မက်တွေအပေါ် ရိုးသားမှုရှိပါက သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်များကို ဖော်ထုတ်နိုင်မှာဖြစ်ပါ တယ်။ 

မိမိကိုယ်ကို တွန်းအားပေးပါ
သင်ဘာကိုလိုချင်လဲဆိုတာ သင့်ကိုယ်သင်သိရှိပြီးနောက် သင့်ရဲ့ပန်းတိုင်များအား အစီအစဉ်တကျချမှတ်ပြီးပြီ ဆိုပါက နောက်တစ်ဆင့်မှာ ထိုပန်းတိုင်များအားရောက်ရှိစေဖို့ရာအတွက် မိမိကိုယ်ကိုတွန်းအားပေးလုပ်ဆောင် လိုက်ပါ။ အဆုံးတွင်သင့်ကိုယ်သင်ထိုရည်မှန်းချက်ပန်းတိုင်များအားရရှိအောင်လုပ်ဆောင်နိုင်မယ်လို့ယုံကြည်မှုမရှိ ဘူးဆိုပါလျှင် သင့်အနေနဲ့အဆိုပါအရာများရရှိအောင်ဘယ်လိုလုပ်ဆောင်နိုင်မှာလဲ? 
သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်များကိုရောက်ရှိနိုင်တဲ့အကြောင်းကိုအကောင်းမြင်တဲ့ဖက်မှတွေးတောပါ။ သင့်ဘဝ ခရီးလမ်း၏အဆုံးတွင် သင့်အားစောင့်မျှော်နေမည့်ဆုလာဒ်တစ်ခုကို သတ်မှတ်ထားပါ၊ နောက်ပြီးတော့ သင့်ကိုယ် သင်ယုံကြည်မှုရှိဖို့ကိုလဲ မမေ့ပါနဲ့။ 

အပိုင်း (၂) နဲ့ (၃) ကို နောက်ရက်များတွင်ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုအားပေးကြပါခင်ဗျာ

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Sweety Home

Sweety Home

...Sweety Home Industry Co.Ltd established in Mandalay since 1995 is the professional manufacturing and distributing company of spring mattress, polyurethane foam, bedding accessories and modern pr...
Show the postings (31)
Trust Venture Partners Co., Ltd

Trust Venture Partners Co., Ltd

To contribute to the development of the Myanmar economy by helping Myanmar companies access the capital markets to achieve their growth objectives To provide one-stop service to international compani...
Show the postings (45)
Anawmar Art Group Co., Ltd.

Anawmar Art Group Co., Ltd.

KND Corporation Co., Ltd

KND Corporation Co., Ltd

I.E.M Co., Ltd.

I.E.M Co., Ltd.

Vision “ One Stop Solution for Power, Generation, Drive & Control” Mission * Deliver quality products & services by meeting customer needs and expectations. * Dedicated with applicab...
Show the postings (1)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS